Friday, August 5, 2016

အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှု



** အလ္လာဟ်အရှင်မြတ်ထံ အိစ်သိဂ်ဖာရ်ပြု၍ ခွင့်လွှတ်မှု တောင်းခံပါ။ အရှင်မြတ်ထံမှ ခွင့်လွှတ်ခြင်းအပြင် ဂျန္နသ်ဥယျာဉ်ကိုပါ ရရှိမည်။

** ဂျန္နသ်ဥယျာဉ်သည် သက္ကဝါ တားမြစ်ချက်များနှင့် သံသယဖြစ်ဖွယ်ရာများ၊ အပိုဖြုန်းတီးမှုများမှ ရှောင်ကြဉ်မှု ရှိသူတို့အတွက် ဖြစ်၏။

** စိတ်ညစ် ဝမ်းနည်းချိန်နှင့် စိတ်ချမ်းသာ ပျော်ရွှင်ချိန်၊ ဆင်းရဲကြပ်တည်းချိန်နှင့် ကြွယ်ဝချောင်လည်ချိန် အခြေအနေ အချိန်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်အတွက် လှူဒါန်း သုံးစွဲလျက် နေပါ။

** လူလူချင်း၏ အကြောင်းကိစ္စများတွင် စိတ်ချင်းမတိုက်ဆိုင်မှုကြောင့် ဖြစ်လာရသည့် ဒေါသ၊ အကြောင်းမဲ့ ဒေါသထွက်ခြင်း၊ စိတ်တိုခြင်းတို့ကို လည်ချောင်းတွင်းသို့ ပြန်မျိုချပစ်ပါ။ လူတို့အား ခွင့်လွှတ်ပါ။ ခွင့်လွှတ်တတ်သည့် စိတ်ထားကို မွေးမြူပါ။
အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုသူများ၊ ကောင်းမှုပြုသူများနှင့် အထက်ပါအရည်အချင်း ရှိသူတို့အား ချစ်ခင် နှစ်သက် မြတ်နိုးတော်မူ၏။

** ရှရီအသ်မှ တားထားသည့် လုပ်ရပ်များ၊ မတရားသည့် လုပ်ရပ်များ၊ အရှက်ကင်းမဲ့စွာ ပြစ်မှုကျူးလွန်ခဲ့ခြင်းများ ဖြစ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်ကို ပြန်လည် သတိရကြပါ။ အရှင်မြတ်ထံမှာ အမှားများကို ဝန်ချပါ။ ဒီလိုမျိုး ပြစ်မှုတွေ ကျူးလွန်ပြီး၊ စည်းကမ်းတွေ ဖောက်ဖျက်ပြီး နောက်မှာလည်း ကြည်ဖြူစွာ ခွင့်လွှတ်ပေးပြီး ယခင်အတိုင်း ဆက်ဆံရေးထားတာ အလ္လာဟ်အရှင်မြတ်မှအပ တခြားဘယ်သူ့ထံမှာ ရှိသလဲ (အလ္လာဟ်အရှင်မှအပ တခြားဘယ်သူကမှ အဲ့ဒီလို မလုပ်ဆောင်နိုင်ဘူး)

** အမှားဝန်ချ တောင်းပန်သူတို့အတွက် ခွင့်လွှတ်မှု ရရှိခြင်းဟူသည့် စည်းစိမ်၊ စမ်းချောင်းများ တသွင်သွင်စီးဆင်းနေသည့် ဂျန္န အမတဥယျာဉ်တို့ကို အစားပြန်လည် ရရှိပေမည်။
အလုပ်သမားအတွက် ဘယ်လောက်ကောင်းတဲ့ လုပ်အားခကို ရရှိလိုက်ခြင်းလဲ။ အလုပ် တစ်ခုအတွက် လုပ်အားခ ဆယ်ဆ ရရှိသည်။ ဤလုပ်အားခမျိုးကို အလ္လာဟ်အမိန့် နာခံခြင်းဖြင့်သာ ရရှိပေမည်။

** လူသိထင်ရှားပြစ်မှု ကျူးလွန်ခြင်း၊ တားမြစ်ထားသည်များကို လူသိအောင် ထုတ်ဖော်ထားသူက ကိုယ့်လုပ်ရပ်ကို ကြည့်ပြီး လိုက်လုပ်သူမှန်သမျှရဲ့ ပြစ်ဒဏ်ကိုလည်း ရရှိခံစားနေရမယ်။ စွဒကာဂျာရီယာမလုပ်နိုင်ရင် ရတယ်။ ဒါပေမယ့် ဂုနာဂျာရီယာတော့ မဖြစ်စေပါနဲ့။

** ဒီခေတ်ကာလရဲ့ လူသားတွေထက်အရင် လူပေါင်းများစွာက ဒီကမ္ဘာကြီးမှာ နေထိုင်ခဲ့ပြီးဖြစ်တယ်။ သူတို့တွေရဲ့ မည်သည့် ပြစ်မှုကျူးလွန်ခြင်းတွေကြောင့် ဘယ်လို ပြစ်ဒဏ်တွေနဲ့ ဒဏ်ခတ်ခြင်း ခံခဲ့ရသလဲဆိုတာကို ကမ္ဘာတစ်ခွင်မှာ လှည့်လည်ပြီး နောင်တတရား ရယူကြပါ။

** ကုရ်အာန်ဆိုတာ လူသားတွေအတွက် ဆုံးမတရား၊ သံဝေယူဖွယ်ရာတွေ ပါဝင်တဲ့ ကျမ်းတစ်ဆူ ဖြစ်တယ်။ သို့သာမက အပြစ်ရှောင်ကြဉ်လိုသူတို့အတွက် ဆေးတစ်ခွက်လည်း ဖြစ်ပေတယ်။

** အို အီမာန်ရှင် မွစ်လင်မ်တို့၊ အပျင်းမကြီးကြနဲ့၊ ပူဆွေးသောကလည်း ရောက်မနေကြနဲ့၊ အသင်တို့က အီမာန်ရှင် အစစ်ဖြစ်ရင် မုချ အသင်တို့သာ အနိုင်ရမည်။

** အလ္လာဟ်အရှင်မြတ်သည် ကိုယ်တိုင်လည်း တရားမျှတသည်။ တရားမျှတမှုကို လိုလားသည်။ မတရားမှု၊ မတရားပြုသူတို့ကို မနှစ်သက်ပါ။

** ထို့ကြောင့် အသင်လူသားတို့ မတရားသူ မတရားသော လုပ်ရပ်ကို ပြုလုပ်သူ မဖြစ်ပါနှင့်...။

ဇိလ်ကအ်ဒဟ်လ/၁ ရက်/ ဟိဂ်ျရီ ၁၄၃၇
၆/၈/၂၀၁၇
Credit, အလ်မုဖီးဒ်