Thursday, July 28, 2016
မွတ်စ်လင်တို့အတွက် သတင်းကောင်း
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တွင် နဖိလ်ရိုဇဟ် စောင့်ထိန်းခဲ့သည်။
နဖိလ်ရိုဇဟ်စောင့်ထိန်းခြင်းအတွက် စ၀ါးဗ်အချို့ကို ဖော်ပြရသော် ... တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်။ နဖိလ်ရိုဇဟ်စောင့်ထိန်းသူအတွက် ဂျန္နသ်တွင် အပင်တစ်ပင် စိုက်လေ၏။ ထိုအပင်၏ အသီးသည် သလဲသီး အရွယ်ထက် သေးပြီး ပန်းသီးထက် ကြီးလိမ့်မည်။ အရသာသည် ပျားရည်ကဲ့သို့ ချိုမြလိမ့်မည်။ ယင်းအပင်၏ အသီးကို ကိယာမသ်နေ့တွင် ရိုဇဟ်စောင့်ထိန်းသူများကို ကျွေးမွေးလိမ့်မည်။
လောက၏ ပူပြင်းသော နေ့အချိန်တွင် ရိုဇဟ်စောင့်ထိန်းသူအား ကိယာမသ်နေ့၏ ပူပြင်းမှုမှ ကင်းလွတ်မှု ရရှိမည်။
ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ ကိယာမသ်နေ့တွင် အရ်ရှ်၏အောက်၌ စားသောက်ဖွယ်ရာများ ခင်းကြင်းထားပေလိမ့်မည်။ လူတို့သည် စာရင်းအင်း စစ်ဆေးခံရမှုတွင် ရှိနေကြလိမ့်မည်။ ရိုဇဟ်စောင့်ထိန်းသူများသည် စားသောက်နေကြမည်။ ထိုအခါ လူတို့က ... ဤသူများသည် မည်သူများဖြစ်ကြသနည်း။ ကျွန်ုပ်တို့ကတော့ ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်နေရသည်။ ယင်းတို့ကမူ အရသာခံလျက် စားသောက်နေကြ၏ ပြောကြပေမည်။ ထိုအခါ အဖြေပေးမည်မှာ ... ဤသူများသည် ရိုဇဟ်စောင့်ထိန်းခဲ့ကြသူများပင် ဖြစ်ပေ၏။ ယင်းတို့ ရိုဇဟ်စောင့်ထိန်းချိန်၌ အသင်တို့သည် ကောင်းစွာ စားသောက်လျက် ရှိခဲ့၏။
(ဟဒီးစ်များကို ဟရှရ် ဂျန္နသ် ဂျဟန္နမ် စာအုပ်မှာ ကူးယူပါသည်။)
နဖိလ်ရိုဇဟ်များ စောင့်ထိန်းခြင်း၏ ကောင်းကျိုးတစ်ခုမှာ ဖရ်ဇ်ရိုဇဟ်များတွင် ပေါ့လျော့မှု၊ အရည်အသွေး မမှီမှုများ ရှိခဲ့ပါက နဖိလ်များဖြင့် အစားထိုးပေမည်။
*စွန္နသ်တစ်ခုလည်းဖြစ် နဖိလ်၏ကုသိုလ်လည်း ရမည့် အမလ်တစ်ခုကို ကျင့်ဆောက်တည်မည့် မွတ်စ်လင်မ်
*တမန်တော်၏ စွန္နသ်တစ်ခုကို အကောင်အထည်ဖော်မည့် မွတ်စ်လင်မ်
*ဂျန္နသ်ရဲ့ စားသောက်ဖွယ်ရာများကို ရယူမယ့် မွတ်စ်လင်မ်
*ကျန်းမာရေးကောင်းပြီး ကုသိုလ်မှာလည်း တိုးပွားစေမယ့် ရိုဇဟ်ကို စောင့်ထိန်းမယ့် မွတ်စလင်မ်များ ရှိပါသလား .........။
Credit, အလ်မုဖီးဒ်က ရေးသားသည်။
Subscribe to:
Posts (Atom)
