Sunday, November 24, 2013

နှစ်ပေါင်း (၁၄၀၀)ကျော်ကြာမှ တွေ့ရှိသည့် သုတေသနတွေ့ရှိချက် (၂၁) {{စားသောက်လက်ဆေးပြီး ပွတ်သပ်ခြင်း}}

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်

{{စားသောက်လက်ဆေးပြီး ပွတ်သပ်ခြင်း}}

ကျန်းမာရေး နဲ့ ဆေးသုတေသန အသင်းရဲ့ာတမ်းတစ်စောင်မှာ စားသောက်လက်ဆေးပြီးနောက် မျက်နှာပေါ် လက်နှင့် ခြေထောက်များကို ပွတ်သပ်ပါတဲ့ ဘာအတွက်ကြောင့်လဲဆိုတော့ အစားအစာ စားသုံးရာ၌ လက်ချောင်းကလေးများထဲ မှ ဓာတ်တစ်မျိုး ထွက်ပေါ်လာပြီး ထိုဓာတ် သည် ခန္ဓာကိုယ်ကို အလွန်အကျိုးပြုပါသည်တဲ့။ပေါ်လွင်နေသည့် အစိတ်အပိုင်းများကို ထိုဓာတ်ဖြင့်ပွတ်သပ်ပေးခြင်းဖြင့် Skin Diseases အရေပြားရောဂါအတွက် အကျိုးရှိပါတယ်။အရေပြားအောက်ရှိ Sebeceous Glands အဆီဂလင်းသည် နေရောင်ခြည် နဲ့ ထိတွေ့ခြင်း၊မျက်နှာသစ်သည့်အခါ ရေများများသုံးမိခြင်း၊လေပူများတိုက်ခတ်ခြင်းများကြောင့် Sebem အဆီများ လျော့နည်းတတ်ပါတယ် ထိုသို့ ပွတ်သတ်ခြင်းဖြင့် လက်တွင်ကျန်ရှိနေသော အဆီလေးများကို မျက်နှာ နှင့် ခြေ လက်များကို ပွတ်သုတ်ပေးခြင်းဖြင့် အရေပြားကွဲအက်ကွဲခြင်းများကို ပျောက်ကင်းစေသည့်အပြင် အသားအရေကို စိုပြည် လှပ၀င်းဝါ စေပါတယ်။Nerves and Muscles အာရုံကြောကြွက်သားများအတွက်လည်းကျိုးရှိစေသည့်အပြင် ကြွက်သားများနာကြင်ကိုက်ခဲခြင်း Backache အဆစ်များနာခြင်းနှင့် နောက်ကျောတတ်ခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်ပါသည်အတွက် စားသောက်လက်ဆေးပြီးနောက် မျက်နှာပေါ် ပွတ်သပ်ကြပါဆိုပြီးတော့ ညွှန်ကြားထားပါတယ်။

ဒါကတော့ အလဟသ ဖြစ်မယ့်အရာတွေထဲက အကျိုးရှိသည့်အရာကို တွေ့ရှိခဲ့တဲ့ အလွန်တန်ဖိုးရှိတဲ့ သုတေသနတွေ့ရှိချက်ပါပဲ သို့ပေမယ့်လည်း

``စားသောက်လက်ဆေးပြီးနောက် လက်တွင် တွယ်ကပ် နေသည့်အဆီကလေးများကို လက်မောင်းများ၊ခြေထောက်များ၌ ပွတ်သပ်စေလိုက်ပါ။´´

ဆိုပြီး မြတ်နဗီ(ဆွ)က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက လမ်းညွှန်ခဲ့ပြီးပင်ဖြစ်ပါတယ်။

(အိဗ်နေမာဂျဟ်ကျမ်း၊ ဇာဒုလ်မအာဒ်ကျမ်း၊ အွစ်ဝါအေရစူလေအိက်ရာမ်ကျမ်း)

ယနေ့ခေတ် သုတေသန တွေက တိုးတတ် ပေမယ့် လည်း အစ္စလာမ်ထက် တော့ နှစ်ပေါင်း ၁၄၀၀ ကျော် နောက်ကျလျှက်ပင် ရှိပါသေးတယ်………………

I am Proud to be a Muslim

((လရောင်စိုးမိုး))


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။