Tuesday, November 26, 2013

အစ္စလာမ်မုန်းတီးရေး မမှန်သတင်း မုသားသတင်း ဖြန့်ဝေမှုများအပေါ် ဖေ့ဘုတ်သုံးသူ တစ်ဦး၏ ဆွေးနွေးချက် (2012)

မှိုင်းတိုက်ခံရသော အစ္စလာမ့်အမှန်တရားများ -


ရိုဟင်ဂျာမုန်းတီးရေးကနေ အစ္စလာမ်မုန်းတီးရေးအသွင်ပြောင်းလှည့်လာတဲ့ မိတ်ဆွေများအတွက်

ခုတစ်လော လူတစ်ချို့၊ဂရုပ်တစ်ချို့ အစ္စလာမ်ဘာသာရဲ့ အထွတ်အမြတ်ထားရာများ၊ ခေါင်းဆောင်များကို ဆင်ခြင်တုံ့မဲ့ အကြောင်းပြချက်မရှိ ယောင်မှားမှားသတင်းတွေနဲ့ အမုန်းတရားလက်ကိုင်ထားပြီး စော်ကားနေတာတွေ တွေ့ပါတယ်။ လျစ်လျှူရှုခဲ့ပေါင်းလည်းမနည်းပါဘူး။ ဒါပေမယ့် ဒီနေ့တော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုမှမစော်ကားဘဲ မသူတော်လေလွင့်ရင်းနဲ့ ပျံ့နှံ့နေတဲ့ သတင်းမှား အယူဆမှားတွေကို ကျနော်နိုင်သလောက်လေး စာစုလေးတွေရေးရင်း မှတ်ကျောက်တင်ပါရစေခင်ဗျား။ (မူရင်းစာရေးသူ)

ဒီစာစုမှာ ကျနော်ဆွေးနွေးချင်တာလေးက " အစ္စလာမ်ဘာသာတွင် ယောက်ျား (အမျိုးသား)ကို မိန်းမ (အမျိုးသမီး) လေးဦးယူပိုင်ခွင့်ပေးထားခြင်း" ကိစ္စပါ။ ဒီခွင့်ပြုချက်ကို လက်လှမ်းမှီရာဖြေရှင်းပေးနိုင်မဲ့ မလေ့လာမိသေးတဲ့အစ္စလာမ်ဘာသာဝင်တစ်ချို့ရှိသလို၊ သေသေချာချာ ဂဃဏနမသိသေးတဲ့ဘာသာခြားများလည်းရှိပါတယ်။ အစ္စလာမ်မုန်းတီးရေးလုပ်နေသူတစ်ချို့မှလည်း ဒီအချက်ကိုထောက်ပြပြီး ယုတ်ညံ့တဲ့အသုံးနှုန်းများဖြင့် လွဲမှားစွာမှိုင်းတိုက်ရင်း အစ္စလာမ်ဘာသာနဲ့ဘာသာဝင်များကို စော်ကားရင်း အပြန်အလှန်အွန်လိုင်းတိုက်ပွဲတွေဆင်နွှဲနေကြပါတယ်။ ခုတစ်လောပေ့ခ်ျတွေမှာ တွေ့မိပါတယ်။ ဘာသာတစ်ချို့ရဲ့အမည်နာမတွေသမုတ်ပြီး ဘာသာခြားနဲ့လူမျိုးခြားတွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ ယုတ်ယုတ်ညံ့ညံ့ လူမဆန်စွာ အခြေအမြစ်မရှိစော်ကားနေတာတွေပါ။ ဒါတွေကို စာဖတ်သူမိတ်ဆွေအနေနဲ့လည်း အွန်လိုင်းမှန်မှန်သုံးဖြစ်ရင် တီးမိခေါက်မိရုံတော့သိမြင်မှာပါ။

ကဲ..ကျနော်တို့ခေါင်းစဉ်ပါအကြောင်းအရာကို ဆွေးနွေးကြည့်ပါစို့လားခင်ဗျား။ အထက်ကခေါင်းစဉ်လေးကို ကျနော်ပြန်ကျော့ပါရစေ။ "အစ္စလာမ်တွင် ယောက်ျား(အမျိုးသား)အား မိန်းမ(အမျိုးသမီး)လေးဦးယူပိုင်ခွင့်ပေးထားခြင်း"။ အစ္စလာမ်သာသနာတွင် ဒီခွင့်ပြုချက်ဟာ အမှန်ပဲလား။ ဘယ်နေရာကပေးထားတာပါလဲ။ ဘာကြောင့်ပါလဲ။ ဟုတ်ပြီ ဒီမေးခွန်းကောက်နှုတ်ချက်လေးတွေအတိုင်း ကျနော်နဲ့စာဖတ်သူမိတ်ဆွေအတူတူလက်တွဲရင်း ဆွေးနွေးကြည့်ကြပါစို့။ ကမ္ဘာ့ရှိရှိသမျှဘာသာ၊သာသနာနှင့်ကျမ်းတော်များအနက်မှ "အစ္စလာမ်သာသနာနှင့်ကျမ်းတော်မြတ်ကုရ်အာန်သည်သာလျှင် တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးရန်အတွက် လမ်းညွှန်ထားသောသာသနာနှင့်ကျမ်းတော်ဖြစ်ပါသည်။" မည်သည့်ဘာသာ၊သာသနာနှင့်ကျမ်းတော်များတွင်မှတစ်လင်တစ်မယားစနစ်ကျင့်သုံးရန် တိကျခိုင်မာသော လမ်းညွှန်ချက်မရှိပါ။ မိတ်ဆွေ၊ သင်သည် အစ္စလာမ်သာသနာလမ်းညွှန်ချက်များကို မနှစ်မြို့သူဖြစ်ပါက ကျနော်မေးပါရစေ။ သင် အစ္စလာမ်သာသနာဆုံးမလမ်းညွှန်ချက်များကို ကိုယ်တိုင်ကိုယ်ကျ အမှန်တစ်ကယ်ပဲလေ့လာသိရှိဘူးပါသလား။ အခြားဘာသာများနှင့်နှိုင်းယှဉ်ပြီး အစ္စလာမ်သာသနာကိုလွဲမှားစွာသင်ထောက်ပြစော်ကားနေပါက၊ သင်သည်အမှန်တစ်ကယ်ပဲ သင်နှိုင်းယှဉ်ပြနေသောသာသနာများ၏လမ်းညွှန်ချက်အလုံးစုံအားလည်း သေသေချာချာလေ့လာထားသူတစ်ယောက်ဖြစ်ပါသလား။ အမှန်တစ်ကယ်လေ့လာထားပါသည်ဟု သင်ယူဆလျှင်မေးခွန်းအချို့အားဖြေပေးစေလိုပါသည်။ ဟိန္ဒူဘာသာရှိ ရားမ် (သျှရီးရားမ်၏ဖခင်)တွင် အမျိုးသမီး(ဇနီး)ဘယ်နှစ်ယောက်ရှိပါသလဲ....။ သင်ခိုင်းနှိုင်းပြခဲ့သော တစ်လင်တစ်မယားစနစ်အရ သူသည်မိန်းမတစ်ဦးနှင့်သာလျှင် လက်ထပ်ခဲ့ပါသလား။ မငြင်းနိုင်သည့် တိကျခိုင်မာသောအထောက်အထားများအရ သူသည် အမျိုးသမီး သုံးဦးနှင့်လက်ထပ်ထိမ်းမြားမှုပြုခဲ့ပါသည် မိတ်ဆွေ။ သျှီခရစ်ရှန်ဆိုသူမှာလည်း ခိုင်မာသောမဟားရ်ဘာရက်အရ ထိုသူ့သက်တမ်းတစ်လျှောက်တွင် အမျိုးသမီးမည်မျှနှင့်လက်ထပ်ထိမ်းမြားခဲ့ပါသနည်း။ သင်လေ့လာဖူးပါသလား မိတ်ဆွေ။ အရေအတွက်အတိအကျအားလည်းသိပါသလားမိတ်ဆွေ။ ကျနော်ပြောပါမည်။ ထိုသူ (သျှီခရစ်ရှန်)သည် သက်တမ်းတစ်လျှောက်တွင် အမျိုးသမီးဇနီးဦးရေ (၁၆၁၀၈) တစ်သောင်းခြောက်ထောင်တစ်ရာရှစ်ရောက်ဖြင့်လက်ထပ်ထိမ်းမြားခဲ့ပါသည်။ မိတ်ဆွေနှိုင်းပြခဲ့သော တစ်လင်တစ်မယားစနစ်အရ တစ်ဦးတစ်ယောက်ဖြင့်မဟုတ်ပါ။ လေးယောက်ဖြင့်လည်းမဟုတ်ပါ။ တစ်ရာ၊တစ်ထောင်ဖြင့်လည်းမဟုတ်ပါ။ တစ်သောင်းခြောက်ထောင်တစ်ရာ့ရှစ်ဦးသာလျှင်ဖြစ်ပါသည်။သတိချပ်ပါမိတ်ဆွေ။ သို့ဆိုလျှင် အစ္စလာမ်သာသနာတွင် အမျိုးသားမှအမျိုးသမီးလေးဦးယူခွင့်ရှိခြင်းမှာ မိတ်ဆွေအတွက်ကြီးမားသော ထောက်ပြရှုံချစရာ ပြသနာအချက်ဖြစ်နေပါသေးသလော။။ သို့ဆိုလျှင် ဆက်ပါဦးမည်မိတ်ဆွေ။ Vishna Purana ဆိုသည့်ကျမ်းအားသင်သိပါသလား။ ထိုကျမ်း (Vishna Purana Ch.24, V.1) ကျမ်းချက် အခန်း၂၄း အပိုဒ်၁ အရ အဘ်ဘရားလူမျိုးစုအမျိုးသားများအား မိန်းမ လေးယောက်အထက်ယူခွင့်ပေးထားပါသည်။ ဂျူးနှင့်ခရစ်ယာန်လူမျိုးစုကျမ်းတော်များအရ ထိုလူမျိုးစုဘာသာဝင်များအား အကန့်အသတ်မရှိလက်ထပ်ထိမ်းမြားခွင့်ပေးထားပါသည်။ ခရစ်ယာန်ကျမ်းစာ ဘိုင်ဘလ်အရ အီဗရာဟင်မ်သည် အမျိုးသမီးသုံးဦးနှင့်လက်ထပ်ထိမ်းမြားခဲ့ပါသည်။ စော်လမွန်ဆိုသူမှာလည်း အမျိုးသမီး ၇၀၀ သည့်တိုင်လက်ထပ်ထိမ်းမြားမှုရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းကာလများတွင် (ချားခ်ျ)ကျောင်းတော်များမှ ခရစ်ယာန်ဘာသာဝင်များသည် တစ်လင်တစ်မယားစနစ်အားကျင့်သုံးရမည်ဆိုသည့်မူကို လမ်းညွှန်ခဲ့ပါသည်။ သာသနာပိုင်ကျမ်းမှ အလျဉ်းလမ်းညွှန်ထားခြင်းမရှိပါ။ ထို့ပြင် ၁၉၅၀ တွင်ဂျူးလူမျိုးကွန်ယက်မှ ဂျူးလူမျိုးများသည် အမျိုးသမီးတစ်ဦးနှင့်သာလျှင် လက်ထပ်ထိမ်းမြားရမည်ဟု လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။ ဂျူးလူမျိုးကျမ်းတော်များမှ လမ်းညွှန်ထားခြင်းအလျဉ်းမဟုတ်ပါ။ အလားတူပင် ဟိန္ဒူဘာသာကျမ်းတော်များအရ ဟိန္ဒူအမျိုးသားများသည် အကန့်အသတ်မရှိ ထိမ်မြားလက်ထပ်နိုင်ပါသည်။ သို့တိုင် အိန္ဒိယနိုင်ငံတွင် ၁၉၅၄မှစပြီး ဟိန္ဒူလူမျိုးလက်ထပ်ထိမ်းမြားခြင်းအထူးဥပဒေအား လမ်းညွန်ပြပြီး ဟိန္ဒူလူမျိုးအမျိုးသားသည် အမျိုးသမီးတစ်ဦးအားသာလျှင် လက်ထပ်ထိမ်းမြားနိုင်သည်ဟု လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။ ထိုလမ်းညွှန်ချက်သည် ဟိန္ဒူဘာသာကျမ်းတော်များ၏လမ်းညွှန်ချက်မဟုတ်ပါ။ ဘဂ်ဂဝသ်ဂီသား၊ ရားမအန်း၊ မဟားဘားရက်၊ဝေဒ ကျမ်းများမှလမ်းညွှန်ချက်မဟုတ်ပါ။ ၁၉၅၄ အိန္ဒိယနိုင်ငံတရားလွှတ်တော်၏ လမ်းညွှန်ချက်သာလျှင်ဖြစ်ပါသည်။ ခိုင်မာသောမြန်မာ့သမိုင်းများအရ အစ္စလာမ်ဘာသာဝင်မဟုတ်သော ကမ္ဘာသိမြန်မာဘုရင်များ လက်ထပ်ထိမ်းမြားမှုများကို သင်လေ့လာဖူးပါသလော။ သို့တိုင် သိရက်နှင့်ပင် ကိုယ့်ဘာသာကိုယ့်လူမျိုးလုပ်တာတော့အကောင်း၊ ဘာသာခြားလူမျိုးခြားများလုပ်လျှင်တော့ ပြင်းပြင်းထန်ထန်ရှုံ့ချအမုန်းပွားပြီး မသူတော်တရားလက်ကိုင်ထားနေသူဖြစ်ချင်နေပါသလော မိတ်ဆွေ။ ကျနော့်တွင် မှန်ကန်ပြီးငြင်းပယ်မရသောအချက်အလက်များစွာရှိပါသည်။ အချက်အလက်အားလုံးအား လက်ရှိစာစုတွင်ထည့်ရေးဖို့ခက်ခဲရခြင်းအကြောင်းရင်းနှစ်ချက်ရှိပါသည်။ ရှည်လျားလွန်းသောစာစုဖြစ်မည်ကတစ်ကြောင်း၊ မိမိစာစု၏ အနက်အားနားမလည်ဘဲ ဘာသာရေးလူမျိုးရေး အမုန်းများပိုဆိုးရွားလာမည်ကတစ်ကြောင်းဖြစ်သောကြောင့် ဘာသာခြားလူမျိုးခြားများနှင့်နှိုင်းယှဉ်ပြမှုအား ခေတ္တရပ်နားခွင့်ပြုပါလေ။ အထက်ပါနှိုင်းယှဉ်ပြရခြင်းများ၏ စိတ်ရင်းခံအမှန်မှာလည်း လွဲမှားစွာစော်ကားရှုံ့ချခံရခြင်းများအား နှိုင်းယှဉ်တွဲပြမီးမောင်းထိုးပြရန်သက်သက်သာဖြစ်ပါသည်။ ဘာသာခြားများနှင့်ခေါင်းဆောင်ဦးသျှောင်များအပါအဝင် လူမျိုးခြားများအား၊ မိမိတို့အားရိုင်းရိုင်းစိုင်းစိုင်း အခြေအမြစ်မရှိစော်ကားမှုများခံရသကဲ့သို့ ပြန်လည်တုံ့ပြန်စော်ကားခြင်းစိတ်မျိုးလုံးလုံးမရှိပါ။



ကောင်းပါပြီမိတ်ဆွေ၊ သို့ဆိုလျှင်အစ္စလာမ်ဘာသာနှင့်ကျမ်းတော်မဟုတ်သော အခြားဘာသာများ၊ ဘာသာရေးကျမ်းတော်များနှင့်အတူ ခေါင်းစဉ်ပါအကြောင်းအရာအား မိတ်ဆွေသိရှိနားလည်ရန် မငြင်းပယ်နိုင်သည့်ခိုင်မာသောအထောက်အထားများနှင့်တကွ မိတ်ဆွေနှင့်အတူဆွေးနွေးပြီးခဲ့ပါပြီ။ သို့ဆိုလျှင် ကျနော်တို့အစ္စလာမ်ဘာသာ၏ကျမ်းတော်မြတ်ကိုရ်အာန်(ကမ္ဘာ့အလင်းပြကျမ်း)မှ ခေါင်းစဉ်ပါအကြောင်းအရာအား မည်သို့လမ်းညွှန်ပြခဲ့သည်ကို အတူတကွလေ့လာကြည့်ကြပါစို့။ ကျမ်းတော်မြတ်ကိုရ်အာန်တွင်ထိမ်းမြားခြင်းနှင့်စပ်လျဉ်းပြီး သက်ဝင်ယုံကြည်သူအမျိုးသားများအား ဤသို့မိန့်မွက်ထားပါသည်။ အမှန်တရားအား ခိုင်မာသောသက်သေနှင့်တကွလက်ခံနိုင်ရန် ပြည့်စုံသောကျမ်းချက်မူရင်းအားလေ့လာကြည့်ပါလေ။ ကျမ်းချက်- (စူရာဟ် နီစာဟ် အခန်းတော် ၄၊ အပိုဒ် ၃ တွင်) - "မိမိတို့နှစ်ခြိုက်သော(အခြား)အမျိုးသမီးများအနက်(ယောက်ျားတစ်ဦးလျှင်) မိန်းမ နှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမသုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမလေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (မိန်းမတစ်ယောက်ထက်ပို၍ ထိမ်းမြားရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်းဖြစ်ကြပြန်သော်(ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်)။" ဤကျမ်းချက်သည်သာလျှင် ကမ္ဘာ့ရှိရှိသမျှကျမ်းတော်များအလယ်၌ တစ်လင်တစ်မယားစနစ်အား ကျင့်သုံးရန်ခိုင်မာစွာလမ်းညွှန်ထားသော ကျမ်းချက်ဖြစ်ပါသည်။ မည်သည့်ကျမ်းတော်များတွင်မှ ဤသို့လမ်းညွှန်ထားခြင်းမရှိပါ။ ထို့အတွက်ပင် အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ယောက်သည် ဇနီးအမျိုးသမီးတစ်ဦးထက်ပို၍လက်ထပ်ထိမ်းမြားလိုပါက ကျန်ရှိသောဇနီး၊သားသမီး၊မိသားစုဝင်များ၏ရပိုင်ခွင့်အလုံးစုံ၌ တညီတညွတ်တည်း ရပိုင်ခွင့်ပေးနိုင်ရပါမည်။ ထိုသို့မပေးနိုင်ပါက တစ်လင်တစ်မယားစနစ်၌သာရှိရမည်ဟု ဤခိုင်မာသောကျမ်းချက်မှ တစ်လင်တစ်မယားစနစ်ဆီသို့တွန်းပို့ထားသည်ကို မိတ်ဆွေနှလုံးသွင်းပါလေ။ ဤသည်မှာ နှစ်ပေါင်းများမြောင်စွာ အမုန်းတရားလက်ကိုင်ထား၍ အစ္စလာမ်သာသနာတော်အား ဖြတ်ညှပ်တိုက်စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေကြသည့်သူတစ်ချို့ရည်ညွှန်းသည့် ကျမ်းချက်၏ ခိုင်မာတိကျပြည့်ဝသော တစ်လင်တစ်မယားစနစ်အားလမ်းညွှန်ထားသည့် ကျမ်းချက်အနက်အပြည့်အစုံပင်ဖြစ်ပေသည်။



မိတ်ဆွေ၊ လွဲမှားစွာ သင်မှိုင်းတိုက်စွပ်စွဲနေသည့် ဤအချက်(အစ္စလာမ်သာသနာတွင် ယောက်ျားအမျိုးသားမှ ဇနီးအမျိုးသမီးလေးဦးထိယူပိုင်ခွင့်) ကိုပင် ယုတ္တိကျသော၊လက်တွေ့ကျသော အချက်အလက်တစ်ချို့ဖြင့် ကျနော်တို့အတူတူရှေ့ဆက်ကြည့်ကြပါစို့။ "အလွန်လွဲမှားဆိုးရွားသည့်အချက်တစ်ခုမှာ များစွာသောအစ္စလာမ်ဘာသာဝင်မဟုတ်သူတို့သည် အစ္စလာမ်ဘာသာဝင် အမျိုးသားတိုင်းအဖို့ အမျိုးသမီးလေးဦးလက်ထပ်ယူရန်မှာ မဖြစ်မနေလုပ်ဆောင်ရမည့် ဘာသာရေးလမ်းညွှန်ချက်တစ်ခုဟုယုံကြည်၍ ရွံ့ရှာဖွယ်သွေးထိုးလှုံဆော်နေခြင်းပင်ဖြစ်သည်။" "ဤကျမ်းချက်၏ စစ်မှန်ပြည့်ဝသောလမ်းညွှန်ချက်အနက်မှာ မဖြစ်မနေဤသို့(ဇနီးလေးဦးဖြင့်လက်ထပ်ရမည်)လုပ်ဆောင်ရမည်ဟု လမ်းညွှန်ထားခြင်းမျိုးလုံးဝမဟုတ်ပါ။ အခွင့်အရေးအလုံးစုံအား အမှန်တစ်ကယ်တူညီစွာပေးနိုင်ပြီး လူ့ဘောင်အကြောင်းကြောင်းကြောင့်လိုအပ်မည်၊ မိမိလည်းဆန္ဒလည်းရှိမည်၊ တန်းတူအခွင့်အရေးအားလည်းပေးစွမ်းနိုင်မည်ဆိုပါက အိမ်ထောင်တစ်ဆက်ထက်ပို၍ပြုလိုက ပြုနိုင်သည်ဟု ချွင်းချက်သဘောပေးထားခြင်းသာဖြစ်ပါသည်။" ယုတ်စွအဆုံး၊ ကျမ်းတော်မြတ်ကိုရ်အာန်မှ အသင်တို့လွဲမှားယုံကြည်စွာတိုက်ခိုက်နေသကဲ့သို့ အမှန်တစ်ကယ်ပင်ချွင်းချက်သဘောမဆောင်၊ မလုပ်မနေရတွန်းပို့လမ်းညွှန်ထားသည်ဆိုပါက ကမ္ဘာတစ်ဝှမ်းရှိမည်သည့်အစ္စလာမ်ဘာသာဝင်မှ တစ်လင်တစ်မယားစနစ်တွင်ရှိနေမည်မဟုတ်ပါ။ ရိုးသားစွာသင်ဝန်ခံပါလေ မိတ်ဆွေ။ ဇနီးတစ်ဦးထက်ပို၍ထိမ်းမြားခြင်းပြုထားသည့် သင်သိသမျှအစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အရေအတွက်နှင့်နှိုင်းယှဉ်လျှင် မြူမှုန်ခန့်ပင်မရှိသည့် ပမာဏဖြစ်သည်ကို သင်၏ဝိညာဉ်သိသကဲ့သို့ကမ္ဘာကလည်းလက်ခံပါသည်။ "ထို့ပြင်ဤမျှသေးမွှားသည့်အရေအတွက်ဖြစ်သည့် ဇနီးတစ်ဦးထက်ပို၍ထိမ်းမြားလက်ထပ်ခြင်းပြုထားသောကမ္ဘာ့လူဦးရေအရေအတွက်တွင် အစ္စလာမ်ဘာသာဝင်မဟုတ်သောကမ္ဘာကျော်များပင်ရှိနေသည်ကို သင်ငြင်းပယ်နိုင်ပါ၏လော။"

ဟုတ်ပါပြီမိတ်ဆွေ၊ကျနော်တို့နောက်ထပ်အရေးပါပြီးလက်တွေ့ကျတဲ့အကိုးအကား၊အချက်အလက်လေးတွေနဲ့ဆွေနွေးမှုလေးဆက်ကျပါစို့။ ဆေးပညာရှင်များ၊ ဆေးပညာလေ့လာသူများကို မေးကြည့်ပါ။ ယောက်ျားကလေးငယ်နဲ့မိန်းခလေးငယ်တွေဟာ အမိဝမ်းမှကျွတ်တဲ့အချိန်မှာ ယေဘူယျအားဖြင့်တူညီစွာပင်မွေးဖွားတတ်စမြဲဆိုတာ အထက်ပါပုဂ္ဂိုလ်များပြောပြနိုင်သလို ဆေးပညာနယ်ပယ်မလေ့လာမလိုက်စားဖူးတဲ့ လူတိုင်းလည်းသိပါတယ်။ ဒီနေရာမှာထူးခြားမှန်ကန်တဲ့အချက်အလက်တစ်ခုကို ကျနော်တို့(ဆေးပညာအကြောင်းနှံ့စပ်စွာမသိသူတွေ)ထက်များစွာသောလေ့လာမှုတွေအရ သူတို့ပိုပြောနိုင်တာတစ်ခုက ငယ်ရွယ်တဲ့ကလေးဘဝမှာတင် မိန်းခလေးငယ်တွေမှာယောက်ျားကလေးငယ်တွေထက် ရာဂစိတ်ပိုများတယ်ဆိုတယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်အလက်ဟာ အဆင့်မြင့်တန်းဆေးပညာနယ်ပယ်ရှိတဲ့ ကမ္ဘာတစ်ဝှမ်းဆေးသုတေသီတိုင်းလက်ခံယုံကြည်ထားပြီးတဲ့အချက်ပါ။ ဒီအရေးပါတဲ့အခြေခံသဘောတရားတစ်ခုကပဲ ဖြန့်ကျက်ကောက်နှုတ်စဉ်းစားကြည့်မယ်ဆိုရင် ကလေးငယ်ဘဝတည်းကပင် အမျိုးသမီးကလေးငယ်အရေအတွက်ဟာ အမျိုးသားကလေးငယ်အရေအတွက်ထက်ပင် ပိုများကြောင်းခြုံငုံသုံးသပ်မိမှာပါ။ ဒီတော့ကျနော်တို့ရတဲ့ကောက်နှုတ်ချက်တစ်ခုက ကမ္ဘာနဲ့တစ်ဝှမ်းမှာ အမျိုးသမီးဦးရေအတွက်ဟာ အမျိုးသားဦးရေအတွက်ထက်ပိုများတယ်ဆိုတဲ့အချက်ပါပဲ မိတ်ဆွေ။ ဒီနေရာမှာလည်းချွင်းချက်အနေနဲ့ လက်ချိုးရေလို့ရတဲ့နိုင်ငံတစ်ချို့(ဥပမာ အိန္ဒိယနိုင်ငံ) မှာပဲ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက်ပိုများတယ်ဆိုတာတွေ့ရမှာပါ။ ဒါဟာဘာကြောင့်ဆိုတော့ ဟိုးအရင်အိန္ဒိယနိုင်ငံမှာ မိန်းခလေးမွေးလာပြီဆိုရင် သတ်ပစ်ကြတဲ့ကြောက်မက်ဖွယ်ဓလေ့ကြီးတစ်ခုရှိခဲ့လို့ပါ။ ခုချိန်ထိလည်း တော်တော်ခေါင်ခိုက်တဲ့တောရွာလိုနေရာတစ်ချို့မှာရှိနေဆဲမို့လို့ တိုက်ဖျက်မှုတွေလည်းလုပ်နေရသေးတုန်းပါ။ ဒီဓလေ့ရဲ့ရင်းမြစ်ဘာကြောင့်ဆိုတာလည်းရှိပါတယ်။ ထည့်မရေးချင်တော့ပါ။ ကျနော်အဓိကဆွေးနွေးချင်တာက ကမ္ဘာ့ အမျိုးသား၊အမျိုးသမီးတိုးပွားမှုနှုန်းရဲ့မြင့်မားတဲ့ကွာဟချက်ပါ။ နောက်ပြီး ဒီလိုကမ္ဘာတစ်ဝှမ်းနိုင်ငံများနဲ့ပြောင်းပြန်အချိုးကျနေတဲ့ အိန္ဒိယလိုနိုင်ငံမှာတောင် ဒီဓလေ့ဆိုးကြီးကို အမြစ်ပြတ်သာတိုက်ဖျက်နိုင်ခဲ့ရင် ဒီနိုင်ငံလည်းပဲကမ္ဘာ့အခြားနိုင်ငံများနည်းတူ အမျိုးသမီးဦးရေဟာအမျိုးသားဦးရေထက်ပိုများလာမှာ တွေ့ရမှာပါ။ ဒီတော့အထက်မှာကျနော်ပြောခဲ့တဲ့ အမျိုးသမီးဦးရေတိုးပွားမှုနှုန်းမြင့်မားစွာကွာဟတဲ့ကမ္ဘာ့နိုင်ငံအချို့ရဲ့တိုးပွားမှုနှုန်းကို ခိုင်မာတဲ့သတင်းအချက်အလက်တွေနဲ့ ကြည့်ကြပါစို့။ စကားချပ်အနေနဲ့ပြောချင်တာက မိတ်ဆွေသံသယရှိတယ်ဆိုရင် စာစုတစ်ခုလုံးမှာကျနော်ဆွေးနွေးထားတဲ့မည့်သည့်အချက်အလက်ကိုးကားမှုမျိုးကိုမဆို ကိုယ်တိုင်လေ့လာကြည့်ပါ။ လေ့လာကြည့်ဖို့လည်းတိုက်တွန်းပါတယ်။ ဒါမှကိုယ်တိုင်အမှန်တရားကိုတွေ့မြင်နိုင်မှာပါ။ ရလာတဲ့အမှန်တရားတိုင်းအမှန်တရားတိုင်းကို လက်ခံဖို့၊မလက်ခံဖို့ကိုတော့ ကျနော်တွန်းအားပေးလို့မရပါ။ အမှန်တရားကိုသိမြင်နားလည်ပြီး အမုန်းတရားတွေခွါချပစ်ဖို့ပဲ ကျနော့်ရင်ထဲကတလေးတစားနဲ့တောင်းဆိုချင်တာပါ။ ဆက်ကြပါစို့လား မိတ်ဆွေ။ ကမ္ဘာတစ်ဝှမ်းနိုင်ငံတွေမှာ အမျိုးသမီးတိုးပွားမှုနှုန်းဟာအမျိုးသားတိုးပွားမှုနှုန်းထက်ဒီလိုမြင့်ပါတယ်။ အမေရိကန် နယူးယောက်မြို့လေးတစ်မြို့မှာတင် အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ၁မီလီယမ်ပိုပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးစာအတွက်ဆိုရင်တော့ ၇.၈ မီလီယမ်ပါ။ တစ်ဆက်တည်းမှာပဲ အင်္ဂလန်နိုင်ငံမှာ ၄ မီလီယမ်၊ ဂျာမဏီနိုင်ငံမှာ ၅ မီလီယမ်နဲ့ ရုရှားနိုင်ငံမှာ ၉ မီလီယမ်ထိကိုပိုပါတယ်။ မိတ်ဆွေစာဖတ်တဲ့ယခုအချိန်ထိ ကမ္ဘာတစ်ဝှမ်းနိုင်ငံတွေမှာ အမျိုးသမီးဦးရေတိုးပွားမှုနှုန်းဟာ အမျိုးသားဦးရေတိုးပွားမှုနှုန်းထက် ဘယ်လောက်မြင့်မားတဲ့ကွာဟချက်ရှိတယ်ဆိုတာ အတိအကျကိုဖန်ဆင်းရှင်သာလျှင်အတိအကျသိနိုင်မည်မဟုတ်ပါလောမိတ်ဆွေ။

ကမ္ဘာ့လူသားတိုင်း၏ဘဝလမ်းညွှန်ဖြစ်သော ကမ္ဘာ့အလင်းပြကျမ်း၏ လွယ်ကူစေရန်မလျော့မတင်းပေးထားသော ကျမ်းချက်အပြည့်အစုံ၏အနှစ်သာရအား မည်သို့မှသင်လက်မခံနိုင်သေးပါသလောမိတ်ဆွေ။ သို့ဆိုလျှင် သင်၏တစ်လင်တစ်မယားစနစ်အား မည်သည့်ချွင်းချက်မှမရှိလက်ကိုင်ထားရမည်ဟုသောအတွေးခေါ်အား ကျနော်မှလည်းချွင်းချက်မရှိလက်ကိုင်ထားမည်ဟုမှတ်ပါလေ။ ဤနေရာတွင် လက်တွေ့ကျသောဥပမာလေးတစ်ခု ကျနော့်အားထပ်ပေးခွင့်ပြုပါလေ။ အကယ်၍များ သင်၏ဆွေမျိုးသားချင်း၊ သို့မဟုတ်ကျနော့်၏ဆွေမျိုးသားချင်းမှ အမျိုးသမီးတစ်ယောက်သည် အမေရိကန်ကဲ့သို့သောနိုင်ငံတွင် အခြေချနေထိုင်ပြီဆိုပါစို့။ ထို့ပြင်ထိုနိုင်ငံတွင်လည်း မိတ်ဆွေ၏အယူအဆအတိုင်း တစ်လင်တစ်မယားစနစ်အား မည်သည့်ချွင်းချက်မှမရှိကျင့်သုံးရမည်ဟု ချမှတ်ထားသည်ဆိုပါက၊ မိတ်ဆွေသတိချပ်ပါလေ။ အထက်တွင်ကျနော်ကိုးကားခဲ့သော ဤနိုင်ငံ၏ကြီးမားသောအမျိုးသမီးဦးရေကွာဟချက်အရဆိုလျှင် ၇.၈မီလီယမ်ကွာဟချက်ရှိနေသော ထိုအမျိုးသမီးထုအတွက် ဘဝလက်တွဲကြင်ယာဖော်မှာ မည်ကဲ့သို့ရှိလာနိုင်ပါအံ့နည်း။ အသွေးအသားနှင့်တည်ဆောက်ထားသော လူသားများဖြစ်သည်ကတစ်ကြောင်း၊ ထိမ်းမြားမင်္ဂလာပြုရမည့်အခြေခံအကြောင်းအချက်လက်များလိုအပ်လာသည့်အခါသမယမျိုးတွင် သင်၏အယူအဆနှင့်ထိုအမျိုးသမီးထုဘဝများအား လုံခြုံစိတ်ချသာယာပျော်ရွှင်နိုင်မည့် အာမခံချက်(သို့)ဖြေရှင်းချက်ပေးနိုင်ပါမည်လော။ ဤနေရာတွင် ဤမျှမြင့်မားစွာကွာဟနေသောထိုအမျိုးသမီးထုများ၏ဘဝနှင့်ဆန္ဒအတွက် လက်တွေ့ကျသော ဖြေရှင်းချက်မှာနှစ်မျိုးသာဖြစ်လာနိုင်စရာအကြောင်းရှိသည်။ တစ်မျိုးမှာ ထိုအမျိုးသမီးထုသည် လက်ထပ်ပြီးအမျိုးသားနှင့်ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပြီး၊သို့မဟုတ် မရှောင်လွှဲနိုင်သည့်အဆုံး အများပြည်သူသုံးသာလျှင်ဖြစ်လာနိုင်ပါတော့သည်။ ဤနေရာတွင်ကျနော်သုံးလိုက်သည့် အများပြည်သူသုံးဟူသည့်စကားလုံးသည် နှစ်မြို့ဖွယ်မရှိသည့်စကားပင်ဖြစ်လင့်ကစား ထိုဘေးပြေးတွေ့ရမည့်အမျိုးသမီးထုဘဝအတွက် အတတ်နိုင်ဆုံးသောပျော့ပြောင်းသည့်စကားပင်ဖြစ်ပါသည် မိတ်ဆွေ။ ဆက်ပါဦးမည်မိတ်ဆွေ ၂၀၀၈ခုနှစ်တရားဝင်ထုတ်ပြန်သော အမေရိကန်ဆိုဒ်တစ်ခုအရဆိုလျှင် အမေရိကန်နိုင်ငံသားအမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့်လက်ထပ်ထိမ်းမြားမှုမဖြစ်ခင် ပျမ်းမျှအားဖြင့် အတူနေအမျိုးသမီး၈ဦးနှင့် နေထိုင်လေ့ရှိကြောင်းဖော်ပြထားသည်ကို သင်သိပါသလောမိတ်ဆွေ။ ဤသည်မှာ အမျိုးသားတစ်ဦးတည်း၏ပျမ်းမျှနှုန်းသာလျှင်ဖြစ်သည်။ တစ်ချို့အမျိုးသားများသည် ၈ ယောက်ထက်ပို၍သော်လည်းကောင်း၊ အချို့မှာ ထို့ထက်ပို၍သော်လည်းကောင်း အတူနေကြပေသေးသည်။ အထက်တွင်ကျနော်အစပျိုး၍အဆုံးမသတ်ခဲ့သည့်ဥပမာလေးအားအဆုံးသတ်အားဖြင့် မိတ်ဆွေအားမေးခွင့်ပြုပါလေ။ ကျနော်၏ဆွေမျိုးသားချင်းမှ အမျိုးသမီးတစ်ဦး (သို့မဟုတ်) မိတ်ဆွေ၏ဆွေမျိုးသားချင်းမှအမျိုးသမီးတစ်ဦးသည် အမေရိကန်နိုင်ငံကဲ့သို့သော အမျိုးသမီးဦးရေတိုးပွားမှုနှုန်းမြင့်မားစွာကွာဟနေသည့် နိုင်ငံမျိုးတွင်အခြေချနေထိုင်မည်ဟုမှတ်ပါလေ။ ထို့ပြင် မိတ်ဆွေ၏အယူအဆဖြစ်သော ချွင်းချက်မရှိသည့်တစ်လင်တစ်မယားစနစ်ကိုပင်လျှင် ထိုသို့သောနိုင်ငံတွင်ချွင်းချက်မရှိလိုက်နာရမည်ဟု လမ်းညွှန်ထားရှိခဲ့ပါမူ ထိုနိုင်ငံရှိအမျိုးသားယောက်ျားဦးရေသည် ညီမျှသောအရေအတွက်ဖြစ်သည့် အမျိုးသမီးဦးရေဖြင့်လက်ထက်ထိမ်းမြားပြီးဖြစ်သောအခါမျိုးတွင်၊ ကျနော်(သို့မဟုတ်)မိတ်ဆွေ၏ဆွေမျိုးသားချင်းမှဖြစ်သည့် အမျိုးသမီးသည် ထိုသူမ၏ထိမ်းမြားလက်ထပ်ရမည့်အချိန်အခါကျရောက်လာပါက မည်သို့ရှိမည်နည်း။ လက်တွေ့ကျ၍ရှင်းလင်းသောအဖြေတစ်ခုမှာ သူမသည်လက်ထပ်ပြီးအမျိုးသားယောက်ျားဖြင့်လက်ထပ်ထိမ်းမြားလျှင်သော်လည်းကောင်း၊ သို့တည်းမဟုတ် အထက်တွင်ကျနော်သုံးခဲ့သောစကားအရ အများပြည်သူသုံးသာလျှင်ဖြစ်ပေတော့မည်။ မိတ်ဆွေ သင်မည်သည်ကိုရွေးချယ်မည်နည်း။ ပြောပါလေ။ ဤနေရာတွင်လေးနက်စွာသတိချပ်ရန်မှာ အစ္စလာမ်သာသနာတွင် ဒုတိယဇနီးဖြစ်သည့်တိုင် ထိုသူမသည်ကျမ်းဂန်ပါလမ်းညွှန်ချက်အရ သူမ၏ခင်ပွန်းယောက်ျားထံမှ ပထမဇနီးမယားကဲ့သို့ပင် အလုံးစုံသောတူညီသည့်အခွင့်အရေးအား မုချရရှိမည်ဖြစ်ပါသည်။ အမေရိကန်လိုနိုင်ငံမျိုးတွင်တော့ အများပြည်သူသုံးဖြစ်ခဲ့သွားရသည့်အမျိုးသမီးများတွင် ထိမ်းမြားခြင်းဆိုင်ရာမည်သည့်အခွင့်အရေးမှမရနိုင်ပေ။ ထို့ပြင် အဆင့်အတန်းဂုဏ်ခွဲခြားဆက်ဆံခံရခြင်းများလည်းခံရပေသေးသည်။ အစ္စလာမ်သာသနာတော်အရ ဒုတိယဇနီးဖြစ်ပင်ဖြစ်လင့်ကစား ထိုသူမသည်အဆင့်အတန်းဂုဏ်ခွဲခြားခြင်းမခံရသကဲ့သို့ သူမ၏ထိမ်းမြားခြင်းဆိုင်ရာ အခွင့်အရေးအလုံးစုံအား တူညီပြည့်ဝစွာခံစားခွင့် ခိုင်ခိုင်မာမာပေးထားပါသည်။ ဤသို့သောအကြောင်းအချက်အလက်များအရ အစ္စလာမ်သာသနာတွင် အမျိုးသားယောက်ျားတစ်ယောက်အား အမျိုးသမီးတစ်ဦးအထက်(လေးဦးအထိ)လက်ထပ်ထိမ်းမြားမှုပေးထားသည့်ချွင်းချက်သည် ကမ္ဘာ့အမျိုးသမီးထုအား ဂုဏ်ပေးလေးစားကာကွယ်စောင့်ရှောက်ရန်သာဖြစ်ပြီး၊ အခြားအခြားသောမည်သည့်ပယောဂမျိုးမှမပါကြောင်း ခိုင်မာသောသက်သေအထောက်အထားများနှင့် သက်သေခံမိပါသည်။

Credit to : Original Writer

(မူရင်းစာရေးသူ၏ တင်ပြချက်များသာဖြစ်ပါသည်)

အလ်မုဖီးဒ်မှ ပြန်လည် ခံစားတင်ပြသည်။