Sunday, November 24, 2013

နှစ်ပေါင်း (၁၄၀၀)ကျော်ကြာမှ တွေ့ရှိသည့် သုတေသနတွေ့ရှိချက် (၂၃){{ပျားကောင် ကဏ္ဍ}}

{{ပျားကောင် ကဏ္ဍ}}

၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်း ကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊(မိမိတို့) နေအိမ်များ ပြုလုပ် လေကုန်။

ကုရ်အာန် ၁၆း ၆၈။

ထို့နောက် အသင်သည် အသီးအနှံ အသီးသီး အသက, အသကတို့မှ (အရည်များကို) စုတ်ယူ စားသုံးလေလော့။ တဖန် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွယ်ကူ လျက်ရှိသောလမ်းများကို လျှောက်လေလော့။ ယင်း ပျားကောင်၏၀မ်းဗိုက်များမှ အရောင်မျိုးစုံရှိသော သောက်သုံးဖွယ်ရာ (ပျားရည်)သည် ထွက်လေသည်။ ယင်းသောက်သုံးဖွယ်ရာ၌ လူတို့အဖို့ အနာရောဂါပျောက်ကင်းခြင်းသည် ရှိပေသည်။ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင်ခြင်တတ်သော သူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိပေသတည်း။

ကုရ်အာန် ၁၆း ၆၉။

အထက်ဖော်ပြပါ အာယသ်ကတော့ ကျမ်းတော်မြတ် ကုရ်အာန် မှာ ပျား ကောင်များ နှင့် ပက်သက်သည့် အာယသ် တွေပဲ ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က ပျားကောင်များကို တောင်များ သစ်ပင်များ အဆောက် အအုံများတွင် အသိုက် တည်ဆောက်ရန် နှင့် အသီးအနှံ အသက တို့မှ အရည်များကို စုတ်ယူရန်နှင့် လူတို့အား ထိုပျားရည်အား အနာရောဂါ ပျောက်ကင်းရန်နှင့် စဉ်းစားဆင်ခြေ ၍ သုံးစွဲကြရန် လမ်းညွှန်ထားခြင်းပင်ဖြစ်ပါတယ်။

ထို့အပြင် မြတ်နဗီ(ဆွ)ကလည်း

"ပျားရည်သည် ကိုယ်ခန္ဓာ၏ ရောဂါတိုင်းအတွက် ပျောက်ဆေးဖြစ်သည်။ကုရ်အာန် ကျမ်းမြတ်သည် ဝိညာဉ်၏ ရောဂါတိုင်း အတွက်ဆေးဖြစ်သည်။သို့ဖြစ်၍ အသင်တို့သည် ကုရ်အာန်နှင့် ပျားရည်ဖြင့် မိမိတို့၏ ကျန်းမာရေးကို ထိန်းသိမ်းထားကြ။"
(အိစ်ဗ်နေ့မာဂျာ၊ ဟာကင်မ်)

ဒါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ပျားရည် ကို အကျိုးရှိသလို သုံးစွဲကြရန် အစ္စလာမ် သာသနာက ညွှန်ပြဖော်ပြထားခြင်းပင်ဖြစ်ပါသည်။

ယခုခေတ် သိပ္ပံ သုတေသန စမ်းသပ်ချက်အရ မြောက်မြားလှစွာသော ပျားရည်ရဲ့အသုံးဝင် ပုံ နဲ့အကျိုးကျေးဇူးများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပျားရည် အစွမ်းထက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သောကြောင့် ဖြစ်ပါသည်။

ပျားရည်ဆိုသည်မှာ ပျားလုပ်သားများက ပန်းပွင့်ပေါင်းများစွာကို လှည့်လွယ်သွားလာပြီး ရရှိလာသော ပန်ဝတ်ရည်တို့မှ တဆင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့ သွားထားသော အပင်အမျိုးအစား စုံလေလေ ပန်းပွင့်တို့မှ ရရှိသော ပိုးသေစေသည့်သတ္တိများ၊ နှင့် ဓာတ်တိုးဆန့်ကျင်သည့် သတ္တိများ ပိုများလေလေဖြစ်သည်။
ပျားရည်ကို ထုတ်လုပ်သည့်ဒေသနှင့် ပျားအမျိုးအစားအပေါ်မူတည်ပြီး အမျိုးအစား မြောက်များစွာ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ပျားအုံမှ တိုက်ရိုက်ဖွတ်လာသော ပျားရည်အကြမ်းနှင့် အပြင်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ မွေးမြူရေး ပျားရည်ဆိုပြီး နှစ်မျိုးရှိပါတယ်။တစ်ကီလိုစာပျားရည်ရဖို့ ပန်းပွင့် (၆၂၀၀၀) မှ အရည်များကို စုပ်ယူရပါတယ်တဲ့။ပျားအုံမှာ ပြည့်နေသော ပျားရည်ကီလိုဝက်အတွက် ပျားကောင်တို့သည် အကြိမ်ပေါင်း သုံးသောင်းခုနှစ်ထောင်အထိ ခရီးနှင်ကြရပြီး တစ်ရာသီတွင်ပျားရည်ပေါင်း တစ်ရာ စုနိုင်ရန် ပျားကောင်တို့သည် အနည်းဆုံး ငါးသောင်းသော မိုင်ပေါင်း အကွာအဝေး တစ်နည်း ပြောရလျင် မြေကမ္ဘာကို နှစ်ကြိမ်ခန့်ပတ်ရလေသည်။

သတိထားစရာတစ်ခုကတော့ တစ်ခါတစ်ရံတွင် Clostridium botulinum bacteria spore ဟုခေါ်သည့် ဘယ်တီးရီးယားတို့၏ ဥများ ပါလာတတ်သည်။ ထို့ကြောင့် အသက် ၁ နှစ်အောက် ငယ်သော ကလေးများကို ပျားရည်လုံးဝ မတိုက်ရပါ။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဘက်တီးရီးယားများ ပေါက်ပွားကာ Botulism လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။ အသက်ကိုပင် သေစေနိုင်ပါသည်။ လူကြီးတွေအတွက်တော့ စိုးရိမ်စရာမရှိပါ။

ပျားရည်ကို ဓာတုဗေဒနည်းဖြင့် ဓာတ်ခွဲကြည့်မည်ဆိုပါက fructose နှင့် glucose သကြားများက ၆၀ ရာခိုင်နှုန်း မျှ ပါဝင်ပါသည်။ အခြားပါဝင်သော ပစ္စည်းများမှာ ဗိုက်တာမင်၊ သတ္တုဓာတ်များ နှင့် ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်သည့် သတ္တိရှိသော ဒြပ်ပေါင်းများ ပါဝင်ပါသည်။

ပျားရည် သည် ကိုယ်ငွေ့အပူဓါတ်နှင့် အားအင်ဖြစ်လာစေရန် ကီလိုဝက် တစ်ပေါင်ခန့် ပျားရည်က ကြက် ဥ (၂၃)လုံးစာနဲ့ ညီမျှပါတယ်တဲ့။ပျားရည်တွင် ၇၅% ရာခိုင်နှုံး သကြားဓါတ် ပါဝင်ရုံတွင်မက ကြံရည်ထဲရှိ သကြားဓါတ် ထက်ပင် ပို၍ များပြားသည့်အတွက် သက်ကြီးရွယ်အိုများ လူငယ်များအတွက်
ပျားရည်သည် အကောင်းဆုံး ဆေးပင်ဖြစ်ပါသည်တဲ့..................။

ပျားရည်ကို အနာထည့်ဆေးအဖြစ်လည်းကောင်း ၊ စွမ်းအင် အားတိုးဆေး ၊ချောင်းဆိုးပျောက်ဆေး ၊ သင်အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း ၊၀မ်းနှင့် ပက်သက်သည့်ရောဂါများ၊အစာအိမ်ရောဂါ၊ အူမကြီးကင်ဆာ ရောဂါ၊ ဆီးချိုရောဂါ နှင့် ကင်ဆာ ကာကွယ်ခြင်း၊ အသားအရေလှခြင်း၊ ဆံပင်လှခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်း နှင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ အမူးပြယ်ဆေး၊ အိပ်ပျော်စေသည့် ရောဂါများအပြင် မြောက်မြားစွာသော ရောဂါ ဘယများကို ပျောက်ကင်းစေနိုင်ပါတယ်.................

ကျွန်တော် ဒီ ပိုစ့်မှာ ပျားရည် နဲ့ ရောဂါ ကုသပုံ အသေးစိတ်ကို တော့ မဖော်ပြတော့ပါဘူး ပျားရည် နဲ့ ရောဂါ ကုသပုံ အသေးစိတ်ကို သိချင်ရင်တော့ ဒေါက်တာ အဟ်က်ဘားလ် ကာရ်ဒါရန် (ဒေဟ်လီ) ရေးသားထားတဲ့ ကျမ်းမြတ် ကုရ်အာန် နှင့် ဟဒီးဆ်ကျမ်းလာ ပျားရည် ၏ ထူးခြားသည့် အာနိသင်များ စာအုပ်ကို အောက်က လင့်မှာဒေါင်းလိုက်ပါဗျာ အလွန်တန်ဖိုး ရှိပြီး သေချာ ဖတ်ရှုပြီး လက်တွေ့ ကျင့်သုံးသည့် စာအုပ်ကောင်း တစ်အုပ်ပါပဲ................

ယနေ့ခေတ် သုတေသန တွေ့ရှိချက်တွေက လူသားတွေအတွက် အလွန်တန်ဖိုး ရှိပါတယ် ဒါပေမယ့် အစ္စလာမ်သာသနာ နဲ့ ယှဉ်လိုက်ရင် နှစ်ပေါင်း ၁၄၀၀ ကျော် နောက်ကျနေပါသေးတယ်။

((လရောင်စိုးမိုး))


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။