Sunday, November 24, 2013

နှစ်ပေါင်း (၁၄၀၀)ကျော်ကြာမှ တွေ့ရှိသည့် သုတေသနတွေ့ရှိချက် (၁၉) {{အမြင်စွမ်းအား}}

{{အမြင်စွမ်းအား}}

သုတေသန သိပ္ပံပညာရှင်တို့ သည်

လူသား တို့ အမြင်စွမ်းအား နှင့် ပက်သက်၍ သုတေသန ပြုလုပ်ခဲ့ရာ လူသား၏ အမြင်စွမ်းအား သည် အတိုင်းအတာ တစ်ခုသာဖြစ်သည်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လူသား ၏ အမြင်စွမ်းအား သည် မြည်း မြင်ရသော အရာ နှင့် ကြက်မြင်ရသော အရာကို မမြင်ရပေ။ လူသားသည် အနီအောက်ရောင်ခြည်ကို မမြင်ရသကဲ့သို့ ခရမ်းလွန်ရောင်ခြည် ကိုလည်းမမြင်ရပေ။
မြည်းသည် အနီအောက်ရောင်ခြည် (IR) ကိုမြင်ရသည်။
ကြက်သည် ခရမ်းလွန်ရောင်ခြည် (uv) ကိုမြင်ရပါသည်တဲ့………………။

ဒီတွေ့ရှိချက်က အလွန်ကောင်းတဲ့ သုတေသန တွေ့ရှိချက် ဆိုပေမယ့်လည်ူ
ထိုအကြောင်းအရာနှင့် ပက်သက်၍ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် ကတည်းက

ကျမ်းမြတ်ကုရ်အာန်၌ ထိုအကြောင်းအရာနှင့် ပက်သက်၍

(ထို မှတပါး ထိုအရှင်မြတ်သည် ပင် ဂျင်န်သတ္တ၀ါတို့ကို ဂျင်သတ္တ၀ါတို့၏ ဖခင် “အစ်ဗ်လီစ်ကို” မီးခဲ မီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏ ။ )

( အရှင်မြတ်သည် ကောင်းကင် တမန် တို့အား ရောင်ခြည်ဖြင့် ဖန်ဆင်းတော်မူခဲ့ သည်)

မြတ်တမန်တော် အမိန့်ရှိခဲ့သည်
( အသင်တို့ ကြက်တွန်သံ ကြားရသောအခါ တစ်ပါးတည်းသော ဖန်ဆင်းရှင် အား တသသတိရ ချီးမွမ်းထောမနာပြုကြပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်တမန်ကို မြင်ရလေသည်။ အသင်တို့ မြည်းအော်သံကို ကြားရသောအခါ ရှိုင်တွာန် မကောင်းဆိုးဝါး မာရ်နတ် ၏ အနှောက်အယှက်မှ ကင်းဝေးရန် အရှင့်ထံပါး၌ ခိုလှုံကြပါ။ အဘယ်ကြောင့်ဆိုသော် မြည်း သည် မကောင်းဆိုးဝါး ရှိုင်တွာန်မာရ်နတ်ကို မြင်ရလေသည် ။ )

မြည်းသည် အနီအောက်ရောင်ခြည် (IR) ကိုမြင်ရသည်။ ထို့ကြောင့် မီးဖြင့်ဖန်ဆင်းခံရသော ရှိုင်တွာန် မကောင်းဆိုးဝါးကို မြင်ရသည် ။

ကြက်သည် ခရမ်းလွန်ရောင်ခြည် (uv) ကိုမြင်ရပါသည်တဲ့………………။ ထို့ကြောင့် ရောင်ခြည်ဖြင့် ဖန်ဆင်းထားသော ကောင်းကင်တမန်ကို မြင်ရသည် ။
ကောင်းကင်တမန်များရောက်ရှိလာ သောအခါ မကောင်းဆိုးဝါး ရှိုင်တွာန် မာရ်နတ် တို့သည် ထွက်ပြေးကြသည် ။ အဘယ်ကြောင့်နည်း ။ ကောင်းကင်တမန်တို့၏ ရောင်ခြည်ကို မခံနိုင်သဖြင့် ရှိုင်တွာန်မာရ်နတ် တို့ထွက်ပြေးကြသည် ။ ဥပမာ ( ခရမ်းလွန်ရောင် ခြည်နှင့် အနီအောက် ရောင်ခြည် ထိပ်တိုက်ဆုံလာပါက အနီအောက်ရောင်ခြည်သာ ပျက်ပျယ်ကုန်သည်။ )

``ယနေ့ခေတ် သိပ္ပံက တိုးတတ်ပါတယ် ဒါပေမယ့် အစ္စလာမ် ထက်တော့ နှစ်ပေါင်း ၁၄၀၀ ကျော် နောက်ကျလျှက်ပင် ရှိပါတယ်´´

((လရောင်စိုးမိုး))


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။