Wednesday, November 27, 2013

အစ္စလာမ်သာသနာကို ဓားမိုးဖြန့်ချိခဲ့တာလား

တစ်ခေါက် ဆွဟာဗဟ်တွေ စစ်ပွဲတစ်ပွဲကအပြန်မှာ သုံ့ ပန်းအဖြစ်နဲ့ ဗနူဟနီဖဟ်မျိုးနွယ်ဝင် စိုမာမဟ်ဗင်န် အိုစာလ်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဖမ်းဆီးခေါ်ဆောင်လာတယ်။  မဒီနာရောက်တော့ မစ်ဂျေဒေနဗဝီရဲ့ တို်င်တစ်တိုင်မှာ စိုမာမဟ်ကို ချည်ထားလိုက်တယ်။ စိုမာမဟ်နားကို တမန်တော်ရောက်လာပြီး မေးတယ်။ စိုမာမဟ် အသင့်ကိုဘယ်လိုဆုံးဖြတ်မယ်လို့ ထင်လဲ ။ သဘောက သတ်မယ်လို့ ထင်လား၊ လွှတ်ပေးမယ်လို့ ထင်လား၊ စိုမာမဟ်အဖြေပေးတယ်။ အို မိုဟမ္မဒ် အကယ်၍ အသင်ကျွန်တော့ကို အခုချိန် သတ်လိုက်မယ်ဆိုလည်း သတ်သင့် သတ်ထိုက်တဲ့ လူတစ်ယောက်ရဲ့ အသတ်ကို အသင်သတ်လိုက်တာပဲ အကယ်၍ကျွန်တော့ကို မသတ်ဘဲ လွတ်ပေးလိုက်မယ် ဆိုရင်တော့ ကျွန်တော်ဟာဘယ်တော့မှ အသင့်ရဲ့ကျေးဇူးကိုမေ့မှာမဟုတ်ဘူး ။ တမန်တော်မြတ် ဘာမှ အဖြေမပေးဘဲ ဒီတိုင်း ထားလိုက်တယ်။

နောက်နေ့ တခါတမန်တော်မြတ်က စိုမာမဟ်ကိုမနေ့ ကမေးတဲ့မေးခွန်းပဲ ထပ်မေးတယ်။ စိုမာမဟ်လည်း မနေ့ ကဖြေသလိုပဲဖြေတယ်။ တမန်တော်မြတ်က ဆွဟာဗဟ်တွေကို စိုမာမဟ်ကို မသတ်ပဲ သွားခွင့်ပြုလိုက်တယ်။ စိုမာမဟ်လည်း ပျော်ရွှင်ပြီးချက်ချင်း မစ်ဂျေဒေနဗဝီထဲကနေ ထွက်သွားလိုက်တယ်။ စိုမာမဟ်ဗလီထဲက ထွက်ပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ စွန်ပလွန်ခြံတစ်ခုမှာသွားပြီး ရေချိုးလိုက်တယ်။ ရေချိုးပြီး စိုမာမဟ် ဗလီထဲကို ပြန်ရောက်လာတယ်။ တမန်တော်အရှေ့ကိုခစားဝင်ပြီး အသံကျယ်လောင်စွာနဲ့ ကလေမဟ်ကို အော်ဆိုလိုက်တယ်။ အရှ်ဟဒိုအလ္လာအေလာဟအိလ္လလ်လားဟု၊ ဝအရှ်ဟဒို အန်နမိုဟမ္မဒွရ် ရစူလွလ်လာဟ်၊ ကလေမဟ်ဖတ်ပြီး စိုမာမဟ် (ရသွေ့ ယလ္လာဟုသအာလားအန်ဟု)က အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ သမိုင်းဝင်စကား တစ်ခွန်းပြောခဲ့တယ် (( အို... ကိုယ်တော်၊ တစ်ချိန်တုန်းက ဒီကမ္ဘာမြေပေါ်မှာ ကျွန်တော်အရွံမုန်းဆုံး မျက်နှာဟာ ကိုယ်တော်ရဲ့မျက်နှာပဲ။ ဒါပေမယ့် ဒီနေ့ တစ်လောကလုံးမှာ ကျွန်တော်အချစ်ဆုံး အနှစ်သက်ဆုံးမျက်နှာဟာ ကိုယ်တော့်ရဲ့မျက်နှာတော်ပဲဖြစ်တယ်။ အို.... ကိုယ်တော် ကျွန်တော်တစ်ချိန်တုန်းက ဒီကမ္ဘာမြေပေါ်မှာ မနှစ်သက်ဆုံးသာသနာဟာ အစ္စလာမ်သာသနာဖြစ်တယ် ဒါပေမဲ့ ဒီနေ့ ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို အချစ်ဆုံးသာသနာဖြစ်နေပြီ။ အို..... ကိုယ်တော် တစ်ချိန်တုန်းက မဒီနာမြို့ ဟာ ကျွန်တော် မနှစ်သက်ဆုံးမြို့ ၊ ဒီနေ့ မဒီနာဟာ ကျွန်တော် အနှစ်သက်ဆုံးမြို့ ဖြစ်နေပြီ ။
( ဗိုခါရီ အတွဲ ၂ )

ဒီဟဒီးစ်ကိုကြည့်ပါက စိုမာမဟ်ဟာ ဗလီထဲမှာ ကြိုးချည်ခံထားရတဲ့အချိန် အစ္စလာမ်ကိုလက်မခံခဲ့ဘဲ သူ့ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးမှ မိမိသဘောဆန္ဒအရ အူလှိုက်သည်းလှိုက် လိုလိုလားလားနဲ့ အစ္စလာမ်ကိုလက်ခံခဲ့တာပါ။ ဟဒိးစ်ပါရဂူတွေဟာ ဒီ ဟဒိးစ်ကိုဘယ်လိုရှင်းပြလဲဆိုတော့ စိုမာမဟ်ဟာ တမန်တော်နဲ့ ဆွဟာဗဟ်တွေရဲ့ နေ့ စဉ်ဗလီထဲမှာလုပ်နေတဲ့ ဗလီရဲ့ အအ်မားလ်တွေ ကျင့်စဉ်တွေကိုကြည့်ပြီး အစ္စလာမ်ကိုလက်ခံခဲ့တာပါ။ အစ္စလာမ်သမိုင်းမှာ ဘယ်တော့မှ အာဏာစက်နဲ့ လူတွေကို အစ္စလာမ်ထဲကို သွတ်သွင်းခဲ့ခြင်း အလျင်းမရှိခဲ့ပါ။

ဦးကင်း တင်ပြသည်။

အလ်မုဖီးဒ်