Saturday, October 12, 2013

ခရစ်တင်းဗေကာ

မွတ်စ်လင်မ် အမျိုးသမီးများအနေဖြင့် ကိုယ်လုံးပေါ်ဝတ်စားဆင်ယင်မှုများမှ ရှောင်ကြဉ်ရပါလိမ့်မည်။

(ခရစ္စတင်းဗေကာ) (13-12-1965 တွင် ဂျာမနီနိုင်ငံ ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဟမ်းဘတ်မြို့တွင် မွေးဖွားခဲ့သော ဂျာမန်လူမျိုးတစ်ဦးဖြစ်သည်) အောင်မြင်ကျော်ကြားသော TV Presenter တစ်ဦးဖြစ်သည်။

ကျမ အစ္စလာမ်လက်ခံပြီးနောက် ရခဲ့တဲ့စိတ်ချမ်းသာမှုမျိုး၊ ခန္ဓာကိုယ်ဖုံးအုပ်ထားပြီး ရခဲ့တဲ့ဂုဏ်သိက္ခာမျိုး၊ ဘယ်တုန်းကမျှ မရခဲ့ပါ။

လန်ဒန်မြို့ (BBC Update) တွင် လူထောင်ပေါင်းများစွာနှင့် အရောတဝင်နေခြင်း၊ ရောင်စုံမီးများကြား မြူးကြွတဲ့ မြူးဇစ်တွေ၊ ယမကာ အရက်မျိုးစုံ နှင့် ယစ်မူးပြီး၊ နုပျိုလန်းဆန်းတဲ့ ဖီလင်တွေကြားမှာ ကျင်လည်နေခဲ့ရပေမဲ့ ကိုယ့်ကိုကိုယ် အထီးကျန်ပြီး ရင်ထဲမှာ လစ်ဟာနေသလို ခံစားရပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ အခမ်းအနားတွေ ဆင်နွှဲပြီး ကျမအိမ်ကို ပြန်ရောက်တဲ့ အခါတိုင်း ငါဘာတွေ လုပ်နေမိပါလိမ့်လို့ တွေးတောမိပါတယ်။ အထက်ပါစကားများသည် အကျော်အမော်တို့၏ ဘဝပုံရိပ်၊ ဗြိတိန်နိုင်ငံက ကြီးမှုးကျင်းပသော (ခရစ္စတင်းဗေကာ နှင့် တစ်ညနေ) အင်တာဗျူးတွင် ကမ္ဘာကျော်အမျိုးသမီး ခရစ္စတင်းဗေကာပြောခဲ့သော စကားများဖြစ်ပါသည်။ သူမက ဆက်ပြီးပြောသည်မှာ ကျမ အစ္စလာမ်လက်ခံပြီးနောက် ရခဲ့တဲ့စိတ်ချမ်းသာမှုမျိုး၊ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးအဖြစ် ခန္ဓာကိုယ်အလှအပတွေ ဖုံးအုပ်ထားပြီး (ဟိဂျာဗ်ဝတ်လို့ ) ရခဲ့တဲ့ ဂုဏ်သိက္ခာမျိုး ဘယ်တုန်းကမျှ မရခဲ့ဘူးပါ။ အစ္စလာမ်ရဲ့မိသားစုစနစ်၊ လူကြီးမိဘတွေကို ဂုဏ်ပေးလေးစား၊ ဝတ်ကြီးဝတ်ငယ်ပြုစုမှု၊ အမျိုးသမီးတို့ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အခွင့်အရေးမျိုး အခြားမည်သည့်ဘာသာတွင်မျှ ပညတ်ချတ်မရှိပါ။ သူမကဆက်ပြီး အကြံပြုသည်မှာ မွတ်စ်လင်မ် အမျိုးသမီးများအနေဖြင့် ကိုယ်လုံးပေါ် ဝတ်စားဆင်ယင်မှုများမှ ရှောင်ကျဉ်ရပါလိမ့်မည်။ အစ္စလာမ်၏ သွန်သင် ဆုံးမမှုနှင့်အညီ မိဘများကို ဂုဏ်ပေး လေးစားသင့်ပါသည်။ မိမိသားသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရပါမည်။ ထို့နောက် ခရစ္စတင်းဗေကာ အစ္စလာမ် လက်ခံပြီးနောက် ကြုံတွေ့ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံကို အခြေခံ ရေးဖွဲ့ထားသည့် (အမ်တီဗီ မှ မက္ကာဟ်သို့) စာအုပ်ကို တခမ်းတနား မိတ်ဆက်ပေးပါသည်။ ခရစ္စတင်းဗေကာသည် အလွန်ချောမောလှပသော ဂျာမနီသူ တစ်ဦးဖြစ်ပြီး မြူးဇစ်၊ ဖက်ရှင် နှင့် မီဒီယာလောကတွင် အထူးသဖြင့် အမေရိကန် နှင့် ဥရောပတွင် အလွန် ကျော်ကြား ထင်ပေါ်သည့် အောင်မြင်မှု သရဖူကို စိုက်ထူထားနိုင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ တစ်ချိန်က အနောက်နိုင်ငံ၏ ဖျော်ဖြေရေး အခမ်းအနားများသည် ခရစ္စတင်းဗေကာ အတွက် အနှစ်သက်ဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါ သူမသည် အစ္စလာမ်၏ ပုံရိပ်ကို ဖေါ်ထုတ် ဖိတ်ခေါ်နေသော သာသနာပြုတစ်ဦးဖြစ်နေပါသည်။

သူမအကြောင်း အသေးစိတ်သိလိုပါက ဝီကီပီဒီးယားတွင် http://en.wikipedia.org/wiki/Kristiane_Backer ဖတ်ရှုနိုင်ပါသည်။

သူမ၏ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် http://kristianebacker.com/

သူမ၏ Official Facebook https://www.facebook.com/KristianeBackerOfficial

သူမနှင့် အခြေအတင် ဆွးနွေးခန်း ဗီဒီယိုလင့်ခ် http://www.youtube.com/watch?v=_TFs_Y43sgc

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။