Wednesday, October 7, 2015

နမားဇ်များ၏ အမည်များ

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/834607396659851:0

အလ်မုဖီးဒ်မှ ဆွလားသ်၏ အဓိပ္ပါယ်နှင့် နမားဇ်၏ အဓိပ္ပါယ်၊ နမားဇ်အတွင်းမှ အခေါ်အဝေါ်များကို တင်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ ယခု နမားဇ်များ၏ အမည်များကို တင်ဆက်ပါမည်။ နမားဇ်တွင် နေ့စဉ်ဆောက်တည်ရန် ငါးကြိမ်သည် ဖရဇ်ဖြစ်သည်။ ကျန်ရှိသည့် နမာဇ်တို့မှာ နဖိလ်အိဗာဒသ်များဖြစ်ပြီး အခြေအနေတစ်ခုခုကြောင့် ဆောက်တည်ရသည့်နမားဇ်များလည်း ရှိပါသည်။ ထိုသို့သော နမားဇ်များ၏ အမည်များကို သိမှတ်သလောက် ရေးသားပါမည်။

ငါးကြိမ်ဖရဇ်နမားဇ်၏ အမည်များ
ဆွလာသုလ် ဖဂျရ် = နေမထွက်မီဖတ်ရသည့် နမားဇ်
ဆွလာသုဇ် ဇုဟုရ် = မွန်းတည့်ပြီးနောက် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် အဆွရ် = အရိပ်နှစ်ပြန်ကျချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် မဂ်ရိဗ် = နေဝင်သည့်အချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် အိရှာ = နေဝင်ပြီး အချိန်အနည်းငယ်ကြာပြီးနောက် ဖတ်ရသည့် နမားဇ်

နဖိလ်နမားဇ် ငါးကြိမ်၏ အမည်များ
ဆွလာသုလ် အိရှ်ရားက် = နေထွက်ပြီး ၁၅မိနစ်မျှနေပြီးနောက် ဖတ်ရသည့် နမားဇ်
ဆွလာသုသ် ဒုဟာ(ကျားရှ်-သ) = နေထန်းတစ်ဖျားခန့် ရောက်သည့်အချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုသ် သပ်(စ)ဗီဟ် = မွန်းတည့်ပြီးနောက် သို့မဟုတ် မိမိနှစ်သက်ရာအချိန်တွင် ဖတ်နိုင်သည့်နမားဇ်
ဆွလာသုလ် အောက်ဝါဗီးန် = မဂ်ရိဗ်ပြီးနောက် ဖတ်ရသည့်နမားဇ်
ဆွလာသုသ် သဟ်ဂျွဒ် = အိရှာအပြီးမှစ၍ ဖဂျရ်မရောက်ခင်အထိ ဖတ်နိုင်သည့် နမားဇ်

ခရီးထွက်သည့်အခါ (သတ်မှတ်ချက်ပြည့်စုံပါက) လေးရကသ်ဖရဇ်နမားဇ်ကို နှစ်ရကသ်ဖတ်ရခြင်း ရှိ၏။ ထိုသို့ဖတ်ရခြင်းကို ကဆွရ် ဟုခေါ်သည်။

စစ်တိုက်နေရသည်ဖြစ်စေ၊ စစ်ဖြစ်နေသည့်အချိန်ဖြစ်စေ၊ မုစ်လင်မ်တို့ ဂျမာအသ်ဖြင့် နမားဇ်ဆောက်တည်ရန် အခြေအနေလုံးဝ မရှိတော့သည့်အခါတွင်ဖြစ်စေ ဖရဇ်နမားဇ်ကို တစ်ဦးချင်း သို့မဟုတ် သတ်မှတ်ပုံစံဖြင့် ဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ခြင်းကို ဆွလာသုလ် ခေါဝ်(ဖ) ဟုခေါ်သည်။

ဆွလာသုလ် ဂျွမ်(မ)အဟ် = သောကြာနေ့ မွန်းတည့်ပြီးနောက် ဖတ်ရသည့်နမားဇ်

ဆွလာသုလ် အီဒုလ်ဖိသိရ် = ရမ်ဇာန်အီးဒ်နေ့ နေထွက်ပြီးနောက် ဖတ်သည့်နမားဇ်
ဆွလာသုလ် အီဒုလ်အဒ်ွဟာ = ဇိလ်ဟဂ်ျလ ၁ဝရက်နေ့တွင် ကျရောက်သောအီဒ်၌ ဖတ်သည့်နမားဇ်

ဆွလာသုလ် ဂျနာဇာ = သူသေအတွက် မြေမမြုပ်မီဖတ်ရသည့် နမားဇ်

ဆွလာသုသ် သရာဝီဟ် = ရမ်ဇာန်လ၌ အိရှာပြီးနောက်ဖတ်ရသည့် နမားဇ်

ဆွလာသုလ် ကုဆူဖ် = နေကြပ်သည့်အချိန် ဖတ်သည့်နမားဇ်
ဆွလာသုလ် ခုဆူဖ် = လကြပ်သည့်အချိန် ဖတ်သည့်နမားဇ်
ဆွလာသုလ် အိစ်(စ)သိစ်ကာအ် = မိုးဆုပန်နမားဇ်
ဆွလာသုသ် သဟိယသုလ်မတ်(စ)ဂျိဒ် = ဗလီဝင်နမားဇ်
ဆွလာသုသ် သဟိယသုလ်ဝုဇူ = ဝုဇူနမားဇ်
ဆွလာသုသ် သောဝ်ဗာ = အမှားဝန်ချနမားဇ်
ဆွလာသုလ် အိစ်သိခါရာ = အကြံဉာဏ်တောင်းသည့်နမားဇ်
ဆွလာသုလ် ဟာဂျသ် = လိုအင်ဆန္ဒတောင်းသည့်နမားဇ်

ဆွလာသုလ် ကသလ် = သေဒဏ်ကျခံရမည့် မုစ်လင်မ်သည် ပြစ်ဒဏ်မပေးမီ နောက်ဆုံးဖတ်သည့် နမားဇ်

{ဤနမားဇ်ဖြစ်ပေါ်လာပုံမှာ တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိ၏ ဆွဟာဗာများထဲ ကာရီတချို့ကို ဒေသတစ်ခု၌ ကုရ်အာန်သင်ပေးရန် စေလွှတ်လိုက်၏။ မက္ကဟ်သားကာဖိရ်တို့က လမ်းတစ်ဝက်မှနေ၍ ထိုဆွဟာဗာအားလုံးကို ဖမ်းဆီး၍ ဟဇ်ရသ်ခဗီးဗ်သခင်မှအပ ကျန်သူအကုန်ကို ထိုနေရာ၌ပင် သတ်ပစ်လိုက်သည်။ ဟဇ်ရသ်ခဗီးဗ်သခင်ကိုမူ မက္ကဟ်သို့ ခေါ်ဆောင်သွားပြီး လူအများရှေ့၌ ပွဲလုပ်၍ သတ်လေသည်။ ဟဇ်ရသ်ခဗီးဗ်သခင်သည် ထိုသို့အသတ်မခံရမီ ၄င်းတို့ထံမှ ခွင့်တောင်း၍ နမားဇ်နှစ်ရကသ်ဖတ်လိုက်သည်။ ထိုအချိန်မှစ၍ ဤနမားဇ်သည် မုစ်သဟဗ်ဖြစ်ခဲ့ပါသည်။}

နဝါဖိလေစဖရ် = ခရီးမထွက်မီ မိမိအိမ်၌ဖတ်သည့်နမားဇ်
မိမိနေရပ်မှ ခရီးထွက်မည်ဆိုပါက မထွက်ခွာမီ နေအိမ်၌ပင်နမားဇ်နှစ်ရကသ်ဖတ်လိုက်ရမည်။ မုစ်သဟဗ်ဖြစ်ပါသည်။
ခရီးမှပြန်လာလျှင် ဗလီသို့သွား၍ နမားဇ်ဖတ်ရမည်။ ပြီးမှ အိမ်သို့လာရမည်။
ဟဒီးစ်တော် - တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ခရီးမထွက်မီ မိမိအိမ်၌ ထိုနမာဇ်နှစ်ရကသ်ဖတ်သူသည် အကောင်းဆုံးသောအရာကို ချန်ခဲ့သူပင်ဖြစ်၏ဟု မိန့်တော်မူသည်။

ဟဂ်ျ၌ ဖရပ်ဇ်နမားဇ်နှစ်ကြိမ်ကို အချိန်တစ်ခုတည်း၌ ပေါင်းဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ရခြင်းကို ဂျမာအ်ဗိုင်းနတ်(ဆ)ဆွလာသိုင်း(န) ဟုခေါ်သည်။

မုစ်လင်မ်များဗဟုသုတတိုးစေရန် ရည်ရွယ်တင်ဆက်ပါသည်။
အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၁၇/ ယောင်မုလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။