Wednesday, October 28, 2015

မီးတွင်းသွေးနှင့် ရောဂါသွေးအကြောင်း


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/838958896224701:0

အမျိုးသမီးတို့သည် သားဖွားပြီးနောက် သွေးဆင်းသည်။ မဆင်းသည်လည်းရှိ၏။ ကိုယ်ဝန်ပျက်သည်လည်း ရှိ၏။ ထိုသို့သော အခြေအနေတို့၌ ဆင်းသက်လာသောသွေးတို့တွင် မည်သည့်သွေးသည် မီးတွင်းသွေးဖြစ်၍ မည်သည့်ပုံစံတွင် ရောဂါသွေးဖြစ်သည်ကို ဆက်လက်တင်ဆက်ပါမည်။ မီးတွင်းသွေးဟူသည် ရိုးရိုးမွေးသည်ဖြစ်စေ၊ ခွဲမွေးသည်ဖြစ်စေ အားလုံး၌ အကျုံးဝင်ပါသည်။
မီးတွင်းသွေးကို နိဖှားစ်ဟုခေါ်၍ မီးတွင်းသွေးဆင်းသူကို နုဖှာစာဟု ခေါ်ပါသည်။

၁။ မီးတွင်းသွေးဆင်းခြင်း၏ အများဆုံးကာလသတ်မှတ်ချက်မှာ ရက်ပေါင်း ၄ဝဖြစ်သည်။ မီးတွင်းသွေးဆင်းခြင်း၏ အနည်းဆုံးကာလအတွက် သတ်မှတ်ချက်မရှိပါ။ သွေးတစ်စက် နှစ်စက်လည်း ဖြစ်နိုင်သလို နာရီပိုင်းမျှ မိနစ်ခန့်မျှနှင့်လည်း ပြီးတတ်ပါသည်။ ထို့ကြောင့် သွေးဆင်းခြင်း ရပ်ဆိုင်းသွားလျှင် ရေချိုး၊ သန့်စင်မှုရယူ၍ နမားဇ်ဖတ်ရမည်။ ကလေးမွေးပြီးသည်နှင့် ရက်လေးဆယ်ပြည့်သည်အထိ စောင့်ဆိုင်းရမည်ဟူ၍ မရှိပါ။ (အယူအဆအမှားများကို အောက်တွင် ဆက်လက်ဖော်ပြပါမည်။ အင်န်ရှာအလ်လာဟ်)

၂။ ကလေးသည် တစ်ဝက်၊ တစ်ဝက်ထက်ပို၍ထွက်နေသည့်အချိန် သွေးဆင်းလျှင် မီးတွင်းသွေးဖြစ်သည်။ တစ်ဝက်မတိုင်ခင် သွေးဆင်းပါက ရောဂါသွေးသာ ဖြစ်သည်။

၃။ ကလေးမွေးပြီးနောက် သွေးလုံးဝမဆင်းခဲ့လျှင်လည်း သန့်ပြန့်စေရန်အတွက် ရေချိုးရန် ဝါဂျိဗ်(မပြုမနေရ) တာဝန်ဖြစ်ပါသည်။ သွေးဆင်းခဲ့သည်ရှိသော် သွေးဆင်းခြင်း၏ သတ်မှတ်ကာလပြည့်ချိန်မှ ရေချိုးရန် ဝါဂျိဗ်ဖြစ်မည်။

၎။ မီးတွင်းသွေးဆင်းရာ၌ ရက်ပေါင်းလေးဆယ်ထက် ကျော်လာလျှင် ထိုအမျိုးသမီးသည် ယခုမှ ကလေးမွေးသူဖြစ်ပါက ရက်လေးဆယ်အထိကို မီးတွင်းသွေးဟု သတ်မှတ်လိုက်ရမည်။ ကျန်ရှိရက်များတွင် ရောဂါသွေးဆင်းသည်ဟု မှတ်ယူမည်။ အမျိုးသမီးသည် ယခင်ကလည်း ကလေးမွေးဖူးသူ ဖြစ်ပါက သူ့၏မီးတွင်းသွေးဆင်းသည့် ပုံမှန်ရက်အရေအတွက်ကိုသာ မီးတွင်းသွေးဟု မှတ်ယူ၍ ကျန်ရက်တွင် ဆင်းသောသွေးတို့ကို ရောဂါသွေးဟု သတ်မှတ်မည်။
ဒုတိယပုံစံ၏ ဥပမာ ပထမကလေးမွေးပြီးနောက် ၂၅ရက် သွေးဆင်းသည်။ ယခုမွေးသောအခါ ရက်ငါးဆယ်သွေးဆင်းနေသည်ဆိုလျှင် သွေးစဆင်းသည့်နေ့မှစ၍ ၂၅ရက်အထိကို မီးတွင်းသွေးဟု သတ်မှတ်မည်။ ကျန်၂၅ရက်ကို ရောဂါသွေးဟု သတ်မှတ်မည်။

၅။ ကလေးမွေးဖူးသူအနေဖြင့် (ဥပမာ) ရက်ပေါင်း သုံးဆယ် မီးတွင်းသွေးဆင်းလေ့ရှိသည်။ သို့သော် ယခု ရက်သုံးဆယ်ထက် ပို၍ဆင်းနေသည်ဆိုလျှင် ရက်လေးဆယ်ပြည့်သည်အထိ စောင့်ဆိုင်းပါ။ (ချက်ချင်း ရေချိုးသန့်စင်ခြင်း မပြုလိုက်ပါနှင့်။) အကယ်၍ ရက်လေးဆယ်တွင် သွေးရပ်သွားလျှင် မီးတွင်းသွေးသာ ဖြစ်သည်။ ဤသို့မဟုတ်ဘဲ ရက်လေးဆယ် ကျော်သည်အထိ သွေးဆင်းနေလျှင် မိမိ၏ပုံမှန်ရက်ဖြစ်သော ရက်သုံးဆယ်အထိသာ မီးတွင်းသွေးဟု သတ်မှတ်၍ ကျန်ရက်များကို ရောဂါသွေးဟု မှတ်ယူရမည်။

၆။ ခြောက်လမပြည့်မီအတွင်း ရှေ့ဆင့် နောက်ဆင့် ကလေးမွေးခဲ့သည်ရှိသော် ပထမကလေးမွေးပြီးချိန် ဆင်းသောသွေးကိုသာ မီးတွင်းသွေးဟု မှတ်ယူမည်။ စည်းကမ်းချက်မှာ.... မွေးသည့်ကလေးနှစ်ဦးသည် ခြောက်လမပြည့်မီအတွင်းသာ ဖြစ်ရမည်။ ဥပမာ ပထမကလေးကို မွေးပြီးနောက် ရက်လေးဆယ် (သို့မဟုတ် မိမိ၏ မီးတွင်းသွေး ပုံမှန်ရက်အတိုင်း) သွေးဆင်းသည်။ ထို့နောက် သုံးလခန့်ခြား၍ နောက်ကလေးတစ်ဦး ထပ်မွေးလာခဲ့သည်။ ထိုအချိန်ဆင်းသောသွေးကို မီးတွင်းဟု မသတ်မှတ်ပါ။ ရောဂါသွေးတွင်သာ အကျုံးဝင်မည်။ ထို့အတူ ဆယ်ရက် ဆယ့်ငါးရက်ခြားမွေးလျှင်လည်း မီးတွင်းသွေးဆင်းရက်ကို ပထမကလေးမွေးပြီးချိန်မှ စတင်သတ်မှတ်သည်။
(မှတ်ချက်) ဒုတိယကလေးမွေးပြီးချိန်တွင် သန့်ပြန့်မှုအတွက် ရေချိုးရပေမည်။ ပြီးနောက် နမားဇ်၊ သိလာဝသ်များ စတင်ပြုလုပ်ရပါမည်။

၇။ ခြောက်လ၊ ခြောက်လကျော်မှ ဒုတိယကလေးမွေးလျှင် ကိုယ်ဝန်နှစ်ခုဟုသတ်မှတ်ပြီး မီးတွင်းသွေးသည်လည်း သီးခြားစီသာ ဖြစ်သည်။

၈။ ရက်လေးဆယ်မပြည့်မီ သွေးမလာတော့လျှင် ရက်လေးဆယ်ပြည့်သည်အထိ စောင့်ဆိုင်းရန် မလိုအပ်ပါ။ ရေချိုးသန့်စင်ပြီး နမားဇ်ဆောက်တည်ပါ။ ရေချိုးခြင်းတွင် ရေအေးမကိုင်နိုင်လျှင် ရေနွေးဖြင့်လည်း ချိုးနိုင်ပါသည်။ ရေနွေးပါမကိုင်နိုင်လျှင် သယမွမ်ပြု၍ နမားဇ်ဆောက်တည်ပါ။ မသန့်သည့်အဖြစ်နှင့်နေခြင်း၊ နမားဇ်လွှတ်ခြင်းများ မပြုပါနှင့်။

၉။ မီးတွင်းသွေးနှင့် ရာသီသွေး၏ ကြားကာလမှာ အနည်းဆုံး ၁၅ရက်ဖြစ်သည်။
၁ဝ။ မီးတွင်းသွေးဆင်းသည့်ကာလအတွင်း အဖြူမှအပ ကျန်အရောင်အားလုံးသည် မီးတွင်းသွေး၏ အရောင်များဖြစ်သည်။

ကလေးပျက်သည့်အချိန် ဆင်းသည့်သွေးအကြောင်း 
၁။ ပျက်ကျသည့်ကလေးသည် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ဝက်အထိ ပေါ်လွင်နေသည် ဖြစ်လျှင် ဆင်းသည့်သွေးသည် မီးတွင်းသွေးဖြစ်မည်။ ကလေးပျက်ကျသည်ဖြစ်စေ၊ ဖျက်ချသည်ဖြစ်စေ အမိန့်အတူတူပင်ဖြစ်သည်။ (ခန္ဓာကိုယ်အစိတ်အပိုင်း ပေါ်လွင်နေသည်ဟူသည့် သဘောမှာ လက်၊ ခြေများ၊ လက်သည်း၊ ဆံပင်စသည်တို့ ပေါ်လွင်နေခြင်းဖြစ်၏။)

၂။ ကိုယ်ဝန်ပျက်သည့်အချိန် သွေးတုံးသွေးခဲ၊ အသားတုံးများသာဖြစ်လျှင် ထိုပုံစံမျိုးတွင် ဆင်းသည့်သွေးသည် မီးတွင်းသွေးမဟုတ်ပါ။ ၎င်းသွေးသည် ရာသီသွေး၏ သတ်မှတ်မှုအတွင်း ဆင်းခဲ့လျှင် ရာသီသွေးဖြစ်မည်။ သို့မဟုတ် ရောဂါသွေးဖြစ်မည်။
ဥပမာ သုံးနေ့သုံးညအပြည့် သို့မဟုတ် ဆယ်ရက်တိုင်တိုင် ဖြစ်လျှင်သော်လည်းကောင်း၊ မိမိ၏ ပထမ ရာသီလာပြီးသည့်ကာလနှင့် ယခုဖြစ်စဉ်၏ ကြားကာလသည် ၁၅ရက်ပြည့်ပြီးလျှင်သော်လည်းကောင်း ထိုသွေးသည် ရာသီသွေးဖြစ်မည်။
ဤသို့မဟုတ်ပဲ သွေးဆင်းရက်သည် သုံးနေ့သုံးညထက် နည်းနေမည်။ သို့မဟုတ် ပထမရာသီလာပြီးသည့်ကာလသည် ဆယ့်ငါးရက်မပြည့်သေးလျှင် ယခုဆင်းသည့်သွေးသည် ရောဂါသွေးဖြစ်မည်။

၃။ ကိုယ်ဝန်မပျက်ကျခင်ကတည်းက သွေးဆင်းနေသည်။ သို့ဆိုလျှင် ပျက်ကျသည့်ကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တစ်ဝက်အထိပေါ်နေသည်ဆိုလျှင် ပထမဆင်းသည့်သွေးသည် ရောဂါသွေးအဖြစ် အကျုံးဝင်ပြီး ကလေးပျက်ပြီးမှ ဆင်းသည့်သွေးသည် မီးတွင်းသွေးဖြစ်မည်။

၎။ ကိုယ်ဝန်မပျက်ခင်ကတည်းက သွေးဆင်းနေသည်။ ကိုယ်ဝန်ပျက်ပြီးသည့်အခါ သွေးတုံးသွေးခဲများသာဖြစ်ခဲ့သည်။ သို့ဆိုလျှင် ကိုယ်ဝန်မပျက်မီ ဆင်းသည့်သွေးနှင့် ပျက်ပြီးမှ ဆင်းသည့်သွေးတို့သည် အမိန့်တစ်မျိုးတည်းဖြစ်ပါသည်။ ရာသီသွေး၏ သတ်မှတ်မှုနှင့် ကိုက်ညီလျှင် ရာသီသွေးဖြစ်မည်။ သို့မဟုတ် ရောဂါသွေးဖြစ်သည်။ (အမှတ်စဉ် ၂၏ ပုံစံနှင့် တူညီပါသည်။)

မီးတွင်းသွေး၏ အမိန့်
မီးတွင်းသွေးတွင်လည်း ရာသီသွေးကဲ့သို့ပင် နမားဇ်ဖတ်ခြင်းကို ရပ်ဆိုင်းပေးထားသည်။ ရိုဇာစောင့်ခွင့်မရှိ။ ထို့အတူ ဇနီးမောင်နှံ ပေါင်းသင်းဆက်ဆံခြင်း၏အမှုကို ပြုခွင့်မရှိပါ။ ကအ်ဗာကို သွဝါးဖ်ပြုခြင်း၊ ကုရ်အာန်ဖတ်ခြင်း၊ ကိုင်ခြင်းများ မပြုရပါ။
မီးတွင်းဆင်းနေသူ၊ ရာသီသွေးဆင်းနေသူတို့သည် နမားဇ်အချိန်ရောက်တိုင်း ဇိကိရ်၊ ဒရူးဒ်များ၊ ဒုအာများပြုရမည်ဖြစ်ပါသည်။ မိမိနမားဇ်ဖတ်သည့်အချိန်ခန့်မျှ ထိုင်လျှက် ဇိကိရ်ပြုရမည်။ ထိုသို့ပြုခြင်းသည် မုစ်သဟဗ်ဖြစ်သလို နမားဇ်နှင့် ဝေးသွားခြင်းကြောင့် သန့်ပြန့်သည့်အချိန်သို့ ပြန်ရောက်သည့်အခါ နမားဇ်ဖတ်ရန် ပျင်းနေမည်လည်း မဟုတ်တော့ပါ။

ရာသီသွေး၊ မီးတွင်းသွေးတို့မှ သန့်ပြန့်မှုရယူခြင်းအကြောင်း 
အထက်တွင် ရာသီသွေး၏ သတ်မှတ်ကာလများနှင့် မီးတွင်းသွေး၏ သတ်မှတ်ကာလများကို ပုံစံအစုံဖြင့် ပြသခဲ့ပြီးဖြစ်သည်။ ထိုသတ်မှတ်ကာလများ ပြည့်သွားလျှင် ခန္ဓာကိုယ်ကို ရေချိုးခြင်းဖြင့် သန့်ပြန့်မှုရယူ၍ နမားဇ်၊ ကုရ်အာန်သိလာဝသ်၊ သွဝါးဖ်နှင့်အတူ ဇနီးမောင်နှံပေါင်းသင်းခြင်းတို့ ပြုလုပ်နိုင်ပြီဖြစ်ပေသည်။
ကျွန်ုပ်တို့အနေဖြင့် နေ့စဉ်လည်း ရေချိုးကြသည်။ ထိုသို့ နေ့စဉ်ရေချိုးခြင်းဟူသည် ရှရီအသ်၏ သတ်မှတ်မှုအရ မပြုမနေရ ရေချိုးခြင်းမျိုးမဟုတ်ပါ။ ခန္ဓာကိုယ်အေးစေရန် အနံအသက်ကင်းစေရန် ရေချိုးကြခြင်းသာဖြစ်၏။ ရှရီအသ်၏ သတ်မှတ်မှုအရ ရေချိုးရန်တာဝန်ရှိသည့် ပုံစံလေးမျိုးရှိသည်။ ဝါဂျိဗ်(မပြုမနေရ)၊ စွန္နသ်၊ မုစ်သဟဗ်နှင့် မုဗဟ်ဟူ၍ ဖြစ်သည်။ ၎င်းလေးမျိုးတွင် ဝါဂျိဗ်တာဝန်ထိုက်သည့်အခြေအနေ၌ ရေချိုးခြင်းမပြုပါက နမားဇ် ကုရ်အာန် စသည့်ကောင်းမှုများ ပြုခွင့်မရပေ။ ကျန်သုံးမျိုးတွင်မူ ရေမချိုးလျှင်လည်း ၎င်းကောင်းမှုတို့တွင် မည်သို့မျှ ထိခိုက်မှုမရှိပါ။
ယခုရာသီသွေးနှင့် မီးတွင်းသွေးတို့၏ သတ်မှတ်ကာလပြည့်သွားလျှင် ရေချိုးရန် ဝါဂျိဗ်ထိုက်ပါသည်။ ထို့ကြောင့် အထက်တွင်တင်ပြခဲ့သည့် အကြောင်းအရာတို့တွင် ရာသီသွေးနှင့် မီးတွင်းသွေးဟုသတ်မှတ်လိုက်သည့် ကာလပြည့်ပြီးနောက် အမျိုးသမီးအနေဖြင့် သီးသန့်ရေချိုးသန့်စင်မှုပြုလုပ်ရပေမည်။ ရေချိုးရန် ဝါဂျိဗ်ထိုက်နေသူသည် သန့်ပြန့်မှုမယူဘဲ အချိန်ဆွဲကြန့်ကြာနေလျှင် အပြစ်ထိုက်၏။ ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းနှင့် အခြားသော စွန္နသ်မုစ်သဟဗ်ဟု သတ်မှတ်သည့်ရေချိုးခြင်းများကို ပြုလုပ်ပါက ကုသိုလ်ရပေသည်။

ရေချိုးခြင်းတွင် ပြုလုပ်ကြသည့်အမှားများ
အမျိုးသမီးတို့တွင် ရာသီသွေးကာလပြီးသွား၍ဖြစ်စေ၊ မီးတွင်းသွေး ပြီးသွား၍ဖြစ်စေ ရေချိုးခြင်းပြုလျှင် နိယသ်ဖတ်ရန် ဖရဇ်ဖြစ်သည်ဟု မှတ်ယူထားကြသည်။ နိယသ်မဖတ်ဘဲ ရေချိုးပြီးသွားလျှင် အစအဆုံး ရေပြန်ချိုး၏။ ထိုသို့ နိယသ်မဆိုဘဲရေချိုးထားသူသည် နမားဇ်မဖတ်ပိုင်ဟု ယူဆထားသည်။ ဤသည်မှာ လုံးဝမှား၏။ ရေချိုးခြင်းတွင် နိယသ်သည် ဖရဇ်မဟုတ်ပါ။ နိယသ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းတွင် ပါဝင်ရမည့် ဖရဇ်သုံးချက်ပြည့်စုံလျှင် ရေချိုးခြင်းပိုင်သည်။ ၎င်းတို့မှာ ၁။ နှာခေါင်းအတွင်းသို့ ရေထည့်ဆေးခြင်း၊ ၂။ ပါးစပ်အပြည့်ပါးလုတ်ကျင်းခြင်း၊ ၃။ ခန္ဓာကိုယ်တစ်ခုလုံး (ဦးခေါင်းမှ ခြေရင်းအထိ) ဆံချည်မျှင်တစ်မျှင်မကျန် ရေစိုအောင် (အနည်းဆုံးတစ်ကြိမ်) ရေလောင်းချိုးခြင်းတို့ ဖြစ်ပါသည်။
ထိုဖရဇ်သုံးချက်တွင် နိယသ်မပါဝင်ပေ။ ထို့ကြောင့် နိယသ်၏စာသားများ ဆိုသည်ဖြစ်စေ မဆိုသည်ဖြစ်စေ ၎င်းဖရဇ်သုံးချက်ပြည့်စုံလျှင် ရေချိုးခြင်းပြည့်စုံပါသည်။ ပြန်ချိုးရန် မလိုအပ်တော့ပါ။
အမျိုးသမီးတို့တွင် ရာသီသွေးကာလပြီးသွား၍ဖြစ်စေ၊ မီးတွင်းသွေးပြီးသွား၍ဖြစ်စေ ရေချိုးရာတွင် ဒုအာများ ကလိမာ စူရာများဖတ်၍ မန်းမှုတ်ပြီး သီးသန့်ရေတစ်ခွက်လောင်းသည့် ပုံစံရှိသည်။ ထိုသို့ပြုမှ ရေချိုးခြင်းပိုင်သည်။ ထိုသို့ မန်းမှုတ်ထားသည့်ရေဖြင့် မချိုးခဲ့ပါက ရေပြန်ချိုးခိုင်းခြင်းများ၊ မန်းထားသည့်ရေကို မချိုးခဲ့သဖြင့် နမားဇ်ဖတ်ခွင့်မပြုခြင်း စသည့်လုပ်ရပ်များ ရှိကြသည်။ ဤသည်မှာ လုံးဝအမှားတစ်ခုဖြစ်သည်။ ရှရီအသ်တွင် မရှိသည့် လုပ်ရပ်ဖြစ်သည်။ ထို့အတူ အစ္စလာ့မ်ရှရီအသ်၏ သတ်မှတ်မှုတွင် မပါဝင်သည့်ကိစ္စကို တီထွင်ခြင်းဟူသည့် ပြစ်မှုမြောက်ပါသည်။ သန့်ပြန့်မှုရရန်အတွက် မည်သည့်စာမျှ မန်းမှုတ်ရန်မလိုအပ်ပါ။ စူရာ၊ ဒုအာဖတ်တာပဲ ကောင်းတာလုပ်တာပဲ ဟူသည့်အတွေးဖြင့် ပြုလုပ်ခွင့်လည်း မရှိပါ။ မုစ်လင်မ်ဟူသည် အစ္စလာမ်မှ သတ်မှတ်လိုက်သည့် ဆောင်ရန် ရှောင်ရန်၊ ပြုရန် မပြုရန်များကို မိမိစိတ် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ နာခံလိုက်နာသူကို ခေါ်ဆိုပေသည်။ ထိုကြောင့် ထိုလုပ်ရပ်များ ပြုနေသူဖြစ်ပါက စွန့်လွှတ်လိုက်ပါ။ ပြုလုပ်သူများတွေ့ပါက တားမြစ်ပါ။
ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းပုံစံတွင် အမှားတစ်ခုမှာ ရေစချိုးကတည်းက ပြည့်ဝစွာရေချိုးပြီးဖြစ်သည်ကို သီးသန့်တစ်ကြိမ် ကျမသည် ကိုယ်သန့်ရန် ရေချိုးပါ၏ဟု ပြော၍ ရေတစ်ခွက်လောင်းလိုက်သည်။ ထိုသို့ပြုပြီးမှ ကိုယ်သန့်သည့်ရေချိုးမှု ပြီးမြောက်သည်ဟု ယူဆထားသည်။ ဤသည်လည်း အမှားပင်ဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သလို နိယသ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ရေချိုးရာတွင် ပါဝင်ရမည့် ဖရဇ်အချက်သုံးချက်ပြည့်လျှင် ရေချိုးမှု အထမြောက်သည်။ သီးသန့်ရေတစ်ခွက်ထပ်လောင်းနေရန် မလိုအပ်ပါ။
ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းကို ပြုခြင်းသည် သာမန်နေ့စဉ်သန့်စင်အောင် ရေချိုးသည်နှင့် အတူတူပင်ဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးနှင့် နှာခေါင်းဆေး၊ ပါးလုတ်ကျင်းပြုပြီးလျှင် ရေချိုးမှုပြည့်ဝပါသည်။ နာရီဝက်၊ တစ်နာရီခန့်အချိန်ကုန်ခံ၍ အထူးတလည် ဖတ်ရွတ်မန်းမှုတ်ပြီးရေချိုးရန်မလိုအပ်ပါ။

ရောဂါသွေး၏ အမိန့်များ
၁။ ရောဂါသွေးဆင်းသူသည် နမားဇ်၊ ရိုဇာတို့ကို အပြည့်အဝဆောက်တည်ရပါမည်။ ကုရ်အာန်သိလာဝသ်၊ သွဝါးဖ်၊ ပေါင်းသင်းဆက်ဆံခြင်းအားလုံးပြုခွင့်ရှိသည်။
၂။ ရောဂါသွေးဟု နောက်မှသတ်မှတ်ရသည့်ပုံစံများ အထက်တွင် ပါဝင်ခဲ့သည်။ (ပထမပို့စ်တွင်လည်း ပါဝင်ပါသည်။) ထိုသို့ ရောဂါသွေးဟု သတ်မှတ်လိုက်သည့် နေ့ရက်များမှ နမားဇ်များကို အစားပြန်ဖြည့်ရပါမည်။ (ရာသီသွေးနှင့် မီးတွင်းသွေးဟု သတ်မှတ်သည့်ကာလများ၏ နမားဇ်များကို ပြန်ဖြည့်ရန် မလိုအပ်ပါ။)
၃။ ရောဂါသွေးဆင်းသူအတွက် ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။

ရောဂါသွေးဆင်းပြီးနောက်
ရာသီသွေးနှင့် မီးတွင်းသွေးဟုသတ်မှတ်သည့်ကာလပြီးနောက် ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းကို ပြုပြီးပါက ဆက်၍ ရောဂါသွေးဆင်းနေလျှင်လည်း သန့်ပြန့်သူသာဖြစ်၏။ ထိုရောဂါသွေးရပ်သွားသည့်အချိန်တွင် ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ထို့အတူ ရောဂါသွေးဟုသတ်မှတ်သည့် သွေးများဆင်းပြီးလျှင်လည်း ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ဝုဇူပြု၍ နမားဇ်ဆောက်တည်နိုင်သည်။

သတိပြုရန် 
ရောဂါသွေးဆင်းနေသူသည် ဖရဇ်နမားဇ်အချိန်ရောက်သည်နှင့် ဝုဇူပြုရမည်။ ထိုဝုဇူဖြင့် ယင်းနမားဇ်အချိန်မကုန်မခြင်း ကြိုက်သလောက် နမားဇ်ဖတ်နိုင်သည်။ ၎င်း ဖရဇ်နမားဇ်အချိန်ကုန်ပြီး နောက်တစ်ချိန်ကူးသွားလျှင် ယခုပြုထားသောဝုဇူသည် ပျက်သွားပြီဖြစ်၏။ ဖရဇ်နမားဇ်နောက်တစ်ချိန်အတွက် ဝုဇူအသစ်ပြုလုပ်ရပါမည်။
ဥပမာ ဇုဟုရ်အချိန်အတွက် ဝုဇူပြုထားလျှင် အစွရ်အချိန်မရောက်မီအထိ ၎င်း၏ ဝုဇူမပျက်ပါ။ အစွရ်အချိန်ဝင်သွားလျှင် ဝုဇူပျက်သွားမည်။ ဝုဇူအသစ်ပြန်ပြုလုပ်ရမည်။ နမားဇ်အချိန်တိုင်း ဤသို့ပင် ပြုသွားရပါမည်။

*ဖဂျရ်နမားဇ်အတွက် ပြုလုပ်ထားသောဝုဇူသည် နေထွက်လျှင် ၎င်းဝုဇူပျက်သွားသည်။ နေထွက်ပြီးနောက် ဝုဇူအသစ်ပြန်ပြုလုပ်ပြီး ဇုဟုရ်အချိန် မဝင်မီအထိ နှစ်သက်ရာနမားဇ်များ ဆောက်တည်နိုင်ပါသည်။

*နမားဇ်အချိန်တစ်ခုမှ နောက်တစ်ခုသို့ပြောင်းသွားလျှင် ဝုဇူပျက်သလို သာမန် ဝုဇူပျက်သည့်အချက်များကြောင့်လည်း ဝုဇူပျက်ပါမည်။ ရောဂါသွေးဆင်းခြင်းကြောင့် ဝုဇူမပျက်ပါ။

ရာသီသွေး၊ မီးတွင်းသွေးဆင်းနေသူနှင့် ပတ်သက်သည့် ယူဆချက်အမှားများ
ရာသီသွေးဆင်းသူ၊ မီးတွင်းသွေးဆင်းနေသူကို သူ့တစ်ကိုယ်လုံးမသန့်ဖြစ်နေသည်ဟု မှတ်ယူထားခြင်းသည် မှား၏။ အစ္စလာမ်မှ သတ်မှတ်သည့် ပြုခွင့်မရှိသည့် အမလ်တချို့မှအပ ကျန်ကိစ္စရပ်များအားလုံး ပြုလုပ်ခွင့်ရှိပါသည်။ ထမင်းဟင်းချက်ခြင်း၊ ခင်ပွန်းနှင့် ထိကိုင်ခြင်း စသည်များအာလုံးပြုလုပ်ခွင့်ရှိသည်။
ကလေးမွေးထားသည့်အိမ်များတွင် မီးတွင်းသွေးဆင်းသည်ဖြစ်စေ မဆင်းသည်ဖြစ်စေ ရက်လေးဆယ်မပြည့်မချင်း နမားဇ်မဖတ် ရိုဇာမထားပဲနေကြသည်။ ဤသို့မဟုတ်ပါ။ သတ်မှတ်ကာလပြည့်ရန်မလိုအပ်ပါ။ သွေးဆင်းမှုရပ်ဆိုင်းလျှင် ရက်လေးဆယ် ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ ရေချိုး၍ သန့်ပြန့်မှုရယူလိုက်ရမည်။
ထို့အတူ ရက်လေးဆယ်ပြည့်သည့်နေ့တွင် တစ်အိမ်လုံးရေပတ်သုတ်ခြင်း၊ မီးဖွားထားသူနေသည့်အခန်းကို အထူးတလည် သန့်ရှင်းမှုများပြုခြင်းကို မပြုမနေရတာဝန်အဖြစ်မှတ်ယူထားသည်။ ဤသည်မှာ မှား၏။ ကလေးမွေးသည့်အခန်းပင်ဖြစ်ပါစေ သန့်ပါသည်။ ထိုနေရာ၌ နမားဇ်ဖတ်ခြင်းလည်း ပြုနိုင်သလို တခြားသောသန့်ပြန့်နေသူများ လာရောက်ပါကလည်း မသန့်ခြင်း မဖြစ်သွားပါ။
ကလေးမွေးထားသည့် အမျိုးသမီးသည် ရက်လေးဆယ်မပြည့်မခြင်း ခင်ပွန်းဖြစ်သူကို အနီးကိုပင် ကပ်ခွင့်မပေးကြပေ။ အိပ်ယာပေါ်လည်း ထိုင်ခွင့်မပေးကြပေ။ ၎င်းယူဆချက်သည်မှားပါသည်။ ခင်ပွန်းဖြစ်သူနှင့် ဇနီးအကြား မည်သူမျှ ထိုသို့သတ်မှတ်၍ ခွဲထားခွင့် လုံးဝမရှိပါ။ ခင်ပွန်းဖြစ်သူထံ မသန့်များကူးစက်သွားသည်လည်း မရှိပါ။ ကလေးမွေးထားသည့်ဇနီးနှင့်အတူ နေထိုင်စားသောက်နိုင်သည်။ အိပ်ယာပေါ် ထိုင်ရုံတင်မက အတူတကွ လှဲလျောင်းနိုင်ပါသည်။ ခင်ပွန်းကို ခေါင်းဖြီးပေးခြင်း၊ ခင်ပွန်းက ထိုသို့သော အခြေအနေဖြစ်နေသည့် ဇနီး၏ ရင်ခွင်အတွင်း ဦးခေါင်းထား၍ အိပ်စက်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ရေချိုးခြင်းတွင်...
ရေချိုးခြင်းဟု ဆိုရာတွင် ကျန်းမာရေးအရ ပုံမှန်ရေကိုမသုံးစွဲနိုင်လျှင် ရေနွေးကို သုံးစွဲနိုင်ပါသည်။ ထို့အတူ ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းတွင် သတ်မှတ်ထားသလောက် ချိုးလိုက်ပါကလည်း သန့်ပြန့်သွားပါသည်။ အကယ်၍ လုံးဝရေမကိုင်နိုင်ခဲ့လျှင် သယမွမ်ပြု၍ သန့်ပြန့်မှုရယူကာ နမားဇ်ရိုဇာတို့ကို ဆောက်တည်ရပါမည်။

[ကျမ်းကိုး ... ဗဟစ်ရှ်သီးဇေဝရ်၊ အမျိုးသမီးအစ္စလာမ့်လမ်းညွှန်ကျမ်း၊ ခဝါသီးန်ကေ ဂျဒီးဒ်မစာအိလ်၊ ခဝါသီးန် အိစ်လာမီအင်ဆိုက်ကလိုပီဒီယား]

အလ်မုဖီးဒ်
ဇုလ်ဟိဂ်ျဂျာ/ ၂၇/ ယောင်မုလ်အိစ်နိုင်းန်/ ဟိဂျရီ ၁၄၃၆
စာသား ကော်ပီယူသူများ အလ်မုဖီးဒ်၏ အမည်အတိုင်း ထည့်ရေးပါ

----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

သားအိမ်ရောဂါကို ကြိုတင် ကာကွယ်ရန်အတွက် နည်းလမ်းတစ်သွယ်


အိမ်ထောင်သည်များ၊ အပျိုများ သားအိမ်ရောဂါကို ကြိုတင် ကာကွယ်ရန်အတွက် နည်းလမ်းတစ်သွယ်

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/photos/a.518624321591495.1073741829.383183328468929/842730442514213/?type=3&theater

ကျင့်နည်းသတ်မှတ်ချက်
ခင်ပွန်းဖြစ်သူ လင်ယောက်ျားက မိမိဇနီးသည်နှင့် ကိုယ်လက်မနှီးနှောမီ ကြိုတင်လျက် ဗိစ္စမစ်လ္လာဟိရ်ရဟ်မာနိရ်ရဟီးမ် တစ်ကြိမ်ဖတ်ရွတ်ပြီး "အလ်မုဂ်နီးယု" ကို (၇ဝ)ခေါက် ဖတ်လိုက်ပါ။ (၂)မိနစ်ခန့်ပင် ကြာမည်မဟုတ်ပေ။ မည်သည့်အခါမဆို ဇနီးမောင်နှံကိုယ်လက်နှီးနှောသည်ဖြစ်စေ ဤဂုဏ်တော်ကို ဖော်ပြပါရှိသည့်အတိုင်း ဖတ်ရွတ်ရန် လိုအပ်ပေသည်။ ဆက်ဆံလိုသည့်အခါတိုင်း အသစ်တစ်ကြော့ဖတ်ရန် အရေးကြီး၏။ ဤပုံဤနည်းဖြင့် လင်မယားကိုယ်လက်နှီးနှောကြပါမူ သားအိမ်ရောဂါ စွဲကပ်မည်မဟုတ်ပေ။ သားအိမ်နှင့် ပတ်သက်သောရောဂါမျိုးစုံမှ ကင်းရှင်းအံ့။
မှတ်ချက်။
ဤသို့ဖတ်ရွတ်ရန် ပျက်ကွက်ခြင်း မရှိစေရေးအတွက် ဇနီးက လင်ယောက်ျားအား သတိပေးရမည်။ ခင်ပွန်းသည်ကလည်း သတိရှိရှိ ကျင့်ကြံအားထုတ်အပ်ပေသည်။

ရှင်းလင်းချက်။
သာမန်သွေးလေမမှန်၊ ရာသီမမှန်သောရောဂါခံစားနေရသော အိမ်ထောင်သည် မိန်းမများ၏ ရောဂါများ ပပျောက်ကင်းစင်သွားမည်။ မည်သည့်ရောဂါမှ မရှိသောဇနီးများအတွက်လည်း ကြိုတင်ကာကွယ်ထားနှင့်ပြီးဖြစ်မည်။ မျက်မှောက်ကာလတွင် သားအိမ်ရောဂါအမျိုးမျိုးကြောင့် သားလျော၊ သန္ဓေမတည်မမြဲ ဖြစ်ကြရုံမက သားအိမ်ကင်ဆာစသောရောဂါများအပြင်၊ သားအိမ်အားနည်းခြင်း၊ သားအိမ်အနာဖြစ်ခြင်း၊ မီးယပ်ရောဂါအမျိုးမျိုးတို့ကို ကြားသိတွေ့ရှိနေရလေသည်။

အိမ်ထောင်သည်ဘဝမရောက်သေးသော အပျိုများ၊ မုဆိုးမများ၊ တစ်ခုလပ်များ အနေဖြင့် ဤဂုဏ်တော်ကို (၇ဝ)ခုနှစ်ဆယ်ခေါက်ဖတ်ပြီး ရေတွင် မန်းပြီးသောက်ပါက အလားတူအကျိုးကျေးဇူးခံစားရပါမည်။

**ဟဒီးစ်ပါမောက္ခချုပ် အလ်ဟာဂ်ျမော်လာနာ မုဟမ္မဒ်ဗရှီရွလ္လာဟ်၏သား အလ်ဟာဂ်ျမော်လာနာ မုဟမ္မဒ်စလီမွလ္လာဟ် ရေးသားပြုစုသော "ကရှဖွလ် အတ်စ်ရာရိ ဖစ်လ်အတ်စ်မာ အစ်လ်ဟုစ်နာ အလ္လာ့ဟ်ဗိမာန်တော်များ ဂုဏ်တော်များအဖွင့်နှင့် ကျင့်စဉ်များ " ကျမ်းမှ ကူးယူး၍ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။**

ရာသီစက်ဝန်းကာလာ၌ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း၊ ထိုကာလ၌ အကိုက်အခဲပျောက်ဆေး သောက်နေရခြင်း၊ သားအိမ်အောင့်ခြင်း၊ ကိုက်ခြင်းဖြစ်သူ အမျိုးသမီးများ အထူးအလေးထားဖတ်ရွတ်သင့်လှပါသည်။
အလ်မုဖီးဒ်
---
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

မုစ်လင်မ်အမျိုးသမီးတိုင်း သိထားရမည့် ရာသီသွေးနှင့် ရောဂါသွေးများအကြောင်း

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/830245673762690:0

အစ္စလာမ်ဘာသာသည် သန့်ရှင်းမှုကို အထူးဦးစားပေးထားသလို စည်းစနစ်တိကျသည့် သန့်ရှင်းနည်းကိုလည်း ပြထားပေသည်။ ထို့အတူ ခဝပ်မှုပိုင်းဆိုင်ရာများတွင်လည်း သန့်ရှင်းစင်ကြယ်မှုရှိရမည်ဟူသော စည်းကမ်းချက်လည်း ရှိပေသည်။ ယင်းခဝပ်မှုတို့သည် အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံးအပေါ်ဝယ် မပြုမနေရတာဝန်များပင် ဖြစ်ပေသည်။ အမျိုးသမီးတို့တွင် သွေးဆင်းခြင်းဟူသည့် ကဏ္ဍတစ်ရပ်သည် အထူးပါဝင်သည်။ ထိုကဏ္ဍအတွက် စည်းစနစ်တကျ သန့်သည့်အချိန် မသန့်သည့်အချိန်၊ သန့်လျှင် မည်သည်တို့ပြုခွင့်ရှိပြီး မသန့်လျှင် မည်သို့လွတ်လပ်ခွင့်ပေးထားသည်တို့ကို အသေးစိတ် ပြသထားပေသည်။

သွေးဆင်းခြင်းတွင် လစဉ်သဘာဝအရ သွေးဆင်းခြင်းလည်း ရှိသလို ကလေးမီးဖွားပြီးနောက် ဆင်းသည့် သွေးလည်း ရှိပေသည်။ ထိုသွေးနှစ်မျိုး၏ ကြားတွင် ရောဂါဟု သတ်မှတ်သည့် သွေးဆင်းခြင်းလည်း ပါရှိပေသည်။ မုစ်လင်မ်အမျိုးသမီးများအနေဖြင့် မည်သည့်ပုံစံသွေးဆင်းခြင်းဖြင့် ရောဂါသွေးဖြစ်မည်နည်း၊ မည်သည့်ပုံစံတွင် ရာသီသွေးဟု သတ်မှတ်မည်နည်း။ ထို့အတူ မီးတွင်းသွေးသည် ကာလမည်မျှရှိမည်။ ထိုသို့သွေးဆင်းနေချိန်တွင် အစ္စလာမ်၏ အမိန့်များ မိမိအတွက် မည်သို့ပြောင်းလဲသွားသည် စသည်များကို မုစ်လင်မ်အမျိုးသမီးတိုင်း ပြည့်ပြည့်ဝဝ သိရှိထားရန် အထူးလိုအပ်လှပါသည်။ အစ္စလာမ်ဘာသာ၏ သတ်မှတ်ချက်များသည် လွယ်ကူမှုများကို ဦးစားပေးထားသလို အမိန့်နာခံခြင်းဟူသည့် စိတ်ဓါတ်ကိုလည်း အထူးတောင်းဆိုထားပေသည်။ လူသားဖက်က ကောင်းသည်ဟု မြင်သော်လည်း အစ္စလာမ်၏ သတ်မှတ်မှုတွင် မကောင်းဟုပြထားလျှင် ထိုအတိုင်းနာခံမည့် စိတ်ထားရှိနေရပေမည်။ ဤသို့နာခံခြင်းကိုပင် မုစ်လင်မ်ဟုခေါ်သည်။ ပြုလုပ်ဆောင်ရွက်ပါဟု အမိန့်ပေးချိန်တွင် လိုက်နာခြင်းနှင့် မပြုလုပ်ရဟု အမိန့်ပေးချိန်တွင် လိုက်နာခြင်း၊ ထိုနှစ်ခုစလုံးသည် မုစ်လင်မ်တစ်ဦး၏အသိဉာဏ်နှင့် နှလုံးသားတွင် ရှိနေရမည့်စိတ်ဓါတ်တစ်မျိုးပင် ဖြစ်ပေသည်။

ယခုဤနေရာတွင် အမျိုးသမီးများအတွက် အထူးကဏ္ဍတစ်ရပ်ဖြစ်သည့် သွေးဆင်းခြင်းနှင့် ယင်းနှင့်သက်ဆိုင်သည့် အစ္စလာ့မ်ရှရီအသ်၏ အမိန့်များကို အကျဉ်းချုံ၍ တင်ပြသွားပါမည်။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်းနှင့် အမျိုးသမီးတို့အတွက် အထူးရေးသားထားသည့် အခြားသောကျမ်းများကို ကိုးကား၍ တင်ပြခြင်းဖြစ်ပါသည်။

ဦးစွာ ၎င်းသွေးများ၏ အရဗီအခေါ်အဝေါ်ကို တင်ပြမည်။
ရာသီသွေး = ဟိုင်း(ဇွ်)။ ရာသီလာနေသူ = ဟာအေဇွာ
မီးတွင်းသွေး = နိဖား(စ်)။ မီးတွင်းသွေးဆင်းနေသူ = နုဖာစာ
ရောဂါသွေး = အိ(စ်)သိဟာဇွာ။ ရောဂါသွေးဆင်းနေသူ = မု(စ်)သဟာဇွာ

ရာသီသွေးသည် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်ချိန်မှအပ ကျန်အချိန်တိုင်းတွင် လစဉ်ပုံမှန်ဆင်းပေသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ရာသီသွေးသည် သန္ဓေသားအတွက် ဖြစ်သွားသည်။ ကလေးမွေးပြီးနောက် သားအိမ်အတွင်း ကျန်ရှိသွေးများသည် နိဖား(စ်)ခေါ် မီးတွင်းသွေးအဖြစ် ဆင်းသွားသည်။ ကလေးကို နို့ချိုတိုက်ကျွေးချိန်တွင် ရာသီသွေးသည် မိခင်၏ နို့ရည်အဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ဟိုင်း(ဇွ်)ခေါ် ရာသီသွေးနှင့် မီးတွင်းသွေးတို့၏ ပုံမှန် ပုံစံဖြစ်ပေသည်။ ရောဂါသွေးဟူသည်မှာ လစဉ်ရာသီဆင်းခြင်းနှင့် မီးတွင်းသွေးဆင်းခြင်းတို့တွင် ပုံမှန်သတ်မှတ်ကာလထက် ကျော်လွန်၍ ဆင်းသောသွေး ဖြစ်သည်။ ဟိုင်း(ဇွ်)နှင့် နိဖား(စ်)တွင် အမိန့်များတူသော်လည်း အိ(စ်)သိဟာဇွာခေါ် ရောဂါသွေးတွင်မူ အမိန့်များ မတူညီတော့ပါ။ ထို့ကြောင့် မည်သို့သောအခြေအနေ၌ အမျိုးသမီးတွင် ဆင်းနေသောသွေးတို့သည် ရောဂါသွေးအမိန့်တွင် ပါဝင်သွားသည်ကို သတိပြုရပေမည်။

ရာသီသွေးနှင့် ရောဂါသွေး
၁။ ရာသီသွေး စဆင်းသည့် အစောဆုံး အသက်အရွယ်ကို အစ္စလာမ်တွင် ကိုးနှစ်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် မိန်းကလေးငယ်တစ်ဦးသည် အသက်ကိုးနှစ်မတိုင်ခင် သွေးဆင်းခဲ့သည်ရှိသော် ၎င်းသွေးသည် ရာသီသွေးတွင် အကျုံးမဝင်ပေ။ ရောဂါကြောင့် ဆင်းသောသွေးဟု သတ်မှတ်သည်။
(အစ္စလာမ်ဘာသာ၌ မိန်းကလေးတစ်ဦးသည် ရာသီသွေးစတင်ဆင်းပြီဆိုလျှင် အရွယ်ရောက်ပြီဟု စတင်သတ်မှတ်လိုက်ပါသည်။ အရွယ်ရောက်သွားသည့် မုစ်လင်မ် မိန်းကလေး၊ ယောက်ျားလေးတိုင်းတွင် နေ့စဉ်မပြုမနေရ ဖရဇ်နမားဇ်များ၊ ထို့အတူ ရိုဇာ၊ ဇကားသ်၊ ဟဂ်ျ၊ လုံခြုံစွာဖုံးအုပ်၍ ဝတ်ဆင်သွားလာခြင်း၊ ပြစ်မှုကျူးလွန်လျှင် အပြစ်ထိုက်ခြင်း စသည့်အမိန့်များသည် တာဝန်ကျလာပြီဖြစ်သည်။ ဤအချက်ကို အုပ်ထိန်းသူ လူကြီးသူမများကောင်းစွာ သတိချပ်ရပါမည်။ အသက်ငယ်သေးတယ်ဟု ကိုယ့်စိတ်ကူးဖြင့် သတ်မှတ်၍ ရိုဇာ၏တာဝန်များ နမားဇ်၏ တာဝန်များလွတ်နေသည်ကို မသိကျိုးကျွံပြုနေပါလျှင် ပြစ်ဒဏ်ခံရပါက ထိုသို့သောလူကြီးများပါ အပြစ်ခံရမည်ဖြစ်ပါသည်။)

၂။ သွေးဆုံးသည့် နောက်ဆုံးအသက်အရွယ်ကို ၅၅နှစ်ဟု သတ်မှတ်ထားသည်။ အကယ်၍ အသက် ၅၅နှစ်နောက်ပိုင်းတွင် သွေးဆင်းခြင်း ရှိခဲ့သော် .... သွေး၏ အရောင်သည် အနီဖြစ်လျှင်၊ သို့မဟုတ် အမဲဖြစ်လျှင် ရာသီသွေးဟုသာ သတ်မှတ်မည်။ သွေးအရောင်သည် အဝါ၊ အစိမ်း သို့မဟုတ် မြေကြီးအရောင်ဖြစ်နေလျှင် ရောဂါသွေးဟု သတ်မှတ်မည်။ သို့သော် သတိပြုရမည်မှာ ယခင်ကတည်းကသွေးဆင်းလျှင်လည်း ထို အဝါ၊ အစိမ်း သို့မဟုတ် မြေကြီးအရောင်များ ဆင်းခဲ့သည်ဆိုလျှင် ယခုဆင်းသည့်သွေးကိုလည်း ရာသီသွေးဟုသာ သတ်မှတ်သည်။

၃။ ရာသီသွေးဆင်းသည့် အနည်းဆုံးရက်အရေအတွက်မှာ သုံးနေ့နှင့် သုံးညတိတိဖြစ်သည်။ အများဆုံးရက်အရေအတွက်မှာ ဆယ်နေ့ ဆယ်ညအထိ ဖြစ်သည်။ (နေ့နှင့် ညနှစ်ခုပေါင်းမှ တစ်ရက်ဟု သတ်မှတ်သည်။)
အနည်းဆုံးရက်ထက် လျော့လျှင်သော်လည်းကောင်း၊ အများဆုံးရက်ထက် ပိုလျှင်သော်လည်းကောင်း (နည်းသောရက်၏သွေးနှင့် ပိုသောရက်တွင် ဆင်းသည့်သွေးတို့ကို) ရောဂါသွေးဟု သတ်မှတ်သည်။

၎။ အဖြူရောင်မှအပ ကျန်အရောင်များသည် ရာသီသွေး၏အရောင်များ ဖြစ်သည်။ ဥပမာ အနီ၊ အညို၊ အမဲ၊ မြေကြီးအရောင်၊ အစိမ်း၊ အဝါ။

၅။ အမျိုးသမီးတို့သည် တစ်ဦးနှင့် တစ်ဦး ရာသီသွေးဆင်းသည့် ရက်အရေအတွက် မတူညီပါ။ တချို့သည် သုံးရက်သာလာသည်။ တချို့သည် ဆယ်ရက်အပြည့်လာသည်။ တချို့သည် လေးရက်သော်လည်းကောင်း၊ ငါးရက်၊ ခုနှစ်ရက်၊ ကိုးရက် စသည်ဖြင့် သွေးဆင်းရက်ပုံမှန်ရှိသည်။ တချို့သည် လတစ်လနှင့် တစ်လ မတူညီပဲ သုံးရက်ဖြစ်လိုက်၊ ခုနှစ်ရက်ဖြစ်လိုက်၊ လေးရက်ဖြစ်လိုက် .... စသည့်ပုံစံများလည်း ရှိပေသည်။ ပုံမှန်လာသည့်ရက်ဟူ၍ မရှိဘဲ ရက်အရေအတွက် ပြောင်းလဲနေသည်။ ထို့ကြောင့် သိမှတ်ထားရမည်မှာ ရာသီသွေးဆင်းရာတွင် ဆယ်ရက်အတိ ပြည့်ရမည်ဟူ၍လည်း မရှိသလို အမြဲတန်း ငါးရက်သာလာရမည်၊ ခုနှစ်ရက်သာလာရမည်ဟူ၍လည်း မရှိပါ။

၆။ ရာသီသွေးဆင်းသည့် ကာလအတွင်းတွင် တချို့ရက်များ၌ သွေးမဆင်းသည့်ရက်များလည်း ရှိပေသည်။ ထိုသို့သွေးမဆင်းသည့် ရက်ကို သန့်သည့်ရက်ဟု မသတ်မှတ်ပါ။ သွေးနားရက်သာ ဖြစ်မည်။
ဥပမာ သုံးရက်သွေးဆင်းပြီး လေးရက်မြောက်နေ့တွင် လုံးဝသွေးမဆင်းတော့ပေ။ ငါးရက်မြောက်နေ့တွင်လည်းမဆင်း။ ခြောက်ရက်မြောက်နေ့တွင် သွေးပြန်ဆင်းမည်။ သို့ဆိုလျှင် လေးရက်မြောက်နေ့နှင့် ငါးရက်မြောက်နေ့တို့သည် သွေးနားရက်သာ ဖြစ်သည်။ သန့်သွားသည့်ရက်များ မဟုတ်ပါ။

ရာသီလာသည့်ရက်များအတွင်း ထိုသို့သွေးမဆင်းသည့်ရက်များနှင့် ကြုံသည့်အခါ သန့်ပြီဟု မှတ်ယူ၍ ခေါင်းလျှော် ရေချိုးပြီး နမားဇ်ဖတ်လိုက်သည်များ မပြုပါနှင့်။ ကျန်းမာရေးလည်း ထိခိုက်နိုင်သလို ရှရီအသ်၏ သတ်မှတ်မှုအရ သန့်ရှင်းမှု မရှိသည့်အခြေအနေနှင့် နမားဇ်ဆောက်တည်သည့်ပုံစံဖြစ်သွားပေမည်။ ထို့ကြောင့် အမျိုးသမီးအနေဖြင့် မိမိ၏ ပုံမှန်သွေးဆင်းနေကျရက်ပြည့်ရန် စောင့်ဆိုင်းရပါမည်။ မိမိတွင် ရာသီလာရက်သည် ပုံမှန်မည်သို့ရှိသည်ကို သိထားရပါမည်။

၇။ ရာသီလာသည့် သတ်မှတ်ကာလအတွင်း နေ့စဉ် ညတိုင်း အချိန်ပြည့် သွေးဆင်းနေရမည်ဟူသည့် သတ်မှတ်ချက်မရှိပါ။

၈။ ရာသီသွေးပြီးသွားခြင်း၏ လက္ခဏာတစ်ခုမှာ လစဉ်သုံးဂွမ်းစတွင် မည်သည့်အရောင်အဆင်းမှ မပေကျံတော့ခြင်းဖြစ်သည်။ ထို့အတူ အဖြူဆင်းလာလျှင်လည်း ရာသီသွေးပြီးဆုံးခြင်း၏ လက္ခဏာတစ်ခုဖြစ်ပါသည်။

၉။ ရာသီသွေးနှစ်ကြိမ်၏အကြား သန့်ပြန့်သည့်ကာလမှာ အနည်းဆုံး ၁၅ရက်ဖြစ်သည်။ အများဆုံးရက်မှာ သတ်မှတ်ချက်မရှိပါ။ ထို့ကြောင့် တစ်ခါတစ်ရံ တစ်လတွင်ရာသီသွေးဆင်းပြီးနောက် လေး၊ ငါးလအထိ သွေးမဆင်းလျှင်လည်း ထိုလအားလုံးသည် သန့်သည့်ကာလများဖြစ်ပါသည်။

၁ဝ။ ရာသီသွေးဆင်းရာတွင် ပုံမှန် သုံးရက်၊ သို့မဟုတ် လေးရက်၊ ခုနှစ်ရက် စသည်ဖြင့် သွေးဆင်းသည်။ သို့သော် လတစ်လတွင် ပုံမှန်လာနေကျရက်ထက် ပိုဆင်းလာသည်။ သို့သော် ဆယ်ရက်ထက် မကျော်လွန်လျှင် ထိုပိုဆင်းသည့်သွေးတို့သည် ရာသီသွေးသာ ဖြစ်၏။ အကယ်၍ ဆယ်ရက်ထက်ကျော်သည်ဆိုလျှင် မိမိပုံမှန်လာနေကျရက်ကို ရာသီသွေးဟုသတ်မှတ်ပြီး (ပုံမှန်ရက်ထက်) ကျော်လွန်သည့် ရက်အားလုံး၏သွေးကို ရောဂါသွေးဆင်းသည်ဟု သတ်မှတ်မည်။
ဥပမာ .... လစဉ် ငါးရက် ပုံမှန်သွေးဆင်းသည်။ လတစ်လတွင် ငါးရက်ထက်ကျော်၍ ခုနှစ်ရက်လာသည်။ သို့မဟုတ် ကိုးရက်လာမည်။ ဆယ်ရက်မကျော်မချင်း ထိုသွေးတို့သည် ရာသီသွေးသာဖြစ်မည်။ သို့သော် ကိုးရက်၊ ဆယ်ရက်တွင် သွေးမရပ်သွားဘဲ ၁၁ရက်မြောက်အထိ သွေးဆင်းနေသည်ဆိုလျှင် ပုံမှန်သွေးဆင်းနေကျ ငါးရက်ကို ရာသီသွေးဟုမှတ်ယူပြီး ကျန်ခြောက်ရက်ကို ရောဂါသွေးဟု မှတ်ယူပါမည်။ (ဤအမိန့်မှာ ရာသီလာရာတွင် ပုံမှန် ရက်သတ်မှတ်ချက်ရှိသူအတွက် ဖြစ်၏။)

၁၁။ ရာသီသွေးဆင်းရာတွင် ပုံမှန်ရက် သတ်မှတ်ချက်မရှိသည့် အမျိုးသမီးသည် လတစ်လတွင် ဆယ်ရက်ထက်ကျော်၍ သွေးဆင်းလာပါက (ဆယ်ရက်ထက်ကျော်သည့် လ၏) အရင်လတွင် သွေးဆင်းခဲ့သည့်ရက်အရေအတွက်ကိုသာ ယခုလ၌ ရာသီသွေး၏ရက်ဟု သတ်မှတ်ပြီး ပိုသည့်ရက်အားလုံးကို ရောဂါသွေး၏ ရက်များဟု သတ်မှတ်မည်။
ဥပမာ ပထမတစ်လတွင် သုံးရက် ရာသီလာသည်။ ဒုတိယလတွင် ငါးရက်လာသည်။ တတိယလတွင် ဆယ်ရက်လာသည်။ စတုတ္ထလတွင် ငါးရက်လာသည်။ ပဉ္စမလတွင် ဆယ်နှစ်ရက်လာသည်။ သို့ဆိုလျှင် ပဉ္စမလ၏ရာသီလာရက်ကို စတုတ္ထလနှင့် ကိုက်ညီ၍ ငါးရက်လာသည်ဟု မှတ်ယူပြီး ကျန်သည့် ခုနှစ်ရက်၏ သွေးဆင်းခြင်းကို ရောဂါသွေးဟု မှတ်ယူမည်။ (ဤအမိန့်မှာ ရာသီလာရာတွင် ပုံမှန်ရက် သတ်မှတ်ချက်မရှိသူများအတွက် ဖြစ်သည်။)

၁၂။ အမျိုးသမီးတစ်ဦးသည် လစဉ် လေးရက် ပုံမှန်ရာသီသွေးဆင်းသည်။ ထိုရက်အတိုင်း ကာလကြာရှည်စွာ ရာသီလာလေ့ရှိသည်။ သို့သော် လတစ်လတွင် ခုနှစ်ရက်အထိ သွေးဆင်းသည်။ သို့ဆိုလျှင်လည်း ရာသီသွေးသာဖြစ်၏။ ထိုသို့ ခုနှစ်ရက်အထိသွေးဆင်းသည့်လပြီးနောက် နောက်တစ်လတွင် ဆယ်ငါးရက်သွေးဆင်းသည်ဆိုလျှင် ခုနှစ်ရက်အထိကို ရာသီသွေးဟု မှတ်ယူပြီး ကျန်သည့် ရှစ်ရက်၏ သွေးဆင်းခြင်းကို ရောဂါသွေးဟု မှတ်ယူရမည်။ လေးရက်မှ ခုနှစ်ရက်သို့ပြောင်းသွားခြင်းကို မိမိ၏ပုံမှန်ရက် ပြောင်းလဲသွားပြီဟု သတ်မှတ်လိုက်ရပါမည်။
(လေးရက်၊ ခုနှစ်ရက်တို့သည် ဥပမာပြခြင်းသာ ဖြစ်၏။ ဆိုလိုရင်းမှာ အမျိုးသမီး၏ ကာလကြာရှည်စွာ ပုံမှန်ရာသီလာရက်သည် ပြောင်းသည်လည်း ရှိ၏။ ထို့ကြောင့် မိမိအတွက် ပြောင်းသွားသည့် ရာသီလာရက်သည် ဆယ်ရက်အတွင်းရှိပါက ရာသီလာခြင်းသည်ဖြစ်၏။ ဆယ်ရက်ထက်ကျော်ပါက နောက်ဆုံးပြောင်းသွားသည့် ပုံမှန်ရက်ကိုသာ ရာသီလာရက်အဖြစ် အတည်ယူရပါမည်။ ယခင်ပုံမှန်လာနေကျရက်ကို အတည်မယူတော့ပါ။)

၁၃။ မိန်းကလေးတစ်ဦးသည် ယခုမှ ပထမဦးဆုံးအကြိမ် ရာသီလာ၏။ ဆယ်ရက်အပြည့်လာလျှင်သော်လည်းကောင်း၊ ထို့ထက်နည်းလျှင်သော်လည်းကောင်း ရာသီသွေးဟုသာ မှတ်ယူပါမည်။ ဆယ်ရက်ထက်ကျော်လာလျှင် ဆယ်ရက်အထိကို ရာသီသွေးဟုမှတ်ယူပြီး ပိုသည့်ရက်များ၏သွေးကို ရောဂါသွေးဟု မှတ်ယူမည်။

၁၄။ ရာသီလာရာတွင် လုံးဝမရပ်တော့ဘဲ တစ်လလုံးဆက်တိုက်သွေးဆင်းနေလျှင် ရာသီစလာသည့်ရက်မှစ၍ ဆယ်ရက်အထိကို ရာသီသွေးဆင်းသည့်ကာလဟု သတ်မှတ်ပြီး ကျန်ရက်အကုန်ကို ရောဂါသွေးဟု မှတ်ယူရမည်။ အကယ်၍ လေးငါးလဆက်တိုက် သွေးဆင်းနေလျှင်လည်း ၎င်းနည်းအတိုင်းပင် လတိုင်းသတ်မှတ်သွားရပါမည်။ ((ဤသို့ လေး၊ ငါး၊ ခြောက်လဆက်တိုက် သွေးဆင်းခြင်းမျိုးရှိသည်။ နှစ်ချီ၍ဆင်းသည်လည်း ရှိသည်။ ရှိုက်သာန်နှောင့်ယှက်မှုကြောင့် ဖြစ်တတ်ပါသည်။))

၁၅။ ကိုယ်ဝန်ဆောင်ထားချိန် သွေးဆင်းလျှင် ၎င်းသွေးသည် ရောဂါသွေးသာဖြစ်သည်။ ရာသီသွေးမဟုတ်ပါ။ ထို့အတူ ကလေးမွေးသည့်အချိန် ကလေးမထွက်မီ ဆင်းသောသွေးသည်လည်း ရောဂါသွေးသာ ဖြစ်၏။ ကလေးသည် တစ်ဝက်ထက်ပို၍ မထွက်သေးသည့်အချိန် ဆင်းသောသွေးကိုလည်း ရောဂါသွေးဟုသာ သတ်မှတ်ပါသည်။

ရာသီသွေးဆင်းသည့်ကာလတွင် ဆောင်ရန်၊ ရှောင်ရန်
ရာသီသွေးဆင်းသည်ဟု သတ်မှတ်ထားသည့်ကာလတွင် နမားဇ်ဖတ်ခွင့်နှင့် ရိုဇာထားခွင့်မရှိပါ။ အကယ်၍ ဆယ်ရက်အပြည့်လာသူဖြစ်လျှင် ဆယ်ရက်လုံး ဖတ်ခွင့်မရှိပါ။ ဤသည်မှာ အလ္လာဟ်အရှင်မြတ် သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်ပင် ဖြစ်၏။ ထိုသို့ဖတ်ခွင့်မရခြင်းကို အထူးတလည် စိတ်ညစ်နေခြင်း၊ စိတ်ပျက်နေခြင်းများ ဖြစ်ပေါ်ရန် မလိုအပ်ပါ။ ရာသီလာသည့်ကာလအတွင်း ပျက်သွားသည့် နမားဇ်များကို အလ္လာဟ်အရှင်မြတ်သခင်က ခွင့်လွှတ်ပေးထားသည်။ သဘောမှာ ကဇွာ အစားပြန်ဖြည့်ရန် မလိုအပ်ပေ။ ရိုဇာကိုမူ ကဇွာပြန်ဖြည့်ရမည်။ ထို့အတူ ကုရ်အာန်ဖတ်ခြင်း မပြုပိုင်ပါ။ ကုရ်အာန်၌ပါသည့် ဒုအာများကို ဒုအာ၏နိယသ်ဖြင့် ဖတ်ရွတ်နိုင်သည်။ ဒုအာအေကုနူးသ် ဖတ်ခွင့်ရှိသည်။ "လာဟောင်းလာ ဝလာကူဝသ အိလ်လာဗိလာဟိလ် အလီယစ်လ် အဇွီးမ်" ဖတ်ခွင့်ရှိသည်။ ကုရ်အာန်ကို လက်ချည်းသက်သက်ဖြင့် ကိုင်တွယ်ခွင့် မရှိပါ။ ကုရ်အာန်ကို အရေးပေါ်ကိုင်ရမည်ဆိုလျှင် မိမိ၏ခန္ဓာကိုယ်နှင့် ထိကပ်မနေသည့် အဝတ်စဖြင့် ကိုင်တွယ်ရမည်။ ဥပမာ အင်္ကျီလက်ကို ဆွဲဆန့်၍ကိုင်ခြင်း၊ ခေါင်းတွင်ဆောင်းထားသည့် ပုဝါအနားစဖြင့် ကိုင်တွယ်ခြင်းများ မပိုင်ပါ။ ခန္ဓာကိုယ်နှင့်မထိကပ်နေသည့် သီးသန့်အဝတ်၊ လက်ကိုင်ပုဝါ စသည်တို့ဖြင့် ကိုင်တွယ်ရမည်။ ကုရ်အာန်အာယသ်များရေးထားသည့် ကြေးပြားများ၊ သအ်ဝီးဇ်များကိုလည်း ကိုင်ခွင့်မရှိပါ။ ကုရ်အာန်အာယသ် ရေးသားခွင့်မရှိပါ။ ကအ်ဗာကျောင်းတော်ကို သွဝါးဖ်လှည့်ခြင်း ပြုခွင့်မရှိပါ။ ထို့အတူ ရာသီလာနေစဉ်ကာလအတွင် လင်မယားပေါင်းသင်းဆက်ဆံခြင်းသည် ဟရာမ်ဖြစ်၏။ ((ပေါင်းသင်းခြင်းမှအပ ကျန်သည့်အခြေအနေများ ဥပမာ ခါး၊ လက် စသည်တို့ထိကိုင်ခြင်း၊ အတူတကွစားသောက်ခြင်း၊ နမ်းခြင်း၊ ကျီစယ်ခြင်း၊ အိပ်ယာတစ်ခုတည်းတွင် အတူလှဲလျောင်းခြင်းများ ပြုပိုင်ပါသည်။))

ရာသီလာသည့်ကာလတွင် ဆောင်ရန်မှာ အတတ်နိုင်ဆုံး ဝုဇူဖြင့် အချိန်ပြည့်နေသင့်သည်။ နမားဇ်အချိန်ကျရောက်တိုင်း ဂျာနမားဇ်ခင်း၍ထိုင်ပြီး ဇိကိရ်၊ အိ(စ်)သိဂ်ဖာရ်၊ ဒရူးဒ်၊ ဒုအာ၊ မုနာဂျာသ်များကို ဖတ်ရမည်။ ဤသို့ပြုခြင်းသည် မုစ်သဟဗ်ဖြစ်ပါသည်။ နမားဇ်ဖတ်ခွင့်မရှိတော့သည်နှင့် လွတ်ပြီ ကျွတ်ပြီဟူသည့်ပုံစံဖြင့် အလ္လာဟ်ကို မေ့သွားသည်မျိုးမဖြစ်စေရပါ။ ထို့အတူ ရာသီလာသည့်ရက်များတွင် ဂုနာဖြစ်စေသည့်ကိစ္စရပ်များကို ကျူးလွန်ပါကလည်း အပြစ်ထိုက်ပါမည်။ ထို့ကြောင့် အပြစ်များရှောင်ခြင်းနှင့်အတူ ဇိကိရ်၊ ဒုအာတို့ကို ဆောင်ကြပါ။

အင်န်ရှာအလ္လာဟ် ....... ရောဂါသွေးတွင် လုပ်ဆောင်ရမည့်အမိန့်များ၊ မီးတွင်းသွေးအကြောင်းနှင့် ကိုယ်သန့်သည့်အချိန်နှင့် ကိုယ်မသန့်သည့်အချိန် ပြုလုပ်ကြသည့် အမှားများအကြောင်းကို ဆက်လက်တင်ဆက်ပါမည်။

အလ်မုဖီးဒ်
ဇုလ်ဟဂ်ျ/ ၆/ ဟိဂျရီ ၁၄၃၆

---
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

မုစ်လင်မ်တို့ရှောင်ရန်


မုစ်လင်မ်တို့ ရှောင်ကြဉ်အပ်သည့် မီးပန်းရှို့ခြင်း ၊ ဗြောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းအကြောင်း

ပျော်ပွဲရွှင်ပွဲများတွင် ဗြောက်အိုးများဖောက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းများ၌ ပြစ်မှုထိုက်သည့် အခြေအနေ များစွာရှိသည်။
၁။ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသည့် ဥစ္စာပစ္စည်းကို အလဟဿ ဖြုန်းတီးခြင်း ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် ပစ္စည်းဥစ္စာဖြုန်းတီးသူအား ရှိုက်သွာန်၏ ညီနောင်ဟု မိန့်ဆိုထားသည်။ အာယတ်တော်တစ်ပိုဒ်တွင် အလ္လာဟ်အရှင်မြတ်သည် အလဟဿဖြုန်းတီးသူများကို မနှစ်မြို့ကြောင်း မိန့်ဆိုထားသည်။
၂။ အခန့်မသင့်လျှင် လက်ခြေများ မီးလောင်မည်ကို စိုးရိမ်ရသည်။ အိမ်၊ ဆိုင်၊ အစရှိသည်များ မီးလောင်မည်ကိုပင် စိုးရိမ်ရပေသည်။ (မီးပုံးပျံလွှတ်ခြင်းတွင် ဤဆိုးကျိုးသည် ဖြစ်နိုင်ခြေများပေသည်။) မိမိတို့၏ ပစ္စည်းနှင့်အသက်ကို ဆုံးရှုံးအောင် ပြုမူခြင်းအား ရှရီအသ်၌ မကောင်းသည့်အရာဟု သတ်မှတ်ထားပေသည်။
၃။ အများအားဖြင့် စာသားများရေးသားထားသည့် စာရွက်များကို မီးရှို့ကစားရာတွင် အသုံးပြုကြသည်။ စာရွက်၌ပါရှိသော စာလုံးများကို ရိုသေသမှုထားရမည် ဖြစ်သည်။ ဤသို့သော လုပ်ငန်းများတွင် အသုံးချခွင့်မရှိပေ။ သို့သာမက အချို့စာရွက်များတွင် ကုရ်အာန်ကျမ်းတော်၏ စာလုံးများ၊ ဟဒီးစ်တော်များ၊ နဗီရစူလ်များ၏ နာမံတော်များ ပါရှိကောင်း ပါရှိပေမည်။ ယင်းသို့သော စာသားများကို မရိုမသေပြုခြင်းဖြင့် ဘေးဗလာများ ကျရောက်ပေမည်။
!!!! အီမာန်ရှင်များအနေဖြင့် မိမိတို့၏ သားသမီးများကို ဤသို့အလုပ်များအတွက် ငွေကြေးထုတ်မပေးကြလေနှင့်။
(ဗဟစ်ရှ်သီးဇေဝရ်၊ တွဲ ၆)

ဗမာပြည်တွင် ဗြောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ လွှတ်ခြင်း၊ ယမ်းသေနတ်များဖြင့် ဆော့ကစားခြင်းတို့သည် ဘာသာခြားတို့၏ ဓလေ့ဖြစ်၍ ၄င်းတို့၏ ဘာသာရေးကိစ္စဖြစ်ပေသည်။ မုစ်လင်မ်တို့နှင့် စိုးစေ့မျှ သက်ဆိုင်ခြင်း မရှိပေ။ ယင်းလုပ်ရပ်တို့တွင် အခြားသူများအား စိတ်ဒုက္ခရောက်စေသည့်အပြင် အလန့်တကြားဖြစ်စေသည့် လုပ်ရပ်လည်းဖြစ်သည်။ ပြုလုပ်သူအတွက်လည်း မည်သည့်အကျိုးကျေးဇူးမျှ မရှိသည့်အပြင် အခြားသူတို့အားလည်း စိတ်ဒုက္ခရောက်စေသည်မှအပ မည်သည့် အမြတ်အစွန်းမှ မရရှိပေ။ ထို့ကြောင့် အီမာန်ရှင်တိုင်း ယင်းလုပ်ရပ်တို့မှ အပြည့်အဝရှောင်ရှားရမည်။ မိမိကိုယ်တိုင်မလုပ်ဆောင်သလို အခြားသူတို့အားလည်း အားပေးခြင်းမပြုရပေ။ ယင်းပစ္စည်းများဝယ်ယူရန် ပိုက်ဆံထုတ်ပေးခြင်း၊ သဘောကျကြောင်းပြောဆိုခြင်းများ မပြုရပေ။

မုစလ်မာန်များသည် ဘာသာခြားတို့၏ ဘာသာရေးလုပ်ရပ်တို့မှ ရှောင်ကြဉ်ရန် အပြည့်အဝ တာဝန်ရှိကြောင်း ....... အသိပေး ရေးသားလိုက်ပါသည်။

အလ်မုဖီးဒ်
ဟိဂ်ျရီ ၁၄၃၇/ မုဟရ်ရမ်/ ၁၄/ ယောင်မုလ်အရ်ဗာအ်
28/ 10/ 2015/ ဗုဒ္ဓဟူးနေ့

လူနှင့် ဘီလူး


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/838184012968856:0

ရှေးအခါက ရွာတစ်ရွာတွင် ဆံသဆရာတစ်ယောက်ရှိခဲ့၏။ ထိုဆံသဆရာသည် လွန်စွာပျင်းရိသူတစ်ယောက် ဖြစ်သည်။ သူသည် သူ၏ဖောက်သည်များကို ဓါးတုံး၊ ကပ်ကြေးတုံးများဖြင့် ခေါင်းတုံးပေးခြင်း ဆံပင်ညှပ်ပေးခြင်း ပြု၏။ ထို့ကြောင့် သူ၏ဆံသဆိုင်တွင် တဖြည်းဖြည်းနှင့် လူအဝင်အထွက် နည်းပါးလာတော့သည်။

သို့ပါ၍ ဆံသဆရာသည် ရွာသူရွာသားများကို သပိတ်မှောက်၍ ဤရွာမှထွက်ခွာပြီး အခြားနေရာသို့ ရွှေ့ပြောင်းသွားရန်အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။

ဆံသဆရာကြီးသည် ထိုသို့ဆုံးဖြတ်ပြီးလျှင် တစ်နေ့တွင် မိမိလုပ်ငန်းနှင့်ပတ်သက်သော ကိရိယာတန်ဆာပလာများကို အထုပ်ထုပ်ပြီး ပခုံးတွင် ထမ်းပိုး၍ ဤရွာထဲမှ ထွက်ခွါလာခဲ့လေ၏။ သူသည် ခရီးထွက်လာရင်း လမ်းခုလပ်နေရာရှိ တစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် အပန်းဖြေရန်အတွက် ခေတ္တအနားယူလေ၏။

ထိုအချိန်တွင် သစ်ပင်ပေါ်ထိုင်နေသော ဘီလူးတစ်ကောင်သည် ဝမ်းသာအားရစွာဖြင့် ကခုန်လိုက်လေသည်။ ထို့ကြောင့် သစ်ပင်ကြီးတစ်ပင်လုံးမှာ ယိမ်းထိုးလှုပ်ရှားနေလေ၏။ ဆံသဆရာကြီးသည် သစ်ပင်ကြီးလှုပ်ခါနေသောကြောင့် မျက်နှာမော့၍ကြည့်ရာ မိမိအသက်ရန်သူ ဘီလူးကြီးကို တွေ့မြင်သွားပြီး သူကပါ ရောယောင်၍ ဝမ်းသာအားရစွာ ကခုန်လိုက်၏။ ထိုအခါ သစ်ပင်အောက်တွင် ကခုန်နေသော ဆံသဆရာကြီးအား ဘီလူးက .... အို လူသား၊ ကျွန်ုပ်ဟာ နှစ်ပေါင်းများစွာကြာပြီးနောက်မှ သင့်လိုအရသာရှိတဲ့ အစာတစ်လုတ်ကို အခုတွေ့လိုက်ရတဲ့အတွက် မကြာခင် စားနိုင်တော့မှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်ုပ်ဟာ စိတ်ပျော်လွန်းလို့ ကခုန်နေခြင်းဖြစ်တယ်။ အသင်ကရော ဘာကြောင့် ကခုန်နေတာလဲ...... ဟု မေးမြန်းလေ၏။

ထိုအခါ ဆံသဆရာကြီးက .....
ကျွန်ုပ်ဟာ အောက်လမ်းပညာတွေ၊ အထက်လမ်းပညာတွေကို ကောင်းကောင်းကြီးတတ်ကျွမ်းတဲ့ ပညာရှင်ကြီးတစ်ဦးဖြစ်တယ်။ ဒီတိုင်းပြည်ကြီးရဲ့ ဘုရင်ကြီးက ကျွန်ုပ်ကို ဘီလူးသုံးကောင် ဖမ်းပေးရမယ်လို့ တာဝန်ပေးထားခဲ့တယ်။ ကျွန်ုပ်ဟာ ဘုရင်ကြီးရဲ့ တာဝန်ပေးချက်အရ ဘီလူးနှစ်ကောင်ကို ဖမ်းထားပြီးပါပြီ။ အခုတော့ ကျွန်ုပ်ဟာ ကံကောင်းလွန်းလို့ တတိယအကောင်ဖြစ်တဲ့ သင့်ကို ဤနေရာမှာ လာတွေ့ခဲ့ရတယ်။ မကြာမီအချိန်မှာ သင့်ကိုပါဖမ်းချုပ်ပြီး စုစုပေါင်းဘီလူးသုံးကောင်ကို ဘုရင်ကြီးထံ ဆက်သနိုင်တော့မှာဖြစ်လို့ စိတ်ပျော်သွားခဲ့တယ်။ ဒါကြောင့်မို့ ကျွန်ုပ်ဟာ ကခုန်နေခဲ့တာပေါ့ ဟု ပြန်လည်ပြောဆိုလေသည်။

ဘီလူးကြီးသည် ဆံသဆရာကြီး၏စကားကိုကြား၍ အလွန်ကြောက်လန့်သွားပြီးလျှင် ဆရာကြီးကဖမ်းချုပ်ထားတဲ့ ဘီလူးတွေကို ကျွန်ုပ်ကိုပြနိုင်ပါ့မလား ဟု မေးမြန်းလေ၏။ ထိုအခါ ဆံသဆရာကြီးက အသင်စကားလှည့်ပြီး ထွက်ပြေးဖို့အတွက် လုံးဝစိတ်မကူးပါနှင့်။ ကျွန်ုပ်ဟာ အသင့်ကို ပညာနဲ့ ဝိုင်းထားလိုက်ပြီးပြီ။ အသင့်အမျိုးတွေကို ကြည့်ဖို့အတွက် ဆန္ဒရှိတယ်ဆိုရင်တော့ အောက်ဆင်းလာပြီး ကြည့်နိုင်တယ် ..... ဟု မျက်နှာခပ်တည်တည်ဖြင့် ပြောချလိုက်လေ၏။

ဘီလူးသည် ဆံသဆရာ၏ ခြိမ်းခြောက်မှုနှင့် ဟိတ်ဟန်ကိုကြည့်၍ ပိုမိုကြောက်လန့်သွားပြီး မိမိကိုယ်ကို ပုံစံသေးသေးလေးအဖြစ်ပြောင်းပြီး အောက်သို့ဆင်းလာ၏။ ဆံသဆရာကြီးက သူ၏ အိတ်ထဲမှ မှန်တစ်ချပ်ကို ထုတ်ယူပြီးလျှင် ဘီလူးအား ပြလိုက်လေသည်။ ဘီလူးကြီးသည် မှန်ထဲတွင်တွေ့ရသော သူ၏မျက်နှာကို အထင်မှားကာ အခြားသောဘီလူးတစ်ကောင်ပင် ဖြစ်သည်ဟူ၍ ယူဆလိုက်လေ၏။

ဆံသဆရာကြီးက ဒါဟာ ပထမဘီလူးပဲပေါ့ ဟုဆိုကာ မှန်ကို အိတ်ထဲတွင်ပြန်ထည့်ပြီး တစ်ဖန် ဒုတိယမှန်တစ်ချပ်ကို ထုတ်ယူ၍ ဘီလူးကြီးအား ပြပြန်လေသည်။ ဘီလူးကြီးသည် မှန်ကိုကြည့်ပြီးလျှင် ပထမအကြိမ်ကဲ့သို့ပင် ယူဆလိုက်လေ၏။ ဆံသဆရာကြီးက ဒါဟာ ဒုတိယဘီလူးပေါ့ဟု ဆိုကာ မှန်ကို အိတ်ထဲတွင် အကျအနပြန်ထည့်ပြီးလျှင် ဘီလူးကြီးအား ခပ်တည်တည်စိုက်ကြည့်၍ .....
သင်ကတော့ ကျွန်ုပ်သတ်မှတ်ထားတဲ့ တတိယဘီလူးပဲဖြစ်တယ်။ သင့်ကိုလည်း ဂါထာနဲ့ မှန်ထဲသွင်းယူပြီးတော့ ဘုရင်မင်းမြတ်ထံကို သွားပို့ရမယ် ဟု ပြောဆိုလေ၏။

ထိုအခါ ဘီလူးကြီးက မိမိအား ဂါထာဖြင့် မန်းမှုတ်၍ မှန်ထဲတွင်သွင်းပြီး ဘုရင်မင်းမြတ်ထံသို့ သွားရောက်ပို့ဆောင်ခြင်းမပြုရန် အတွက် ဆံသဆရာကြီးအား မြောက်မြားစွာတောင်းပန်စကားဆိုသည့်အပြင် နှစ်စဉ်နှစ်တိုင်း စပါးပေါ်ချိန်တွင် စပါးတစ်စီး ဆရာကြီးအိမ်သို့ မိမိကိုယ်တိုင် အရောက်ပို့ဆောင်ပေးပါမည်ဟု ခိုင်မာသော ကတိဝန်ခံချက်များပေး၍ ထွက်ခွာသွားလေတော့၏။

ဆောင်းရာသီ၌ စပါးပေါ်ချိန်တွင် ဘီလူးကြီးသည် သူ၏ကတိအတိုင်း စပါးစလင်းတစ်ခုကို သယ်ဆောင်လာပြီး ဆံသဆရာကြီး၏အိမ်ရှေ့၌ ပုံချပေးလေ၏။ ဆံသဆရာကြီးက ပြန်ခိုင်းသောအခါ ဘီလူးကြီးသည် ဆံသဆရာကြီးအား ကျေးဇူးတင်ကြောင်းပြော၍ အရိုအသေပေးပြီး ပြန်သွားလေ၏။ ဘီလူးကြီးသည် နှစ်စဉ်နှစ်တိုင်း တာဝန်ကျေစွာဖြင့် စပါးပို့ဆောင်နေ၍ ဆံသဆရာကြီးမှာ အချိန်ကာလအနည်းငယ်အတွင်းမှာပင် လွန်စွာ ကျိကျိတက်ချမ်းသာသော သူဌေးကြီးတစ်ဦးဖြစ်လာလေသည်။

တစ်နေ့သ၌ ဘီလူးကြီးက စပါးစလင်းယူလာနေသည်ကို အခြားသောဘီလူးတစ်ကောင်က တွေ့မြင်သွားပြီး မိတ်ဆွေ ... မင်းက ဒီဒုက္ခကို ဘာကြောင့်ခံနေရတာလဲ ဟု မေးမြန်းလေ၏။ ထိုအခါ တာဝန်ခံဘီလူးကြီးက သူ့ဆရာကြီး၏ အကြောင်းအရာများနှင့် ကျေးဇူးကြီးမားပုံတို့ကို အကျယ်တဝင့်ရှင်းပြလေ၏။

ဤကဲ့သို့ လူသားတစ်ယောက်က ဘီလူးတစ်ကောင်အား ခိုင်းစားနေကြောင်းကို ကြားသိ၍ ဒုတိယဘီလူးကြီးသည် အလွန်အမင်းဒေါသထွက်သွားပြီးလျှင် ဆံသဆရာကြီးအား အပြီးသတ်လိုက်ရန်အတွက် အကြံပေးလေ၏။ တာဝန်ခံဘီလူးကြီးက ဆရာကြီးဟာ ပညာရှင်ဖြစ်လို့ သူ့ကိုသတ်ဖို့မလွယ်ပါဘူး။ ဟု ပြောပြသော်လည်း ဒုတိယဘီလူးကြီးက ထိုစကားကို လက်မခံဘဲ အဲဒီဆရာကြီးအိမ်ကို ငါ့ကိုပြပေးစမ်းပါ ဟုဆိုကာ တာဝန်ခံဘီလူးကြီးနှင့်အတူ လိုက်လာခဲ့လေ၏။

တာဝန်ခံဘီလူးကြီးသည် တားမရသည့်အဆုံးတွင် အဝေးမှနေ၍ ဆံသဆရာကြီး၏အိမ်ကို ပြပေးလိုက်ပြီးလျှင် ထိုပွဲကိုကြည့်ရန်အတွက် တစ်နေရာ၌ ထိုင်စောင့်နေလေ၏။

ထိုအချိန်တွင် ဆံသဆရာကြီးသည် ကွန်ပစ်ပြီးရလာသော လတ်လတ်ဆတ်ဆတ် ငါးကြီးတစ်ကောင်ကို သူ၏အိမ်ရှင်မအား ယူလာပေးပြီးလျှင် ရေချိုးရန်အတွက် အပြင်သို့ပြန်ထွက်သွားလိုက်သည်။ အကွက်ကောင်းစောင့်နေသော ဒုတိယဘီလူးကြီးသည် ချက်ချင်းပင် မိမိကိုယ်ကို ကြောင်ကြီးတစ်ကောင်အသွင်သို့ ပြောင်းလိုက်ပြီးလျှင် အိမ်အတွင်းသို့ဝင်၍ အိမ်ရှင်မအရှေ့မှ ငါးကြီးကို ဆွဲလုသွားရန် ကြိုးစားလေ၏။

အိမ်ရှင်မက ကြောင်ကိုမောင်းထုတ်သော်လည်း ကြောင်ယောင်ဆောင်ထားသော ဘီလူးကြီးက ထွက်သွားခြင်းမပြုခဲ့ပေ။ ထိုအချိန်မှာပင် ဆံသဆရာကြီးက ရေချိုးရာမှ ပြန်ရောက်လာ၍ အိမ်ရှင်မက ကြောင်ပြဿနာကို ပြောပြလေသည်။ ဆံသဆရာကြီးသည် အိမ်ရှင်မစကားကို နားထောင်၍ လွန်စွာစိတ်ဆိုးဒေါသထွက်သွားပြီးလျှင် စပါးထောင်းသောကျည်ပွေ့ကိုကိုင်၍ ကြောင်ကိုသတ်ပစ်ရန်အတွက် ကြောင်အနောက်မှ လိုက်လေတော့သည်။

ကြောင်ယောင်ဆောင်ထားသော ဒုတိယဘီလူးကြီးသည် ကျည်ပွေ့ရန်ကို မရှောင်ရှားနိုင်တော့၍ ဆံသဆရာကြီးကို မိမိအတွက် သေမင်းပင်ဖြစ်သည်ဟု ယူဆလိုက်လေ၏။ ထို့နောက် ဒုတိယဘီလူးကြီးသည် ဆံသဆရာကြီးအား များစွာတောင်းပန်စကားဆို၍ နှစ်စဉ်နှစ်တိုင်း စပါးနှစ်စီးပေးပါမည်ဟု ခိုင်မာသောကတိဝန်ခံချက်ပေးပြီး ပြန်သွားခဲ့လေ၏။

ဘီလူးနှစ်ကောင်သည် အချင်းချင်းတွေ့သောအခါများ၌ ဆံသဆရာကြီး၏အကြောင်းကို ပြောပြီးလျှင် ရယ်မောကြလေသတည်း။

**မှတ်သားဖွယ်**
မိမိသည် အကောင်ကြီး၍ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးရ။ အခြားသူများမှာ အကောင်သေး၍ ၎င်းတို့ကိုလည်း အထင်မသေးရ။ အယူအဆများနှင့် အတွေးအခေါ်များတွင် မှားယွင်းခြင်းသည် မိမိအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်းကို ကောင်းစွာသတိချပ်သင့်ပေသည်။

[ဆရာကြီး မော်လာနာအဗ္ဗါးစ်ကာစေမီ ရေးသားသော "ချစ်ဆွေများအတွက် အသိပညာပေးပုံပြင်လက်ဆောင်" စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။]

အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၂၅/ ယောင်မုလ်အဟဒ်/ ဟိဂျရီ ၁၄၃၆
----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

မိစ်ဝါးက် (တံပူ)


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။

https://www.facebook.com/almufeed.mm/posts/844282919025632:0

မိစ်ဝါးက်ဟူသည် အရဗီဘာသာဖြစ်ပြီး မြန်မာဖြင့် တံပူဟု ခေါ်ဆိုကြသည်။ မိစ်ဝါးက်ကို အမြဲသုံးစွဲခြင်းသည် အင်မတန်အကျိုးထူးလှပေသည်။ တံပူတစ်ခက် သွားတစ်သက် ဟူသည့် ဆိုရိုးစကားပင် ရှိပေသည်။ သဘောမှာ တံပူကိုသုံးစွဲခြင်းသည် မိမိ၏သက်တမ်းတစ်ခုလုံးအထိ သွား၏ခိုင်ခံမှုကို ပေးစွမ်းနိုင်ပေသည်။ သွားများ၏ ကျန်းမာရေးကို အထောက်အကူပြုသည်သာမက သေဆုံးခါနီးတွင် ကလိမာကို သတိရစေသည့် ကောင်းခြင်းကိုလည်း ရရှိစေသည်။ ဤနေရာတွင် မိစ်ဝါးက်ကို ကိုင်တွယ်နည်းနှင့် အခြားသိမှတ်ဖွယ်ရာအချို့ကို ရေးသားပါမည်။

** မိစ်ဝါးက်အတွက် ရွေးချယ်ရမည့် သစ်ကိုင်း
မိစ်ဝါးက်အတွက် အကောင်းဆုံးသစ်ကိုင်းမှာ တမာကိုင်းဖြစ်၏။ ထို့အတူ သံလွင်ကိုင်း၊ သစ်ကြားသီးကိုင်းတို့ဖြင့်လည်း သုံးစွဲနိုင်သည်။ ရှောင်ရမည့် သစ်ကိုင်းများမှာ သစ်မွှေးကိုင်း၊ သလဲသီးကိုင်း၊ ဝါး၊ သစ်မာတို့ဖြစ်သည်။ ထို့ပြင် ဘောလ်ပင်၊ ခဲတံတို့၏ ထိပ်ဖျားများ၊ မွှေးကြိုင်သောအကိုင်းများနှင့် သွားကြားထိုးခြင်း၊ သစ်သီးဝံလံအပင်များ၏ အကိုင်းအခက်များ၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါတို့ဖြင့် သွားကြားထိုးခြင်း၊ တံပူအတွက်သုံးစွဲခြင်း မပြုရပေ။ သွားအတွက် အကောင်းဆုံးသော သစ်ကိုင်းမှာ ခါးသက်သော အရသာရှိသည့် သစ်ကိုင်းအမျိုးအစားဖြစ်၏။

** မိစ်ဝါးက်၏ အရွယ်အစား
မိစ်ဝါးက်၏ အရွယ်အစားမှာ လက်သန်း၏ လုံးပတ်ခန့်မျှရှိသင့်သည်။ အရှည်မှာ စတင်အသုံးပြုချိန် လက်တစ်ထွာရှိရမည်။ အသုံးပြုရင်းဖြင့် ထို့ထက်တိုသွားလျှင် အကြောင်းမဟုတ်ပေ။

** မိစ်ဝါးက်၏ အမျှင်များ
သွားတိုက်ရန်အတွက် အမျှင်လေးများကို အနည်းငယ် ပျော့ပြောင်းမှုရှိရန် ပြုလုပ်ထားရမည်။ ကြမ်းနေလျှင်လည်း သွားဖုံးများကို ထိခိုက်နိုင်သည်။ အလွန်ပျော့နေလျှင်လည်း သွားများတွင် စင်ကြယ်မှုမရှိနိုင်ပေ။ ထို့ကြောင့် အနေတော်ပျော့ပြောင်းမှုရှိလျှင် အကောင်းဆုံးဖြစ်၏။

** မိစ်ဝါးက်ကိုင်တွယ်နည်း
မိစ်ဝါးက်ကိုင်တွယ်ရာတွင် ညာလက်၏ လက်သန်းသည် အောက်ဖက်၌ရှိရမည်။ ကျန်လက်သုံးချောင်း လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်တို့သည် အပေါ်ဖက်တွင်ရှိရမည်ဖြစ်ပြီး လက်မကိုအောက်ဖက်မှထားကာ ကိုင်တွယ်ရပေမည်။ မိစ်ဝါးက်ကို ညာလက်ဖြင့် အသုံးပြုရမည်ဖြစ်ပြီး ဘယ်လက်ဖြင့် မကိုင်တွယ်သင့်ပါ။
မိစ်ဝါးက်ကို လက်ဖြင့်ဆုပ်ကိုင်၍ မသုံးရပေ။ လိပ်ခေါင်းရောဂါဖြစ်တတ်သည်။

** မိစ်ဝါးက်တိုက်နည်း
ဦးစွာ ညာဖက်အပေါ်၏ သွားနှင့် သွားဖုံး၊ ပြီးလျှင် ဘယ်ဘက်အပေါ်၏ သွားနှင့် သွားဖုံး၊ ထို့နောက် ဘယ်ဘက်အောက်ဖက် သွားနှင့် သွားဖုံးနှင့် ညာဖက်အောက်ဖက်၏ သွားနှင့် သွားဖုံးတို့ကို တိုက်ရမည်။

နောက်တစ်နည်းမှာ ညာဖက်အပေါ်အောက်ကို တိုက်ပြီးနောက် ဘယ်ဘက်အပေါ်အောက်ကို တိုက်ရမည်။ မိစ်ဝါးက်တိုက်လျှင် အနည်းဆုံး သုံးကြိမ်ခန့်တိုက်ရပါမည်။ ထို့ပြင် သုံးစွဲသူက မိမိ၏သွားများ စင်ကြယ်သည်အထိ တိုက်နိုင်ပေသည်။

သွားဖုံးများကိုပါ တိုက်ရမည်။ သို့မှာသာ သွားဖုံး၏ ကျန်းမာရေးကိုလည်း အထောက်အကူပြုမည် ဖြစ်၏။ လျှာနှင့် အာခေါင်ကိုပါ တိုက်သင့်သည်။ အရှည်စွဲတိုက်ရမည်။ သွားဖုံးနှင့် သွားများ၏ အပြင်ဖက်ကို တိုက်သလို ပါးစပ်အတွင်းဖက်ကိုလည်း ဂရုစိုက်၍ တိုက်ရပါမည်။ သွားဖုံးများကို တိုက်ရာတွင် ပွန်းပဲ့နာကျင်မှုမဖြစ်ရန် ညင်သာစွာတိုက်သင့်သည်။ သွားများကိုမူ သွားချေးများ စင်ကြယ်ရန် သန့်ရှင်းတောက်ပြောင်ရန်အတွက် အနည်းငယ် ဖိတိုက်သင့်သည်။ အာခေါင်၊ လျှာများကိုပါ မိစ်ဝါးက်ဖြင့် တိုက်ပါက အချွဲများ သလိပ်များ ကင်းစင်ကာ အရသာများ ကောင်းစွာခံစားနိုင်လာပေမည်။ သွားပုပ်နံလည်း စင်ကြယ်ပေမည်။

** မိစ်ဝါးက်ထားနည်း
မိစ်ဝါးကို မသုံးမီတွင်လည်း ဆေးကြောရမည်။ ထို့အတူ အသုံးပြုပြီးပါကလည်း ဆေးကြော၍ သွားတိုက်သည့် အမျှင်များရှိသည့်ဘက်ကို အပေါ်၌ရှိစေ၍ ထောင်ထားရပါမည်။ လှဲမထားရပါ။ (အရူးရောဂါဖြစ်မည်ကို စိုးရိမ်ရပါသည်။)

** သိမှတ်ဖွယ်ရာ
မိစ်ဝါးက်ကိုင်းသည် ကွေးကောက် လိမ်ဖယ်နေခြင်းမရှိဘဲ ဖြောင့်တန်းနေလျှင် ပိုကောင်း၏။
ပက်လက်အိပ်ရင် မိစ်ဝါးက်ပြုခြင်း မက္ကရူဖြစ်၏။ ထိုသို့ပြုခြင်းဖြင့် သည်းခြေကြီးနိုင်သည်။
မိစ်ဝါးက်ကို နှစ်ဖက်လုံးမှ မသုံးသင့်ပေ။ တစ်ဖက်ကို သတ်မှတ်ပြီးသာ သုံးရမည်။
သစ်ပင်၏ အကြောင်းမသိဘဲ မစ်ဝါးက်အဖြစ် မသုံးစွဲသင့်ပါ။ အဆိပ်ရှိသည့် အကိုင်းဖြစ်လျှင် အန္တရာယ်ရှိသဖြင့် ရှောင်ရှားရပါမည်။ ထို့အတူ သစ်မွှေးကိုင်းများလည်း မဖြစ်ရပေ။
မိစ်ဝါးက်ဟူသည် အမျိုးသား၊ အမျိုးသမီးတိုင်း သုံးစွဲကျင့်ပြုရမည်ဖြစ်ပြီး ကလေးငယ်များကိုလည်း ကိုင်ပုံကိုင်နည်း၊ ထားနည်း၊ သုံးစွဲလျှင်ရမည့် ရလဒ်များကို နားလည်အောင်ရှင်းပြ၍ မိစ်ဝါးက်တိုက်တတ်သည့်အကျင့်ဖြစ်အောင် သင်ကြားပေးထားရပါမည်။

မိစ်ဝါးက်၏ အကျိုးကျေးဇူးများသည်ကား မရေမတွက်နိုင်အောင်ပင် ဖြစ်သလို စွန်နသ်တော်တစ်ခုလည်း ဖြစ်ပေသည်။ ဤနေရာတွင် အကျိုးကျေးဇူးများကို အထူးမဖော်ပြတော့ပါ။ စာအုပ်ကိုသာ ညွှန်းဆိုလိုက်ပါမည်။ မြန်မာဘာသာဖြင့် "ဖဇာအိလေမစ္စဝါးက်" ဟူသောစာအုပ်တွင် အကျယ်တဝင့်လေ့လာဖတ်ရှုနိုင်ပါသည်။ အထက်ပါအကြောင်းအရာတို့ကိုလည်း ၎င်းစာအုပ်မှပင် ကောက်နှုတ်ထားပါသည်။

အလ်မုဖီးဒ်
ဟိဂ်ျရီ ၁၄၃၇/ မုဟရ်ရမ်လ/ ၉/ ယောင်မုလ်ဂျွမ်အာ
23/ 10/ 2015/ သောကြာနေ့

-----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, October 27, 2015

ဘက်စုံအသုံးဝင်သည့် သဘာဝအစားအစာ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/837699049684019:0

သဘာဝအစားအစာများတွင် ကျန်းမာရေးအထောက်အကူပြုသည့် ဓါတ်များ၊ လူ့ခန္ဓာကိုယ်တွင် လိုအပ်သည့် ဗီတာမင်များ ပါဝင်ပါသည်။ သဘာဝမှ တိုက်ရိုက်ရရှိသည်များကို သုံးစွဲရခြင်း၏ ရလဒ်ကောင်းမှာ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းပင် ဖြစ်သည်။ ဆေးဝါးများသုံးစွဲခြင်းသည် တစ်ဖက်တွင် ရောဂါအမျိုးအစားတစ်ခုကို ပျောက်ကင်းစေသော်လည်း နောက်တစ်ဖက်တွင် တခြားရောဂါတစ်ခုဖြစ်ဖို့ အခွင့်အလမ်းဖြစ်လာရပေသည်။ သဘာဝဖြစ် အပင်များ၊ သစ်ဥ၊ သစ်ဖုများတွင် သီးသန့်ရောဂါတစ်ခုစီကို ပျောက်ကင်းစေနိုင်သည့် အစွမ်းများ ရှိပါသည်။ ယခုတင်ဆက်မည့် သဘာဝအစားအစာ ဟူသည်မှာ သစ်ပင်၊ သစ်ဥ၊ သစ်ဖု အားလုံးတို့မှပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် အစားတစ်မျိုးဖြစ်ပြီး သီးသန့်ရောဂါတစ်မျိုးအတွက်ပင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်း၊ အပြင်နှစ်ခုလုံးအတွက် ဆေးဝါးသဖွယ်သာမက အားဆေးတစ်ခုပုံစံဖြင့် အစဉ်သုံးစွဲသွားနိုင်မည့် ဘက်စုံအသုံးဝင်သည့် အစာတစ်မျိုးဖြစ်ပါသည်။ ကြာကြာသုံးစွဲလေ အရည်အသွေးပိုတတ်လေဖြစ်မည့် အစားအစာဖြစ်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကောင်းကျိုးသာတိုးမည့် အစာတစ်မျိုးဖြစ်သည်။

ဤနေရာ၌ ဖော်ပြမည့် ဆိုးကျိုးကင်း၍ ကောင်းကျိုးတိုးမည့် ဘက်စုံအသုံးဝင်သည့် သဘာဝအစားအစာဟူသည်မှာ ....... ပျားရည် ဖြစ်သည်။ အစားအစာဟု ရေးသားရခြင်းမှာ ပျားရည်ကို အများစုက ဆေးဝါးပုံစံ သတ်မှတ်သုံးစွဲသည်။ ထိုသို့ ဆေးဝါးပုံစံ သတ်မှတ်သုံးစွဲသည်ထက် ပိုကောင်းသည်မှာ အစားအစာပုံစံ သတ်မှတ်လိုက်ခြင်းဖြစ်၏။ သဘောမှာ ဆေးဝါးဟု သတ်မှတ်ထားလျှင် ရောဂါ၊ အနာဖြစ်မှ သုံးစွဲမည်ဖြစ်သည်။ အစားအစာဟု သတ်မှတ်လိုက်လျှင် နေ့စဉ်စားသောက်နေကြအစာများတွင် ယင်းပျားရည်သည်လည်း ပါဝင်လာပေမည်။ ပျားရည်သည် နေ့စဉ်စားသုံးနေကြအစာတွင် အမြဲပါဝင်ရမည့် အဟာရတစ်မျိုးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပျားရည်သည် အသက်ရှည်ဆေးတစ်ခုဖြစ်ရုံသာမက အသက်ရှင်ဆေးတစ်ခုလည်း ဖြစ်ပေသည်။ ကာကွယ်ဆေးတစ်ခုလည်းဖြစ်သလို အားဆေးတစ်မျိုးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ပျားရည်ကို သုံးစွဲလိုလျှင် လိုအပ်မှ သောက်သုံးသည်မဟုတ်ပဲ နေ့စဉ်အစာတစ်ခုအဖြစ် ထည့်သွင်းသုံးစွဲပါရန် အကြံပြုအပ်ပါသည်။

ပျားရည်ကို အသက်ရှင်ဆေး၊ အသက်ရှည်ဆေး၊ အားဆေးအဖြစ်အသုံးပြုနိုင်သလို ကာကွယ်ဆေး၊ လိမ်းဆေးနှင့် အလှအပများအတွက်ပါ အသုံးချနိုင်သည်။

ပျားရည်သည် အသက်ရှည်ဆေးဖြစ်ခြင်း
ရှေးယူနာနီသမားတော်များက ပျားရည်သည် လူ့အသက်ကိုရှည်စေကြောင်း လက်ခံထားသလို ၎င်းတို့၏ နေ့စဉ်စားသုံးမှုတွင် ပျားရည်ကို မပါမဖြစ် ထည့်သွင်းထားပါသည်။ ထိုသမားတော်များထဲမှ တစ်ဦးဆိုလျှင် အသက် ၁၁၅နှစ်အထိ နေထိုင်ခဲ့ရသည်။ ၎င်းကလည်း ပျားရည်ကြောင့် ဤမျှအသက်ရှည်ရသည်ဟု ပြောပြသည်။ နောက်ထပ်သမားတော်တစ်ဦးမှာ အသက် ၁ဝ၉နှစ်အထိ နေထိုင်ခဲ့ရသည်။ ရောမသမိုင်းရေးဆရာ ပလိုတားက်က ရှေးဗြိတိန်သားတို့နှင့် ပတ်သက်၍.....၎င်းတို့သည် အသက် ၁၂ဝကျော်သည်အထိ နေထိုင်ကြရကြောင်း ရေးသားထားသည်။ ဤသို့ ဖိုးသက်ရှည်ဖြစ်ရခြင်း၏ လျှို့ဝှက်ချက်မှာ ပျားရည်ပင်ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားပေသည်။ ထိုခေတ်က ဗြိတိန်ရှိ လူတိုင်းလိုလို ပျားမွေးကြသည်။ ထိုခေတ်ထိုအခါ၏ စာပေများ၌ ဗြိတိန်နိုင်ငံကို ပျားရည်ထွက်သည့်ကျွန်းဟုပင် တင်စားထားကြပါသည်။ ထို့ကြောင့် သမိုင်းက သက်သေခံထားသည့် အသက်ရှည်ရန် အဓိကအသုံးဝင်သော ပျားရည်ကို ဆေးဝါးဟု သတ်မှတ်မထားပဲ နေ့စဉ်အစာအဖြစ် သုံးစွဲကြပါဟု တိုက်တွန်းအပ်ပါသည်။

အစာလည်းဆေး ဆေးလည်းအစာ
ပျားရည်၏ အရည်အချင်းသည် အစာလည်းဆေး ဆေးလည်းအစာဟူသည့် အပိုင်းနှစ်မျိုးလုံးတွင် ပါဝင်ပါသည်။ ပျားရည်ကို ကြာကြာသုံးလေ ရောဂါဝေးလေပင်ဖြစ်သည်။ ကျွန်ုပ်တို့နေ့စဉ်စားသုံးနေကြအစာများတွင် လျော့နည်းနေသည့်ဓါတ်များနှင့် မပါဝင်သည့်ဓါတ်များကို ပျားရည်က ဖြည့်စည်းပေးလိမ့်မည်။ အိမ်တိုင်းတွင် ပျားရည်ပုလင်းကို အထူးဆောင်ထားသင့်ပါသည်။ ကုမရသော ရောဂါများနှင့် ပြင်းထန်သောရောဂါများအတွက် ပျားရည်က အလွန်အသုံးဝင်လှပေသည်။ နှလုံးနှင့် အဆုတ်ရောဂါတို့ကို အထူးပျောက်ကင်းစေသည်။ အစာအဖြစ်အသုံးပြုနေသောပျားရည်ကို ရုတ်တရက်ဖြစ်လာသည့် ရောဂါတို့အတွက် ဆေးဝါးအဖြစ်လည်း အသုံးချနိုင်ပေသည်။

ပျားရည်အစာကြေဆေး
များများစား မြန်မြန်စား မြန်မြန်မျိုချ......။ အမျိုးအစားအစုံတည်ခင်းထားတဲ့ စားပွဲကြီးရှေ့မှာ အစားအစာဝါးစားပါဟူသောဆောင်ပုဒ်မှာ ဦးနှောက်အတွင်း ချောင်ကပ်သွားရသည်သာ ဖြစ်၏။ ယနေ့အချိန်တွင် အစားတစ်လုတ်ကို ကျေညက်အောင်ဝါးပြီးမှ မျိုချခြင်းဟူသည့် ကျန်းမာရေးနည်းလမ်းကို လိုက်နာသူ အလွန်နည်းသွားရချေပြီ။ မြန်မြန်စား မြန်မြန်မျိုချသာ ပြုလုပ်ကြပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် များများရောဂါဖြစ်၍ မြန်မြန်သေကြပေတော့သည်။ ခန္ဓာကိုယ်လည်ပတ်ရှင်သန်ရန်အတွက် အဓိကအကျဆုံးဖြစ်သော သွေးသည် စားလိုက်သည့်အစာများကိုအခြေခံ၍ အစာအိမ်၏ချေဖျက်မှုနှင့်အညီ ဖြစ်ပေါ်လာပေသည်။ မိတ်ဆွေတို့ မြင်ဖူး ကြားဖူးပါလိမ့်မည်။ အသားအရည် စိုပြေဝင်းပနေတာပဲ၊ သွေးသားကောင်းလို့ ကျန်းမာနေတာ၊ သွေးအားနည်းလို့ ဖြူရော်ရော်ဖြစ်နေရတာ။ သွေးအားများပြီး သွေးတက်နေတာ ..... စသဖြင့် သွေးကိုအခြေခံကာ ခန္ဓာကိုယ်ကျန်းမာမှုနှင့် အသားအရောင်တို့သည် လိုက်ပါပြောင်းလဲရပေသည်။ ထိုသွေး၏ အခြေခံသည် အစာအိမ်ဖြစ်သည်။ အစာအိမ်၏အခြေခံသည် အစာနှင့် စားသုံးမှုပုံစံပင်ဖြစ်သည်။ များများစားကြပြီး မြန်မြန်မျိုချနေကြသည့် ကျွန်ုပ်တို့အတွက် မြန်မြန်အစာကြေစေရန် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။ သကြားထက် ပျားရည်က အစာကြေလွယ်သည်ဟု ကျန်းမာရေးအသစ်တွေ့ရှိချက်တို့က ထောက်ခံပေးထားသည်။ သကြားအသုံးပြုရာတွင် များပါက အစာချေဖျက်မှုကို အနှောက်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းခြင်း အစာမကြေခြင်းတို့ ဖြစ်ရပေသည်။ ပျားရည်သည် အန္တရာယ်ပေးခြင်း လုံးဝကင်း၏။ ပျားရည်သည် သွေးထဲစိမ့်ဝင်ပြီး အမြန်ပင် သွေးဖြစ်သွားပေသည်။ ပျားရည်ကို ကြေညက်စေရန် ချေဖျက်မှုသည် ငါးမိနစ်မျှပင် မကြာပေ။ ဤမျှလျှင်မြန်စွာ လူသားကို အကျိုးပြုသော ပျားရည်ဖြစ်ပါသည်။ ကလေးများနှင့် အစာအိမ်အားနည်းသူ အစာကြေမှုအားနည်းသူတို့အတွက် အနှိုင်းမရှိသော ဆေးပင် ဖြစ်ပါသည်။ ယနေ့ခေတ်၏ လျှာအရသာခံအစာများကို အသင်စားသုံးပြီးလျှင်ဖြစ်စေ အသင့်၏ ကလေးများ စားပြီးလျှင်ဖြစ်စေ ပျားရည်ကို စားသုံးပေးပါ။ အသင့်ဝမ်းဗိုက်ထဲက အစာအိမ်အတွက် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။

အစာကြေရန် ဆေးနည်းပုံစံအချို့ဖော်ပြပါမည်။
၁။ လက်ဖက်ရည်တစ်ခွက်စာခန့် ရေနွေးပူပူလေးထည့်ပါ။ ပျားရည်တစ်ဇွန်း ထည့်ပါ။ ကောင်းစွာမွှေ၍ လက်ဖက်ရည်ကဲ့သို့ ဖြည်းဖြည်းခြင်းသောက်ပါ။ နေ့စဉ် တစ်နေ့သုံးကြိမ် အစားမစာမီ နာရီဝက်ကြို၍ သောက်ပါ။ ဤနည်းသည် အစာမကြေဖြစ်တတ်သူများအတွက် သင့်လျော်ပါသည်။
၂။ အစာစားပြီးနောက် နံနက်၊ ညနေ နှစ်ကြိမ်လုံးတွင် ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းစာ လျက်စားပါ။ အစာကောင်းစွာ ကြေစေပါသည်။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲအောင် ပျားရည်ဆောင်
မြန်မာဆိုးရိုးစကားတွင် ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဟူ၍ ရှိသည်။ ကျမ်းမာရေးတွင် သုံးစွဲသလို စီးပွားရေးအတွက်လည်း ၎င်းဆိုရိုးကို ပမာပြုကြပေသည်။ ကျန်းမာရေးတွင် ဝမ်းတစ်လုံးကောင်း ဟူသည် ဝမ်းမီးငြိမ်းခြင်းကို ဆိုလိုသည်။ ဝမ်းမီးအေးငြိမ်းပါက ခန္ဓာကိုယ်၏ ခေါင်းဆောင် ဦးခေါင်းမခဲပဲ အေးဆေးသက်သာစွာ ကျန်းမာသုခ ခံစားရပေမည်။ မစာမကြေခြင်းမှ အစပြု၍ ရောဂါအစုံမဖိတ်ခေါ်ပဲ ရောက်လာကြသလို ဝမ်းချုပ်ခြင်းသည်လည်း ၉၆ပါးရောဂါ၏ အစပျိုးရာ အကြောင်းခံတစ်ခုပင်ဖြစ်သည်။ ဆီးရွှင်ဝမ်းမှန်လျှင် စိတ်ချမ်းသာစရာပင်။ ယခု ၉၆ပါး၏ ခေါင်းဆောင် ဝမ်းချုပ်ခြင်းကိုပျောက်အောင် သောက်ကောင်းသည့် ပျားရည်ကို ဆောင်ကြပါမည်။

နည်း ၁။ ရေကို အနည်းငယ်ပူစေ၍ ဇွန်းကြီးတစ်ဇွန်းစာ ဂျုံအသန့်ကို ထည့်ပါ။ ရေအေးသွားလျှင် ပျားရည်ထည့်၍ သောက်ပါ။ ဝမ်းချုပ်ခြင်း ကင်းဝေးပါမည်။
နည်း ၂။ နွားနို့ပူပူတွင် ပျားရည်နှစ်ဇွန်းထည့်သောက်ပါ။ ဝမ်းချုပ်ခြင်း သက်သာပါမည်။
နည်း ၃။ နံနက်စာစားနှင့်အတူ ပျားရည်ကိုပါ အစဉ်အမြဲစားသုံးပေးလျှင် ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေပါမည်။

အသည်းအားနည်းသူများအတွက်
ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းခန့်ကို နွားနို့နှင့် ရောသောက်ပါ။ နွားနို့မတတ်နိုင်ပါက ပျားရည်ကိုသာ သောက်ပါ။ အသည်းအားနည်းမှုတွင် အကျိုးထူးလာစေပါမည်။ နေ့စဉ် စွဲမြဲစွာ သုံးဆောင်သွားပါ။

ချောင်းဆိုးကင်းစင် အသံကြည်လင်
ပျားရည်တွင် သံပုရာရည်ညှစ်ပြီး လျက်ပေးပါ။

နှာစေး၊ နှာချေ ပျောက်စေ
ပျားရည်နှစ်ဇွန်း၊ သံပုရာသီးတစ်ခြမ်းနှင့်ရော၍ နေ့ပိုင်းတွင် သုံးကြိမ်မှ လေးကြိမ်အထိ သောက်သုံးပါ။ သံပုရာသီးရာသီမဟုတ်လျှင် ရေနွေးပူပူတစ်ခွက်တွင် ပျားရည်တစ်ဇွန်း၊ ဂျင်းရည်ဇွန်းတစ်ဝက် လတ်လတ်ဆတ်ဆတ်ဖျော်သောက်ပါ။

ကလေးနှင့် ပျားရည်
ကလေးနှင့် ပျားရည်သည် ကလေးတည်စကတည်း မပျက်တမ်းတွဲစပ်ထားရမည့် အစာတစ်ခုဖြစ်ပါသည်။ အားဆေး၊ ကာကွယ်ဆေးအဖြစ်အသုံးပြုလိုပါက၊ မိခင်လောင်းအတွက် အကောင်းဆုံးလက်ဆောင်ပေးလိုပါက ပျားရည်ကို သတိရလိုက်ပါ။ သန္ဓေသားဖွံဖြိုးရန် ကျန်းမာကြံ့ခိုင်ရန်နှင့် မိခင်ဖြစ်သူ ရွှင်လန်းနေစေရန် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။ ဇနီးကောင်း မိခင်လောင်းတို့အနေဖြင့် ကလေးတည်စကတည်းက ပျားရည်ကို ပုံမှန်သုံးစွဲနေသင့်ပါသည်။ ကလေးမီးဖွားပြီးနောက်တွင် ဆက်လက်သုံးစွဲပါဟု အကြံပြုပါသည်။ ကလေးငယ်များအတွက် ပျားရည်သည် အလွန်ကောင်းသော သဘာဝအစားအစာပင်ဖြစ်ပါသည်။ သကြားလုံးများ အချိုများ လျှာအရသာခံအစာများနှင့် ကမီကယ်အားဆေးတို့ထက် ပျားရည်ကိုသာ ကလေးတို့အတွက် သုံးပေးပါ။ ပျားရည်အမြဲသုံးစွဲပေးထားသော ကလေးငယ်တို့သည် ကျန်းမာကြံ့ခိုင်ကြပြီး ရွှင်လန်းတက်ကြွနေပါမည်။ မှတ်ဉာဏ်ဖွံ့ဖြိုးရန် ပျားရည်က အထောက်အကူပြုပေးပါသည်။

ကလေးနားပြီယိုလျှင် -- ပျားရည် ၁ဝ ဂရမ်၊ တမာရွက် ၁ဝ ဂရမ်။ တမာရွက်ကို ပျားရည်နှင့်အတူ အပူပေး၍ နားထဲသို့ တစ်စက်ခန့်ထည့်ပေးပါ။

ကလေးသွားပေါက်လျှင် -- ပျားရည်ကို မခမ်း(ပေါင်မုန့်နှင့်သုပ်စားသည့် ထောပတ်)ဖြင့် ရော၍ နေ့ပိုင်းတွင် သုံးကြိမ် ကလေးသွားဖုံးပေါ်သို့ လိမ်းကျံပေးပါ။ သို့မဟုတ် ပျားရည်နှင့်ဆားကို ရော၍ လိမ်းပေးပါ။

ကလေးချောင်းဆိုး -- ပျားရည်ကို ဆားအနည်းငယ်နှင့်အတူ မီးပေါ်မှာထားပါ။ ပျားရည်ကွဲသွားလျှင် ရေကြည်ကိုယူ၍ အနည်းငယ်တိုက်ပါ။

ကလေးဗိုက်နာ -- ပျားရည်အစစ် (၁ဝ) ဂရမ်၊ နှင်းဆီရည်၊ စမုံစပါးရည်၊ ပူစီနံရည်တို့ကို (၂ဝ) ဂရမ်စီ။ ပျားရည်နှင့် ကျန်အရည်တို့ကိုရော၍ တစ်နေ့ လေးကြိမ်တိုက်ပါ။ ကလေးဗိုက်နာမှုအတွက် သင့်တော်ပါသည်။

ကလေးများ အလွန်ကျို့ထိုးနေခြင်း ပျားရည်လျက်ခိုင်းပါ။
ကလေးများ အလွန်အန်နေလျှင် ပျားရည်နှင့်ရေကိုရော၍ တိုက်ကျွေးပါ။ အစားအသောက်အနေဖြင့် ဆိတ်နို့တိုက်ပါ။ သက်သာမှုရရှိပါမည်။ ကလေးများ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်းတို့အတွက် ပျားရည်နှင့်ရေ ရောတိုက်ခြင်းက အစွမ်းထက်အကျိုးရှိစေပါမည်။

ကလေးမွေးမွေးပြီးခြင်း ပျားရည် သုံး၊ လေးစက် ခံတွင်းတွင်တို့ပေးပါ။ လည်ချောင်း၊ အစာအိမ်နှင့် အူများကို ရှင်းလင်းစေပါသည်။ ဆိုးကျိုးများ မဖြစ်ပေါ်စေပါ။ အစာအိမ်၏ နုသောအပိုင်းကို ကာကွယ်ပေးပါသည်။

ကလေးအားဆေး -- နွားနို့ပူပူနှင့် ရေနွေးတွင်ဖျော်ထားသည့် ပျားရည်ရော၍ တိုက်ပေးပါ။ ဤအရည်ကိုသောက်သောကလေးတို့သည် ရောဂါပေါင်းစုံမှ ကာကွယ်မှုရရှိသည့်အပြင် ကလေးများအတွင်း ရောဂါကိုခုခံကာကွယ်အား ရရှိလေသည်။

ကလေးများကြီးထွားစေရန် -- ကလေးဟူသည် အလွန်လှုပ်ရှားတတ်သူဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ခန္ဓာကိုယ်သည် လောင်စာဓါတ်များစွာကို တောင့်တပေသည်။ အများအားဖြင့် ကလေးတို့သည် အချိုကို နှစ်သက်သည်။ အချိုဓါတ်သည်လည်း အမှန်တကယ်ပင် အားဖြစ်စေပါသည်။ သို့ရာတွင် ပေးလိုက်သည့် အချိုက မှန်ကန်မှုရှိရပေမည်။ အချိုအားလုံးတွင် အကောင်းဆုံးက ပျားရည်ဖြစ်သည်။ ပျားရည်သည် သဘာဝမှ တိုက်ရိုက်ရသည့် အချိုဖြစ်သည်။ ထို့ကြောင့် ကလေးတို့ကို ပျားရည်စားစေပါ။ ပျားရည်စားသုံးသောကလေးသည် အအေးဒဏ်ကို ခံနိုင်ရည်ရှိမည်။ ကြီးထွားနှုန်းမြန်ဆန်ပြီး ရောဂါအဖြစ်လည်း နည်းပါးမည်။ ထို့ကြောင့် တခြားသော အချိုမုန့်များထက် ပျားရည်ကို တိုက်ကျွေးပေးပါ။

လန်းဆန်းမောပြေပျားဖျော်ရည်
အထက်တွင် ပျားရည်သည် အသက်ရှည်ဆေးတစ်မျိုးပင်ဖြစ်၍ အစဉ်သုံးစွဲရန် ရေးသားခဲ့ပါသည်။ ပျားရည်ကို အမြဲစားသုံးနိုင်သည့် နည်းလမ်းတချို့ကို တင်ဆက်ပါမည်။ ပျားရည်ချည်းသက်သက်လည်း စားသုံးနိုင်သလို ဖျော်ရည်ပုံစံဖြင့်လည်း သောက်သုံးသွားနိုင်သည်။ ပျားဖျော်ရည်သည် ပင်ပမ်းနွမ်းနယ်မှု၊ မောပန်းမှုတို့ကို ပျောက်ကင်းစေသည်။ ဉာဏလုပ်သားများအတွက် ဦးနှောက်အားဆေး၊ ကာယလုပ်သားတို့အတွက် လန်းဆန်းဆေးဖြစ်ပါမည်။ ပျားရည်ကို အမြဲသုံးဆောင်လိုသူအတွက်လည်း အရသာတွေ့စေမည့် ဖျော်ရည်တစ်ခွက်ဖြစ်ပေသည်။
နည်း ၁။ ရေတစ်ခွက်တွင် သံပုရာသီးတစ်ခြမ်း အရည်ညှစ်၊ ပျားရည်နှစ်ဇွန်းရောလိုက်ပါ။ နွေရာသီဆိုလျှင် ရေခဲတုံးထည့်သောက်ပါ။ ဆောင်းရာသီဆိုလျှင် ရေနွေးဖြင့် သုံးဆောင်ပါ။
နည်း ၂။ အလွန်ပင်ပမ်းနွမ်းနယ်နေသည့်အချိန်တွင် ပျားရည်ကို ရေနွေးပူပူတွင် ရော၍သောက်သုံးလျှင် အသစ်တစ်ဖန်လန်းဆန်းမှု ဖြစ်ပေါ်လာပါသည်။
နည်း ၃။ ပန်းသီးရှလကာရည်နှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း ရောဖျော်၍ သောက်နိုင်သည်။ ဤဖျော်ရည်သည် အဆစ်အမြစ်နာမှ အမောရောဂါအဆုတ်နာအထိ၊ လူအိုနာမှ အသားအရေပြားရောဂါအထိ ရောဂါတိုင်းကို ပျောက်ကင်းစေပါသည်။
ပျားရည်ကို ဖျော်ရည်ပုံစံဖြင့် အမြဲသုံးဆောင်ခြင်းက ပို၍သင့်လျော်ပါသည်။

ပျားရည်စားချိန်သတိပြုရန်
ပျားရည်သီးသန့်ကို စားလျှင်ဖြစ်စေ၊ တိုက်ကျွေးလျှင်ဖြစ်စေ ဇွန်းနှင့်တိုက်ရိုက်မစားပါနှင့်။ သီးတတ်ပါသည်။ ပျားရည်သီးလျှင် အသက်ရှုလမ်းကြောင်းပိတ်စေသည်။ ထို့ကြောင့် လက်ဖဝါးထဲထည့်၍ လျက်ပေးပါ။ ကလေးငယ်လေးများကို လက်ဖြင့်သာ တို့ပေးပါ။

ပျားရည်လိမ်းဆေး
ပြည်တည်နာ၊ အပူဖု၊ မီးလောင်၊ ဆီပူလောင်၊ အပူလောင်၊ အရေပြားနာ၊ မရင့်မှည့်သည့်အနာ၊ အရေပြားခြောက်သွေ့ခြင်း၊ ခြစ်ရာများ၊ ယားနာ၊ နာကျင်နေသည့်ဒဏ်ရာများ အားလုံးတွင် ပျားရည်ကိုသာ လိမ်းပေးပါ။ အလွန်ထိရောက်ပါသည်။ မီးလောင် ဆီပူလောင်တို့အတွက် အမာရွတ်ပါမကျန်စေမည့် လိမ်းဆေးဖြစ်ပါသည်။

ပျားရည်နှင့် အလှအပ
ဝိတ်ကျ -- ပျားရည်တစ်စ၊ ရေနွေး ခုနှစ်စဖြင့် ရောသောက်လျှင် အဆီလျော့ကျပါမည်။
ဆံပင် -- ပျားရည်တစ်ပုံ၊ သံပုရာရည်နှစ်ပုံ ရော၍ ခေါင်းကိုပွတ်တိုက်ပါ။ ငါးမိနစ်ခန့်မျှ ထားပါ။ ရေသန့်ဖြင့်ဆေးချပါ။ (ခေါင်းလျှော်ရည်ဖြင့် မလျှော်ချရ)။ ဆံပင်ကျွတ်၊ ဆံပင်ကျဲပျောက်ကင်းစေ၍ ဆံပင်သန်စွမ်းစေပါသည်။
မျက်နှာ -- မျက်နှာအသားအရည်စိုပြေအေးမြစေရန် ပျားရည်ကိုသာ လိမ်းကျံထားပါ။ ပေါင်းဆေးကဲ့သို့ အသုံးပြုနိုင်ပါသည်။ တစ်နာရီခန့်ထား၍ ရေဖြင့်မျက်နှာသစ်ချလိုက်ပါ။

ပျားရည်သည် ဘက်စုံအသုံးပြုနိုင်သည့် သဘာဝအစားအစာတစ်ခုပင် ဖြစ်သည်။ ပျားရည်ကို ဆေးဝါးဟုသတ်မှတ်၍ ရောဂါဖြစ်မှသုံးစွဲခြင်းထက် အစားတစ်ခုဟုသတ်မှတ်ပြီး မိမိတို့၏ နေ့စဉ်စားသုံးမှုတွင် အစဉ်အမြဲ ထည့်သွင်းစားသုံးပါရန် အကြံပြုအပ်ပါသည်။
ဤအကြောင်းအရာကို "ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ကျမ်းလာ ပျားရည်၏ ထူးခြားသည့်အာနိသင်များ" စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

အလ်မုဖီးဒ်
ဇုလ်ဟိဂ်ျဂျာ/ ၂၄/ ယောင်မုလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆

-----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, October 7, 2015

ရွှေအိုးနှင့် မြွှေအိုး


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/835355619918362:0

ရှေးအခါက အတ်က်ဗရ်ဟု အမည်ကျော်ကြားသော ဘုရင်ကြီးတစ်ပါးရှိခဲ့၏။ တစ်နေ့သ၌ အတ်က်ဗရ်ဘုရင်သည် အမဲလိုက်ရန်အတွက် နန်းတော်မှထွက်တော်မူခဲ့၏။ နေပူချိန်တွင် ဘုရင်ကြီးသည် ရေဆာလောင်လာ၍ ကလ္လူး အမည်ရှိသော ပညာမဲ့တောသားတစ်ယောက်ထံမှ ရေတစ်ခွက်တောင်းယူ၍ သောက်တော်မူခဲ့၏။

ဘုရင်ကြီးသည် အမဲလိုက်ရာမှအပြန်တွင် ကလ်လူးထံသို့ဝင်၍ အရေးအကြောင်းကိစ္စများ၌ အကူအညီပေးနိုင်ရန်အတွက် မိမိထံသို့ အလွယ်တကူဝင်တွေ့နိုင်ရန်အလို့ငှာ ခွင့်စာတစ်စောင်ကိုရေးသားပြီးလျှင် ဆင်းရဲသားကလ်လူးကို ပေးအပ်တော်မူခဲ့လေ၏။ ကလ်လူးသည် ဘုရင်ကြီးကို ဘုရင်ကြီးမှန်း မသိခဲ့ချေ။

ထို့ကြောင့်သူသည် ၎င်းစာကို သာမန်ခရီးသည်တစ်ယောက်ကပေးခဲ့သည်ဟုသာ ယူဆပြီးလျှင် အိမ်ထဲတစ်နေရာ၌ ထိုးထားလိုက်လေသည်။ မိုးရာသီတွင် ကလ်လူးအိမ်မှာ ခေါင်မိုးပေါက်ပြီး မိုးယို၍ တစ်အိမ်လုံး စိုရွှဲနေလေ၏။

ထို့ကြောင့် အိမ်ရှင်မက ကလ်လူးအား ထိုစာကိုယူပြီး စာပေးခဲ့သော သူဌေးကြီးထံသို့သွား၍ အကူအညီတောင်းရန် အကြံပေးလေသည်။ ကလ်လူးသည် စာမတတ်သောကြောင့် ထိုစာကိုယူပြီးလျှင် ပညာရှင်တစ်ယောက်အား ဖတ်ခိုင်းရာ ပညာရှင်က စာကိုဖတ်ကြည့်ပြီး ...

ဒီစာဟာ အတ်က်ဗရ်ဘုရင်မင်းမြတ်ကြီးရဲ့ စာဖြစ်တယ်။ ဘုရင့်နန်းတော်ကို ရောက်တဲ့အခါ ဒီစာကိုထုတ်ပြရင် ဘုရင်မင်းမြတ်နဲ့ အလွယ်တကူတွေ့နိုင်လိမ့်မယ် ... ဟူ၍ ကလ်လူးအား ပြောပြလေသည်။ ကလ်လူးသည် ထိုစာကိုယူပြီး ဘုရင်မင်းမြတ်နန်းစိုက်ရာမြို့တော်သို့ ခရီးနှင်ခဲ့လေ၏။

ကလ်လူးသည် နန်းတော်သို့ရောက်ရှိလာပြီးလျှင် ထိုစာကို ထုတ်ပြလိုက်လေ၏။ နန်းတော်၏အစောင့်များသည် ဘုရင့်စာကိုတွေ့မြင်ပြီး ကလ်လူးအား လေးလေးစားစားဖြင့် ဘုရင်မင်းမြတ်ထံပို့ဆောင်ပေးကြလေသည်။ ကလ်လူးသည် အပ်က်ဗရ်ဘုရင်ကြီးထံ ရောက်ရှိလာချိန်၌ ဘုရင်ကြီးက နမားဇ်ဝတ်ပြုပြီးနောက် လက်ဖြန့်၍ ဒုအာဆုမွန်တောင်းနေသည်ကို တွေ့မြင်လေ၏။

ဘုရင်ကြီးသည် မိမိအလုပ်ပြီးသောအခါ လွန်စွာပူပြင်းနေသောအချိန်၌ တောထဲမှာ မိမိအား ရေတိုက်ကျွေးခဲ့သော ကလ်လူးကို တွေ့မြင်ပြီး ဝမ်းသာအားရစွာဖြင့် ကြိုဆိုနှုတ်ဆက်တော်မူ၏။ ထိုအခါ ကလ်လူးက ...
ဘုရင်မင်းမြတ်ကြီးသည် ဖကီရ်သူတောင်းစားကဲ့သို့ လက်ဖြန့်၍ မည်သူ့ထံတွင် အဘယ်အရာတောင်းခဲ့ပါသနည်း ... ဟု မေးမြန်းလေ၏။ ဘုရင်မင်းမြတ်က ..... ငါဟာ လိုအပ်တဲ့အရာဝတ္ထုတွေနဲ့ လိုအင်ဆန္ဒတွေအားလုံးကို ဖန်ဆင်းတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ထံတော်ပါးမှာ တောင်းခံလျက်ရှိပါတယ် ..... ဟူ၍ ကလ်လူးကို ပြောပြတော်မူ၏။ ကလ်လူးသည် ဘုရင်ကြီး၏ စကားကိုနားထောင်ပြီး ...
ဘုရင်ကြီးဟာ တိုင်းပြည်တစ်ပြည်လုံးကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင်ကြီးတောင် အလ္လာဟ်အရှင်မြတ်ရဲ့ ထံတော်ပါးမှာ တောင်းခံနေတယ်ဆိုရင် ကျွန်တော်တောင်းခံမယ်ဆိုရင်လည်း ကျွန်တော့်ကို အလ္လာဟ်အရှင်မြတ်က မပေးနိုင်ဘူးလား ... ဟူ၍ ဘုရင်မင်းမြတ်အား မေးမြန်းလေ၏။

သို့ပါ၍ ဘုရင်မင်းမြတ်က .... အလ္လာဟ်အရှင်မြတ်ဟာ အသင်နှင့် အခြားတောင်းဆိုသူများအားလုံးကို ပေးနိုင်ပါတယ်။ ဟူ၍ ဖြေကြားတော်မူ၏။

ကလ်လူးသည် ထိုစကားကို နားထောင်၍ ဘုရင်မင်းမြတ်ထံမှ မည်သည့်အကူအညီကိုမျှ မတောင်းခံတော့ဘဲ မိမိနေရပ်ဖြစ်သော တောရွာသို့ ပြန်သွားလေသည်။ ကလ်လူးသည် အိမ်သို့မရောက်မီ သူ၏လယ်ကွက်ထဲ တစ်နေရာ၌ ထိုင်ချလိုက်ရာ ငုတ်တစ်ချောင်းသည် ကလ်လူး၏ စအိုဝကို ထိုးမိသွားလေသည်။

ကလ်လူးသည် ဒေါသထွက်၍ ထိုငုတ်ကို ဆွဲနှုတ်ပစ်လိုက်လေ၏။ ထိုငုတ်ဆွဲနှုတ်လိုက်သည့် နေရာရှိ မြေကြီးအောက်တွင် ကြေးအိုးကြီးတစ်လုံးဖြင့် အပြည့်အသိပ်ရှိနေသော ရွှေ ငွေများကို တွေ့မြင်သွားလေသည်။

ထို့ကြောင့် ကလ်လူးက ရွာသူရွာသားများသည် သူ၏လယ်ယာများကို အပိုင်သိမ်းရန်အတွက် ကြံစည်၍ မိမိတို့၏ရွှေငွေများကို စုပြီး သူ၏လယ်ယာထဲတွင် လာရောက်မြှုပ်နှံထားခြင်းပင် ဖြစ်ရမည်ဟူ၍ ရွာသူရွာသားများအပေါ် အထင်မှားပြီး စဉ်းစားတွေးတောလိုက်လေတော့၏။ ကလ်လူးက အိမ်သို့ပြန်ရောက်သောအခါ အိမ်ရှင်မက သူ့၏ခရီးစဉ်အကြောင်းကို မေးမြန်းလေသည်။

ထိုအခါ ကလ်လူးက အိမ်ရှင်မအား ... ငါသွားတွေ့ခဲ့တဲ့ဘုရင်က ဖကီးရ်သူတောင်းစားတွေရဲ့ ခေါင်းဆောင်ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင့်ထံရောက်သွားတုန်းက ဘုရင်က သူတောင်းစားလိုပဲ လက်ဖြန့်ပြီးတောင်းနေတာကို ငါကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်။ ငါဟာ ဘုရင်မင်းမြတ်ကို အကျိုးအကြောင်းမေးမြန်းကြည့်တဲ့အခါ ဘုရင်မင်းမြတ်ကိုယ်တိုင်က အလ္လာဟ်အရှင်မြတ်ထံမှာ တောင်းခံနေတာကို သိရှိလိုက်ရတယ်။ ဒါ့ကြောင့်မို့ ငါလည်း အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာပဲ အကူအညီတောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး ဘုရင့်ထံမှာ အကူအညီမတောင်းပဲ ပြန်လာခဲ့တယ်။

ဒီတောမှာ ငါမရှိတုန်း အင်မတန်ဆန်းကြယ်တဲ့ အကြောင်းအရာတွေ ဖြစ်ပျက်နေတယ် ရှင်မရဲ့၊ ရွာသူရွာသားတွေဟာ သူတို့ရဲ့ ရွှေငွေတွေကို ကြေးအိုးကြီးတစ်လုံးထဲမှာ ထည့်ပြီး ငါ့လယ်ထဲမှာ လာမြှုပ်ထားကြတယ်။ သဘောကတော့ ငါ့လယ်ကို အပိုင်စီးဖို့အတွက် အကြံထုတ်နေကြတာပေါ့ကွာ .... ဟူ၍ အသေးစိတ် ရှင်းပြလေတော့သည်။

ရွာသူရွာသားများသည် ဤအကြောင်းအရာများကို ကြားသိ၍ ကလ်လူး၏လယ်ယာသို့ သွားရောက်ကြည့်ရှုကြလေသည်။ ထိုအခါ ရွာသူရွာသားများသည် ရွှေငွေများကို မမြင်ရသည့်အပြင် ကြေးအိုးကြီးထဲ၌ မြွှေဆိုးကင်းဆိုးများကို တွေ့မြင်ရ၍ ကြောက်လန့်သွားကြလေ၏။ ထို့ကြောင့် သူတို့သည် ကလ်လူးအား အထင်လွဲပြီး ......
ကလ်လူးသည် အပြင်သို့သွား၍ မှော်ပညာများကို သင်ယူလာခဲ့သည်။ ထို့နောက် တောထဲမှ မြွှေဆိုးကင်းဆိုးများကို ပညာဖြင့်ဖမ်းယူပြီး ကြေးအိုးကြီးထဲတွင်ထည့်၍ မြေကြီးအောက်၌ မြှုပ်ထားပြီး ရွှေအိုးငွေအိုးတွေ့ခဲ့သည်ဟု ကြေညာခဲ့သည်။ အကြောင်းမှာ ကျွန်ုပ်တို့အား မြွှေဆိုးကင်းဆိုးများက ပေါက်သတ်ပြီး ကျွန်ုပ်တို့သေကုန်ကြလျှင် ကျွန်ုပ်တို့၏ လယ်ယာကိုင်းကျွန်းများကို အပိုင်သိမ်းရန်အတွက် ကြံစည်ထားခြင်းပင် ဖြစ်ရမည် .... ဟူ၍ ယူဆလိုက်ကြလေ၏။

သို့ပါ၍ ရွာသူရွာသားများသည် ထိုကြေးအိုးကြီးကို ကလ်လူး၏ အိမ်သို့ သယ်လာခဲ့ကြလေ၏။ ထိုအကြောင်းကို ကလ်လူးက ကြားသိ၍ ...
" မင်းတို့အကြံကို ငါသိပါတယ်"
ဟု ပြောပြီး အိမ်တံခါးကို အပြီးပိတ်ချလိုက်လေသည်။ ရွာသူရွာသားများကလည်း .....
ကလ်လူးရယ် ... မင်းအကြံကိုလည်း ငါတို့သိပါတယ်ဟု ဆိုကာ သူတို့သယ်လာခဲ့သော ကြေးအိုးကြီးထဲမှ မြွှေဆိုးကင်းဆိုးများကို ကလ်လူး၏ အိမ်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပစ်ချကြလေတော့၏။

ကလ်လူး၏ အိမ်တွင်းသို့မူ မြွှေဆိုးကင်းဆိုးများ ကျရောက်လာရမည့်အစား ရွှေငွေ ကျောက်သံပတ္တမြားများ ကျလာလေ၏။ အိမ်ရှင်မသည် ထိုအခြင်းအရာကို တွေ့မြင်၍ အားလုံးကို ကောက်ယူပြီး သိမ်းဆည်းထားခဲ့ပါသည်။

များမကြာမီကာလအတွင်းမှာပင် ကလ်လူးသည် လွန်စွာကျိကျိတက်ချမ်းသာသော သူဌေးတစ်ဦး ဖြစ်လာခဲ့လေသတည်း။

**သိမှတ်ဖွယ်**
အလ္လာဟ်အရှင်မြတ်မှအပ တခြားအရာများကို အားမကိုးရပါ။ စစ်မှန်သောယုံကြည်မှုဖြင့် အလ္လာဟ်အရှင်မြတ်ကို အားကိုးသူများအား အလ္လာဟ်အရှင်မြတ်သည် ဂိုင်းဗ် အကွယ်မှ အကူအညီပေးတော်မူပါသည်။ သူတစ်ပါး၏ ဥစ္စာပစ္စည်းများကို မမက်မောသူ၊ လောဘမကြီးသူများမှာ မွန်မြတ်သောသူများပင် ဖြစ်၏။ အမလ်စစ်မှန်ရေးအတွက် စစ်မှန်သောယုံကြည်မှုမှာ များစွာလိုအပ်လှပေသည်။

[ဆရာကြီး မော်လာနာအဗ္ဗါးစ် ကာစေမီ ရေးသားသော "ချစ်ဆွေများအတွက် အသိပညာပေး ပုံပြင်လက်ဆောင်" အမည်ရှိစာအုပ်မှ ကူးယူဖော်ပြပါသည်။]

အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၁၉/ ယောင်မုလ်အဟဒ်/ ဟိဂျရီ ၁၄၃၆


စာသားကော်ပီယူသူများ Credit အပြည့်ကူးပါ

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

နမားဇ်များ၏ အမည်များ

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/834607396659851:0

အလ်မုဖီးဒ်မှ ဆွလားသ်၏ အဓိပ္ပါယ်နှင့် နမားဇ်၏ အဓိပ္ပါယ်၊ နမားဇ်အတွင်းမှ အခေါ်အဝေါ်များကို တင်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ ယခု နမားဇ်များ၏ အမည်များကို တင်ဆက်ပါမည်။ နမားဇ်တွင် နေ့စဉ်ဆောက်တည်ရန် ငါးကြိမ်သည် ဖရဇ်ဖြစ်သည်။ ကျန်ရှိသည့် နမာဇ်တို့မှာ နဖိလ်အိဗာဒသ်များဖြစ်ပြီး အခြေအနေတစ်ခုခုကြောင့် ဆောက်တည်ရသည့်နမားဇ်များလည်း ရှိပါသည်။ ထိုသို့သော နမားဇ်များ၏ အမည်များကို သိမှတ်သလောက် ရေးသားပါမည်။

ငါးကြိမ်ဖရဇ်နမားဇ်၏ အမည်များ
ဆွလာသုလ် ဖဂျရ် = နေမထွက်မီဖတ်ရသည့် နမားဇ်
ဆွလာသုဇ် ဇုဟုရ် = မွန်းတည့်ပြီးနောက် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် အဆွရ် = အရိပ်နှစ်ပြန်ကျချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် မဂ်ရိဗ် = နေဝင်သည့်အချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် အိရှာ = နေဝင်ပြီး အချိန်အနည်းငယ်ကြာပြီးနောက် ဖတ်ရသည့် နမားဇ်

နဖိလ်နမားဇ် ငါးကြိမ်၏ အမည်များ
ဆွလာသုလ် အိရှ်ရားက် = နေထွက်ပြီး ၁၅မိနစ်မျှနေပြီးနောက် ဖတ်ရသည့် နမားဇ်
ဆွလာသုသ် ဒုဟာ(ကျားရှ်-သ) = နေထန်းတစ်ဖျားခန့် ရောက်သည့်အချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုသ် သပ်(စ)ဗီဟ် = မွန်းတည့်ပြီးနောက် သို့မဟုတ် မိမိနှစ်သက်ရာအချိန်တွင် ဖတ်နိုင်သည့်နမားဇ်
ဆွလာသုလ် အောက်ဝါဗီးန် = မဂ်ရိဗ်ပြီးနောက် ဖတ်ရသည့်နမားဇ်
ဆွလာသုသ် သဟ်ဂျွဒ် = အိရှာအပြီးမှစ၍ ဖဂျရ်မရောက်ခင်အထိ ဖတ်နိုင်သည့် နမားဇ်

ခရီးထွက်သည့်အခါ (သတ်မှတ်ချက်ပြည့်စုံပါက) လေးရကသ်ဖရဇ်နမားဇ်ကို နှစ်ရကသ်ဖတ်ရခြင်း ရှိ၏။ ထိုသို့ဖတ်ရခြင်းကို ကဆွရ် ဟုခေါ်သည်။

စစ်တိုက်နေရသည်ဖြစ်စေ၊ စစ်ဖြစ်နေသည့်အချိန်ဖြစ်စေ၊ မုစ်လင်မ်တို့ ဂျမာအသ်ဖြင့် နမားဇ်ဆောက်တည်ရန် အခြေအနေလုံးဝ မရှိတော့သည့်အခါတွင်ဖြစ်စေ ဖရဇ်နမားဇ်ကို တစ်ဦးချင်း သို့မဟုတ် သတ်မှတ်ပုံစံဖြင့် ဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ခြင်းကို ဆွလာသုလ် ခေါဝ်(ဖ) ဟုခေါ်သည်။

ဆွလာသုလ် ဂျွမ်(မ)အဟ် = သောကြာနေ့ မွန်းတည့်ပြီးနောက် ဖတ်ရသည့်နမားဇ်

ဆွလာသုလ် အီဒုလ်ဖိသိရ် = ရမ်ဇာန်အီးဒ်နေ့ နေထွက်ပြီးနောက် ဖတ်သည့်နမားဇ်
ဆွလာသုလ် အီဒုလ်အဒ်ွဟာ = ဇိလ်ဟဂ်ျလ ၁ဝရက်နေ့တွင် ကျရောက်သောအီဒ်၌ ဖတ်သည့်နမားဇ်

ဆွလာသုလ် ဂျနာဇာ = သူသေအတွက် မြေမမြုပ်မီဖတ်ရသည့် နမားဇ်

ဆွလာသုသ် သရာဝီဟ် = ရမ်ဇာန်လ၌ အိရှာပြီးနောက်ဖတ်ရသည့် နမားဇ်

ဆွလာသုလ် ကုဆူဖ် = နေကြပ်သည့်အချိန် ဖတ်သည့်နမားဇ်
ဆွလာသုလ် ခုဆူဖ် = လကြပ်သည့်အချိန် ဖတ်သည့်နမားဇ်
ဆွလာသုလ် အိစ်(စ)သိစ်ကာအ် = မိုးဆုပန်နမားဇ်
ဆွလာသုသ် သဟိယသုလ်မတ်(စ)ဂျိဒ် = ဗလီဝင်နမားဇ်
ဆွလာသုသ် သဟိယသုလ်ဝုဇူ = ဝုဇူနမားဇ်
ဆွလာသုသ် သောဝ်ဗာ = အမှားဝန်ချနမားဇ်
ဆွလာသုလ် အိစ်သိခါရာ = အကြံဉာဏ်တောင်းသည့်နမားဇ်
ဆွလာသုလ် ဟာဂျသ် = လိုအင်ဆန္ဒတောင်းသည့်နမားဇ်

ဆွလာသုလ် ကသလ် = သေဒဏ်ကျခံရမည့် မုစ်လင်မ်သည် ပြစ်ဒဏ်မပေးမီ နောက်ဆုံးဖတ်သည့် နမားဇ်

{ဤနမားဇ်ဖြစ်ပေါ်လာပုံမှာ တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိ၏ ဆွဟာဗာများထဲ ကာရီတချို့ကို ဒေသတစ်ခု၌ ကုရ်အာန်သင်ပေးရန် စေလွှတ်လိုက်၏။ မက္ကဟ်သားကာဖိရ်တို့က လမ်းတစ်ဝက်မှနေ၍ ထိုဆွဟာဗာအားလုံးကို ဖမ်းဆီး၍ ဟဇ်ရသ်ခဗီးဗ်သခင်မှအပ ကျန်သူအကုန်ကို ထိုနေရာ၌ပင် သတ်ပစ်လိုက်သည်။ ဟဇ်ရသ်ခဗီးဗ်သခင်ကိုမူ မက္ကဟ်သို့ ခေါ်ဆောင်သွားပြီး လူအများရှေ့၌ ပွဲလုပ်၍ သတ်လေသည်။ ဟဇ်ရသ်ခဗီးဗ်သခင်သည် ထိုသို့အသတ်မခံရမီ ၄င်းတို့ထံမှ ခွင့်တောင်း၍ နမားဇ်နှစ်ရကသ်ဖတ်လိုက်သည်။ ထိုအချိန်မှစ၍ ဤနမားဇ်သည် မုစ်သဟဗ်ဖြစ်ခဲ့ပါသည်။}

နဝါဖိလေစဖရ် = ခရီးမထွက်မီ မိမိအိမ်၌ဖတ်သည့်နမားဇ်
မိမိနေရပ်မှ ခရီးထွက်မည်ဆိုပါက မထွက်ခွာမီ နေအိမ်၌ပင်နမားဇ်နှစ်ရကသ်ဖတ်လိုက်ရမည်။ မုစ်သဟဗ်ဖြစ်ပါသည်။
ခရီးမှပြန်လာလျှင် ဗလီသို့သွား၍ နမားဇ်ဖတ်ရမည်။ ပြီးမှ အိမ်သို့လာရမည်။
ဟဒီးစ်တော် - တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ခရီးမထွက်မီ မိမိအိမ်၌ ထိုနမာဇ်နှစ်ရကသ်ဖတ်သူသည် အကောင်းဆုံးသောအရာကို ချန်ခဲ့သူပင်ဖြစ်၏ဟု မိန့်တော်မူသည်။

ဟဂ်ျ၌ ဖရပ်ဇ်နမားဇ်နှစ်ကြိမ်ကို အချိန်တစ်ခုတည်း၌ ပေါင်းဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ရခြင်းကို ဂျမာအ်ဗိုင်းနတ်(ဆ)ဆွလာသိုင်း(န) ဟုခေါ်သည်။

မုစ်လင်မ်များဗဟုသုတတိုးစေရန် ရည်ရွယ်တင်ဆက်ပါသည်။
အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၁၇/ ယောင်မုလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အသားစားသုံးခြင်း၏ အကျိုးကျေးဇူး

အသားသည် လောကနှင့် နောင်တမလွန်ရှိ ဟင်းများအားလုံး၏ ခေါင်းဆောင်ဖြစ်သည်... ဟု တမန်တော်မြတ် ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူထားသည်။
အသားစားလျှင် ဝလင်စွာစားသုံးပါ။ အသားစားခြင်းဖြင့် လည်ချောင်းကို ကောင်းမွန်စေသည်။ အသားအရေ၏ အရောင်အဆင်းကို ကြည်လင်စေသည်။ ဝမ်းကို ဟာစေပါသည်။
နို့တွင် အသားကိုချက်၍စားပါက ခန္ဓာကိုယ်အားအင်လျော့နည်းမှုကို ပျောက်ကင်းစေသည်။
[တမန်တော်မြတ်၏ ကုထုံးလမ်းညွှန်ကျမ်း]
လူတို့စားသုံးကြသည့် အစာများတွင် အဓိကအားဖြင့် အသီးအနှံနှင့် အသားဟူ၍ နှစ်မျိုးပါရှိသည်။ လူတစ်ဦးစားသောက်သည့် အစားအစာက ထိုသူ့၏ စိတ်နေသဘောထားအထိ သက်ရောက်မှုရှိသည်။ အသားစားခြင်းကို လုံးဝရှောင်ကြဉ်သောသူတို့သည် တဖြည်းဖြည်း ရဲရင့်စိတ် ဆုတ်ယုတ်၍ သတ္တိနည်းပါး ကုန်းခမ်းလာသဖြင့် ချီးကျူးထိုက်သည့် အရည်အချင်းများ ဆုံးရှုံးရကြောင်း တွေ့ရှိရပေသည်။
အသီးအရွက်သာစားသော သတ္တဝါများကို လေ့လာသုံးသပ်ကြည့်လျှင်လည်း ၎င်းတို့သည် အသားစားသတ္တဝါများကဲ့သို့ သတ္တိမရှိကြကြောင်း တွေ့ရှိရသည်။
အသားကိုသာ စွဲမြဲစွာစားသုံး၍ အသီးအရွက်စားသုံးမှုအလွန်နည်းသူသည် သိမ်မွေ့ခြင်း၊ စိတ်နူးညံ့ခြင်း ဆုတ်ယုတ်ရလေသည်။
ထို့ကြောင့် အစွန်းနှစ်ဖက်ကိုရှောင်၍ အလယ်အလတ်လမ်းကို လိုက်သူသည်ကား နှစ်မျိုးလုံးသော ကိုယ့်တရား အရည်အချင်းနှင့် စိတ်၏ ရှိသင့်ရှိအပ်သော အရည်အသွေးများကို ရရှိကြပေသည်။
[အိမာမ်ဂဇာလီသခင်၏ ကမ္ဘာကျော်ဝိဉာဉ်အထူးကုကျမ်း]

မိတ်ဆွေများအနေဖြင့် မိမိတို့၏ ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်၏ကျန်းမာရေး နှစ်ဖြာသောကျန်းမာမှုကို ရှေးရှုကာ အသီးအရွက်၊ သစ်သီးဝံလံနှင့် အသားတို့ကို မျှတစွာစားသုံးပါရန် အကြံပြုအပ်ပါသည်။

**အလ်မုဖီးဒ်**

အမလ်လုပ်ခွင့် ရုပ်သိမ်းခံရခြင်း၏ အကြောင်းခံ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/photos/a.384419661678629.1073741825.383183328468929/825785407542050/?type=3&theater

အမလ်လုပ်ခွင့် ရုပ်သိမ်းခံရခြင်း၏ အကြောင်းခံများအနက် တစ်ခုမှာ ငွေကြေးဓနရှာဖွေမှုတွင် ဟလာလ်၊ ဟရာမ် ခွဲမရအောင် သံသယဖြစ်ဖွယ် ရှာဖွေမှု၊ ဟရာမ်နည်းဖြင့် စီးပွားရှာခြင်း၊ သတိရှိစွာ ရှောင်ကြဉ်ခြင်းတရားထား၍ ရှာဖွေမှုမပြုခြင်း၊ ဟလာလ် ဟရာမ်မခွဲခြား၊ သံသယဖြစ်ခြင်း မဖြစ်ခြင်းကိုလည်း မခွဲခြား၊ ငွေရရေးကိုသာ အဓိကထား၍ ရသလိုငွေရှာမည်ဟု ဆန္ဒထားပြီး ဓါးပြတိုက်ရသည်ဖြစ်စေ၊ ခိုး၍ဖြစ်စေ၊ လာဘ်ပေး လာဘ်ယူလုပ်၍ဖြစ်စေ၊ အတိုးပေးယူ၊ လိမ်၍၊ လှည့်၍၊ မုသားပြော၍ ဖြစ်စေ၊ မည်သို့သောနည်းဖြင့် ဖြစ်စေ ငွေရလျှင်ပြီးရောသဘောဖြင့် ရှာဖွေခြင်း၊ ဤသို့စီးပွားရှာခြင်း၏ ရလဒ်ကား ကောင်းမှုအမလ်များဆောက်တည်ခြင်းမှ လက်မဲ့ဖြစ်ရ၏။ အချုပ်အားဖြင့် သိရသည်မှာ စိတ်နှလုံးတွင် နူရ်ရှိမှ အိဗာဒသ်လုပ်ခွင့်ကို ရရှိမည်ဖြစ်သည်။ ဟလာလ်စီးပွား ရှာစားမှုရှိမှ စိတ်နှလုံးတွင် နူရ်ရှိမည်။ ဟလာလ်ထမင်းလုပ်စားမှ နူရ်ရမည်။ ဟလာလ်ရိုဇီသည် နည်းပါစေ၊ ဗရ်ကသ်ရှိလေသည်။

ဟလာလ်ရိုဇီသည် အမြဲ အနည်းအကျဉ်းသာ ရတတ်သည်။ များစွာ မရတတ်ချေ။ ဟရာမ်ရှာဖွေမှုကတော့ များများဖြစ်နိုင်သည်။ ဟလာလ်နည်းဖြင့် ရှာဖွေမှုသည် နည်းတတ်သည်။ ((တစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က များစွာချီးမြှင့်ထားလျှင် ဤသည်မှာ သီးသန့်ဖြစ်သည်။)) ထုံးစံအားဖြင့် ဟလာလ်ရိုဇီသည် လိုအပ်သည်ခန့်သာ ရတတ်ပေသည်။ ထိုဟလာလ်ရိုဇီထဲတွင် ကောင်းခြင်းအဖြာဖြာရှိပေသည်။ [ ပြန့်ကျဲနေသောပုလဲလုံးများ အတွဲ ၂ ]

ဟလာလ်၏ သဘောမှာ အစ္စလာမ်တွင် ပြုခွင့်ပေးထားသည့် အရာကိုခေါ်ဆိုသည်။ စားဝတ်နေရေး အကုန်လုံးတွင် ဟလာလ်၏စည်းကမ်းချက်သည် ပါဝင်ပေသည်။ ထို့အတူ ရိုဇီ၏သဘောမှာလည်း စားဝတ်နေရေး သုံးမျိုးလုံးတွင် ပါဝင်သည်။ မုစ်လင်တစ်ယောက်၏ စား၊ ဝတ်၊ နေထိုင်မှု သုံးမျိုးလုံးသည် ဟလာလ်၏စည်းမျဉ်းများနှင့် ကိုက်ညီနေပါမှ ၎င်း၏ နှလုံးသားတွင် နူရ်ဖြစ်မည်။

အလ္လာဟ်အရှင်မြတ်သည် ဟရာမ်ဖြင့် ကြီးထွားသည့် ခန္ဓာကိုယ်၊ ဟရာမ်ဖြင့်ရှာဖွေပြီး ရရှိသည့်ငွေကြေးဖြင့် ဝတ်ဆင်သည့် အဝတ်အထည်တို့ဖြင့် ပြုလုပ်သည့် အိဗာဒသ်ကို လက်ခံမည်မဟုတ်။ အစားအစာသည် စားပြီးနောက် မစင်တစ်မျိုးတည်းဖြစ်သည်မဟုတ်ပါ။ အစား စားပြီးနောက် ယင်းအစားသည် ခန္ဓာကိုယ်တွင် အသွေး၊ အသား၊ အင်အား၊ လိုအပ်သည့် ဗီတာမင် စသည်များလည်း ဖြစ်ပေါ်ရပေသည်။

ထို့ကြောင့် မိမိပါးစပ်အတွင်းသို့သွင်းမည့် အစားတစ်လုပ်တွင် ဟရာမ်တစ်ပုံခန့်မျှ ပါရှိခဲ့လျှင်လည်း ယင်းဟရာမ်သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် သွေးဖြစ်မည်၊ ဗီတာမင်ဖြစ်သွားမည်ကို မသိရပေ။ ထိုအစားမှရသည့် အင်အားဖြင့် ကျွန်ုပ်တို့ နမားဇ်များဖတ်မည်။ အလ္လာ့ဟ်ထံပါး တောင်းဆုပြုနေကြမည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ကောင်းမှု၊ တောင်းဆုတို့ကို လက်ခံခြင်းပြုမည်မဟုတ်ပေ။ ဟရာမ်ပါဝင်နေသော အမလ်တွင် မည်သည့်စူးရှမှုမှမရှိသည်ကိုကောင်းစွာသတိပြုရပေမည်။

ထို့ကြောင့် မိမိတို့၏ စား၊ ဝတ်၊ နေရေးနှင့် ပြောဆိုဆက်ဆံမှုများ အားလုံးသည် ဟလာလ်ဖြစ်နေရန် ဂရုစိုက်ရပေမည်။ စား၊ ဝတ်၊ နေရေးသည် ဟလာလ်ဖြစ်မှသာလျှင် နှလုံးသားအတွင်း နူရ်ဖြစ်မည်။ နှလုံးသားအတွင်း နူရ်ဖြစ်မှ ကောင်းမှုကုသိုလ်ပြုချင်စိတ် ဖြစ်မည်။ ဟလာလ်ဖြင့် ကြီးထွား၊ ဆင်ယဉ်ထားသည့် ခန္ဓာကိုယ်မှ ပြုလုပ်သော ကောင်းမှုကို အလ္လာဟ်အရှင်မြတ်က လက်ခံမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ လက်ခံခြင်းသည် လောကီ၊ လောကုတ္တရာတွင် အောင်မြင်ခြင်း၏ အဓိကသော့ချက်ပင် ဖြစ်ပါသည်.....။

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါ/ ၂၈/ ယောင်မုလ်အဟဒ်/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဖက်စပ်လုပ်သူနှစ်ဦး၏ အံ့ဖွယ်အကြောင်းအရာ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/825322450921679:0

လူနှစ်ဦးသည် အချင်းချင်း ဖက်စပ်လုပ်ကြသည်။ ၎င်းတို့ထံတွင် ရွှေဒင်္ဂါးရှစ်ထောင် စုမိသွားသည်။ တစ်ဦးက အလုပ်အကိုင်လုပ်တတ်သည်။ ဒုတိယလူက ဘာမျှမတတ်ချေ။ တတ်ကျွမ်းသူက မတတ်ကျွမ်းသူကို ပြောသည်မှာ .... ယခု ကျွန်ုပ်တို့နှစ်ဦး ပြေလည်ရန် မလွယ်ပါ။ အသင့်အနေဖြင့် မိမိရသင့်တာကို ယူသွားပါ။ ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးသည်မိမိတို့၏ဝေစုကိုယူ၍ လမ်းခွဲလိုက်ကြသည်။

ထို့နောက်တွင် တစ်ဦးသည် ဘုရင်၏နန်းတော်ကို ရွှေဒင်္ဂါးတစ်ထောင်ဖြင့် ဝယ်လိုက်သည်။ မိမိမိတ်ဆွေကိုလည်း ခေါ်ပြသည်။ ပြောစမ်းပါဦး၊ ကျွန်ုပ်ဝယ်လိုက်တာ ဘယ်လိုနေသလဲ။ ထိုအခါ လာရောက်ကြည့်ရှုသူ မိတ်ဆွေက ၎င်းကို များစွာချီးကျူးလေသည်။ လာရောက်ကြည့်ရှုသူသည် ထိုနေရာမှ အပြင်သို့သွားသောအခါ အလ္လာ့ဟ်ထံတော်ပါးတွင် ဤသို့ ဒုအာတောင်းသည်။ အိုအရှင် ကျွန်ုပ်၏ဤမိတ်ဆွေက ရွှေဒင်္ဂါးတစ်ထောင်တန်တိုက်ကို ဝယ်ခဲ့ပါသည်။ ကျွန်တော်မျိုးမှာကား အရှင့်ထံမှ ဂျန္နသ်၏တိုက်ကို လိုလားပါသည်။ ကျွန်တော်သည် အရှင့်နာမတော်အပေါ်တွင် မိစ်ကီးန်ဗန္ဒာများကို ရွှေဒင်္ဂါးတစ်ထောင်လှူဒါန်းပါသည်ဟု ပြောပြီး ဒုအာတောင်းသည့်အတိုင်း အလ္လာဟ်လမ်းတော်၌ရွှေဒင်္ဂါးတစ်ထောင် သုံးစွဲခဲ့လေသည်။

ထို့နောက် လောကီသားသည် ကာလအတန်ကြာပြီးနောက်တွင် ရွှေဒင်္ဂါးတစ်ထောင်အကုန်ခံ၍ အမျိုးသမီးတစ်ဦးနှင့် နိကာလုပ်ပြီး ဝလီမာတွင် ထိုဖက်စပ်လုပ်ခဲ့သူမိတ်ဆွေအား ဖိတ်ခေါ်ကျွေးမွေးပြီးပြောသည်မှာ ငါသည် ရွှေဒင်္ဂါးတစ်ထောင်အကုန်ခံ၍ ဤအမျိုးသမီးနှင့် နိကာလုပ်ခဲ့သည်။ ထိုအခါ မိတ်ဆွေက ၎င်းအား ချီးကျူးစကားဆိုခဲ့လေသည်။ အိမ်သို့ပြန်ရောက်သောအခါ အလ္လာဟ်အရှင့်လမ်းတော်တွင် ရွှေဒင်္ဂါးတစ်ထောင်လှူဒါန်းလေသည်။ဒုအာတွင် အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏မိတ်ဆွေက ဤမျှခန့်ငွေကြေးအကုန်အကျခံ၍ လောက၏အမျိုးသမီးတစ်ဦးကို ရယူခဲ့ပါသည်။ ကျွန်တော်မျိုးသည် ထိုမျှခန့်ငွေဖြင့် အရှင့်ထံတော်မှ ဟူရေအီးန်ကို တောင်းခံပါသည်ဟုဒုအာပြုလေသည်။

ကာလအတန်ကြာပြီးနောက် လောကီသားသည် ရွှေဒင်္ဂါးနှစ်ထောင်အကုန်ခံ၍ ဥယျာဉ်ခြံနှစ်ခြံ ဝယ်လိုက်သည်။ လာကြည့်လှည့်ပါဟုဆို၍ မိမိမိတ်ဆွေကို ခေါ်ပြလေသည်။ မိတ်ဆွေဖြစ်သူက တွေ့မြင်ပြီး များစွာချီးကျူးစကားဆိုလေသည်။ အိမ်သို့ပြန်လာပြီးနောက် ထုံးစံအတိုင်း အရှင့်ထံဒုအာတောင်းသည်မှာ အိုအရှင် ကျွန်တော်မျိုး၏မိတ်ဆွေက ရွှေဒင်္ဂါးနှစ်ထောင်ဖြင့် လောကီ၏ ခြံနှစ်ခြံ ဝယ်ခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင့်ထံတော်ပါး၌ ဂျန္နသ်ဥယျာဉ်မှ ခြံနှစ်ခြံကို အလိုရှိပါသည်။ ဤရွှေဒင်္ဂါးနှစ်ထောင်ကို အရှင့်လမ်းတော်၌ ဆွဒကာလှူဒါန်းပါသည်ဟု ဆို၍ ဆင်းရဲသားများကို လှူဒါန်းလိုက်သည်။

အချိန်တန်၍ နှစ်ဦးစလုံး ကွယ်လွန်ကြသောအခါ ထိုဆွဒကာလှူဒါန်းသူအား ဂျန္နသ်သို့ တိုက်ရိုက်ပို့ဆောင်ပေးလေသည်။ ထိုဂျန္နသ်တွင် အလွန်လှပသောမိန်းမပျို ဟူရေအီးန်ကိုလည်း ရရှိသည်။ ဥယျာဉ်ခြံလည်း ရရှိသည့်အပြင် အလ္လာဟ်အရှင်မြတ်မှအပ မည်သူမှမသိရှိနိုင်သော စည်းစိမ်များကိုလည်း ရရှိလေသည်။ ထိုအချိန်မှာပင် မိမိ၏လောကီသား မိတ်ဆွေကို သတိရ၍ ဖရစ်ရှ်သာများကို မေးမြန်းရာ ၎င်းတို့က ထိုသူ ဂျဟန္နမ်တွင်ကျနေကြောင်း အသင်ကြည့်လိုက ကြည့်နိုင်ကြောင်း ဆိုသဖြင့် ဂျဟန္နမ်သို့ကြည့်လေသည်။ လောကီကို နှစ်သက်သည့် မိတ်ဆွေကို ဂျန္နသ်သီအဖော်က အိုမိတ်ဆွေ အလ္လာဟ်အရှင်စောင်မတော်မူသဖြင့် ကျွန်ုပ် ဂျန္နသ်ကိုရရှိခဲ့ပါသည်။ သို့မဟုတ်က အသင်သည် ကျွန်ုပ်ကိုပါ ခေါ်ဆောင်၍ ဂျဟန္နမ်သို့လားစေမည်။ ယခုမူ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်နှင့် လွတ်သွားပေပြီဟု ပြောလေသည်။ (သဖ်စီးရ်အိဗ်နေကစီးရ်ကျမ်း၊ အတွဲ ၄၊ စာ ၃၆၈)
[ ပြန့်ကျဲနေသောပုလဲလုံးများ အတွဲ-၂ မှ ကောက်နှုတ်ဖော်ပြပါသည် ]

သိမှတ်ဖွယ်
လောကဟူသည် အာခိရသ်၏ ဥစ္စာများကို စုဆောင်းရာ ဌာနတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ဤလောကတွင် ရှင်သန်နေစဉ် မိမိ၏ရှာဖွေမှုများထဲမှ တချို့ကို အာခိရသ်အတွက် စုဆောင်းထားရမည်။ အာခိရသ်အတွက် စုဆောင်းခြင်းဟူသည်မှာ လောကကဲ့သို့ ငွေကြေးပစ္စည်းများကို မီးခံသေတ္တာထဲ ထည့်သိမ်းရန်မဟုတ်။ လောက၏ ငွေကြေးဥစ္စာကို အာခိရသ်အတွက် ကောင်းကုသိုလ်အဖြစ် အသွင်ပြောင်းကာ စုဆောင်းရပေမည်။ မိမိ၏ ရှာဖွေမှုများကို လောကတွင် ဇိမ်ယစ်ရန်သာ သုံးစွဲမည်ဆိုပါက အာခိရသ်ရောက်သည့်အခါ ကောင်းမှုလက်မဲ့ ကုသိုလ်ဗလာ ဖြစ်နေပေမည်။ ထို့ကြောင့် အထက်ပါအကြောင်းအရာကို သင်ခန်းစာယူကာ မိမိအနေဖြင့် လောကတွင် စိတ်တိုင်းကျနေရန် ပစ္စည်းများ နေအိမ်တိုက်တာများ ဝယ်ယူစုဆောင်းသကဲ့သို့ အာခိရသ်အတွက်လည်း စုဆောင်းပါ။ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်တိုင် အလွန်ရက်ရောတော်မူသော အရှင်မြတ်ဖြစ်သကဲ့သို့ များစွာလှူဒါန်းသူကိုလည်း နှစ်သက်တော်မူပေသည်....။

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါလ/ ၂၇/ ယောင်မုစ်စဗ်သိ/ ဟိဂျရီ ၁၄၃၆