ပညတ်ချက် (၁) -း-
မွတ်စလင်မ်တစ်ဦးသည်
ဇကားသ်ထုတ်ရန် ၀ါဂျိဗ် ထိုက်လောက်သည့် ပမာဏရှိ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်၏။ သို့မဟုတ်
ထိုသူအပေါ်တွင် ဇကားသ်ထုတ်ရန် ၀ါဂျိဗ်တော့မဟုတ် သို့ရာတွင် မိမိလိုအပ်ချက်ထက်
ပိုမို၍ ဇကားသ် ထုတ်ရန် ၀ါဂျိဗ်ဖြစ်လောက်သည့် ပစ္စည်းများရှိလေ၏။ ထိုပိုလျှံပစ္စည်းသည်
ရောင်းဝယ် ဖောက်ကားမှု ပစ္စည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုပစ္စည်းအပေါ် နှစ်ကုန်လွန်သည်
ဖြစ်စေ၊ မကုန်လွန်သည်ဖြစ်စေ ထိုသူအပေါ် အီးဒွလ် ဖိသ်ွရ် ၀ါကျွတ်အီးဒ်နေတွင် ဆွဒကဟ်ပေးခြင်းသည်
ဝါဂျိဗ်တာဝန်ဖြစ်လေသည်။ ထိုဆွဒကဟ်ကို ရှရီအသ်တရားတော်မြတ်တွင်ဆွဒကအိ ဖိသ်ွရ် (၀ါ) ဖိသ်ွရဟ်
ဟုခေါ်လေသည်။
ပညတ်ချက် (၂) -း-
တစ်ဦးတစ်ယောက်တွင်
အိမ်နှစ်လုံးရှိ၏။ အိမ်တစ်လုံး၌ မိမိကိုယ်တိုင်နေထိုင်ပြီး ကျန်အိမ်တစ်လုံးမှာ အလွတ်ရှိ၏။
သို့မဟုတ် ငှားရမ်းထား၏ ဒုတိယအိမ်သည် မိမိလိုအပ်ချက်ပိုသော အိမ်ဖြစ်လေ၏။
အကယ်၍ ထိုအိမ်၏ ကာလတန်ဖိုးသည် ဇကားသ် စံချိန်မှီလျှင် ထိုသူအပေါ်တွင် ထိုသူအပေါ်တွင်
“ဖိသ်ွရဟ်” ထုတ်ခြင်း ၀ါဂျိဗ်ဖြစ်လေသည်။
ထိုကဲ့သို့သောသူအား ဇကားသ်ငွေပေးခြင်းမပိုင်ပေ။ အကယ်၍ ထိုသူသည် ဤဒုတိယအိမ်ကို ငှားရမ်း၍
ရရှိသောငွေဖြင့် ၀မ်းကြောင်းမှုပြုလျှင် ထိုအိမ်သည်လည်း လိုအပ်ချက် စာရင်းဝင်ဖြစ်သွားပြီး
ထိုသူအပေါ်တွင် “ဖိသ်ွရဟ်” ပေးလှူရန် ၀ါဂျိဗ်
မဟုတ်တော့ချေ။ ထိုသူအား ဇကားသ်ငွေ ပေးပိုင်ခွင့်ရှိသည်။ ထိုသူမှာလည်း ဇကားသ် စားပိုင်ခွင့်ရှိလေသည်။
အချုပ်အားဖြင့်
ဇကားသ် နှင့် ဆွဒကဟ်၏ ငွေ ယူပိုင်ခွင့် စားပိုင်ခွင့်ရှိသောသူအပေါ်တွင် “ ဖိသ်ွရဟ် ” ထုတ်ရန် ၀ါဂျိဗ်
မဟုတ်ချေ။ ဇကားသ်နှင့် ဆွဒကဟ်ငွေ လက်ခံပိုင်ခွင့် စားပိုင်ခွင့်မရှိသောသူအပေါ်တွင် “ ဖိသ်ွရဟ် ” ပေးလှူရန် ၀ါဂျိဗ်
ဖြစ်လေသည်။
ပညတ်ချက် (၃) -း-
တစ်ဦး တစ်ယောက်၌
အခြေခံလိုအပ်ချက်ထက် ပိုမိုသောဥစ္စာ ပစ္စည်းရှိ၏။ သို့သော် သူအပေါ်တွင် အကြွေးလည်းတင်နေ၏။
ထိုအခါအကြွေးကိုနုတ်၍ မည်မျှကျန်သည်ကို ကြည့်ရမည်။
အကယ်၍ ဇကားသ်ထုတ်ရန် ၀ါဂျိဗ်ထိုက်လောက်သည်ခန့် ပစ္စည်းကြွင်းကျန်လျှင်
ထိုသူအပေါ် “ ဖိသ်ွရဟ်
” ပေးလှူရန်
ဝါဂျိဗ် တာဝန်လေသည်။ အကယ်၍ ထိုမျှခန့်ထက်နည်းလျှင် “ ဖိသ်ွရဟ် ”
ထုတ်ရန် ၀ါဂျိဗ် မဟုတ်ချေ။
ပညတ်ချက် (၄) -း-
အီးဒ် နေ့ ဖဂျရ်
အချိန်ကျလျှင် ဤမည်သော “
ဖိသ်ွရဟ် ” သည် ၀ါဂျိဗ်
ဖြစ်လေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ထိုနေ့ ဖဂျရ် အချိန်မတိုင်မီအလျှင် သေဆုံးသွားလျှင်
ထိုသူအပေါ်တွင် “ ဖိသ်ွရဟ်
” ထုတ်ရန်
ဝါဂျိဗ် မဟုတ် သူပိုင်သောပစ္စည်းထဲမှ “
ဖိသ်ွရဟ် ” မပေးရပေ။
ပညတ်ချက် (၅) -း-
ဆွလားသ် ၀တ်ပြုရန်
အီးဒ်ဂဟ် သို့မဟုတ် ဗလီဝတ်ကျောင်းတော်သို့ မသွားမီအလျင် “ ဖိသ်ွရဟ် ” ပေးလိုက်ခြင်းသည်
အမြတ်ဆုံးဖြစ်သည်။ အကယ်၍ မသွားမီအလျင် မပေးမိ ပါက နောက်တွင် ပေးလှူရမည်။
ပညတ်ချက် (၆) -း-
လူတစ်ယောက်သည်
“ ဖိသ်ွရဟ်
” ကို အီးဒ်
နေ့မတိုင်မီ ရမ်ဿွာန်လ၌ပင် ပေးလှူလိုက်လေ၏။ ထိုကဲ့သို့ ကြိုတင်ပေးလှူလိုက်လျှင်လည်း
တာဝန်ကျသွားလေသည်။ ထပ်မံပေလှူရန် ၀ါဂျိဗ် မဟုတ်ချေ။
ပညတ်ချက် (၇) -း-
တစ်ဦးတစ်ယောက်သည်
“ ဖိသ်ွရဟ်
” လုံးဝ
မပေးခဲ့သော် တာဝန်ကျေမည်မဟုတ် တစ်နေ့တစ်နေ့ ပေးကို ပေးလိုက်ရမည်။
ပညတ်ချက် (၈) -း-
“ ဖိသ်ွရဟ် ” သည် မိမိအတွက်ပေးလှူရန်
ဝါဂျိဗ် ဖြစ်သလို မိမိ၏အရွယ်မရောက်သေးသော သားသမီးများအတွက် ပေးလှူခြင်းသည်လည်း ၀ါဂျိဗ်ဖြစ်လေသည်။
အရွယ်ရောက်ပြီးသော သားသမီးများ
အတွက် ဖခင်ဘက်မှ ပေးလှူရန် ၀ါဂျိဗ် မဟုတ်ပေ။ သို့သော် မိမိ၏သားသမီးများတွင်
စိတ်မနှံသူ တစ်ဦးတစ်ယောက်ရှိခဲ့လျှင် ၎င်းအတွက်လည်း ပေးလှူရန် ဖခင်အပေါ် ၀ါဂျိဗ်တာဝန်ဖြစ်လေသည်။
ပညတ်ချက် (၉) -း-
ရမဿွာန်လ၌ ရိုဇာဟ်
စောင့်ထိန်းသောသူအပေါ်၌ “
ဖိသ်ွရဟ် ” ပေးလှူခြင်း
ဝါဂျိဗ် ဖြစ်သလို့၊ ရမဿွာန်လ၌ အကြောင်းတစ်ခုခုကြောင့် ရိုဇာဟ် မစောင့်ထိန်းသောသူအပေါ်တွင်လည်း “ ဖိသ်ွရဟ် ” ပေးလှူခြင်း ၀ါဂျိဗ်
ဖြစ်လေသည်။
ပညတ်ချက် (၁၀) -း-
လူတစ်ဦး၏ “ ဖိသ်ွရဟ် ” ကို ဖကီးရ် (သူဆင်းရဲ)
တစ်ဦးတည်းကိုဖြစ်စေ၊ သို့မဟုတ် အနည်းငယ်စီ ခွဲ၍ ဖကီးရ် (သူဆင်းရဲ) အများအပြားကိုဖြစ်စေ
ပေးလျှင် နှစ်မျိုးလုံးပိုင် လေသည်။
ပညတ်ချက် (၁၁) -း-
အကယ်၍ လူမြောက်များစွာ၏
“ ဖိသ်ွရဟ်
” ကို ဖကီးရ်
(သူဆင်းရဲ) တစ်ဦးတည်းအား ပေးလျှင်လည်းပိုင်လေသည်။
ယခုနှစ် (၂၀၁၃) အတွက် ဖိသ်ွရဟ် တစ်ဦးလျှင် (၁၀၀၀) တစ်ထောင်ကျပ်
ဖြစ်သည်။
အင်န်ရှာ အလ္လာဟ် ဆက်လက်ကြိုးစားပါဦးမည်။
အလ်အဗ်ဒ် စလာမသွလ္လာဟ် ( ဟကီမီ - မုဟမ္မဒီ)