Thursday, October 3, 2013

ဇိလ်ဟဂ်ျလ (၁၀)ရက်၏ အကျိုးဖဇီလသ်

-း- احکام عیدالاضحٰی وقربانی -း-
အီဒွလ် အဿွ်ဟာနှင့် ကုရ်ဘာနီ ဆိုင်ရာပညတ်ချက်များ -း- (အပိုင်း - 1- )
(ပါကစ္စတန်နိုင်ငံ မုဖ်သီချုပ် မုဖ်သီ မုဟမ္မဒ် ရှဖီး (အွတ်စ်မာနီ) ( رحمۃ اللہ علیہ )
ဘာသာပြန်ဆိုတင်ပြသူ အလ်အဗ်ဒ် စလာမသွလ္လာဟ် (ဟကီမီ-မုဟမ္မဒီ)

“ ဇိလ်ဟဂ်ျလ (၁၀)ရက်၏ အကျိုးဖဇီလသ် ” -း-

တမန်တော်မြတ် (ဆွ) မိန့်တော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်အား “အိဗာဒသ်” ပြုလုပ်ရန် အတွက် ဇိလ်ဟဂ်ျလ (၁၀)ရက်ထက် သာပို၍ ကောင်းမွန်သော ကာလမရှိပေ။ ထို (၁၀)ရက်မှ တစ်ရက်၏ ရိုဇဟ် ထားခြင်းသည် တစ်နှစ် ရိုဇဟ်ထားခြင်းနှင့် ညီမျှ၍ ညတည၏ အိဗာဒသ် သည် ကဒရ်ည၏အိဗာဒသ် နှင့် ညီမျှလေသည်။ ကြည့် (သိရ်မိဇီ နှင့် အိဗ်နိမာဂျာကျမ်း) -

ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ ည (၁၀)ည နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က ကစမ်ကျိန်ဆိုထားသည်။ ထိုည (၁၀) ညသည် ကျော်ကြားသော အိုလမာအများစုထံတွင် ဇိလ်ဟဂ်ျလ၏ ည (၁၀)ည ဖြစ်လေသည် သီးခြား၍ ဇိလ်ဟဂ်ျ (၉)ရက် ဆိုလိုသည်မှာ အာရဖဟ်နေ့ ၎င်းနောက် အာရဖဟ်နေ့နှင့် အီးဒ်နေ့ ကြားညသည် ထိုည (၁၀)ညထဲတွင် သီးခြား၍ အကျိုးရှိလေသည်။ ဇိလ်ဟဂ်ျလ (၉)ရက် အာရဖဟ်နေ့၌ ရိုဇဟ်ထားခြင်းသည် လွန်ခဲ့သော တစ်နှစ် နှင့် လာမည့်နှစ် (၁)နှစ်အတွက် ကဖ်ဖါရာဟ် ဖြစ်လေသည်။ ၎င်းပြင် အီးဒ်ည၌ နိုးကြားစွာနေ၍ အိဗာဒသ်မှာ မွေ့လျော်နေခြင်းသည် အလွန်များပြားသော အကျိုးစ၀ါးဗ်များ ရရှိစေမည် ဖြစ်သည်။

“ အိုင်ယာမိ သရှ်ရီးက်၌ သက္ကဗီးရ်ဆိုခြင်း ” -း-

اَللّٰہُ اَکۡبَرَ اللّٰہُ اَکۡبَرُ لَااِلٰہَ اِلَّااللّٰہُ وَاللّٰہُ اَکۡبَرُ اَللّٰہُ اَکۡبَرُ وَلِلّٰہِ الۡحَمۡد

ဇိလ်ဟဂ်ျလ (၉)ရက် အာရဖဟ်နေ့ ဖဂျရ်မှ ဇိလ်ဟဂ်ျလ (၁၃)ရက် ညနေ အဆွရ်အချိန်ထိ ဆွလားသ်ဝတ်ပြုပြီးတိုင်း အသံကြယ်ကြယ်ဖြင့် သက္ကဗီးရ်ရွတ်ဆိုခြင်းသည် ၀ါဂျိဗ်ဖြစ်လေသည်။ ဤအဆိုပေါ်တွင် ဖသ်ဝါရှိလေသည်။ ဂျမာအသ်နှင့်တစ်ကွ ဆွလားသ်ဝတ်ပြုသည်ဖြစ်စေ၊ တစ်ကိုယ်တည်းဝတ်ပြုသည်ဖြစ်စေ၊ အတူတူပင်ဖြစ်လေသည်။ ထိုနည်းအတိုင်း အမျိုးသားများပေါ်၌ ၀ါဂျိဗ် ဖြစ်သကဲ့သို့ အမျိုးသမီးများအပေါ်၌လည်း ၀ါဂျိဗ်ဖြစ်လေသည်။ အမျိုးသမီးများသည် သက္ကဗီးရ်အား အသံကျယ်ကျယ် မရွတ်ဆိုရပေ။ သို့သာမက တိုးတည်းစွာ ရွတ်ဆိုရပေမည်။ ကြည့် (ရှာမီကျမ်း)

“သတိပြုရန်” -း-

ထိုသက္ကဗီးရ်အား ရွတ်ဆိုချိန်တွင် အသံကျယ်ကျယ်ဟုဆိုရာ၌ (အလယ်အလတ်)ဖြစ်ရန်အရေး ကြီးသည်။ မြောက်များစွာသော သူတို့သည် မေ့လျော့၍ သက္ကဗီးရ်အား မရွတ်ဆိုကြပေ။ သို့မဟုတ် အသံတိုးတီးစွာ ဖတ်လိုက်ကြလေသည်။ ထိုအချက်အား ပြုပြင်ရန် အလွန်အရေးကြီးပေသည်။

“အီးဒ်” ဆွလားသ် -း-

အီဒွလ်ဿွ်ဟာနေ့၌ ဤအချက်များသည် စွန္နသ်ဖြစ်လေသည်။ စောစောအိပ်ယာထခြင်း၊ ရေချိုးခြင်း၊ မစ်ဝါးက် တံပူစားခြင်း၊ သန့်ပြန့်စင်ကြယ်၍ သစ်လွင်သော အ၀တ်အစားဝတ်စဉ်ခြင်း၊ အမွှေးနံ့သာလိမ်းခြင်း၊ အီးဒ်ဆွလားသ် မတိုင်မီ တစ်စုံတစ်ရာမျှ မစားခြင်း၊ အီးဒ်ဂါဟ်သို့သွားလျှက် အထက်တွင်ဖေါ်ပြခဲ့သည့် အတိုင်း သက္ကဗီးရ်အား အသံကျယ်ကျယ်ရွတ်ဆိုခြင်း၊ အီးဒ်ဆွလားသ်သည် အခြားဆွလားသ်များကဲ့သို့ပင် (၂)ရကအသ်ဖြစ်လေသည်။ ကွာခြားချက်မှာ ဤမျှသာရှိသည် အီးဒ်ဆွလားသ်၏ ရကအသ်တိုင်းတွင် သက္ကဗီးရ် သုံးကြိမ်၊ သုံးကြိမ်အပိုပါဝင်ပေသည်။

ပထမရကအသ်တွင် စနာ ရွတ်ဆိုပြီးနောက် ကိရာအသ် မဖတ်ခင်အလျင် ၎င်းနောက် ဒုတိယ ရကအသ်တွင် ကိရာအသ်ဖတ်ပြီးနောက် ရုကူအ်မပြုမီ ထိုသက္ကဗီးရ်အပိုများအား ရွတ်ဆိုချိန်တွင် လက်နှစ်ဖက်အား နားအထိမြှောက်ရပေမည်။ ပထမရကအသ်တွင် သက္ကဗီးရ်နှစ်ကြိမ်ဆိုပြီး လက်ကိုခြထားရမည်။ တတိယသက္ကဗီးရ်ဆိုပြီးနောက် လက်အားပိုက်လိုက်ရမည်။ ဒုတိယရကအသ်တွင် သက္ကဗီးရ် သုံးကြိမ်စလုံးလက်မြှောက်၍ခြထားရမည်။ စတုတ္ထ သက္ကဗီးရ်ဆိုပြီးနောက် ရုကူအ်သွားရမည်။

အင်ရှာအလ္လာဟ်ဆက်လက်ကြိုးစားပါဦးမည်။
အလ်အဗ်ဒ် စလာမသွလ္လာဟ် (ဟကီမီ-မုဟမ္မဒီ)