Sunday, November 24, 2013

နှစ်ပေါင်း (၁၄၀၀)ကျော်ကြာမှ တွေ့ရှိသည့် သုတေသနတွေ့ရှိချက် (၂၂) {{ဝက် သတ္တဝါ}}

{{ဝက် သတ္တဝါ}}

ယနေ့ခေတ်သိပ္ပံ သုတေသနစမ်းသပ်ချက်များအရ
လူတို့ စားသုံးသော သတ္တဝါများတွင် ဝက်သားကို စားသုံးခြင်းသည် ရောဂါဘယ အထပေါဆုံးပင် ဖြစ်ပါသည်တဲ့။
ဝက်သတ္တဝါမှာ ရောဂါ အမယ်ပေါင်း ခုနှစ်ဆယ်ထက်မနည်း ဖြစ်ပွားနိုင်ပါတယ်။

ဝက်သားကို ကောင်းစွာ ချက်ပြုတ်ပြီးမှ စားရင် ဒီဥက သေသွား မယ်ဆိုပြီး အရင့်အရင်က ဆင်ခြေပေးခဲ့ပေမယ့်လည်း အမေရိကသုတေသနအသင်းရဲ့ စမ်းသပ်ချက် တစ်ခုအရ ထရီချူရာ တိချုရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဦးမှာ ၂၂ ဦးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စား ကြတာတဲ့။ ဒီအချက်က ပုံမှန် အပူချိန်မှာ ချက်သွားလို့ကတော့ ဝက်သားမှာ ဒီပိုးဥက သေ မသွားဘူး ဆိုတာကို ပြနေပါတယ်။

ဝက်သားကို စားသုံးခြင်းဖြင့် လူတွေမှာ သန်လုံးကောင်၊
တုတ်ကောင်နဲ့
ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။
အန္တရာယ်အကြီးဆုံးကတော့ တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့ကတော့ တုတ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။ အကောင်က အတော်ရှည်ပြီး အူထဲမှာနေတယ်။ ၄င်းရဲ့ ဥက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။
ဒီပိုးက ဦးနှောက်ထဲဝင်သွားရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်ပါတယ်။
နှလုံးထဲကိုဝင်ခဲ့ရင် နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။ မျက်စေ့ထဲဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်တယ်။
အသည်းထဲ ဝင်ခဲ့ရင်တော့ အသည်းကို ထိခိုက်ပျက်စီးနိုင်တယ်။
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။
နောက်ထပ် အန္တရာယ် ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချုရာစစ် (Trichura Tichurasis) ဖြစ်ပါတယ်။

ဝက်မှာ အဆီကို ဖွဲ့စေသော ဝတ္ထု ရှိသည်
ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ ဖွဲ့စည်းနိုင်တဲ့ ဝတ္ထု ရှိပြီး အဆီက အလွန်အကျွံ ပါဝင်နေပါတယ်။ ဒီအဆီကသွေးကြောများထဲမှာ စုနေတာကြောင့် သွေးတိုး ဝင်ပြီး နှလုံးထိခိုက် ပျက်စီးရပါတယ်။
ဝက်သားကိုစားသုံးတဲ့ လူ ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုး ရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ မဟုတ်တော့ ပါဘူး။

ထို့အပြင် ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေထဲမှာ ရှင်သန် ကျင်လည် နေထိုင်ကြတယ်။

ပိုပြီးတိတိကျကျပြောရမယ်ဆို ၀က် သတ္တဝါဟာ အညစ်အကြေး ရှင်းကောင်လို့ ဆိုရမှာပါ။

ဥပမာ-ကျေးရွာတွေမှာ ခေတ်မီ အိမ်သာတွေ ဘာတွေ မရှိကြပါဘူး။ ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြတယ်လေ။ ဒီ အညစ်အကြေးတွေကို ပြောင်သလင်း ခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။
အဲဒီလို ရေးလို့ကျွန်တော်က ဝက် ကို အရမ်းနှိမ်သလိုဖြစ်သွားတယ်လို့ မိတ်ဆွေ ထင်ကောင်းထင်မယ် ဆက်ဖတ်ပါ ကျွန်တော်ရေးတာ မမှားမှန်းသိအောင် ဩစတြေးလျလို တိုး တက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာရေးနှင့် ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာတောင် ဝက်တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေ ထဲမှာ ထားပြီး မွေးမြူကြရတယ်။ သူတို့ကို ဘယ်လိုပဲ ခက်ခက်ခဲခဲနဲ့ သန့်ရှင်းအောင် လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ မစင်ကို ပြန်ပြီး စားကြပါတယ်တဲ့..........အင်မတန်မှ ညစ်ပတ်လေစွ

ဝက်နဲ့ ပက်သက်တဲ့ နောက်တစ်ချက်ကို ဆက်ရေးမယ်ဆိုရင် ဝက်သည် ကမ္ဘာမှာ အရှက်အမဲ့ဆုံးသော တိရစ္ဆာန်ပါပဲ ဘာကြောင့်လဲဆိုတော့ မိမိရဲ့ကြင်ဖော်ကို တခြားအဖော်ဖြစ်တဲ့ အကောင်တွေနဲ့ လာမိတ်လိုက်ဖို့ ခေါ် တတ်တဲ့ တိရစ္ဆာန်မျိုးက ဝက်ပါပဲတဲ့။

အထက်ပါ သုတေသန စာတမ်းတွေကတော့ ဝက် နဲ့ပက်သက်တာပါ ထို သတ္တဝါကို စားသုံးနေသော လူများ ရှိနေပါသော်လည်း
အရာအားလုံးကို ဖန်ဆင်းသော အလ္လာဟ်အရှင်မြတ်က ခေတ်အဆက်အဆက် ကျမ်းစာတွေထဲမှာ ၀က်သတ္တဝါ အား စားသုံးခြင်းမပြုရန် အတိအလင်းတားမြစ် ထားပါတယ်။

ကုရ်အာန်က ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ တားမြစ်ချက်ကို ၂း ၁၇၃၊ ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။

“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။”
[ ကုရ်အာန် ]

သမ္မာကျမ်းမှာလဲ ဝက်သားကို တားမြစ်ထားသည်

“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ၊ မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။”
[ ဝတ်ပြုရာကျမ်း ၁၁း ၇-၈ ]

သမ္မာကျမ်းလာ တရားဟောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ “
[ တရားဟောရာကျမ်း ၁၄း ၈ ]
သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း-၆၅၊ ပါဒ ၂-၅ မှာလည်း အလားတူပဲ ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။

ဒီကျမ်းစာ ၂ အုပ်မှာ ခရစ်ယာန် တွေရဲ့ သမ္မာ ကျမ်းစာက အရင် ဖော်ပြပြီးတာပါလို့ လူတချို့စောဒက တတ်ပေမယ့်လည်း သမ္မာ ကျမ်းစာသည်လည်း တမန်တော် အီစာ(A.S) ဝါ ယေရှခရစ်တော် ထံသို့ အလ္လာဟ်သျှင် ချပေးခဲ့တဲ့ ကျမ်းစာတစ်အုပ်ပင်ဖြစ်သည်။

ယနေ့ခေတ် သုတေသန တွေက တိုးတတ် ပေမယ့် လည်း အစ္စလာမ်ထက် တော့ နှစ်ပေါင်း ၁၄၀၀ ကျော် နောက်ကျလျှက်ပင် ရှိပါသေးတယ်………………

((လရောင်စိုးမိုး))


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။