Friday, July 25, 2014

အီးဒ်နေ့ဆိုင်ရာ မဆ်အလဟ် ဓမ္မသတ်များ


ဓမ္မသတ်အမေး/အဖြေ
မေး။ အီးဒ်နေ့၌ ကဗ်ရပ်စ်သာန်သို့ သီးသန့်သွား၍ဇိယာရသ်ပြုခြင်း မည်သို့ပါနည်း။
ဖြေ။ အီးဒ်နေ့၌ များသောအားဖြင့် ပျော်ရွှင်မှု၌နစ်မွန်းနေပြီး တမလွန်အရေးကို မေ့နေတတ်ကြသည်။ ကဗ်ရပ်စ်သာန်သို့ သွား၍ဇိယာရသ်ပြုခြင်းဖြင့် တမလွန်အားသတိရနိုင်စရာ အကြောင်းရှိသဖြင့် အီးဒ်နေ့၌ ကဗ်ရပ်စ်သာန်သို့ သွား၍ဇိယာရသ်ပြုသင့်သည်။ သို့ရာတွင် ဤသို့ပြုကိုပြုလုပ်ရမည်ဟု ယူဆခြင်းနှင့် အခြားသူများအား ဤသို့ပြုလုပ်ရန် ထင်မြင်စေခြင်း မပိုင်ပါ။ အလားတူ အီးဒ်နေ့၌ ကဗရ်အားဇိယာရသ်မပြုသူများအား ရှုတ်ချခြင်းနှင့် သေးသိမ်သောအမြင်ထားရှိခြင်းလည်း မပိုင်ပါ။ ထိုလုပ်ရပ်များမှ ဆင်ခြင်ရန် အရေးကြီးသည်။

မဆ်အလဟ်
အီးဒ်နေ့၌ မုန့်အချိုပြုလုပ်ရန် အလွန်အရေးကြီးသည်ဟု ထင်မြင်ယူဆနေကြသည်။ တရားတော်အရ အရေးကြီးသော အချက်မဟုတ်ပါ။ ပြုလုပ်လိုပါက ပြုလုပ်နိုင်ပါသည်။ ချေးငှား၍ ပြုလုပ်ခြင်းသည် အကျိုးမဲ့အချည်းအနှီးလုပ်ရပ်ပင်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဒုက္ခလည်းဖြစ်စေသည်။ ထို့ကြောင့် ဤကဲ့သို့လုပ်ရပ်များအား လုပ်ရမည်ဟူ၍ တစ်ထစ်ချမှတ်ယူထားခြင်းများအား စွန့်လွှတ်သင့်သည်။

မဆ်အလဟ်
အီးဒ်ဂါဟ်၌ နမားဇ်ဖတ်ခြင်း စွန္နသိမုအက္ကဒဟ်ဖြစ်၏။ အိုမင်းမစွမ်းဖြစ်နေသူများ မမာမကျန်းဖြစ်နေသူများ (အီးဒ်ဂါဟ်နှင့် အလွန့်အလွန်ဝေးလံသောအရပ်၌ နေထိုင်သူများသည် မိမိတို့အရပ်ဒေသရှိ ဗလီ၌ပင် အီးဒ်နမားဇ်ဝတ်ပြုနိုင်ကြောင်း ဖိကဟ်ပညာရှင်များက ခွင့်ပေးခဲ့သည်။ အကြောင်းမဲ့ အီးဒ်ဂါဟ်သို့သွား၍ အီးဒ်နမားဇ်ဝတ်မပြုခြင်းသည် စွန္နသ်တော်အား ဆန့်ကျင်ရာရောက်၏။

ဓမ္မသတ်အမေး/အဖြေ
မေး။ ကျွန်ုပ်တို့ဒေသ၌ အီးဒ်နမားဇ်မတိုင်မီ လူတစ်ဦးနှစ်ဦးသည် မင်မ်ဗရ်ဘေး၌ရပ်၍ ကျယ်လောင်စွာဖြင့် သက္ကဗီရ်တိုင်ပေးသည့်အခါ ထိုင်နေသူများကလည်း ညီညာစွာဖြင့် သံပြိုင်လိုက်၍ သက္ကဗီးရ်ဆိုကြသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မည်သူမျှနမားဇ်မလွတ်စေရန် စောင့်ဆိုင်းသည့် သဘောဟုဆိုသည်။ ဤသို့ပြုခြင်းအတွက် ပြစ်ချက်တစ်စုံတစ်ရာဖြစ်ပါသလား။
ဖြေ။ ကိုယ်တော်မြတ်နှင့် ခုလာဖာအေရာရှီဒီးန်များ၏ခေတ်၊ ဆွဟာဗာများ၏ ခေတ်နှင့် ဖိကဟ်ပညာရှင်များ၏ ခေတ်အဆက်ဆက်၌ ဤလုပ်ရပ်မျိုးပြုလုပ်ခဲ့သည့် အထောက်အထား တစ်စုံတစ်ရာမရှိပါ။ တရားတော်၌ အထောက်အထား အခြေအမြစ်မရှိသော ကိစ္စများအား မိမိဘာသာထည့်သွင်းပြုလုပ်ခြင်းသည် မှားသည်။ သာသနာသည် မည်သူ၏နောက်လိုက်မှ မဟုတ်ပါ။ သာသနာ၏ နောက်သို့သာ အားလုံးလိုက်ကြရမည်။
သာသနာတော်၌ ဖြည့်စွက်ခြင်းနှင့် လျှော့ခြင်းများပြုလုပ်ရန် မည်သူ့တွင်မျှ အခွင့်အရေးမရှိ။ သာသနာတော်၌ ဆင့်ပြန်ချက်၊ မိန့်ဆိုချက်လာရှိသည့်အတိုင်း လိုက်နာကျင့်ဆောင်ရန် အရေးကြီးသည်။ ဥပမာ ဂျုမုအဟ်နေ့၌ ဂျုမုအဟ်နမားဇ်အတွက် အဇာန်ဆိုရသော်လည်း အီးဒ်နေ့အတွက် အဇာန်မရှိပါ။ အဇာန်ဆိုရကြောင်း အထောက်အထားမရှိ၍သာ အဇာန်မဆိုရခြင်းဖြစ်သည်။ ဂျုမုအဟ်နမားဇ်အတွက် အိကာမသ်ဆိုရသော်လည်း အီးဒ်နမားဇ်အတွက် အိကာမသ်ဆိုရကြောင်း အထောက်အထားဆင့်ပြန်ချက်မရှိ၍ မဆိုရခြင်းဖြစ်သည်။
ဟဇရသ်အလီသည် အီးဒ်ဂါဟ်ကွင်းပြင်၌ ပုဂ္ဂိုလ်တစ်ဦးအား အီးဒ်နမားဇ်မဖတ်မီ နိဖိလ်နမားဇ်ဖတ်နေသည်ကို တွေ့၍ တားမြစ်လိုက်ရာ ၎င်းပုဂ္ဂိုလ်က နဖိလ်နမားဇ်ဝတ်ပြုခြင်းသည် အပြစ်ထိုက်သည့် အလုပ်မဟုတ်ပါဘဲလျက် အဘယ့်ကြောင့်အသင်တားရသနည်းဟု ပြန်လည်မေးမြန်းသည်။ ဟဇရသ်အလီက တမန်တော်မြတ်ကိုယ်တိုင်လည်း ပြုလုပ်တော်မမူဘဲ အခြားသူများကိုလည်း ပြုလုပ်ရန်နှိုးဆော်ခြင်းမပြုခဲ့သည့်အလုပ်သည် ကုသိုလ်အကျိုးစဝါးဗ်ရမည့် အလုပ်မဟုတ်ပါ။ ထို့ကြောင့် သင်၏ဤနမားဇ်သည် အကျိုးမဲ့သောနမားဇ်သာဖြစ်သည်။ တစ်ဖန်ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်၏ စွန္နသ်ဓလေ့တော်နှင့် ဆန့်ကျင်မှုပြုလုပ်ခြင်းအပေါ် အလ္လာဟ်အရှင်မြတ်၏ အဇားဗ်ပြစ်ဒဏ်ပေးခြင်းခံရမည်ကို စိုးရိမ်ရသည်ဟု မိန့်ကြားတော်မူခဲ့သည်။
ထို့ကြောင့်အသင်တို့ဒေသ၌ ပြုလုပ်နေကြသောလုပ်ရပ်များမှာ ဓလေ့ထုံးစံများသာဖြစ်ပြီး မှားယွင်းနေသည်။ ကိုယ်တော်မြတ်၏စွန္နသ်နှင့်လည်း ဆန့်ကျင်သည်။ ဤသို့သောလုပ်ရပ်များအား စွန့်လွှတ်ရန်ဝါဂျိဗ်ဖြစ်သည်။

မဆ်အလဟ်
ရွာငယ်များ၌ အီးဒ်နမားဇ်ဝတ်ပြုခြင်း မက္ကရူဟ်သဟ်ရီမီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အီးဒ်နမားဇ်ပိုင်ခြင်း၏ စည်းကမ်းချက်များသည် ဂျုမုအဟ်နမားဇ်၏ စည်းကမ်းချက်များအတိုင်း ဖြစ်သောကြောင့်ပင်တည်း။ ဖတ်လိုက်ပါက အီးဒ်နမာဇ်မဖြစ်ဘဲ နဖိလ်နမားဇ်ဖြစ်သွားသည်။ နဖိလ်နမားဇ်အား လူအများစုရုံး၍ ဝတ်ပြုခြင်းမက္ကရူဟ်ဖြစ်သည်။
အီးဒ်ဂါဟ်၌ မြောက်မြားစွာသောပညတ်ချက်များသည် ဗလီဝတ်ကျောင်းတော်၏ အမိန့်ပညတ်ချက်များအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် အီးဒ်ဂါ၌ ကစားခုန်စားမှုပြုခြင်း၊ အတီးအမှုတ်ပြုခြင်း၊ ဟရာမ်ဖြစ်သည်။ အီးဒ်ဂါဟ်၏ မုသဝလ်လီများအနေဖြင့် ထိုကိစ္စရပ်များအား လုံးဝခွင့်မပြုရပါ။ မုသဝလ်လီများကိုယ်တိုင်လည်း ထိုကိစ္စရပ်များအား အီးဒ်ဂါဟ်၌ပြုလုပ်ခြင်းမပိုင်ပါ။

မဆ်အလဟ်
ဗလီကအခင်းများ၊ ဖျားများ၊ စသည်တို့ကိုယူ၍ အီးဒ်ဂါဟ်၌ ခင်းခြင်းမပိုင်ပါ။
မဆ်အလဟ် ဟဇရသ်ဂျာဗိရ်သခင်က ကိုယ်တော်မြတ်သည် အီးဒ်နေ့၌ လမ်းပြောင်း၍ သွားတော်မူလေ့ရှိသည်ဟု ဆင့်ပြန်ခဲ့သည်။
ကိုယ်တော်မြတ်သည် အီးဒ်နမားဇ်အတွက် အီးဒ်ဂါဟ်သို့ တစ်လမ်းကသွားပြီး အပြန်တွင် အခြားလမ်းတစ်လမ်းက ကြွမြန်းတော်မူလေ့ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤသို့ အသွားလမ်းနှင့် အပြန်လမ်းမတူညီခြင်းအကြောင်းအရင်းကို သုံးသပ်ရာ၌ အိုလမာသာသနာ့ပညာရှင်များအကြား၌ ကွဲလွဲသောအဆိုများ ရှိကြသည်။
အချို့ပညာရှင်များ၏ အဆိုမှာ အကယ်၍ ကိုယ်တော်မြတ်သည် တစ်လမ်းတည်းမှ သွားပြီး တစ်လမ်းတည်းမှ ပြန်ကြွတော်မူသည်ဆိုပါက ကိုယ်တော်မြတ်၏ ဤစွန္နသ်အားလိုက်နာရန် အာလုံးအပေါ်၌ ဝါဂျိဗ်တာဝန်ဖြစ်သွားမည်။ ဆွဟာဗဟ်များသည်လည်း ကိုယ်တော်မြတ်နှင့် လမ်းခွဲရန် အခြားလမ်းမှသွားကြရန် ခက်ခဲသွားပေလိမ့်မည်။ ဤအတွက်ကြောင့် ကိုယ်တော်မြတ်သည် အုမ္မသ်၏လွယ်ကူမှုအတွက် ပြုလုပ်ပြသတော်မူခဲ့ခြင်းဖြစ်သည်။ သို့မှသာ လူတို့သည် အီးဒ်နမားဇ်အစီအစဉ်အပြီး၌ မိမိတို့အလိုရှိရာလမ်းမှ သွားနိုင်ကြမည်ဖြစ်သည်။

မဆ်အလဟ်
ကိုယ်တော်မြတ်သည် အီဒုလ်ဖိသ်ွရ်နေ့၌ စွန်ပလွံသီးစားသုံးတော်မမူဘဲ အီးဒ်ဂါဟ်သို့ ကြွမြန်းတော်မူလေ့မရှိပေ။ စွန်ပလွံသီးအား မ အရေအတွက်စားသုံးတော်မူလေ့ရှိသည် ဟု ဟဇရသ်အနတ်စ်သခင်က ဆင့်ပြန်ခဲ့သည်။
ကိုယ်တော်မြတ်သည် အီးဒ်နေ့၌ အီးဒ်ဂါဟ်သို့မသွားမီအလျင် စွန်ပလွန်သီး စားသုံးတော်မူလေ့ရှိသည်။ သို့မှသာ ရမဇာန်လ၏ ယခင်ရက်များနှင့် ခြားနားမှုဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် ရမဇာန်လမြတ်၌ စားသောက်ခြင်းမပြုရန် ဝါဂျိဗ်ဖြစ်သကဲ့သို့ အီးဒ်နေ့၌ စားသောက်ခြင်းပြုရန် ဝါဂျိဗ်ဖြစ်သောကြောင့်ပင်။

မဆ်အလဟ်
အရွယ်မရောက်သေးသည့်ကလေးများ အီးဒ်နမားဇ်တွင်ဖြစ်စေ အခြားနမားဇ်တွင်ဖြစ်စေ ဂျမာအသ်၌ပါဝင်လိုလျှင် နောက်ဆုံးအတန်း၌ ရပ်ကြရမည်။ အကယ်၍ အီးဒ်ဂါဟ်ကဲ့သို့ ခက်ခဲသည့်နေရာမျိုး၌ ဂျမာအသ်အတွင်း နမာဇီလူကြီးများရှေ့၌ ထိုင်လျက်ဖြစ်စေ၊(သို့) ညာဘက်ဘယ်ဘက်၌ ရပ်လျက်ဖြစ်စေ ပါဝင်ခဲ့လျှင်လည်း နမားဇ်ပိုင်၏။ မက္ကရူးဟ်သန်ဇီဟီးဖြစ်မည်။ (အလွန်ငယ်ရွယ်သည့်ကလေးများအား အီးဒ်ဂါဟ်သို့ခေါ်ဆောင်လာခြင်း မပြုရပါ။)

မဆ်အလဟ်
အီးဒ်၏ ခုသ်ွဗာဖတ်ခြင်းနှင့် နားထောင်ခြင်း စွန္နသိမုအက္ကဒဟ်ဖြစ်သည်။ သို့ရာတွင် ခုသ်ွဗာဖတ်သည့်အချိန်၌ အသင့်ရှိနေသောသူသည် ခုသ်ွဗာအား နားထောင်ခြင်းသည် ဝါဂျိဗ်ဖြစ်သွားသည်။ ထိုအချိန်၌ စကားပြောခြင်း၊ ဆူညံခြင်းများ လုံးဝမပြုလုပ်ရပါ။ ဆူညံခြင်းဖြင့် ကြီးလေးသော အပြစ်ဂုနာထိုက်မည်။

မဆ်အလဟ်
အီးဒ်များ၏ ခုသ်ွဗာမှာ စွန္နသ်ဖြစ်သော်လည်း နားထောင်ခြင်း ဝါဂျိဗ်ဖြစ်သည်။ ကြားရသည်ဖြစ်စေ၊ မကြားရသည့်ဖြစ်စေ၊ နားထောင်ရန် ဝါဂျိဗ်ဖြစ်သည်။

မဆ်အလဟ်
အီးဒ်၏ ခုသ်ွဗာအချိန်၌ နမာဇီများသည် အတန်းများစီလျက် မိမိနေရာတွင် ထိုင်နေခြင်း အကောင်းဆုံးဖြစ်သည်။ ဆွဟာဗာသခင်များသည် ဤအတိုင်းပင် အတန်းများစီလျက် မိမိတို့နေရာတွင် ထိုင်လေ့ရှိခဲ့ကြသည်။

မဆ်အလဟ်
ခသွီးဗ် (ခုသ်ဗာဟ်ဖတ်သူ) သည် အီးဒ်၏ ခုသ်ွဗာ၌ သက္ကဗီးရ်များရွတ်ဆိုသည့်အခါ အသင့်ရှိနေသူများအနေဖြင့် သက္ကဗီရ်ကို စိတ်တွင်းမှ ဆိုခွင့်ရှိသည်။ တစ်ဖန် "အင်န်နလ္လာဟဝမလာအိကသဟူ ယုစွလ်လူးန အလန်နဗီးယိ" အဆုံအထိအား ခုသ်ွဗာဖတ်သူက ရွတ်ဆိုသည့်အခါ၌လည်း အသင့်ရှိနေသူများသည် စိတ်ထဲကပင် ဒရူးဒ်ရှရီးဖ်ဖတ်ရွတ်ခွင့်ရှိသည်။

ဓမ္မသတ်အမေး/အဖြေ
မေး။ အိဒုလ်ဖိသ်ွရ်နမားဇ်၏ ဒုတိယရကအသ်၌ အိမာမ်သည် မေ့လျော့၍ သက္ကဗီရ်အပိုများမဆိုမိဘဲ ရုကုအ်ပြုလုပ်လိုက်သည်။ မုက်သဒီများ ရပ်လျက်သာရှိနေ၏။ အိမာမ်စဂ်ျဒါပြုသောအခါမှ မုက်သဒီများလည်း စဂ်ျဒါပြုကြ၏။ မုက်သဒီအများစုမှာ စဂ်ျဒါမပြုခဲ့ရပါ။ အီမာမ်က နောက်ဆုံး၌ စဂ်ျဒဟ်စဟူ ပြုလိုက်သည်ဆိုလျှင် ရုကုအ်မပြုခဲ့သည့် မုက်သဒီများ၏ နမားဇ်ပိုင်ပါမည်လား။
ဖြေ။ ထိုအခြေအနေတွင် အီမာမ်နှင့် ရုကုအ်၌ပါဝင်သူ မုက်သဒီများ၏ နမားဇ်ပိုင်ပြီး အိမာမ်နှင့်အတူ ရုကုအ်၌ မပါဝင်ဘဲရပ်နေသူ မုက်သဒီများ၏ နမားဇ်မပိုင်ပါ။

ဓမ္မသတ်အမေး/အဖြေ
မေး။ 
(၁)။ ယနေ့မျက်မှောက်ကာလာ၌ အီးဒ်နမားဇ်အစီအစဉ်ပြီးသည့်နောက် မုဆွာဖဟာ (လက်ဆွဲနှုတ်ဆက်ခြင်းအား) အစဉ်အလာတစ်ရပ်အနေဖြင့် ပြုလုပ်နေကြသည်။ ယင်းသို့ပြုလုပ်ခြင်း ပိုင်ပါသလား။ မပိုင်ဟုဆိုလျှင်  လူတို့အား ထိုလုပ်ရပ်မှ တားမြစ်ပိတ်ပင်ရန် အရေးကြီးပါသလား။ ထိုသို့ပြုလုပ်ခြင်းအပေါ် မည်သည့် တားမြစ်ချက်ရှိပါသနည်း။ ၎င်းတားမြစ်ချက်သည် မည်သည့်အဆင့်၌ ရှိပါသနည်း။
(၂)။ ဤတားမြစ်ချက်သည် နမာဇ်အစီအစဉ် ပြီးပြီးချင်းအတွက်သာ ဖြစ်ပါသလား။ (သို့) အီးဒ်နေ့ တစ်နေ့လုံးအတွက်လား။
(၃)။ မုအာနကဟ် ရင်ချင်းအပ် နှုတ်ဆက်ခြင်းသည်လည်း ထိုအမိန့်၌ ပါဝင်ပါသလား။

ဖြေ။ 
(၁) ။ ဤနည်းလမ်းများအား ရွေးချယ်ပြုလုပ်ခြင်းသည် ဗိဒ်အသ်နှင့် မက္ကရူဟ် ဖြစ်သည်။
(၂) ။ ဤတားမြစ်ချက်သည် နမာဇ်အစီအစဉ် ပြီးပြီးချင်အတွက်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလုပ်ရပ်အား ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုက်ဟိဝစလ္လမ်) ပြုလုပ်တော်မူခဲ့ကြောင်း အထောက်အထားမရှိ၍ ဖြစ်သည်။
(၃) ။ မုအာနကဟ် (ရင်ချင်းအပ်၍ နှုတ်ဆက်ခြင်း) သည်လည်း ဤအမိန့်၌ ပါဝင်သည်။ ဆိုလိုသည်မှာ နမာဇ်အစီအစဉ် ပြီးလျှင်ပြီးချင်း မုအာနကဟ် လည်းမပြုပိုင်ပါ။ အီးဒ်နေ့ တစ်နေ့လုံးအတွင်း မုဆွာဖဟဟ် (လက်ဆွဲနှုတ်ဆက်ခြင်း) နှင့် မုအာနကဟ် (ရင်ချင်းအပ်၍ နှုတ်ဆက်ခြင်း) များ ပြုပိုင်သည်။ ဗိဒ်အသ် သို့မဟုတ် အပြစ်ဂုနဟ်ဖြစ်စေသော လုပ်ရပ်အား အကြောင်းတစ်ခုခုကို ရှေ့ရှု၍ ပြုလုပ်ခြင်း လုံးဝမပိုင်ပါ။ သို့ရာတွင် အခြားသူများအား တားမြစ်ရာတွင် လက်ခံနိုင်မည့်သူအား တားမြစ်ရန်အရေးကြီးပြီး လက်ခံနိုင်မှု မရှိသူအား တားမြစ်ရန် အရေးမကြီးပါ။
အချုပ်မှာမိမိကိုယ်တိုင် အီးဒ်နမာဇ်အစီအစဉ် ပြီးသည်နှင့် မည်သူနှင့်မျှ မုဆွာဖဟဟ်နှင့် မုအာနကဟ် မပြုဘဲ နေလိုက်ရမည်။ အကယ်၍ (ခရီးသည်တစ်ဦးဦးနှင့် ယခုမှ တွေ့ဆုံခြင်းဖြစ်လျှင်၊ ခရီးထွက်နေသူနှင့် ယခုမှ တွေ့ဆုံခြင်းဖြစ်လျှင် စသည်ဖြင့်) တစ်စုံတစ်ဦးနှင့် နမာဇ်အစီအစဉ်အပြီး၌ တွေ့ဆုံမိခြင်းဖြစ်လျှင် ထိုသို့သော အခြေအနေတွင် ပြုပိုင်သည်။ သို့သော် ဗိဒ်အသ်နှင့် တူဆင်မှုအပေါ် အားပေးရာရောက်နိုင်သောကြောင့် ထိုအခြေအနေတွင်လည်း မပြုလုပ်ဘဲ ရှောင်ကြဉ်သင့်၏။
(အဟ်စနုလ်ဖသာဝါကျမ်း အတွဲ ၁ - စာ ၃၅၄)

မဆ်အလဟ်
အီးဒ်နေ့၌ ပျော်ရွှင်မှုအားထုတ်ဖော်ခြင်း၊ ဆွဒ်ကဟ်ပေးခြင်း၊ ကောင်းမွန်သော စကားဖြင့် နှုတ်ဆက်ခြင်း မုစ်သဟဗ်ဖြစ်သည်။ ဥပမာ "အီးဒ်မုဗာရပ်က်" "အီးဒ်နေ့မှာ ပျော်ရွှင်ပါစေ" "ကျွန်တော်တို့ရဲ့ အီးဒ်ကို အလ္လာဟ်အရှင် လက်ခံပါစေ။" စသည်ဖြင့် ပြောဆိုနိုင်သည်။ ပြောဆိုပိုင်သည်။ သို့သော် အီးဒ်မုဘာရပ်က် တစ်ခုတည်းကိုသာ သတ်မှတ် ပြောဆိုခြင်းသည် (တရားတော်၏ရှုထောင့်အရ) နှစ်မြို့ဖွယ်ကောင်းသော လုပ်ရပ်မဟုတ်ပါ။ (အဟ်စနုလ်ဖသာဝါကျမ်း အတွဲ ၁ - စာ ၃၈၄)
မုဖ်သီမုဟမ္မဒ်ဂျမီးလ် (မဇွာဟေရီ)
ရမဇာန်၏မဆ်အလဟ်များမှစ၍ ယခုတင်ပြခဲ့သည့် မတ်စ်အလဟ်များအားလုံးကို ရမဇာန်အထူးထုတ် အလ်မီဇားန်မှ ပြန်လည်ကောက်နှုတ်တင်ပြပါသည်။

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အီးဒ်နမားဇ်ဆိုင်ရာသိမှတ်ဖွယ်ရာများ


မဆ်အလဟ်
တစ်ဦးကအီးဒ်နမားဇ်ဖတ်ပြီး အခြားတစ်ဦးက ခုသ်ွဗဟ်ဖတ်ခြင်းသည် ပိုင်၍ နမားဇ်အထမြောက်သော်လည်း အကောင်းဆုံးနှင့်အသင့်တော်ဆုံးမှာ ခုသ်ွဗဟ်နှင့်နမားဇ်အား တစ်ဦးတည်းဖတ်ခြင်းဖြစ်သည်။

မဆ်အလဟ်
အိမာမ်သည် သက္ကဗီးရ်များရွတ်ဆိုရန်မေ့လျော့ပြီး ရုကူအ်ပြုနေစဉ်သတိရသောအခါ ရုကူအ်၌ပင် ယင်းသက္ကဗီးရ် များကိုရွတ်ဆိုနိုင်သည်။ ကိယာမ်ပြန်ရပ်ရန်မလို။ ကိယာမ်ရပ်လိုက်ပါလျှင်လည်း ပိုင်သည်။ နမားဇ်မပျက်ပါ။ သို့ရာတွင် ဝတ်ပြုသူအလွန်များပြားတတ်သောကြောင့် စဂ်ျဒဟ်စဟူ မပြုရတော့ပါ။

မဆ်အလဟ်
အိမာမ်သည်ပထမရကအသ်၌ အပိုသက္ကဗီးရ်များကိုမေ့ကျန်ခဲ့ပြီး စူရာဟ်ဖာသိဟဟ်နှင့် စူရဟ်တွဲပြီးမှ သတိရလာခြင်းဖြစ်လျှင် (သို့မဟုတ်) ဒုတိယရကအသ်၏ သက္ကဗီးရ်အားရုကူအ်ပြုချိန်၌ သတိရလာခြင်းဖြစ်လျှင် သက္ကဗီးရ်ဆိုရန်ကိယာမ်ပြန်မရပ်ဘဲ စဂ်ျဒဟ်စဟူပြု၍ အစားထိုးလိုက်ရမည်။ အကယ်၍ ဂျမာအသ်များပြားလွန်းပါက နမားဇ်၌အနှောက်အယှက်များဖြစ်ပေါ်နိုင်သည်ဟု စိုးရိမ်ရလျှင် စဂ်ျဒဟ်စဟူမပြုရတော့ပါ။ ခွင့်လွှတ်ချက်ရှိသည်။
အကယ်၍ အိမာမ်သည် သက္ကဗီးရ်ဆိုရန်အတွက် ရုကူအ်ကိုလွှတ်၍ ကိယာမ်ပြန်ရပ်လိုက်ပါက အဆိုတစ်ရပ်အရ နမားဇ်ပျက်သွားသည်။ သို့ရာတွင် နမားဇ်မပျက်ဟူသောအဆိုမှာအတည်ဖြစ်သည်။ သို့သော်လည်း ဒုတိယအကြိမ်ရုကူအ်ပြန်မလုပ်ရတော့ပါ။ ရုကူအ်ပြန်လုပ်မိပါက နမားဇ်ပြန်ဖတ်ရန်ဝါဂျစ်ဗ် ဖြစ်သွားမည်။
အကယ်၍ (ပထမရကအသ်၌) စူရဟ်မဆုံးသေးမီ သက္ကဗီးရ်အပိုအားသတိရလာလျှင် သက္ကဗီးရ်ဆို၍ စူရဟ်ဖာသိဟဟ်နှင့်စူရဟ်ပြန်ဖတ်ပြီး ဂျမာအသ်နည်းလျှင် စဂ်ျဒဟ်စဟူ ပြုလိုက်ရမည်။

မဆ်အလဟ်
အကယ်၍ အီးဒ်နမားဇ်များ၌ အိမာမ်သည် မေ့လျော့မှုများဖြစ်ခဲ့လျှင် စဂ်ျဒဟ်စဟူပြုရပါ။ နမားဇ်၌ထင်ယောင် ထင်မှားဖြစ်နိုင်သည်အထိ နမာဇီများပြားခြင်းမရှိလျှင် စဂ်ျဒဟ်စဟူ ပြုရမည်။

မဆ်အလဟ်
(၁) ဖဂျရ်နမားဇ်ပြီးသည်နှင့် စွန္နသ်နှင့်အညီ လူအများသည် အသင့်ပြုလုပ်၍ အီးဒ်ဂါကွင်းပြင်သို့ ရောက်ရှိနေသင့်သည်။
(၂) အီးဒ်နမားဇ်၌ အချို့လူများနောက်ကျကျန်ရစ်သွားနိုင်သည့်အတွက် အိမာမ်နှင့်အတူအသင့်ရှိနေသူ နမာဇီများအနေဖြင့် အလျင်စလိုမပြုကြဘဲ သတ်မှတ်ချိန်ထက် ငါးမိနစ်၊ ခုနစ်မိနစ်ခန့်စောင့်ဆိုင်းပြီးမှ နမားဇ် စသင့်သည်။
အသင့်ရောက်ရှိနေသူနမာဇီများသည် အနည်းငယ်မျှသည်းခံ၍ ရှေ့ဆောင်ဆရာကိုလည်း ခေတ္တစောင့်ဆိုင်းပေးပါဟု ပန်ကြားနိုင်သည်။ နမားဇ်စတင်ပါဟုအတင်းအကျပ်မပြုရ။ အိမာမ်သည် နောက်ကျကျန်ရစ်သူများ၏ ဒုက္ခအခက်အခဲကို နားလည်ပေးသင့်သည်။ ၎င်းတို့အားစောင့်ဆိုင်း၍ ကြန့်ကြာသွားသည့်အချိန်အတွက် ခုသ်ွဗဟ်နှင့်ကိရာအသ်ကို တိုတောင်းစွာဖတ်ပေးနိုင်သည်။
တစ်နှစ်၌ နှစ်ကြိမ်သာရှိသောနမားဇ်၌ ဘေနမာဇီ (နမားဇ်ဝတ်မပြုသူများ)၊ အင်အားချိနဲ့သူများ၊ ရောဂါသည်များနှင့် ခြွင်းချက်ရှိသူများလည်း ပါဝင်တတ်ကြသည်ဖြစ်ရာ အီးဒ်နမားဇ်လွတ်သွားခြင်းဖြင့် အလွန်ကြီးမားလှသောဗရ်ကသ်မင်္ဂလာတော်များ လက်လွှတ်ဆုံးရှုံးသွားကြလိမ့်မည်။ ထို့ကြောင့် နောက်ကျသူများအား အနည်းငယ်စောင့်ဆိုင်းပေးရမည်။
သို့ရာတွင် နောက်ဆုံးအချိန်မှသာရောက်လေ့ရှိပြီး စောင့်ဆိုင်းသူများ၏ဒုက္ခကိုလည်း ကိုယ်ချင်းစာနားလည်ခြင်းမရှိသူဖြစ်ပြီး မိမိ၏နမားဇ်အတွက်ပင် သောကမထားဘဲစောင့်ခိုင်းသော လူပျင်းလူဖျင်းများအတွက် စောင့်ဆိုင်းပေးခြင်းမှာ ၎င်းတို့အားအကျင့်ဖျက်ခြင်းသာဖြစ်မည်။

မဆ်အလဟ်
အကြောင်းတစ်စုံတစ်ရာကြောင့် အီဒုလ်ဖိသွိရ်နမားဇ်ကို ထိုအီးဒ်နေ့၌ မဖတ်လိုက်ရလျှင် ဥပမာ- မိုးတိမ်များထူထပ်ခြင်းကြောင့်လမမြင်ရသဖြင့် နောက်တစ်နေ့မွန်းလွဲပြီးမှလမြင်ကြောင်းသတင်းရရှိခြင်း၊ (သို့မဟုတ်) နေမွန်းမလွဲမီသတင်းရရှိသော်လည်း လူတို့အားစုရုံးနိုင်သည့် အချိန်မရှိတော့ခြင်း၊ (သို့မဟုတ်) မိုးတိမ်ထူထပ်စဉ် နမားဇ်ဖတ်လိုက်ရာ ပြီးမှမွန်လွဲပြီးဖြစ်ကြောင်းသိရှိခြင်း  စသည့်အကြောင်းများ ဖြစ်ပေါ်လာလျှင် နောက်တစ်နေ့၌ ၎င်းအီးဒ်နမားဇ်ကိုဝတ်ပြုမည်။ နောက်တစ်နေ့ထက်နောက်ကျ၍ ဝတ်ပြုခွင့်မရှိတော့ပါ။
အိမာမ်သည် ဂျမာအသ်နှင့်အတူ အီးဒ်နမားဇ်ဝတ်ပြုလိုက်ရာလူအချို့တို့မမီလိုက်လျှင် ၎င်းတို့သည်အီးဒ်နမားဇ်မဖတ်ရတော့ပါ။ အချိန်ကျန်ရှိနေသည်ဖြစ်စေ(သို့မဟုတ်)အချိန်ကျော်လွန်သွားသည်ဖြစ်စေမဖတ်ရတော့ပါ။ အဘယ်ကြောင့်ဆိုသော် အီးဒ်နမားဇ်အတွက် ကဇွာမရှိသောကြောင့်ဖြစ်သည်။ အခြားတစ်နေရာ၌ အီးဒ်နမားဇ်ဂျမာအသ်ရှိနိုင်သေးလျှင် ထိုနေရာသို့သွားရမည်။

မဆ်အလဟ်
အီးဒ်နမားဇ်၌ သက္ကဗီရ်အပိုများ၏အကြား မည်သည့်ဇိကိရ်မျှမဖတ်ရ။ သက္ကဗီရ်နှစ်ခုတိုင်း၏ အကြား၌ စုဗ္ဗဟားနလ္လာဟ် ၃ကြိမ်ရွတ်ဆိုနိုင်သည်ခန့် ငြိမ်သက်စွာနေရမည်။ ဤနေရာ၌ ဂျမာအသ် အနည်းအများနှင့် သက်ဆိုင်သည်။ အကယ်၍ ဂျမာအသ်များပါက သက္ကဗီရ်နှစ်ခု၏အကြားတွင် ကြာမြင့်စွာရပ်ပေးသင့်သည်။ ဂျမာအသ်နည်းလျှင် အချိန်တိုတောင်းစွာ ရပ်ပေးသင့်သည်။ ဒွိဟသံသယများ မပေါ်ပေါက်စေရန် ဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်ကျမ်း)

မဆ်အလဟ်
အီးဒ်၏ ပထမခုသ်ွဗဟ်တွင် သက္ကဗီရ် (၉)ကြိမ်ဆက်တိုက်ရွတ်ဆိုပြီး ဒုတိယခုသ်ွဗဟ်၌ သက္ကဗီရ် (၇)ကြိမ်ရွတ်ဆိုခြင်း စွန္နသ်ဖြစ်သည်။ မင်မ်ဗရ်မှမဆင်းမီအလျင် သက္ကဗီရ် (၁၄)ကြိမ်ရွတ်ဆိုခြင်း မုစ်သဟဗ်ဖြစ်သည်။ ခုသ်ွဗဟ်ဖတ်ရန် မင်မ်ဗရ်ပေါ်သို့တတ်ပြီး ခုသ်ွဗဟ်မဖတ်မီ မထိုင်ခြင်းသည် ကျွန်ုပ်တို့ ဟန္နဖီများထံ၌ စွန္နသ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မင်မ်ဗရ်၌ ထိုင်ရခြင်း၏ရည်ရွယ်ချက်မှာ အဇာန်ဆိုသည်ကို ပြီးဆုံးအောင် စောင့်ဆိုင်းခြင်းသာဖြစ်သဖြင့် အီဒ်၏ခုသ်ွဗဟ်၌ အဇာန်မရှိသည့်အတွက် မထိုင်ရခြင်းဖြစ်သည်။ (ဤစွန္နသ်တော်အား အထူးသတိထားသင့်ပါသည်။)

မဆ်အလဟ်
ဂျုမုအဟ်နှင့် အီးဒ်များ၏ ကွာခြားမှုမှာ * ပထမအချက် အီးဒ်တွင် ခုသ်ွဗဟ်မဖတ်မီအလျင် သက္ကဗီရ်ရွတ်ဆိုခြင်း စွန္နသ်ဖြစ်ပြီး ဂျုမုအဟ်တွင် စွန္နသ်မဟုတ်ပါ။ * ဒုတိယအချက် ဂျုမုအဟ်၏ ခုသ်ွဗဟ်တွင် အိမာမ်သည် ခုသ်ွဗအစမပြုမီအလျင် မင်မ်ဗရ်ပေါ်ထိုင်ခြင်းစွန္နသ်ဖြစ်ပြီး အီးဒ်များ၏ခုသ်ွဗာ၌ စွန္နသ်မဟုတ်ပါ။
ဟန္နဖီယာများထံတွင် အီးဒ်များ၏ခုသ်ွဗာမစမီအလျင် ထိုင်ခြင်း မက္ကရူဟ်ဖြစ်သည်။ မင်မ်ဗရ်အပေါ်ရောက်ပြီးသည်နှင့် ခုသ်ွဗာစတင်ဖတ်ရမည်။ မထိုင်ရပါ။

မဆ်အလဟ်
ကျွန်ုပ်တို့၏ ဆရာသခင်အကြီးအကဲများဖြစ်ကြသော ဟဇရသ်မော်လာနာရရှီးဒ်အဟ်မဒ်ဂန်ဂိုဟီ၊ ဟဇရသ်မော်လာနာကာစင်မ်နာနော်သဝီနှင့် ဟဇရသ်မော်လာနာမဟ်မူဒုလ်ဟစံန်(ဟဇရသ်ရှိုခုလ်ဟင်းန်ဒ်) (ရဟမသုလ္လာဟိအလိုင်ဟိင်မ်) အစရှိသော ပညာ့ထိပ်ခေါင်သူတော်စင်ကြီးများ၏ အလေ့အထမှာ အခြားသောနမားဇ်များအပြီး၌ လက်မြှောက်ဒုအာတောင်းသကဲ့သို့ အီးဒ်နမားဇ်အပြီးတွင်လည်း ဒုအာတောင်းလေ့ရှိကြသည်။ နမားဇ်တိုင်း၏ နောက်တွင် ဒုအာတောင်းခြင်းမှာ ဟဒီးစ်တော်များဖြင့် အတည်ဖြစ်သည်။ ထိုသို့နမားဇ်တိုင်းဟု ဆိုရာ၌ အီးဒ်နမားဇ်လည်း ပါဝင်သည်။ ဤအတွက်ကြောင့်ပင် (အခြားအဆိုရှိလင့်ကစား) ကျွန်ုပ်တို့ထံ၌ ဦးစားပေးအဆိုမှာ အီးဒ်နမားဇ်အပြီး၌ ဒုအာတောင်းခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ အခြားသောဟဒီးစ်တော်များဖြင့်လည်း နမားဇ်တိုင်း၏နောက်တွင် ဒုအာတောင်းခြင်းအတည်ဖြစ်သည်။ သို့ရှိရာ အီးဒ်နမားဇ်သည်လည်း ၎င်းနမားဇ်များအတိုင်းပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နမားဇ်များ၏နောက် ဒုအာတောင်းခြင်း မုစ်သဟဗ်ဟူသောဥပဒေထွက်ပေါ်လာသည့်အတွက် မည်သည့်နမားဇ်အတွက်ဟူ၍ သီးခြားမိန့်ရန်အရေးမကြီးတော့သောကြောင့်ဖြစ်သည်။ အားလုံးကို ခြုံငုံ၍သာ နမားဇ်များ၏နောက်တွင် နမားဇ်များ၏နောက်တွင် ဒုအာတောင်းရန်လာရှိထားသည့်အတွက် အီးဒ်နမားဇ်တွင်လည်း နမားဇ်အပြီးသာ ဒုအာတောင်းရန် မုစ်သဟဗ်နှင့် စွန္နသ်ဖြစ်သည်။

မဆ်အလဟ်
အီးဒ်နမားဇ်ဖတ်ပြီး ဒုအာတောင်းခြင်းသည် အခြားနမားဇ်များကဲ့သို့ စွန္နသ်ဖြစ်သည်။ သို့ရာတွင် ခုသ်ွဗာဖတ်ပြီးနောက် ဒုအာတောင်းခြင်းမှာ အထောက်အထားမရှိသည့်အတွက် မပြုပိုင်ပါ။
ခုသ်ွဗာဖတ်ပြီးမှ ဒုအာတောင်းခြင်းနှင့် စပ်လျဉ်း၍ သီးခြားသော်လည်းကောင်း၊ ခြုံငုံ၍သော်လည်းကောင်း ဆင့်ပြန်ချက်မရှိပါ။ ထို့ကြောင့် ခုသ်ွဗာဖတ်ပြီးနောက် ဒုအာတောင်းခြင်းအားစွန့်လွှတ်လိုက်ရမည်။ နမားဇ်အပြီး၌ ဒုအာတောင်းခြင်းသာ အထောက်အထားရှိသည့်အတွက် အီးဒ်နမားဇ်အပြီး၌သာ ဒုအာတောင်းရမည်။
အီးဒ်နမားဇ်အပြီး၌ ဒုအာတောင်းခြင်းမှာ အထောက်အထားရှိပြီး မုစ်သဟဗ်ဖြစ်သည်။ ခုသ်ွဗာအပြီး၌ ဒုအာတောင်းခြင်း အထောက်အထားမရှိပါ။ အီးဒ်နမားဇ်များ၏နောက်တွင် ဒုအာတောင်းခြင်းသည်သာ တမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်၏ စွန္နသ်အား ကျင့်သုံးခြင်းဖြစ်သည်။ ခုသ်ွဗာဖတ်ပြီးနောက် ဒုအာမတောင်းခြင်းသည်လည်း တမန်တော်မြတ်၏ စွန္နသ်ကို လိုက်နာခြင်းမည်၏။
(ကျမ်းကိုးများ - ရဒ်ဒုလ်မုဟ်သားရ်၊ ဗဟစ်ရှ်သီးဇေဝရ်၊ အဟ်စနုလ်ဖသာဝါ၊ သွဟ်သွာဝီ၊ ဖသာဝါရဟီမီယာ၊ ဒုရ်ရေမုခ်သားရ်၊ ကိသာဗုလ်ဖိကာဟ်၊ ဖသာဝါဒါရွလ်အုလူးမ်၊ အဇီဇုလ်ဖသာဝါ)

ဖိသ်ွရဟ်ပေးဆောင်ခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများ


မဆ်အလဟ်
ဖိသ်ွရဟ်သည် ဝါဂျိဗ်ဖြစ်သည်။ ဖရ်ဇ်မဟုတ်ပါ။ ဖိသ်ွရဟ်ဝါဂျိဗ်ဖြစ်ရာတွင် စည်းကမ်းချက် (၃)ချက်ရှိသည်။ (၁)။ (ကျွန်မဟုတ်သည့်) လွတ်လပ်သူဖြစ်ရမည်။
(၂)။ မုစ်လမ်ဖြစ်ရမည်။
(၃)။ (အီးဒ်နေ့ အာရုဏ်ဦးအချိန်၌) အဓိကလိုအပ်ချက်များမှအပ (အကြွေးရှိလျှင် အကြွေးနှုတ်ပြီး) နိဆွာဗ်ရှင်ဖြစ်ခြင်း။ ထိုပစ္စည်းများအပေါ် တစ်နှစ်ပြည့်ရမည့် စည်းကမ်းချက်မရှိခြင်း၊ အရောင်းအဝယ်ပစ္စည်းဖြစ်ရန်လည်း စည်းကမ်းချက်မရှိခြင်း၊ ဖိသ်ွရဟ်အတွက် ဆွာဟိဗိနိဆွာဗ်သည် အရွယ်ရောက်ရမည်ဟူသော စည်းကမ်းချက်မရှိခြင်း၊ အသိဥာဏ်ရှိသူဖြစ်ရမည်ဟူသော စည်းကမ်းချက်လည်းမရှိခြင်း၊ (အရွယ်မရောက်သေးသည့် ကလေးများနှင့် ရူးသွပ်သူများအပေါ်၌ ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။) ၎င်းတို့အတွက် အုပ်ထိန်းသူများက ပေးဆောင်ရမည်။ အကယ်၍ အုပ်ထိန်းသူကမပေးခဲ့ပါက ထိုအချိန်က ၎င်းတို့မှာ ချမ်းသာသူများဖြစ်လျှင် ကလေးသည်အရွယ်ရောက်ပြီးသည့်နောက်၊ ရူးသွပ်သူသည် ရူးသွပ်သည့်ဝေဒနာပျောက်ကင်းပြီးနောက် အရွယ်မရောက်မီက၊ ရူးသွပ်စဉ်က ဖိသ်ွရဟ်မပေးဆောင်ခဲ့ရသည်ကို (ရှိလျှင်) ပေးဆောင်ရမည်။
ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် ဖိသ်ွရဟ်၏အမိန့်အား ရမဇာန်လမြတ်၌ ရိုဇာဖရ်ဇ်တာဝန်ဖြစ်သောနှစ်၌ပင် ပေးဆောင်ရန် အမိန့်ထုတ်ပြန်တော်မူခဲ့သည်။

အီးဒ်နေ့တွင် ဖိသ်ွရဟ်ပေးဆောင်ရသည့်အကြောင်းမှာ ထိုနေ့သည် ပျော်ရွှင်ရသည့်နေ့၊ သာသနာတော်၏ထည်ဝါမှု ပေါ်လွင်သောနေ့၊ ရိုဇာပြီးပြည့်သောနေ့ဖြစ်သဖြင့် ရိုဇာကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူလိုက်ကြောင်း တင်းတိမ်မှုရရှိသည့်အပြင် ကျွန်ုပ်တို့အား ရိုဇာဥပုသ်စောင့်ထိန်းနိုင်သည့် အခွင့်အရေးများကို ပေးသည့်အတွက် ယင်းကျေးဇူးတော်အား ကျေးဇူးဆပ်ရာလည်းသက်ရောက်သည်။ (အိလ်မုလ်ဖိကာဟ်ကျမ်း၊ တွဲ ၄၊ စာ ၅ဝ-၅၁)

မဆ်အလဟ်
လူတစ်ဦးတွင် အိမ်နှစ်လုံးရှိသည်။ တစ်လုံးတွင် မိမိကိုယ်တိုင်နေထိုင်ပြီး ကျန်တစ်လုံးမှာ ဤအတိုင်းပင်အားလပ်နေသည်။ (သို့မဟုတ်) အိမ်ငှားထားခြင်းဖြစ်လျှင် ၎င်းအိမ်သည် အဓိကလိုအပ်ချက်များမှ ပိုလျှံနေသည့်အတွက် ၎င်းအိမ်၏တန်ဖိုးသည် ဇကားသ်ဝါဂျိဗ်ဖြစ်နိုင်သည်အထိ များပြားသောတန်ဖိုးရှိအိမ်ဖြစ်လျှင် ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။
ဤကဲ့သို့သောပုဂ္ဂိုလ်များအား ဇကားသ်ပေးခြင်းလည်းမပိုင်။ သို့သော် ထိုအိမ်ပိုင်ရှင်သည် အခြားဝင်ငွေလုံးဝမရှိဘဲ ဤအိမ်ငှားရန်းခ လခအပေါ်၌သာ အားထားနေရသူဖြစ်လျှင် ၎င်းအိမ်သည်လည်း အရေးကြီးသော အသုံးအဆောင်ပစ္စည်းများ၌ပါဝင်သွားပြီး ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်မဖြစ်တော့ပါ။
အချုပ်မှာ ဇကားသ်နှင့်ဖိသ်ွရဟ်မယူပိုင်သောသူအပေါ်၌ ဆွဒ်ကဟ်ဖိသ်ွရ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ (ဗဟစ်ရှ်သီးဇေဝရ် တွဲ ၃၊ စာ ၃၅)
ဇကားသ်ပေးဆောင်ရန် ဖရ်ဇ်တာဝန်ဖြစ်သူသည် ဖိသ်ွရဟ်ပေးဆောင်ရန်လည်း ဝါဂျိဗ်ဖြစ်သည်။ သို့ရာတွင် ကွာခြားချက်တစ်ခုမှ ဇကားသ်၏နိဆွားဗ်တွင် ငွေကျပ်၊ ရွှေ၊ ငွေနှင့် အရောင်းအဝယ်ပစ္စည်းများရှိရန် အရေးကြီးသည်။ ဖိသ်ွရဟ်ဝါဂျိဗ်ဖြစ်ခြင်းတွင် ဤ(၄)မျိုးတည်းသာမဟုတ်ဘဲ ပစ္စည်းတိုင်း၏စာရင်းကို တွက်ချက်ရမည်ဖြစ်သည်။ ဇကားသ်နှင့်ဖိသ်ွရဟ်၏ နိဆွားဗ်တို့တွင် မိမိ၏နေ့စဉ်လိုအပ်ချက်များမှ ပိုလျှံမှုရှိရခြင်းနှင့် အကြွေးကင်းရခြင်းဟူသည့်စည်းကမ်းချက်များမှာ အတူတူပင်ဖြစ်သည်။
အကယ်၍လူတစ်ဦး၌ နေ့စဉ်ဝတ်ဆင်သည့် အဝတ်အထည်များအပြင် အခြားသောအဝတ်အထည်များရှိလျှင် နေ့စဉ်လိုအပ်ချက်ထက်ပိုသော သံထည်၊ ကြေးထည်နှင့် စတီးလ်စသော ပန်းကန်များရှိနေလျှင် ၎င်းတို့မှာ လိုအပ်ချက်ထက်ပိုသော ပစ္စည်းများဖြစ်နေပါက ထိုပစ္စည်းအားလုံး၏ စုစုပေါင်းတန်ဖိုးငွေမှာ နိဆွားဗ်ပြည့်မီလျှင် (သို့) ထို့ထက်ပိုလျှင် ၎င်းပုဂ္ဂိုလ်အပေါ်၌ ဇကားသ်ဖရ်ဇ်မဖြစ်လျှင်လည်း ဖိသ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။
အလားတူ ဖိသ်ွရဟ်၏နိဆွားဗ်အပေါ်၌ တစ်နှစ်ပြည့်ရန်လည်း အရေးမကြီးပါ။ သို့သာမက ဤမျှ (တင်ပြခဲ့သော) ပစ္စည်းများသည် ထိုနေ့ (အီးဒ်နေ့ဖဂျရ်စတင်သောအချိန်)မှပင် ပိုင်ဆိုင်လျှင်လည်း ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ (ရမဇာန်ကယားဟဲ စာ ၁၇၇)

မဆ်အလဟ်
ဖိသ်ွရဟ်ဝါဂျိဗ်ဖြစ်ခြင်းသည် အီဒုလ်ဖိသ်ွရ်နေ့ စုဗ်ဟေဆွာဒိက်အချိန် (အာရုဏ်ဦး)မှ စတင်ပါသည်။ ထို့ကြောင့် စုဗ်ဟေဆွာဒိက်အချိန် (အာရုဏ်ဦး)မတိုင်မီ သေဆုံးသွားသူနှင့် (သို့) ဆင်းရဲသွားသူများအပေါ်၌ ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်မဟုတ်။ အလားတူ နေထွက်ပြီးနောက် အစ္စလာမ်သာသနာလက်ခံလာသူ၊ ပစ္စည်းဥစ္စာများရရှိလာသူအပေါ် ဖိသ်ွရဟ်ပေးဆောင်ရန် တာဝန်မရှိပါ။
ဖဂျရ်မတိုင်မီမွေးဖွားလာသောကလေး၊ (သို့) ဖဂျရ်အချိန်မတိုင်မီ အစ္စလာမ်သာသနာကို လက်ခံလာသူသည် နိဆွားဗ်ရှင်ဖြင်ခဲ့လျှင်၊ (သို့) ပစ္စည်းဥစ္စာများရရှိလာသူဖြစ်လျှင် ထိုကဲ့သို့သောသူများသည် ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ ၄၊ စာ ၃၅)
အီးဒ်နေ့ ဖဂျရ်အချိန်စတင်သည်နှင့် ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။ အကယ်၍လူတစ်ဦးသည် ဖဂျရ်အချိန်မကျရောက်မီ ကွယ်လွန်သွားပါက ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်မဟုတ်တော့ပါ။ ၎င်းပိုင်ပစ္စည်းများမှလည်း မပေးရတော့ပါ။ (ဗဟစ်ရှ်သီးဇေဝရ် တွဲ ၃၊ စာ ၃၅)

မဆ်အလဟ်
အိမ်ထောင်ဦးစီးသည် နိဆွားဗ်ရှင်ဖြစ်လျှင် မိမိအတွက်လည်း ဖိသ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ မိမိ၏ အရွယ်မရောက်သေးသော်ကလေးများအတွက်ပေးဆောင်ရန် မိမိအပေါ်၌ဝါဂျိဗ်တာဝန်ဖြစ်သည်။ အရွယ်မရောက်သေးသည့် သားသမီးတို့မှာ အကယ်၍ချမ်းသာသူများဖြစ်လျှင် ၎င်းတို့၏ငွေမှပေးဆောင်ရမည်။ ချမ်းသာသူမဟုတ်ပါက မိမိငွေမှပင်ပေးဆောင်ရမည်။ အရွယ်ရောက်ပြီးသော သားသမီးများမှာ ချမ်းသာသူဖြစ်လျှင် အိမ်ထောင်ဦးစီးကပေးဆောင်ရန် ဝါဂျိဗ်မဟုတ်တော့ပေ။ ပေးဆောင်လိုက်လျှင်လည်း ပိုင်သည်။ သို့ရှိရာ ၎င်းသားသမီးက ထပ်မံပေးဆောင်ရန် မလိုတော့ပေ။ (အိလ်မုလ်ဖိကာဟ်ကျမ်း တွဲ ၃၊ စာ ၅၂)
နိဆွားဗ်ရှင်ဖြစ်သော ဇနီးအပေါ်၌ ဖိသ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ အကယ်၍ ခင်ပွန်းဖြစ်သူက ပေးဆောင်ကလိုက်လျှင်လည်း အထမြောက်သွားသည်။ သူမ၏ ဖခင်အပေါ်၌ တာဝန်မရှိပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း တွဲ ၆၊ စာ ၃၂၄)

ဓမ္မသတ်အမေး/ အဖြေ
မေး။ ခွင့်ပြုချက်ရယူခြင်းမပြုဘဲ အခြားပုဂ္ဂိုလ်တစ်ဦး၏ ဇကားသ်အား မိမိကပေးဆောင်ပေးခြင်း မပိုင်သကဲ့သို့ ဖိသ်ွရဟ်၏အမိန့်သည်လည်း အလားတူဖြစ်ပါသလား။
ဖြေ။ ဖိသ်ွရဟ်သည်လည်း ဇကားသ်၏အမိန့်အတိုင်းဖြစ်၍ ခွင့်ပြုချက်ရယူရန် အရေးကြီးသည်။ သို့ရာတွင် ဖိသ်ွရဟ်၏အတိုင်းအတာမှာနည်းပြီး သတ်မှတ်ချက်လည်း သိရှိပြီးဖြစ်သည့်အတွက် ဇနီးနှင့် သားသမီးစသော မိမိ၏လက်အောက်ခံများအတွက် ပေးဆောင်ခြင်းတွင် ဓလေ့ထုံးစံအရ ခွင့်ပြုချက်ရှိသဖြင့် အကောင်းပြုသည့်အနေဖြင့် ပိုင်သည်။ ဇကားသ်မှာ အတိုင်းအတာပမာဏကို မသိရှိသည့်နိုင်သည့်အပြင် ပမာဏများပြားနိုင်သည့်အတွက် ကာယကံရှင်၏ခွင့်ပြုချက်မရှိဘဲ ပေးဆောင်ခြင်းဖြင့် အထမမြောက်နိုင်ပါ။ ခွင့်ပြုချက်နှင့် ကိုယ်စားလှယ်လွှဲမှုရှိရန် အရေးကြီးသည်။ (ဖသာဝါရဟီမီယဟ်ကျမ်း)

မဆ်အလဟ်
အကြောင်းတစ်စုံတစ်ရာကြောင့် ရမဇာန်လမြတ်၌ရိုဇာမထားသူအပေါ်၌လည်း (နိဆွာဗ်ရှင်ဖြစ်လျှင်) ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ ရိုဇာထားသူအပေါ်၌လည်း ဝါဂျိဗ်ဖြစ်ပြီး နှစ်ဦးစလုံး မည်သို့မျှ ကွာခြားမှုမရှိပါ။ (ဗဟစ်ရှ်သီးဇေဝရ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ လူတစ်ဦး၌ သားနှစ်ယောက်ရှိသည်။ ၎င်းသားတို့သည် မိမိတို့ရှာဖွေရသမျှအား ဖခင်ထံအပ်နှံထားကြ၏။ ၎င်းတို့ထံ၌ မိမိသည့်အရာမျှမရှိကြပါ။ ဤအခြေအနေတွင် ၎င်းသားများအပေါ်၌ ဖိသ်ွရဟ်နှင့် ကုရ်ဗာနီ စသောတာဝန်များ ဝါဂျိဗ်ဖြစ်ပါသလား။
ဖြေ။ ၎င်းတို့အပေါ်၌ (တစ်ဦးခြင်း၏ ပိုင်ဆိုင်မှုသည် နိဆွားဗ်ပြည့်မီလျှင် ) ဇကားသ်၊ ဖိသ်ွရဟ်နှင့် ကုရ်ဗာနီပြုရန် ဝါဂျိဗ်ဖြစ်သည်။ မပြည့်လျှင် တာဝန်မရှိပါ။ (ဖသာဝါဒါရုလ်အုလူးမ်)

မဆ်အလဟ်
အိမ်ထောင်ဦးစီးနိဆွားဗ်ရှင်တစ်ဦးသည် လူအချို့၏ ဖိသ်ွရဟ်ပေးဆောင်ပေးရန်အတွက်သာရှိပြီး ကျန်အချို့အတွက် ပေးဆောင်ပေးရန် မတတ်စွမ်းနိုင်ပါက တရားတော်အရ မိမိအပေါ်၌ ပို၍တာဝန်ရှိသူများအတွက် ဦးစွာပေးဆောင်ရမည်။ နိဆွားဗ်ရှင်မုစ်လင်မ်အမျိုးသားအပေါ်၌ ၎င်းအပါအဝင် ၎င်း၏ဇနီး၊ အရွယ်မရောက်သေးသော သားသမီးများ၊ ၎င်းတာဝန်ယူထားသော (ဥပမာ ဖခင်၊ ဒါဒါ၊ မိခင်၊ နာနီ) တို့ကဲ့သို့သောသူများအတွက်လည်း ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ ဟဒီးစ်တော်မြတ်တွင် မိမိက အကုန်အကျခံ၍ ကျွေးမွေးနေရသူများအတွက် ဖိသ်ွရဟ်ပေးဆောင်ရမည် ဟု လာရှိထားသည်။ (အဟ်ယာအုလ်အုလူးမ်ကျမ်း)

မဆ်အလဟ်
နိဆွားဗ်ရှင်တစ်ဦးသည် အီးဒ်နေ့၌ ဖိသ်ွရဟ်မပေးဆောင်မိခဲ့လျှင် ခွင့်လွှတ်ချက်မရှိပါ။ မည်သည့်နေ့၌ပင်ဖြစ်စေ ပေးဆောင်ရမည်။ (ဗဟစ်ရှ်သီးဇေဝရ်)

မဆ်အလဟ်
ဖိသ်ွရဟ်၌ ဂျုံစေ့၊ (သို့) ဂျုံမှုန့် (သို့) ဂျုံလှော်မှုန့်ပေးလိုလျှင် တစ်ပိဿနှင့် တစ်ဆယ်သား ပေးဆောင်ခြင်းအပြင် ဆင်ခြင်သည့်အနေဖြင့် အနည်းငယ်ပို၍ ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ပို၍ပေးခြင်းဖြင့် အကြောင်းမဟုတ်ဘဲ သာပို၍ကောင်းမွန်သောကြောင့်ဖြစ်သည်။ ဂျောင်(မုယောဆန်) ပေးဆောင်ခြင်းဖြစ်လျှင် ၎င်း၏နှစ်ဆ (နှစ်ပိဿနှင့် နှစ်ဆယ်သား) ပေးရမည်။ အခြားသောသီးနှံများဖြင့်ပေးလိုလျှင် ဥပမာ၊ ကုလားပဲ၊ ပြောင်းနှင့် ဆန်တို့ဖြစ်လျှင် ဂျုံတစ်ပိဿတစ်ဆယ်သား၏တန်ဖိုးနှင့် ညီမျှအောင်ပေးဆောင်ရမည်။ (ဗဟစ်ရှ်သီးဇေဝရ်)

ဓမ္မသတ်အမေး/ အဖြေ
အမေး။ ကျွန်ုပ်တို့ဒေသ၌ အများအားဖြင့် ဆန်စားသုံးကြသည့်အတွက် ဆန်တစ်ပိဿနှင့် တစ်ဆယ်သား၊ ထို့အတူ ဆန်တစ်ပြည်နှင့်တစ်လုံးအား ဖိသ်ွရဟ်အဖြစ်ပေးဆောင်ခြင်း ပြုနိုင်ပါသလား။
ဖြေ။ ဒုရ်ရေမုခ်သားရ်ကျမ်း၌ လူတစ်ဦးသည် ဖိသ်ွရဟ်အား ဆန်ဖြင့်ပေးရန် ဆန္ဒရှိလျှင် ဆန်၏အလေးချိန်ပမာဏ သတ်မှတ်ချက်မရှိသည့်အတွက် ဂျုံ(တစ်ပိဿနှင့် တစ်ဆယ်သား)၏ တန်ဖိုး (သို့မဟုတ်) ဂျောင်( မုယောဆန်) နှစ်ပိဿနှင့်နှစ်ဆယ်သား၏ တန်ဖိုးငွေနှင့်ညီမျှသောဆန်ကိုပေးလျှင် ဖိသ်ွရဟ်အထမြောက်သည်ဟု ဖော်ပြထားသည်။
အကယ်၍ ဆန်တစ်ပိဿနှင့် တစ်ဆယ်သားပေးမည်ဆိုလျှင် ဆန်တစ်ပိဿနှင့်တစ်ဆယ်သား၏ တန်ဖိုးသည် ဂျုံတစ်ပိဿနှင့်တစ်ဆယ်သား၏တန်ဖိုး (သို့မဟုတ်) ဂျောင်(မုယောဆန်) နှစ်ပိဿနှင့်နှစ်ဆယ်သား၏ တန်ဖိုးငွေထက် နည်းနေပါက ဖိသ်ွရဟ်အထမြောက်မည်မဟုတ်။ (အင်မ်ဒါဒုလ်ဖသာဝါကျမ်း)
(ဆန်တစ်ပြည်နှင့်တစ်လုံးပေးလျှင် ဖွသ်ွရာဟ်အထမြောက်ပါသလားဟူသော မေးခွန်းအတွက်အဖြေမှာ အထက်ပါအတိုင်းဖြစ်သည်။)

ဓမ္မသတ်အမေး/ အဖြေ
မေး။ ကျွန်ုပ်တို့အရပ်၌ ဂျုံစိုက်ပျိုးခြင်းလည်းမရှိပါ။ အချို့အိမ်များ၌ ဂျုံမှုန့်အကြမ်း အနည်းငယ်သာ သုံးစွဲကြ၏။ ဂျုံမှုန့်အနုကိုမူ များစွာသုံးစွဲကြသည်။ ဂျုံမှုန့်အကြမ်းထက် ဂျုံမှုန့်အနုက ပို၍ဈေးကြီး၏။ ဂျုံမှုန့်အနုဖြင့်သာ ဖိသ်ွရဟ်ပေးဆောင်ရမည်လား။ မြို့ကြီးများ၏ ဈေးဖြင့် ဖိသ်ွရဟ်ပေးဆောင်ရမည်လား။
ဖြေ။ ဂျုံစေ့၊ ဂျုံမှုန့်ကြမ်း၊ ဂျုံမှုန့်နု ၎င်းသုံးမျိုးစလုံးမှ မည်သည့်အမျိုးအစားဖြစ်စေ ဖိသ်ွရဟ်အထမြောက်မည်။ ဂျုံစေ့ထက် ဂျုံမှုန့်အကြမ်းပေးခြင်းက ပို၍မြတ်သည်။ ဂျုံမှုန့်အကြမ်းထက် တန်ဖိုးငွေပေးခြင်းက သာပိုမြတ်သည်။ မိမိတို့ဒေသနှင့် အနီးဆုံးရှိ ဂျုံနှင့် ဂျုံမှုန့်များရောင်းသည့် မြို့ရွာ၏ကာလပေါက်ဈေး (ရောင်းဈေး)ဖြင့် သတ်မှတ်ရမည်။ အလှမ်းဝေးသောမြို့ကြီးများ၏ ဂျုံဈေးနှုန်းကို စုံးစမ်း၍သတ်မှတ်ခြင်းဖြင့် မလုံလောက်ပါ။ မိမိတို့ဒေသနှင့် အနီးဆုံးနေရာဒေသ၏ တန်ဖိုးသာအတည်ဖြစ်သည်။ (ဖသာဝါမဟ်မူဒီယာ)

မဆ်အလဟ်
အကောင်းဆုံးဖိသ်ွရဟ်မှာ ဂျုံ(သို့မဟုတ်) ဂျောင်၏ တန်ဖိုးကို ပေးဆောင်ခြင်းဖြစ်သည်။ (အာလမ်ဂီရီကျမ်း) ပေါများသောခေတ်ဖြစ်လျှင် ငွေပေးခြင်းက ပိုကောင်းပြီး ရှားပါးသောခေတ်ဖြစ်လျှင် စားသုံးဖွယ်ရာများပေးခြင်းက ပို၍ မြတ်၏။ (အိလ်မုလ်ဖိကဟ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ နိုင်ငံခြားရောက်နေသူများက မိမိတို့၏ဆွေမျိုးသားခြင်းများထံသို့ မိမိအတွက်ဖိသ်ွရဟ်ပေးဆောင်ရန် အကြောင်းကြားလာလျှင် ၎င်း၏ဆွေမျိုးသားချင်းတို့အနေဖြင့် ဤနိုင်ငံ၏တန်ဖိုးဖြင့်ပေးဆောင်ရမည်လား၊ (သို့) ၎င်းရောက်ရှိနေသောနိုင်ငံ၏တန်ဖိုးဖြင့် ပေးဆောင်ရမည်လား။
ဖြေ။ ၎င်းအတွက်ဖိသ်ွရဟ်မှာ အကောင်းဆုံးဂျုံတစ်ပိဿနှင့် တစ်ဆယ်သား၏တန်ဖိုးကို ပေးဆောင်ရမည်။ အကယ်၍ ဤနိုင်ငံ၏ဂျုံတန်ဖိုးက သာပိုများပြားလျှင် ဤနိုင်ငံ၏တန်ဖိုးဖြင့်ပေးဆောင်ရမည်။ အကောင်းဆုံးမှာ ဂျုံပေးဆောင်ခြင်းဖြစ်သည်။ (သို့မဟုတ်) သူဆင်းရဲများပို၍ အကျိုးဖြစ်စေမည့်တန်ဖိုး (ဂျုံဈေးပိုများသည့်နိုင်ငံ၏ ဂျုံတန်ဖိုး)ကို ပေးဆောင်ခြင်းဖြစ်သည်။ (ဖသာဝါရဟီမီယဟ်ကျမ်း)

ဓမ္မသတ်အမေး/ အဖြေ
အမေး။ တမန်တော်မြတ်၏ ခေတ်အခါသမယ၌ ဖိသ်ွရဟ်အား အီးဒ်နမားဇ်မတိုင်မီပေးခဲ့ပါသလား။ သို့မဟုတ် ဆင်းရဲသားများကို ဝေငှပေးရန်ရက်အတန်ကြာသည်အထိ စုဆောင်းထားခြင်းများပြုခဲ့ပါသလား။ ကျွန်ုပ်တို့ဒေသရှိ အချို့သူများသည် ဖိသ်ွရာများစုဆောင်းထားပြီး နောက်ပိုင်းအလိုရှိချိန်၌ ပေးဝေကြပါသည်။ ဤသည်နှင့်ပတ်သက်၍ တရားတော်၏အမိန့် မည်သို့ပါနည်း။
ဖြေ။ ဒုရ်ရေမုခ်သားရ်ကျမ်း၌ ရေးသားထားချက်အရ ကိုယ်တော်မြတ်၏ကျင့်စဉ်နှင့် မိန့်ကြားချက်တို့နှင့် လျော်ညီရန် အီးဒ်နမားဇ်မတိုင်မီ ဖိသ်ွရဟ်ပေးဆောင်ခြင်း မုစ်သဟ်ဗ်ဖြစ်ကြောင်းသိရှိရ၏။ မစ်ရှ်ကားသ်ကျမ်း၌ ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အုမရ်သခင်က ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် အီးဒ်နမားဇ်ဝတ်ပြုရန် မသွားမီအလျင် ဖိသ်ွရဟ်ပေးဆောင်ရန် အမိန့်ပေးတော်မူခဲ့သည်ဟု ဆင့်ပြန်ခဲ့သည်။ သို့ရှိရာ မေးခွန်းပါအချို့သူများ၏ လုပ်ရပ်မှာ စွန္နသ်နှင့်ဆန့်ကျင်နေပြီး အခြေအမြစ်မရှိသောလုပ်ရပ်များပင်ဖြစ်သည်။ (အရေးပေါ်အခြေအနေမျိုးရှိလျှင် ချွင်းချက်ဖြစ်သည်။) (ဖသာဝါဒါရုလ်အုလူးမ်)

မဆ်အလဟ်
လူတစ်ဦးသည် မိမိ၏ဖိသ်ွရဟ်အား ဆင်းရဲသားတစ်ဦးတည်းအားပေးလျှင်ဖြစ်စေ၊ သို့မဟုတ် ဆင်းရဲသားတို့အား အနည်းငယ်စီခွဲပေးလျှင်ဖြစ်စေ နှစ်မျိုးစလုံးပိုင်သည်။ အလားတူပင် လူအများ၏ဖိသ်ွရဟ်အား ဆင်းရဲသားတစ်ဦးတည်းအား ပေးခြင်းလည်းပိုင်သည်။ သို့ရာတွင် ဤသို့စုပေါင်း၍ပေးရာ၌ ဇကားသ်၏နိဆွားဗ်အထိရောက်ရှိအောင်ပေးခြင်း မက္ကရူဟ်ဖြစ်သည်။ ဇကားသ်စားထိုက်သူတိုင်း ဖိသ်ွရဟ်စားနိုင်သည်။ (ဗဟစ်ရှ်သီးဇေဝရ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ အကြွေးရှင်သည် မိမိ၏ဖိသ်ွရဟ်ငွေအား ၎င်းထံမှချေးထားသောဆင်းရဲသား၏ အကြွေးကို ခုနှိမ်ပြီးပေးဆောင်လိုက်လျှင် ဖိသ်ွရဟ်အထမြောက်ပါမည်လား။
ဖြေ။ ဤပုံစံဖြင့် ဖိသ်ွရဟ်အထမမြောက်ပါ။ လက်ဝယ်မပေးဘဲ အကြွေးနှိမ်၍ပေးခြင်းဖြင့် ဇကားသ်နှင့်ဖိသ်ွရဟ်တို့ အထမမြောက်ပါ။ (လက်ဝယ်ပေးပြီး အကြွေးပြန်လည်တောင်းယူနိုင်သည်။) (ဖသာဝါဒါရွလ်အုလူးမ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ ဗလီအိမာမ်အား ဖိသ်ွရဟ်ပေးပိုင်ပါသလား။
ဖြေ။ အိမာမ်ဖြစ်ခြင်းကြောင့် ပေးခြင်းဖြစ်လျှင် မပိုင်ပါ။ (ဖိသ်ွရဟ်စားထိုက်သူဖြစ်၍ ပေးခြင်းဖြစ်လျှင် ပိုင်သည်။) (ဖသာဝါဒါရွလ်အုလူးမ်)

မဆ်အလဟ်
ဖိသ်ွရဟ်အား ဆင်းရဲသားဖြစ်သောစဲဟ်ရီနှိုးပေးသူအား ပေးခြင်းပိုင်သည်။ သို့ရာတွင် အကောင်းဆုံးမှာ နှိုးပေးခဟူ၍ မသတ်မှတ်ဘဲ ငွေအချို့ဦးစွာပေးလိုက်ရမည်။ ထို့နောက်မှ ဖိသ်ွရဟ်ပေးလိုက်ရမည်။ (အိလ်မုလ်ဖိကာဟ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ ဆင်းရဲသောယသီးမ်မိဘမဲ့ကလေးများနှင့် ဆင်းရဲသားကလေးများအား ဖိသ်ွရဟ်ပေးခြင်းပိုင်ပါသလား။
ဖြေ။ ဆင်းရဲပြီး အရွယ်မရောက်သေးသည့် မသိတတ်သေးသောကလေးဖြစ်ပါက ၎င်းအား ဖိသ်ွရဟ်ပေးခြင်းမပိုင်ပါ။ ၎င်း၏အုပ်ထိန်းသူများထံ ပေးခြင်းပိုင်သည်။ သိတတ်သောကလေးဖြစ်ပါက ထိုကလေးလက်ထဲသို့ပေးပိုင်သည်။ (ဖသာဝါမဟ်မူဒီယဟ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ ဆင်းရဲသားမရှိသောနိုင်ငံတွင်ရှိသူတို့သည် အီးဒ်နေ့၌ဖိသ်ွရဟ်ထုတ်ကြပြီး သီးခြားထားလေ့ရှိသည်။ (သို့) စိတ်ချယုံကြည်ရသူထံ ပေးအပ်ထားကြသည်။ နောက်မှ ၎င်းငွေကြေးအား ဆင်းရဲသောနိုင်ငံများသို့ ပို့ပေးခြင်းဖြင့် မုစ်သဟဗ်အထမြောက်ပါသလား။
ဖြေ။ အီးဒ်နမားဇ်အလျင် ဆင်းရဲသားများအား ဖိသ်ွရဟ်ပေးခြင်း မုစ်သဟဗ်ဖြစ်သည်။ ဆင်းရဲသားတို့အားပေးခြင်းမပြုဘဲ သီးခြားထားသည့်အတွက် မုစ်သဟဗ်အကျိုးမရနိုင်ပါ။ ဆင်းရဲသားမရှိသောနိုင်ငံဟု ဆိုခြင်းမှာ ဖြစ်နိုင်ချေမရှိပါ။ အကယ်၍အမှန်ပင်ရှိသည်ဆိုပါက အခြားဒေသများရှိ ဆင်းရဲသားများထံ ပို့ပေးရန်ထိုက်သည်။ ထိုအခြေအနေ၌ ခြွင်းချက်ရှိသည့်အတွက်ကြောင့်(နောက်ကျမှပေးပို့ခြင်းဖြင့်) မုစ်သဟဗ်လွှတ်သူဟု မဆိုသာပါ။ (ဖသာဝါဒါရွလ်အုလူးမ်)

ဓမ္မသတ်အမေး/ အဖြေ
မေး။ ဖိသ်ွရဟ်အား မိဘမဲ့ဂေဟာသို့ ငွေလွှဲဖြင့်ပို့ပေးရာ ဂေဟာအုပ်ချုပ်ရေးမှုးထံ သံကြိုးသာရောက်ရှိပြီး ငွေမရောက်ရှိသေးကြောင်း စာရောက်ရှိလာသည်။ မိမိ၏ဖိသ်ွရဟ်အထမြောက်ပါသလား။
ဖြေ။ ဤကိစ္စမှာ ငွေပို့ပေးသူ၏ တာဝန်သာဖြစ်၍ ဖိသ်ွရဟ်အထမမြောက်ပါ။ အဘယ့်ကြောင့်ဆိုသော် စာတိုက်သည် ငွေပို့ပေးသူ၏ ကိုယ်စားလှယ်သာဖြစ်သဖြင့် ငွေပို့ခံရသူ၏ ကိုယ်စားလှယ်မဟုတ်ခြင်းကြောင့်ဖြစ်သည်။ (ကိဖာယသုလ်မုဖ်သီကျမ်း)
 ×-×-×-×- မုဟမ္မဒ်အဟ်မဒ်ဘားမ် (မဇွာဟေရီ) -×-×-×-×

အလ်မီဇာန် ဂျာနယ်၊ ရမဿွာန်လ အထူးထုတ် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
မည်သူမဆို Share ခွင့်ရှိသည်။ စာသားကော်ပီမယူရ။

Wednesday, July 23, 2014

မုစ်လ်မ်ဓာတ်ပုံရှင်တို့အတွက်

မုစ်လင်မ်အမျိုးသား/အမျိုးသမီးများ လိုက်နာကျင့်သုံးပါ ။

သာသနာက ဓါတ်ပုံမရိုက်နဲ့လို့ ပြောထားတာကို စောဒကများစွာနဲ့ ဖသဝါများစွာမေးမြန်းပြီး ဟိုလိုဆိုပိုင်လား? ဒီလိုဆိုပိုင်လား? နဲ့ INTERNET ပေါ်မှာ ဓါတ်ပုံပေါင်းစုံ ပုံစံပေါင်းစုံ တင်နေကြတာဟာဖြင့် လွန်လွန်းနေပြီ။ ဘာလဲအလ္လာဟ်ရဲ့အမိန့်တွေကိုယဉ်ယဉ်လေးနဲ့ဖီဆန်နေတာလား ? ဆန့်ကျင်နေတာလား? အလ္လာဟ်ကိုမကြောက်တဲ့သူတွေလား? ဘယ်လိုလူတွေလဲ ? အလ္လာဟ်ကို စိမ်ခေါ်ရဲသူတွေလား? ဖြေစမ်းပါ။ မော်လာနာဆွာဗေးရ် (ဆရာသခင်ကြီးကို အလ္လာဟ်အရှင်မြတ် ဂျန္နသ်အစားပေး ချီးမြှင့်တော်မူပါစေ) ဗယာန်လိုဘဲပြောလိုက်မယ် ကုလားတွေကာလနာတိုက်မယ် ၊ သေခြင်းဆိုးမယ်။ သတိထားနေကြ။ ဒီလိုပဲ ပြောချင်တယ်။

** အမြန်ဆုံး သေခြင်းမဆိုးသေးခင် မိမိတင်ထားတဲ့ အမေပုံ၊ နှမပုံ၊ မွေးကင်းစ ကလေးပုံ၊ မလှတဲ့သူတွေလှအောင်ရိုက်ပြထားတဲ့ပုံ၊ အရှိကိုအရှိအတိုင်း ထုတ်ကြွားနေတဲ့ပုံတွေ၊ ကိုယ်တိုင်တော့မလုပ်ဘူး။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကို ပုံစံအမျိုးမျိုးလုပ်ပြီး ထုတ်ကြွားနေတဲ့ မိသားစုတွေ၊ အလ္လာဟ်က အချောအလှကလေးချီးမြှင့်ထားတာကို တစ်ကမ္ဘာလုံးသိအောင် ကြွားလုံးထုတ်နေတဲ့ မုစ်လင်မ်ပညာမတတ်တဲ့သူတွေ။ အမြန်ဆုံးပြင်ပေးပါ။

ခင်ဗျားတို့တွေ အရှက်နဲ့ လူလုပ်ပါ။ အသက်နဲ့ လူမလုပ်နဲ့။ အသက်ဆိုတာ လူတိုင်းမှာရှိတယ်။ အရှက်တရားရှိခြင်းက လူတိုင်းမှာ မရှိဘူး။အိလင်မ်ကို သင်ယူပါ။ လိုက်နာကျင့်သုံးပါ။ ခေတ်နောက်လိုက်ပြီး ခေတ်ပညာကိုပဲအထင်ကြီးနေတဲ့သူတွေ အတတ်ကျူး ဘီလူးမလုပ်ပါနဲ့။ ကိုယ်တစ်ယောက်ထဲကောင်းအောင်မနေပါနဲ့။ မိမိ မိသားစုရဲ့ အားနည်းချက်တွေကို ရှာဖွေပြီးပြုပြင်ပေးပါ။ လင်မယား ကွဲခိုင်းတာမဟုတ်ဖူး။ သားသမီး၊ သားမယားကို ရိုက်နှက်ခိုင်းနေတာမဟုတ်ဖူး။ ခေတ်မှီမှီနေတာကိုမှ ကြိုက်နေတဲ့မိဘတွေ သတိထားနေပါ။ အလ္လာဟ်ကမပြင်ပေးခင် ကိုယ့်ဟာကိုယ် ပြင်လိုက်ပါ။

အင်န်နမာလ်အအ်မာလုဗင်န်နိယာသ်။
မည်သူမပြုမိမိမှု၊ မိမိတို့ရဲ့လုပ်ရပ်ဟာ မိမိတို့ရဲ့ရည်စူးချက်အပေါ် မူတည်နေပါတယ်။

(အာခိရသ်ရဲ့နူရ်)

Tuesday, July 22, 2014

ကဒရ်ညမြတ်ဆိုင်ရာ မဆ်အလဟ် - ဓမ္မသတ်များ

ရေးသားသူ >> မုဖ်သီအိဒ်ရီးစ် (မဇွာဟေရီ)ဖိကဟ်၊ ဟဒီးဆ်အတန်းပြဆရာ
ဂျာမိအဟ်ဒါရုလ်အုလူးမ်၊ ဂျာမိအဟ်အဆ်အဒီယဟ် ခသွီးဗ်- မဒါးမတ်စ်ဂျိဒ် (အလ်မီဇားန် ၄)

"ကဒရ်ညဥ့်မြတ်ဟူသည်"
ရမဇာန်လမြတ်၏ ညများအတွင်းဝယ် "ကဒရ်" ဟုခေါ်တွင်သော ညဥ့်တစ်ညဥ့်ရှိသည်။ ယင်းညဥ့်သည် မြောက်မြားစွာသောဗရ်ကသ်မင်္ဂလာများနှင့်ပြည့်စုံသောညဥ့်ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ ယင်းညဥ့်သည် လပေါင်းတစ်ထောင်ထက်သာပို၍မြတ်ကြောင်းဖော်ပြထားသည်။ လပေါင်းတစ်ထောင်တွင် (၈၃)နှစ်နှင့်(၄)လရှိသည်။ ဤကဲ့သို့ဗရ်ကသ်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောညဥ့်မြတ်၌ တစ်ညတာ အိဗာဒသ်ပြုခွင့်ရသူသည် အလွန်ပင်နဖူးစာကောင်းသူဖြစ်ပြီး တစ်ညတည်းအိဗာဒသ်ပြုရုံဖြင့်(၈၃)နှစ်နှင့်(၄)လ အချိန်ကာလ အိဗာဒသ်ပြုလုပ်သောအကျိုးထက် သာပိုသောအကျိုးစဝါးဗ်များကို ရရှိပိုင်ဆိုင်သွားတော့သည်။ လပေါင်းတစ်ထောင်ထက်သာပို၍မြတ်သည့်အတွက် အလ္လာဟ်အရှင်မြတ်၏ကြီးမားသော ကျေးဇူးတော်တစ်ရပ်သာဖြစ်သည်။ ဒုရ်ရေမန်ဆူးရ်ကျမ်း၌ ဟဇ်ရသ်အနတ်စ်(ရဟ)သခင်၏ " ကဒရ်ညဥ့်မြတ်သည် ငါတမန်တော်၏အုမ္မသ်များအပေါ် အလ္လာဟ်အရှင်မြတ်က ကရုဏာပြု၍ချပေးခြင်းဖြစ်သည်။" " ယခင်အုမ္မသ်များသည် ဤညဥ့်မြတ်အားမရရှိခဲ့ကြ" ဟူသည့်ဆင့်ပြန်ချက်အားဖော်ပြထားသည်။
အချို့ဟဒီးဆ်တော်များ၌" ကိုယ်တော်မြတ်(ဆွလ္လာဟုအလိုင်ဟေဝစလာမ်)သည် ရှေးအုမ္မသ်များ၏ အလွန်ရှည်လျား သောသက်တမ်းကိုတွေ့မြင်တော်မူပြီး မိမိအုမ္မသ်များ၏သက်တမ်းမှာ အလွန်ပင်တိုတောင်းလွန်းသည့်အတွက် ကောင်းမြတ်သောအမလ်ပြုကျင့်ရာ၌ ရှေးအုမ္မသ်များနှင့်တန်းတူဖြစ်လို၍ ပူဆွေးသောကရောက်ရှိနေသည့်အတွက် အလ္လာဟ်အရှင်မြတ်သည် မိမိအချစ်တော်၏အုမ္မသ်အတွက် ရှေးအုမ္မသ်များ၏ကောင်းမှုများနှင့်တူညီနိုင်စေရန် ဤကဒရ်ညဥ့်မြတ်ကိုချီးမြှင့်တော်မူခဲ့သည်။" ဟုဖော်ပြထားသည်။ နဖူးစာကောင်းသူတစ်ဦးသည် မိမိသက်တမ်းတစ်လျှောက်၌ ဤညဥ့်မြတ်အား (၁ဝ) ကြိမ်တိုင်တိုင်ကြုံခွင့်ရပြီး (၁ဝ)ညဥ့်လုံး အေဗာဒသ်ပြုခွင့်ရပါက ၎င်းအဖို့ နှစ်ပေါင်း(၈၃၃)နှစ်နှင့်(၄)လထက်သာပိုသည့်အိဗာဒသ်၏ အကျိုးစဝါးဗ်ကိုရရှိမည်မှာမလွဲမသွေပင်။
အချို့ဆင့်ပြန်ချက်များ၌ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စ်လာမ်) သည် လပေါင်းတစ်ထောင်တိုင် ဂျိဟားဒ်ပြုခဲ့သော ဗနီအိစ်ရာအီလ်ပုဂ္ဂိုလ်တစ်ဦးအကြောင်း မိန့်ကြားတော်မူသောအခါ ဆွဟာဗဟ်(ရသွီ)သခင်ကြီးများသည် ၎င်းပုဂ္ဂိုလ်အပေါ်အားကျကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ဤညဥ့်မြတ်အားချီးမြှင့်တော်မူခဲ့ခြင်း ဖြစ်သည်ဟုဖော်ပြထားသည်။
အခြားဆင့်ပြန်ချက်တစ်ရပ်၌ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စ်လာမ်)သည် ဗနီအိစ်ရာအီလ်အနွယ်ဝင်များဖြစ်ကြသော ဟဇ်ရသ်အိုင်ယူဗ်(အလိုင်ဟစ်စလာမ်)၊ ဟဇ်ရသ်ဇကရီယာ(အလိုင်ဟစ်စလာမ်)၊ ဟဇ်ရသ်ဟစ်ဇ်ကီးလ် (အလိုင်ဟစ်စလာမ်)နှင့် ဟဇ်ရသ်ယူရှအ်(အလိုင်ဟစ်စလာမ်)၊ တို့၏ နှစ်ပေါင်း(၈ဝ)တိုင် အလ္လာဟ်အရှင်မြတ်အားအိဗာဒသ်ပြုခြင်း၌သာမွေ့လျှော်ခဲ့ကြပြီး မျက်စိတစ်မှိတ်ခန့်မျှပင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်နှင့် ဆန့်ကျင်သောအပြုအမူ မပြုခဲ့ကြသည့်အကြောင်း မိန့်ကြားတော်မူရာ ဆွဟာဗဟ်(ရသွီ)သခင်ကြီးများသည် အလွန်ပင်အံ့သြကြ၍ (မိမိတို့၏တိုတောင်းသောသက်တမ်းအပေါ်) သောကရောက်ကြလေသည်။ ထိုအချိန်မှာပင် ဟဇ်ရသ်ဂျိဗ်ရာအီးလ်(အလိုင်ဟစ်စလာမ်)ရောက်ရှိလာပြီး "စူရာဟ်ကဒရ်" ဖတ်ပြလေတော့သည် ဟုဖော်ပြထားသည်။
အထက်ပါဆင့်ပြန်ချက်များအပြင် အခြားသောဆင့်ပြန်ချက်များလည်းရှိသည်။ ဤသို့ကွဲလွဲမှုရှိသော ဆင့်ပြန်ချက် အများအပြားဖြစ်ရခြင်းမှာ တစ်ချိန်တည်းမှာပင် အထက်၌တင်ပြခဲ့သော အကြောင်းအရာများဖြစ်ပေါ်၍ ဤစူရဟ်ကျရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ မည်သည့်အကြောင်းကြောင့် ကျရောက်သည်ဖြစ်စေ ဤညဥ့်မြတ်သည် အုမ္မသိမုဟမ္မဒီယဟ်အတွက် အလ္လာဟ်အရှင်မြတ်၏ကြီးမားသောဆုလာဘ်တော်ပင်ဖြစ်သည်။ ထိုညဥ့်မြတ်၌ အမလ်ကောင်းမှုများပြုနိုင်ရခြင်းသည်လည်း ထိုအရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာဖြစ်သည်။ (ဖဇာအေလေရမဇာန်မုဘာရတ်က်ကျမ်း၊ စာ-၃၅) (မဇွာဟစ်ရ်ဟတ်က်ဂျဒီးဒ်ကျမ်း၊ တွဲ-၂၀၊ စာ-၆၇၉)
ယခု ကဒရ်ညနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို တင်ပြပေးပါမည်။

၁။ မဆ်အလဟ်
မေးခွန်းတစ်ခု၏အဖြေ
"ကဒရ်ညဥ့်မြတ်သည် လပေါင်းတစ်ထောင်ထက်ပို၍မြတ်ရာ ထိုလပေါင်းတစ်ထောင်အနက် နှစ်စဉ်တစ်နှစ်တွင်တစ်ညဖြစ်သောကဒရ်ညဥ့်များကိုလည်းရေတွက်ရမည်လား" ဟူသည့်မေးခွန်းဖြစ်ပေါ်လာ၏။ သဖ်စီရ်ပညာရှင်ကြီးများက " ဤနေရာ၌ လပေါင်းတစ်ထောင်ထက် မြတ်သောညဥ့်ဟုဆိုထားရာ၌ ထိုလပေါင်းတစ်ထောင်အတွင်း၌ ကဒရ်ညဥ့်မြတ်မပါဝင်" ဟုတင်ပြကြသည်။
(မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊စာ၇၉၄)

၂။ မဆ်အလဟ်
တစ်ကမ္ဘာလုံး၌ ကဒရ်ညဥ့်မြတ်သည် တစ်ချိန်တည်းဖြစ်ပါသလား ??
တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ နေဝင်နေထွက်ကွဲလွဲမှုရှိသည့်အလျောက် ကဒရ်ညဥ့်သည်လည်းကွဲလွဲ၍ဖြစ်ပေါ်မည်ကို မည်သည့်စောဒကမျှမတက်နိုင်ပါ။ နိုင်ငံတိုင်း၊ ဒေသတိုင်းသည် မိမိတို့နိုင်ငံဒေသအလိုက် ကဒရ်ညဥ့်မြတ်ကိုသတ်မှတ်ကြပေမည်။ ထိုဒေသ၏ ထိုညဥ့်၌ ကဒရ်ညဥ့်မြတ်၏ဗရ်ကသ်များ ရရှိကြလိမ့်မည်ဖြစ်သည်။ (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃)

၃။ မဆ်အလဟ်
ကဒရ်ညဥ့်မြတ်၏အိရှာအ်နမာဇ်နှင့် ဖဂျရ်အား ဂျမာအသ်နှင့်ဝတ်ပြုသူသည်လည်း ထိုညဥ့်မြတ်၏အကျိုးကုသိုလ်များကို ရရှိပေလိမ့်မည်။ ထို့ထက်ပို၍ အိဗာဒသ်ဆောက်တည်မှုပြုသောသူမှာကား ၎င်းပြုသမျှနှင့်အညီ ကုသိုလ်အကျိုးစဝါးဗ်လည်းပိုမိုရရှိမည်သာဖြစ်သည်။ ဆွဟီးဟ်မုစ်လင်မ်ကျမ်း၌ ဟဇ်ရသ်အုဆ်မာန်းဂနီ(ရသွီ)သခင်ဆင့်ပြန်သည့် အကြင်သူသည် အိရှာအနမားဇ်အား ဂျမာအသ်နှင့်တကွဝတ်ပြုလိုက်ပါလျှင် ညဥ့်တစ်ဝက်အိဗာဒသ်ပြုလုပ်သည့်ဆဝါးဗ်ကုသိုလ်ရရှိလိုက်သူဖြစ်ပြီး(ထပ်မံ၍) ဖဂျရ်နမာဇ်ကိုလည်းဂျမာအသ်နှင့်ဝတ်ပြုလိုက်သူဖြစ်လျှင်ကား တစ်ညတာလုံးနိုးကြားပြီး အိဗာဒသ်ပြုသောအကျိုးဆဝါးဗ်ကိုရရှိသူပင်ဖြစ်သည် ဟူသော ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်)၏ မိန့်ကြားချက်အားဖော်ပြထားသည်။ (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃)

ဓမ္မသတ် အမေး/အဖြေ
၂၇ - ရက်မြောက်ညဥ့်၌ ကျမ်းမြတ်ကုရ်အာန်ခသမ်ပြုလုပ်ခြင်း
မေး။ ကဒရ်ညဥ့်မြတ်အား လမြတ်ရမဇာန်၏နောက်ဆုံး(၁၀)ရက်ရှိ မ ညများ၌ရှာဖွေခြင်းနှင့်စပ်လျဉ်းသောအမိန့်ကားမည်သို့ပါနည်း။ အမြဲတစေ နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်၏ (၂၇)ရက် မြောက်ည၌ လိုင်လသုလ်ကဒရ်(ကဒရ်ညဥ့်မြတ်) အဖြစ်ကျင်းပခြင်းနှင့် ထိုညဥ့်၌ ကုရ်အာန်ခသမ်သိမ်းခြင်းဗိဒ်အသ် ဖြစ်ပါသလား။ ထိုညဥ့်၌သာအိဗာဒသ်ပြုလုပ်ခြင်းနှင့် (အထူးသဖြင့်) ဟာဖိဇ်များသည် ထိုညဥ့်၌ ကုရ်အာန်ခသမ်သိမ်း ပွဲပြုလုပ်ခြင်းများသည် မည်သို့ပါနည်း။

ဖြေ။ ကဒရ်ညဥ့်မြတ်အား ရမဇာန်လမြတ်၏နောက်ဆုံး(၁၀)ရက်မှ မ ညများ၌ရှာဖွေကြရန် ကျွန်ုပ်တို့အားအမိန့်ပေးခံခဲ့ရ၏။ သို့ရာတွင် မြောက်မြားစွာသောအာလင်မ်ကြီးများက အကြောင်းချင်းရာဆက်စပ်မှုများအားဖြင့်(၂၇) ရက်မြောက် ညဥ့်ကိုဦးစားပေးကြ၏။ ဖြစ်နိုင်သည်ဟု အများဆုံးထင်ရသည်မှာလည်း ဤ(၂၇) ရက်မြောက်ညဥ့်ဖြစ်သော်လည်း မိမိ ၏ယူဆချက်အလေးသာသည့်အပေါ် အခြားညဥ့်များမဖြစ်နိုင်ဟု မှတ်ယူ၍လည်းမရပေ။(၂၇)ရက်မြောက်ညဥ့် သရာဝီဟ်၌ ကုရ်အာန်ခသမ်သိမ်းခြင်းပြုလုပ်မည်ဆိုပါက အမြတ်ဆုံးဖြစ်၍ မုစ်သဟဗ်ဖြစ်ပါသည်။ ထိုညဥ့်ကိုသာလျှင် ကဒရ်ညဥ့်မြတ်ဟုထင်မြင်ယူဆပြီး အခြားညဥ့်များအားကဒရ်မဖြစ်နိုင်ဟု ငြင်းဆိုခြင်းမှာမှားယွင်းသည်။ ကုရ်အာန်ခသမ်ကိုလည်း အမြဲတစေ ထိုညဥ့်၌ပင်ပြုလုပ်ရန်အရေးကြီးသည်ဟုမထင်မှတ်ရ။ (ဖသာဝါမဟ်မူဒီယဟ်ကျမ်း၊တွဲ-၁၁၊ စာ-၈၉)

မဆ်အလဟ်
ကဒရ်ညဥ့်မြတ်၏ကျင့်စဉ်များ
ဟဇ်ရသ်အာအိရှဟ်(ရသွီ)သခင်မက ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်)အား ယားရစူလလ္လာဟ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်) အကယ်၍ ကျွန်မသည် ကဒရ်ညဥ့်မြတ်အားသိရှိခဲ့ပါလျှင် ယင်းညဥ့်၌ ကျွန်မသည် မည်သည့်ဆုကို တောင်းဆိုရပါမည်နည်း ဟု မေးလျှောက်ရာ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်)က.. " အလ္လာဟ် ဟွမ္မာ အင်န်နက အဖူးဝုန် သူဟိဗ်ဗွလ် အဖ်ဝ ဖအ် ဖုအန်းနီ" ၎င်းဒိုအာကို သင်ပေးတော်မူသည်။ ၎င်းဒိုအာ၏အဓိပ္ပာယ်မှာ..."အိုအလ္လာဟ်အရှင်မြတ်..အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသနားတော်မူသောအရှင်ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသနားခြင်းကို နှစ်သက်တော်မူပါသည်။ သို့ရှိရာ ကျွန်တော်မျိုး/ကျွန်တော်မျိုးမ အား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ "ဟူ၏။ (သိရ်မိဇီကျမ်း၊ မစ်ရှ်ကားသ်ကျမ်း) အထက်ပါဒိုအာသည် အဘက်ဘက်မှပြည့်စုံကုံလုံမှုရှိသော ဒုအာဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူး တော်များမှ အာခိရသ်၌ ခွင့်လွှတ်ချမ်းသာမှုပေးသနားတော်မူသည်ဆိုပါလျှင် ၎င်းထက်သာပို၍ မည်သည့်အရာများ လိုအပ်ပါဦးမည်နည်း။ (ဖဇာအေလေရမဇာန်မုဘာရတ်က်-၄၉) ထိုည၌ (တတ်နိုင်သမျှ)နိုးကြားစွာနေလျက် နမားဇ်၊သိလာဝသ်၊ ဒရူးဒ်ရှရီးဒ်၊ ဒုအာ စသည်တို့ကို ဂရုတစိုက် ပြုရပေ မည်။ ထိုညဥ့်အတွက်သီးခြားအမလ်ကျင့်စဉ်မရှိပါ။ အကောင်းဆုံးမှာ ကျင့်စဉ်တိုင်းမှအနည်းငယ်စီပြုကျင့်ခြင်းဖြင့် ကျင့်စဉ်တိုင်း၏အကျိုးဆဝါးဗ်လည်းရရှိပြီး ပြောင်းလဲ၍ပြုလုပ်ရခြင်းအပေါ်၌ (ပျင်းရိမှုမဖြစ်ဘဲ) လွယ်ကူမှုဖြစ်စေ၏။ ထိုညဥ့်၌ ဗလီများတွင် တရားပွဲများပြုလုပ်ခြင်း၊ ပြုလုပ်စေခြင်းတို့ဖြင့် အကျိုးလည်းဖြစ်ပါသည်။ သို့ရာတွင်အမြဲတစေ ဤသို့ပင် ဂရုတစိုက် ပြုလုပ်ရန် မသင့်ချေ။ ပညာရှင်အကြီးအကဲများကလည်း ဤသည့်လုပ်ရပ်အား မနှစ်သက်ကြပေ။ (မရာကီယုလ်ဖလာဟ်ကျမ်း- စာ ၂၁၉) ထိုညဥ့်မြတ်နှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်မှာ ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်နှင့် ဆွဟာဗာဟ်သခင်တို့၏ ခေတ်အခါသမယတွင် ဤညဥ့်မြတ်၌ နိုးကြားစွာနေခြင်း၏ပုံစံမှာ ယခုကဲ့သို့မဟုတ်ချေ။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်မွန်များသည် ယင်းညဥ့်မြတ်၏တန်ဖိုးအား ကျွန်ုပ်တို့ထက်ပို၍ သိရှိသူများဖြစ်ကြသည်။ ဒုတိယအချက်မှာ ရမဇာန်လ ၂၇ရက်မြောက်ညဥ့်ကိုသာ အလွန်တရာအလေးထား၍ ပြုလုပ်နေခြင်းဖြင့် (နားလည်သူများ၏ လုပ်ရပ်အပေါ် ယုံကြည်အားကိုးနေကြရှာသည့်) အများမုစ်လင်မ်တို့၏ အသိအာရုံ၌ ဤညဥ့်သည်သာ ကဒရ်ညဥ့်မြတ်ဖြစ်သည်ဟူ၍ လွဲမှားသောအတွေးများ ဖြစ်ပေါ်စေနိုင်သည်။ အမှန်စင်စစ် ၂၇ရက်မြောက်ညဥ့်ကိုသာ ကဒရ်ဟု တစ်ထစ်ချယူဆခြင်းသည် မှား၏။ ထိုသို့ယူဆခြင်းဖြင့် ဆုံးရှုံးနစ်နာရသည့်အချက်မှာ လူတို့သည် ကဒရ်ညဥ့်ကိုရှာဖွေရန်အတွက် အခြားညဥ့်များ၌နိုးနိုးကြားကြားဖြင့် အိဗာဒသ်ပြုရန် အလေးမထားတော့ခြင်းပင် ဖြစ်သည်။ (ရမဇားန်ကယားဟဲ၊ စာ - ၁၆၃)
မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (မဇွာဟေရီ)

ဆရာသခင်များ၏ ရမဇာန်ကုန်ဆုံးပုံ


ဟဇရသ်ထာနဝီ၏ အဆိုအမိန့်များ 
ဝါဖြေချိန်၌ စားစရာများကို ဖြစ်နိုင်သ၍လျှော့စားပါ ။ သို့မှသာ စဟ်ရီထမင်းကို မြိန်ရည်၊ ယှက်ရည် စားနိုင်မည်။ 
"ကျွန်တော်ကတော့ အပိုပစ္စည်းတွေ - ဥပမာ သရက်သီးလိုသစ်သီးဝလံတွေကို သရာဟ်ဝီပြီးမှပဲ စားတတ်တယ်။ ဒါမှနမားဇ်မှာ လေးလံမှုမရှိဘဲဖတ်နိုင်မယ်။"
သရာဝီဆွလာသ်ပြီးနောက် အိမ်ပြန်ရောက်စဉ် အမျိုးများအား ကုရ်အာန်ထပ်မံရွတ်ဆိုပြပြီးည (၁၂) နာရီခွဲလောက်မှ အိပ်၏။ နှစ်နာရီခွဲလောက်တွင် စဟ်ရီအတွက်ပြန်ထသည်။ နံနက်မိုးလင်းသည်အထိ အိပ်လို့မရတော့ချေ။
သခင်ကြီးမှာ တော်တော်နှင့် အိပ်မပျော်နိုင်သည်ကတစ်ကြောင်း အိပ်တစ်ချက် မအိပ်တစ်ချက်ဖြစ်နေသည်က တစ်ကြောင်း အအိပ်နည်းသည့် အကျင့်ကအမြဲလိုလို ဖြစ်နေသည်။ ည၌ နှစ်နာရီခန့်သာအိပ်နိုင်တော့၏။ "ငါကမအိပ်နိုင်ဘဲနဲ့ အိပ်တယ်လို့သာအခေါ်ခံနေရတယ်။ နည်းနည်းကြိုးစားလိုက်ရင် ညလုံးပေါက်မအိပ်ဘဲ နေနိုင်မယ်" ဟုမိန့်၏။
တစ်ခေါက် ပုဂ္ဂိုလ်တစ်ဦးက "ရမဇာန်လမြတ်တွင် ကျင့်စဉ်များတိုးလုပ်ရာ၌ မြဲမြဲမလုပ်နိုင်ခြင်းအတွက် ဆရာ၏စကားကို သွေဖည်ရာများရောက်နေပါသလား" ဟု မေးရာ သွေဖည်ရာမရောက်၊ အကြောင်းမူကား အစကနဦးတည်းက မြဲမြဲလုပ်မည်ဟု ရည်ရွယ်ချက်မရှိသောကြောင့်ဖြစ်သည်။ ဟဒီးဆ်တော်မြတ်တစ်ခုတွင် နဗီတမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟေဝပ်စလာမ်) ကိုယ်တိုင်ပင် ရမဇာန်လမြတ်တွင် အမလ်ကျင့်စဉ် ပို၍လုပ်လေ့လုပ်ထရှိကြောင်း တင်ပြထားသည် ဟုဖြေကြားလိုက်၏။

မော်လဝီဆွာဟိဗ်တစ်ပါး၏ မျက်မြင်ဖြစ်ရပ်များ 
ယခုနှစ် (ဟစ်ဂျရီ ၁၃၃၇) ခုနှစ်တွင်ကျွန်တော်သည် ထာနဘဝန်၌ နေခဲ့ရ၏။ ရမဇာန်အစမှ အဆုံးအထိ သရာဝီဟ်တွင်ပါဝင်ခွင့်ရလိုက်သည်။ ဟဇ်ရသ်ထာနဝီ ကုရ်အာန်ဖတ်၏။ ဟဇ်ရသ်သည် ကိစ္စတိုင်း၌ စွန္နသ်ကိုလေးထားဆောင် ရွက်သည့်အတွက် ဟဇ်ရသ်နှင့်အတူဖတ်ခဲ့သည့် သရာဟ်ဝီအကြောင်း ရုပ်လုံးဖော်ရေးသား လက်ဆင့်ကမ်းလိုက်ခြင်းဖြင့် ဖတ်မိသူတိုင်းလိုက်နာနိုင်ကြမည်ဟု မျှော်လင့်ပါသည်။
ဟဇ်ရသ်ထာနဝီထံ၌ အိရှာအ်အဇာန်သည် နေဝင်ပြီးတစ်နာရီလေးဆယ့်ငါးမိနစ်ကြာညောင်းပြီးမှ ပေး၏။ တစ်ဖန် တစ်နာရီစောင့်ပြီးမှ ဂျမာအသ်ရပ်၏။ ဖရပ်ဇ်ဆွလာသ်များတွင် ကိရာအသ်ရှည်ရှည်ဖတ်လေ့မရှိ။ များသောအားဖြင့် ဝသ်သီးနိ နှင့်အလမ်သရကိုင်ဖ ဖြစ်သည်။ သရာဟ်ဝီတွင် ဖရပ်ဇ်ဆွလာသ်ထက် အနည်းငယ်ကိရာအသ်မြန်၏။ သို့သော် အက္ခရာစာလုံးတိုင်းကို အသေအချာ ကြားရသည်။ စာလုံးတိုင်းကို နားလည်နိုင်သည်။ အိခ်ဖာ အိဇ်ွဟာရ်ကိုပင် သတိထား၍ဖတ်၏။ ပထမ စစချင်းနေ့၌ တစ်ပါဟ်ရဟ်ခွဲဖတ်ပြီး နောက်ပိုင်းလျှော့လာ၏။ ရိုဇာဟ်(၂၇)တွင် ကုရ်အာန်ခသမ်သိမ်းဖြစ်သည်။ အိရှာအ်၊ သရာဝီဟ်နှင့် ဝိသိရ်အတွက် စုစုပေါင်းအချိန် တစ်နာရီခွဲ သို့မဟုတ် တစ်ခါတစ်ရံ ထို့ထက်လျှော့၏။ (သရ်ဝီယဟ်) လေးရကအသ်ပြီးတိုင်းတွင် ဒရူးဒ်(၂၅)ကြိမ်ဖတ်လေ့ရှိ၏။ တိုးတိုးဖတ်သော်လည်း တစ်ချက်တစ်ချက် အသံထွက်ပေါ်လာတတ်သည်။ ကျွန်တော်က အကြောင်းသိလို၍ မေးရာ ဟဇ်ရသ်က... သရ်ဝီယဟ်မှာဖတ်ဖို့ တိတိကျကျဘာမှဖော်ပြမထားတဲ့အတွက် ဒရူးဒ်ကိုနှစ်သက်လို့ ဒရူးဒ်ဖတ်တာပါ... (၂၅)ခေါက်ဖတ်ရတာကလည်း တစ်ဦးတစ်ယောက်ကိစ္စကြီးငယ်ရှိနေရင် ဒီအချိန်အတွင်းဆောင်ရွက်နိုင်ဖို့ပါ ဟုဖြေကြား၏။ သရာဟ်ဝီပြီး ဒိုအာတောင်းလေ့တောင်းထရှိ၏။ ထို့နောက်ဝိသိရ်ဖတ်၏။ သရာဝီဟ်ခသမ်သိမ်းသည့်ည၌ နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်းပင် ထပြန်သွား၏။ မီးလည်းပိုမထွန်း၊ အချိုမုန့်များဝေငှသည်ကိုလည်းမတွေ့ရ။ ကျန်သုံးရက်၏သရာဝီ၌ ပထမ တစ်ရက်တွင် ဝဒ်ဒုဟာမှ စ၍ဖတ်၏။ ဒုတိယရက်တွင် အလမ်သရ မှစ၍ဖတ်သည်။ တတိယရက်တွင် အမ္မာယသစာအာလူန် မှပါရာတစ်ဝက်ခန့်ဖတ်သည်ကို တွေ့ရ၏။
မော်လာနာယဟ်ယာနှင့် ဟဇ်ရသ်ထာနဝီ
ဟကီမုလ်အုမ္မသ် ဟဇ်ရသ်ထာနဝီနှင့် ကျွန်တော့်ဖခင်မော်လာနာယဟ်ယာသည် ခေတ်အခါတူကြပြီး အားမနာတမ်း ဆက်ဆံကြရုံမက တစ်ယောက်နှင့်တစ်ယောက် ရယ်မောပျော်ရွှင်စရာများ ပြောလေ့ရှိကြသူများဖြစ်သည်။ တစ်ခေါက် ရမဇာန်လမြတ်တွင် ကျွန်တော့်ဖခင်က ဟဇ်ရသ်ထာနဝီထံ ဧည့်သည်အဖြစ်ရောက်ရှိသွားသည်။ ထိုအခါ ဖခင်ဖြစ်သူက ဟဇ်ရသ်ဟကီမုလ်အုမ္မသ်အား... "ဝါဖြေဖို့ကိစ္စမှာ ဘယ်လိုများအစဉ်အလာရှိသလဲ" ဟုမေးလိုက်၏။ ဟဇ်ရသ်ထာနဝီက.. အချိန်ပြည့်ပြီး လေး၊ ငါးမိနစ်လောက်ကြာမှ ရှရဟ်ဆဒရ်( စိတ်ထဲမှာစိတ်ချလောက်တဲ့) အချိန်အထိ စောင့်ပြီးမှဖြေတယ်။" ဟုပြော၏။ အခြေအနေအရ ဧည့်သည်ရောက်နေ၍ စားဖွယ်သောက်ဖွယ်များတွင် အထူးအစီအစဉ်များကိုတွေ့ရ၏။ ကျွန်တော့်ဖခင်သည် နာရီကိုကြည့်ပြီး နေဝင်ချိန်ဇယားအရ မိုးကောင်းကင်အပေါ်နေဝင်/မဝင်ကြည့်ပြီး ဝင်သွားကြောင်းစိတ်ချချိန်၌ ဝါဖြေလိုက်ရာ ဖခင်နှင့်အတူပါသူ တပည့်တို့လည်း ဖခင်နှင့်အတူဝါဖြေလိုက်ကြသည်။ ဟဇ်ရသ်ထာနဝီသည် နှစ်မိနစ်ခန့်စောင့်ဆိုင်းပြီး ငါစိတ်ချတဲ့အချိန်ရောက်ရင် အခင်းပေါ်မှာစားစရာဘာတစ်ခုမျှ ကျန်မှာမဟုတ်တော့ဘူး ဟုနောက်ပြောင်ကာ တပည့်များနှင့်အတူဝါဖြေလိုက်လေသည်။ သရာဝီဟ်ဖတ်ပြီးနောက် ဟဇ်ရသ်ထာနဝီက ကျွန်တော့်ဖခင်အား... မော်လာနာ.. စဟ်ရီအတွက် ခင်ဗျားဘယ်လို ဆန္ဒရှိသလဲ ဟုမေးရာ ဖခင်က နောက်နောက်ပြောင်ပြောင်နှင့်...  ကျွန်တော်ကတော့ ရိုဇာဟ်များရလိုက်သလား၊ လွတ်များလွတ်သွားသလားလို့ သံသယဝင်လောက်အောင် စဟ်ရီအချိန်ကပ်တဲ့အထိစားတတ်တယ် ဟုပြောလိုက်သည်။ (အမှန်မှာ စဟ်ရီအချိန်မကုန်မီ နှစ်မိနစ်သုံးမိနစ်အလို၌ လုံးဝအစားအသောက်ရပ်လိုက်ကြစမြဲဖြစ်သည်။) ထိုအခါ ဟဇ်ရသ်ထာနဝီက.. ကျုပ်ကတော့ ဝါချည်ချိန်ထက် တစ်နာရီလောက်စောပြီးစဟ်ရီစားတယ်ဗျ ဟုပြောသည်။ ထိုအခါ ဖခင်က... ဒါဆိုရင်.. ခင်ဗျားလည်း ကို့အချိန်နဲ့ကိုယ်စားလိုက်..ကျွန်တော်လည်းကိုယ့်အချိန်နဲ့ကိုယ်စားမယ်။ တစ်ရက်ခွဲလောက် ရိုဇာဟ်စောင့်နိုင်စွမ်း ကျွန်တော့်မှာ မရှိဘူး ဟုကျီစယ်လိုက်၏။ ဟဇ်ရသ်ထာနဝီက... ဒီလို စားကြလို့ဘယ်ဖြစ်မလဲ...စားမှတော့.. အတူတူတစ်ဝိုင်းတည်းစားမှုာပေါ့...တစ်ရက် ခင်ဗျားကဒုက္ခခံပြီး ကျွန်တော့်ကို လိုက်လျော၊ နောက်တစ်ရက် ကျွန်တော်ကခင်ဗျားကိုလိုက်လျောမယ် ဟုဆိုပြီး ညှိလိုက်ရာ လေးဆယ့် ငါးမိနစ်မတိုင်မီစားပြီး နာရီဝက်ခန့် အလိုတွင်ဝါချည်ရန် သဘောတူလိုက်ကြသည်။ ဟဇ်ရသ်ထာနဝီသည် ဝါဖြေရာ၌ လူစုလူဝေးဖြင့်ဖြေလေ့ဖြေထရှိ၏။ မဂ်ရိဗ်အပြီး အပိုအိဗာဒသ်တို့တွင်ပိုသည် လျော့သည်ဟူ၍ မရှိခဲ့ချေ။ တစ်ပြေးတည်းရှိနေ၏။ အောဝ်ဝါဘီးန် ခြောက်ရကအသ်အမြဲဖတ်လေ့ရှိ၏။ တစ်ခါတစ်ရံ ထိုင်ဖတ်၏။ ကျွန်တော်ကသိလို၍မေးရာ.. မာနမဝင်ဖို့အတွက် တစ်ခါတစ်လေထိုင်ပြီးဖတ်တာပါဟုဖြေ၏။ ဆွလာသ်ဝတ်ပြုနေခိုက် ပန်ကာမဖွင့်။ ကျွန်တော်က အကြောင်းသိလို၍မေးရာ ဟဇ်ရသ်ထာနဝီက... စိတ်က မလိုအပ်လို့ ဟုဖြေ၏။ ကျွန်တော့်အမြင်တွင် ဟဇ်ရသ် ကုရ်အာန်ဒေါရ်(ပြန်လည်အလွတ်ဖတ်ရွတ်ခြင်း) လုပ်သည်ကို မမြင်ခဲ့ရ။ ကျွန်တော် မှတ်မိသလောက်ပြောရလျှင် ဟဇ်ရသ်ထာနဝီသည် ကုရ်အာန်ကိုအမြဲကြည့်ဖတ်လေ့ရှိ၏။ ကုရ်အာန် ကျွမ်းကျွမ်း ကျင်ကျင် ကျက်မှတ်ထားသူလည်းဖြစ်၏။ ကျွန်တော်သည် ဟဇ်ရသ်ထာနဝီနှင့် ကာရီအဗ်ဒုလ်ခါလစ်က်ဆွာဟိဗ်တို့ထက် ကုရ်အာန်ကိုမှတ်မိသူ နောက်ထပ်မတွေ့ခဲ့ရတော့ပါ။ 
မုဟမ္မဒ်ယအ်ကူးဗ် (မဟ်မူဒီ)

Friday, July 18, 2014

ဆရာသခင်ကြီးများ၏ ရမဇာန်ကုန်ဆုံးပုံ


"ပုဂ္ဂိုလ်မွန်တို့၏ရမဇာန်"အကြောင်းရေးသားရာ၌ မော်လာနာအရှ်ရဖ်အလီထာနဝီသခင်ကြီး(ရဟ)၏အကြောင်းကိုပါ ထည့်သွင်းရေးသားလိုစိတ်ပြင်းပြမိသည်။ ဟဇ်ရသ်ထာနဝီသခင်သည် ရမဇာန်လတွင် အမြဲလိုလို အချိန်ပြည့်ကုရ်အာန်ဖတ်ရွတ်ရင်း အချိန်ကုန်လွန်ခဲ့၏။ အကြောင်းရှိနေလည်း ကုရ်အာန်ဖတ်ရွတ်ခြင်းကိုလက်မလွှတ်ခဲ့ပါ။ သရာဝီဟ်တွင် (၁၅) ပါရဟ်အထိနေ့စဉ်တစ်ပါရဟ် နှင့် လေးပုံတစ်ပုံဖတ်၏။ ထို့နောက်နေ့စဉ် တစ်ပါရဟ်ဖတ်၏။ များသောအားဖြင့်ရိုဇာဟ်(၂၇) လုံးတွင်ခသိမ်းလေ့ရှိသည်။ ရမဇာန်နှင့်ပတ်သက်၍ ဖတ်ရှုရသော ဟဇ်ရသ်ထာနဝီ၏ အကြောင်းအရာများမှာ ကုရ်အာန်နားထောင်ခြင်းနှင့်သာပတ်သက်နေသည်။

ကုရ်အာန်ဖတ်ရာ၌ သရ်သီလ်ဖြင့် စိမ်ပြေနပြေ ရှင်းရှင်းလင်းလင်းဖြင့် နမာဇ်(၅)ကြိမ်တွင် ဖတ်သည့်အတိုင်း ဖတ်လေ့ရှိသည်။ အကယ်၍ မြန်မြန်ဖတ်ရသည့်တိုင်အောင် စာလုံးများအသံထုတ်ရာတွင် ဖြည်းဖြည်းဖတ်သည့်အတိုင်းပင် ပီသစွာထုတ်လေ့ရှိ၏။ မှတ်ဥာဏ်လည်းအလွန်ကောင်း၏။ မုရှာဘဟဟ် ဆင်တူရိုး မှား စာလုံးများပင်မမှား သလောက်ရှိ၏။ ကုရ်အာန်ကျမ်းတော်မြတ်အား အထူးတလည် စိတ်စွဲလန်းမှုရှိ၏။ အစမှအဆုံး မျက်စိဖြင့်မြင်နေရဘိအလားဖြစ်သည်။ စာလုံးတစ်လုံးဖြစ်စေ၊ အာယသ်တော်တစ်ပုဒ်ဖြစ်စေ သိရှိလိုပါက မေးမြန်းလျှင် မဆိုင်းမတွပင် ချက်ချင်းအဖြေပေးနိုင်သည်။ ကာန်ပူးရ်မည်သောမြို့ကလေး၌ မဂ်ရိဗ်ပြီးလျှင်ပြီးချင်း လျင်မြန်သွက်လက်စွာ ထမင်းစားပြီးလာနိုင်သူတို့သာ သရာဝီ နမားဇ်အတွက်နေရာရနိုင်၏။ စဂ်ျဒဟ်သေလာဝသ်အတွက်လည်း ခဲရာခဲဆစ်နိုင်လှ၏။ နမားဇ်ပျက်သွားမည်ကိုပင် စိုးရိမ်ရသည်။ တစ်ခေါက်က စဂ်ျဒဟ်အာယသ်နှင့်တွဲလျက် ရုကူအ်သွားပြီး စဂ်ျဒဟ်ဦးချခဲ့လျှင် နမားဇ်၏စစ်ဂ်ျဒါဟ်နှင့်အတူ စစ်ဂ်ျဒါဟ်သေလာဝသ်လည်း တစ်ပါတည်းအထမြောက်သွားကြောင်းလာရှိသော နဗီတမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟေဝစ္စလာမ်)၏ မိန့်ကြားချက်ကို ကျင့်သုံးခွင့်ရလိုက်၏။ ချီးကျူးစရာမှာ ရကအသ်ရှည်သည် တိုသည်ဟူ၍ မခံစားရခြင်းပင်ဖြစ်သည်။ (ကုရ်အာန်ဖတ်ရာ၌ ဤမျှဆွဲဆောင်မှုရှိသည်)

ဟဇ်ရသ်ထာနဝီသခင်သည် ရမဇာန်လတွင် များသောအားဖြင့် ဧည့်သည်တော်များနှင့်အတူ မဒ်ရစဟ်၌ ပင်ဝါဖြေလေ့ရှိသည်။ အဇာန်ကို အစောဆုံးအချိန်တွင် ပေးလေ့ပေးထရှိသည်။ ဝါဖြေရာ၌လည်း အလောသုံးဆယ်မလုပ်၊ မှန်မှန်စား သောက်ပြီး လက်ဆေး ပလုတ်ကျင်းကာ စိတ်ငြိမ်သက်စွာ ဆွလာသ်ဝတ်ပြုတတ်သည်။ အဇာန်နှင့်ဂျမာအသ် ကြား တွင် လူတစ်ယောက် ကျကျနန ဝဇူရေသန့်စင်ပြီး ပထမဦးဆုံး သပ်က်ဗီရ်ကိုမီလောက်သည်အထိ အချိန်ပေးထား သည်။ ရပ်ကွက်ရှိ လူတို့သည်ပင်လျှင် မိမိနေအိမ်တွင်ဝါဖြေကာ သပ်က်ဗီရ်ကို မီနိုင်ကြသည်။ မဂ်ရိဗ်ဆွလာသ်အပြီး၌ ဖတ်ရွတ်နေကြကိစ္စရပ်များဆောင်ရွက်ပြီး အိမ်ပြန်ထမင်းစားကာ အိရှာအ်ဆွလာသ်အတွက်အချိန်မီ ရောက်ရှိလာ ပြန် သည်။ သရာဝီဟ်ကိုလည်း စိမ်ပြေနပြေဖတ်သည်။ သရာဝီဟ်လေးရကအသ်ပြီးတိုင်း ဖတ်ရွတ်ရသည့် ဒိုအာများကို တစ်ဦးချင်း တီးတိုးဖတ်ရွတ်သည်။ ရကအသ်တိုင်းရှိ ရုကူအ်နှင့် စဂ်ျဒဟ်များအား သမရိုးကျဆွလာသ်အတိုင်း ညင်ညင်သာသာ တိတိကျကျ လုပ်ဆောင်၏။ သဟဂ်ျဂျုဒ် ဆွလာသ်အချိန်တွင် ကိရာအသ်ကို များသောအားဖြင့် တိုးတီးစွာဖတ်ပြီး တစ်ခါတစ်ရံ အသံဖြင့်ဖတ်တတ် သည်။ တစ်ခေါက်က အိပ်ယာထနည်းနည်းနောက်ကျသွား၍ သတ်မှတ်ထားသည့် ဖတ်နေကျကုရ်အာန်အား နမားဇ်နှစ်ရကအသ်တွင် အပြီးဖတ်၍ စဟ်ရီစားရန်အမိန့်ပေးခဲ့၏။ စဟ်ရီစားပြီးအချိန်များရခဲ့ရင် မိမိတို့၏ သဟဂ်ျဂျုဒ်ဆွလာသ်ကို ဖြည့်လိုက်ကြဟူ၍လည်း လမ်းညွှန်လိုက်သေးသည်။ သဟဂ်ျဂျုဒ်ဆွလာသ်ဖတ်ပြီး ခေတ္တလဲလျောင်းပြီးနောက် ဖဂျရ်အတွက်ထ သည်။ နေ့ /ညတို့၏ (မအ်မူလာသ်) အမလ်ကျင့်စဉ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်သွားလေ့ရှိသည်။ အခွင့်အခါကြုံလျှင် အိအ်သိကာဖ်လည်းထိုင်လိုက်သေး၏။ နောက်ဆုံး(၁၀)ရက် သို့မဟုတ်နောက်ဆုံး(၃)ရက် အိအ်သိကာဖ်ဝင်လေ့ရှိ၏။ ထိုအခါဝယ် ဘရ်ကသ်နှင့်နူရ်ရောင်ခြည်တော်များ မိုးတိမ်ပမာ ကွန့်မြူးလျက်ရှိ၏။ အိအ်သိကာဖ်ထိုင်ချိန်၌ ရေးသားသည့်ကိစ္စရပ်များကိုလည်း မပြတ်လုပ်ဖြစ်သည်။" ကဆ်ွဒုစ်စဗီလ်" မည်သောကျမ်း ကို အိအ်သိကားဖ်ရှစ်ရက်အတွင်း အပြီးရေးခဲ့သည်။ "အလ်ဖသူဟ်ဖီမာယသ်အလုကဗိရ်ရူးဟ်" မည်သောစာအုပ်ကိုပါ တစ်ပါတည်းရေးသားခဲ့သည်။

တစ်ခေါက်က ဟကီးမ်မုဟမ္မဒ်မုစ်သွဖားသည် ရမဇာန်လမြတ် (၂၈)ရက်နေ့၌ ထာနဘဝန်မြို့သို့ သွားရောက်ခစားခွင့်ရခဲ့သည်။ ကုရ်အာန်ခသမ်သိမ်းလောက်ပြီဟု ထင်လိုက်မိသည်။ နေရာတိုင်းလိုလိုတွင် (၃၇)ရက်နှင့် ခသမ်သိမ်းလေ့ရှိခြင်းကြောင့်ဖြစ်သည်။ ဗလီသို့ရောက်လာသောအခါ ဗလီ၏နေရာအနှံ (သို့) လူစုဝေးရာဂျမာအသ်တွင် မည်သည့်အပြောင်းအလဲမှ မတွေ့ရ။ ခသမ်မသိမ်းခဲ့ကြောင်း သံသယဝင်စရာလည်း မတွေ့ရ။ သို့သော် သခင်ကြီးက သရာဝီကို ဝဒ်ဒုဟာစူရာဖြင့်စလိုက်ရာ ခသမ်မသိမ်းသောကြောင်း အထင်ကို လေးနက်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးခသမ်သိမ်းသည့် ရကအသ်(၂ဝ)အား စူရာဝဒ်ဒုဟာဖြင့် ဖတ်ကြ၍ဖြစ်သည်။ တစ်ဖန် သခင်ကြီးက စူရာအစ်က်ရာအ်ဖတ်ရွတ်ရာတွင် ဗိစ်မိလ္လာဟ်ဖြင့် စဖတ်လိုက်သဖြင့် ယနေ့မှ ခသမ်သိမ်းကြောင်း သိလိုက်ရသည်။ တွေးထင်သည့်အတိုင်း အမှန်ပင်ဖြစ်ခဲ့သည်။ ခသမ်သိမ်းပြီး ဒုအာတောင်းရာ၌ တောင်းနေကျထက်သိပ်မရှည်လျားချေ။ ယခင်နေ့များအတိုင်း ထွန်းထားသည့် ဆီမီးမှလွဲ၍ အခြားမီးဟူ၍လည်း မတွေ့ခဲ့ရ။ မုန့်ဝေသည်ကိုလည်း မတွေ့မြင်ခဲ့။ ပုဂ္ဂိုလ်တစ်ဦးက မုန့်ဝေလိုကြောင်း ခွင့်ပန်သောအခါ မနက်ဖြန်ကျမှဝေပါဟု ပြောကြားခဲ့သည်။ မည်သည့်အရာပေါ်မှ မန်းမှုတ်သည်ကို မတွေ့ရ။ နောက်ဆုံးရကအသ်တွင် ကုရ်အာန်ခသမ်သိမ်းပြီး စူရာဘကရာ၏အစမှ မုဖ်လိဟူးန်အထိဖတ်လေသည်။ သခင်ကြီးသည် သန်းခေါင်ကျော်မှ သဟဂ်ျဂျုဒ်အတွက် ထလေ့ရှိသည်။ တစ်ခါတစ်ရံ ယေဘူယျအားဖြင့် ရှစ်ရကအသ်ဖတ်လေ့ရှိသည်။ တစ်ခါတစ်ရံ ထို့ထက်ပိုသည်။ တစ်ခါတစ်ရံ နည်းတတ်၏။ ရမဇာန်လ၏ သဟဂ်ျဂျုဒ်ဆွလာသ်တွင် နေ့စဉ်ကုရ်အာန်တစ်ပါရာဖတ်သည်ကို မြင်တွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ ထို့ထက်များသည့် အခါလည်း ရှိ၏။ ကိုယ်တွေ့ဖြစ်ရပ် သခင်ကြီး သဟဂ်ျဂျုဒ်ဖတ်နေစဉ် မိုးသောက်အာရုဏ်ချိန်တွင် နူးရ်အလင်းရောင်တစ်ခု အထက်ဖက်သို့တက်နေသည့်အလား အဖြူရောင်အလင်းတန်းတစ်ခု အထက်သို့တက်နေသည်ကို တွေ့ခဲ့ရ၏။

Tuesday, July 15, 2014

ဆရာသခင်များ၏ ရမဇာန်ကုန်ဆုံးပုံ (၃)

ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပေသည်။ ရမဇာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာဟ်ကျေးကျွန်များအား ဆုချီးမြှင့်သော လတစ်လလည်းဖြစ်ပေသည်။ နဗီတမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် လမြတ်ရမဇာန်တွင် အိဗာဒသ်ကို ယခင်လတို့ထက်ပိုမို၍ အထူးတလည် ပြုလုပ်တော်မူခဲ့သလို အွမ္မသ်ကိုလည်း လမ်းညွှန်တော်မူခဲ့ပါသည်။ တမန်တော်မြတ်ခေတ်နဲ့ အလွန်ပဲ နီးကပ်တဲ့ သာဗီအီးန်များရဲ့ ခေတ်နဲ့ သူ့နောက်ခေတ်တွေမှာ တမန်တော့်လမ်းစဉ်အတိုင်း ဖဝါးခြေထပ် လျှောက်လှမ်းခဲ့တဲ့ သူမွန်သူမြတ်တို့ဟာ မိမိတို့ရရှိတဲ့ ရမဇာန်လကို တန်ဖိုးရှိအောင် ဘယ်လိုအမလ်တွေနဲ့ ကုန်လွန်စေခဲ့သလဲဆိုတာကို တင်ပြပါ့မယ်။ မိတ်ဆွေတို့လည်း ကျန်ရှိတဲ့ သက်တမ်းတလျှောက်မှာ သူမွန်သူမြတ်တို့ နည်းတူ ရမဇာန်လမြတ်ရဲ့ အချိန်များကို တန်ဖိုးရှိအောင် ပြုလုပ်ဖို့ နီယသ်ဆန္ဒထားကြပါ။


ဟဇရသ်ကြီး မော်လာနာအိလ်ယားစ်သခင်
ကျွန်တော်၏ကြာကြာ ဟဇရသ်ကြီးမော်လာနာအိလ်ယားစ်သခင် (ရဟ) (သဗ်လီးဂ်အမီရ်ချုပ်ကြီး)၏ အကြောင်းကို အဗ်ဗီသီကျမ်းတွင် နေရာအတော်များများ၌ ဖော်ပြထားပြီးဖြစ်သည်။ သို့သော် ယခုသခင်ကြီး၏ ရမဇာန်အကြောင်းကို အဓိကထား၍ ဖော်ပြလိုပါသည်။

ကျွန်တော်တို့၏ မျိုးရိုးစဉ်ဆက်မှာ ထုံးစံအတိုင်းပင် အိဖ်သွာရ်ဝါဖြေချိန်မှာပင် စားချင်သမျှအပြီးစားပြီးဖြစ်ကြသည်။ လ္ဘက်ရည်သောက်လေ့သောက်ထလည်း မရှိပါ။ စားစရာဆိုလျှင်လည်း မပြောပလောက်သော အစားကိုသာစားလေ့စားထရှိကြသည်။

ထိုအခိုက် အဘူဒါဝူဒ်ကျမ်းတွင်ရေးသားထားသည့်.. သူတို့၏စားစရာသည် သင့်တို့ဖခင်များစားသည့် ညစာပုံစံမျိုးမဟုတ် ဟူသော အကြောင်းအရာအား ရုတ်တရက်သတိရလိုက်မိသည်။ ထိုအကြောင်းအရာလေးအားသတိရမိ၍ တင်ပြပါရစေ။ နဗီတမန်တော်မြတ် (ဆွလ္လာဟုအလိုက်ဟေဝစ္စလာမ်) က ..."ညအိရှာအ်အချိန်၌ စားဖွယ်သောက်ဖွယ်ရောက်ရှိလာလျှင် ဦးစွာစားသောက်လိုက်ကြ" ဟူ၍မိန့်ကြားခဲ့သည်။ တစ်နေ့ အထက်ပါဟဒီးဆ်တော်နှင့် ပတ်သက်၍ ပုဂ္ဂိုလ်တစ်ပါးက ဟဇ်ရသ်အုမရ်(ရသွီ) သခင်၏သား အစ်ဗ်နု အုမရ်(ရသွီ) သခင်အား ထိုဟဒီးဆ်တော်ကိုဖတ်ရွတ်ပြပြီး တအံ့တသြဖြင့်.. ကျွန်တော်အံ့သြနေတာက အကယ်၍များ ကျွန်တော်တို့ဟာ စားစရာတွေမှာနစ်မွန်းနေရင် ဂျမာအသ်နဲ့နမားဇ်ဖတ်ရမယ့်ကိစ္စတွေ လစ်ဟင်းကုန်မှာပေါ့ဟု တင်ပြမေးမြန်းလေသည်။ ထိုအခါ အိဗ်နုအုမရ်(ရသွီ) သခင်က ထိုသူ့အား.. သူတို့ဆီမှာ စားစရာဆိုလို့ ဘာများရှိခဲ့လို့လည်း .. အသင်ကအသင့်ရဲ့ဖခင်စားနေသလို.. သူတို့စားခဲ့ကြတယ်လို့ ထင်နေသလား ? ဟု ဒေါသကြီးစွာဖြင့်ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ စွန်ပလွန်သီးသုံးလေးငါးလုံးနှင့် စားစရာအနည်းငယ်မျှသာ ရှိတတ်သည်။ ဤမျှလောက်သောအစားကြောင့် ဂျမာအသ်ဖြင့်နမားဇ်အား မည်သို့ထိခိုက်မည်နည်းဟု ဆိုလိုခြင်းဖြစ်သည်။ (ဤသည် ဟဒီးဆ်ကို သဘောပေါက်နိုင်သောပညာမရှိလျှင် လမ်းလွဲနိုင်ခြင်း၏ သာဓကတစ်ခုဖြစ်၏ - ဘာသာပြန်သူ)

ကျွန်တော်၏ ကြာကြာ ဟဇ်ရသ်ကြီး မော်လာနာ အိလ်ယားစ်သခင်၏အခင်းပေါ်ရှိ စားစရာများမှာလည်း အထက်ပါအတိုင်းနီးနီးပင်ဖြစ်သည်။ ဟဇ်ရသ်ကြီးသည် မုန့်တစ်ဝက်ခန့်သာ စားတတ်သည့် အလေ့အထရှိသည်။ ဝါဖြေပြီးလျှင် မဂ်ရိဗ်နမားဇ်ကိုဦးဆောင်၍ဖတ်သည်။ ငယ်ရွယ်စဉ်ကတည်းက မဂ်ရိဗ်ပြီးလျှင် နဖိလ်ရှည်ရှည် ဖတ်လေ့ဖတ်ထရှိသည်။ ရမဇာန်လတွင် အိရှာအ်အဇာန်အချိန်နားထိ နဖိလ်များဖတ်နေလေ့ရှိသည်။ ဤသို့နဖိလ်များဖတ်ပြီးနောက် ဗလီထဲ၌ခေတ္တခါးဆန့်သည်။ နာရီဝက်ခန့် လဲလျောင်းပြီး အိရှာအ်နမားဇ်အတွက်ပြင်ဆင်ပြီး ကိုယ်တိုင်ပင် အိရှာအ်နှင့်သရာဝီဟ်ကိုပါ ရှေ့ဆောင်၍ ဖတ်လေ့ရှိသည်။ သရာဝီပြီးပြီးချင်းပင် အနားယူတတ်သည်။ မည်သူနှင့်မျှတွေ့ဆုံခြင်း၊ စကားစမြည်ပြောဆိုခြင်း မရှိတော့။ ဝိသိရ်နမားဇ်၏ စလာမ်လှည့်ပြီးနောက် ခေါင်းအုံးပေါ်ခေါင်းမတင်မီပင် အိပ်ပျော်သွားတတ်သည်ဟု အကြိမ်ပေါင်းများစွာ ကျွန်တော်ကိုပြောပြဖူးသည်။

ကျွန်တော်က အငတ်ပီပီ ရမ်ဇာန်လတွင် သရာဝီပြီးလျှင် အကြော်အလှော်နှင့်သစ်သီးဝလံကတော့မဖြစ်မနေပါရစမြဲ။ မိတ်ဆွေသင်္ဂဟများကလည်း သစ်သီးဝလံများယူလာတတ်ပြီး အားလုံးနှင့် ဆုံဆည်းချိန်လေးတစ်ခုလည်း ဖြစ်သည်။ 

ကျွန်တော်ရောက်နေချိန်မျိုးတွင် ဟဇ်ရသ်ကြီးသည်မလွှဲမရှောင်သာ ကျွန်တော်တို့နှင့် အတူပါဝင်ပေးတတ်၏။ ကျွန်တော်ကအားနာ၍ မပါဝင်နိုင်လည်းကိစ္စမရှိကြောင်း ပြောပြသော်လည်း (၁၅)မိနစ် (၂ဝ) မိနစ်ခန့်တော့ ပါဝင်ပေးစမြဲဖြစ်သည်။

ဟဇ်ရသ်ကြီးသည် သရာဝီပြီးအိပ်သည်။ ည(၁၂) နာရီထိုး၌ ပြန်နိုးလာတတ်သည်။ ထိုအခါ တပည့်တစ်ယောက်က ဥပြုတ်နှစ်လုံး ပူပူနွေးနွေးလာချပေးလေ့ရှိသည်။ ယင်းဥပြုတ်စားပြီး သဟဂ်ျဂျုဒ်စဖတ်လေတော့သည်။ စဟ်ရီနောက်ဆုံးအချိန်တွင် စလာမ်လှည့်ကာ စဟ်ရီစားလေ့ရှိသည်။ စဟ်ရီစားလျှင်လည်း အချိန်ကုန်ရန်မည်မျှ နီးကပ်နေသည်ဆိုသော် ညာဘက်လက်တွင်ထမင်းလုပ်ကို ယူရင်း တပည့်တစ်ယောက်ကို ရေခပ်ခိုင်းနေရင်းကပင် နောက်တပည့်တစ်ဦးအား အဇာန်ဆိုရန် ပြင်ဆင်ခိုင်းနေသည်ကို ကျွန်တော်တွေ့ခဲ့ဖူးသည်။ စဟ်ရီစားသောက်ပြီးရုံမျှသာ ရှိသေးသည်။ မုအဇ်ဇင်န်သည်လည်း အပေါ်ရောက်ပြီး အဇာန်စတင် ပေးလိုက်လေတော့၏။ စဟ်ရီတွင်လည်း များများမစားတတ်သဖြင့် အချိန်တိုတိုသာယူ၍ စားသောက်လေ့ရှိသည်။ အဇာန်ဆိုပြီးနောက် ဖဂျရ်၏ပထမအချိန်မှာပင် ဂျမာအသ်ကို ဦးဆောင်ကာ နမားဇ်ဖတ်လေ့ရှိသည်။

ရမဇာန်လတွင် ဖဂျရ်ပြီးတရားဟောပွဲ အစီအစဉ်ထားရှိသည်။ မော်လာနာယူစွဖ်ကဟောပြောသည်။ ဟဇ်ရသ်ကြီးမော်လာနာအိလ်ယားစ်သည် မိမိနမားဇ်ဖတ်ခဲ့သော မုဆွလ္လာဟ်ဂျာနမားဇ်ပေါ်၌ အစ်ရှ်ရားက် အချိန်အထိ ဆက်တိုက်ထိုင်နေပြီး ဖတ်နေကြ ဇိကိရ်ဝဇီဖဟ်များကို ဖတ်ရွတ်နေသည်။ ထိုအချိန်၌ ဝတ်ကြီးဝတ်ငယ် ပြုစုကြသောတပည့်တို့မှာ အနားယူလိုက်ကြသည်။ လိုရင်လိုသလို နိုးနိုးကြားကြားလည်းရှိနေကြသည်။ ဟဇ်ရသ်ကြီးမှာ အိရှိရားက်နမားဇ်ဖတ်ပြီးမှ အနားယူလေ့ရှိသည်။ သို့မဟုတ်လျှင် မေဝါသ်သို့ပြန်မည့် သဗ်လီးဂ်မိတ်ဆွေများအား အမှာစကားပြောခြင်း၊ ရောက်ရှိလာသော ဧည့်သည်တော်များနှင့် စကားစမြည်ပြောခြင်း စသည်တို့ပြုနေတတ်သည်။ ရောက်ရှိလာသော ဧည့်သည်တော်များကို အထူးတလေးတစားဆက်ဆံသည်။ အဆင့်အတန်းရှိသူကို သူ့အဆင့်အတန်းနှင့် ထိုက်တန်သည့်ဂုဏ်ပေး၍ ဆက်ဆံလေ့ရှိသည်။ လိုအပ်ပါက တစ်ကိုယ်ရေဝဇီဖဟ်ကျင့်စဉ်များကိုလည်း ရှေ့တိုးနောက်ဆုတ် လုပ်ပေးလိုက်၏။

ဟဇ်ရသ်ကြီးသည် စိုင်ယိဒ်မျိုးနွယ်ဝင်တိုင်းအား အထူးဂရုစိုက်လေ့ရှိသည်။ ကျွန်တော့်ကိုပါ ထိုသူတို့ကိုဂုဏ်ပေး၍ တလေးတစားဆက်ဆံရန် အကြိမ်ကြိမ်မှာကြားတတ်သည်။ ဤမျှနှင့်မတော်သေး။ မိမိ၏တပည့်များ၊ မူရီဒ်များ၌ စိုင်ယိဒ်ဆိုသူများ၏ မှားယွင်းချွတ်ချော်မှုများအား ဥပေက္ခာပြုလေ့ရှိသည်။ တစ်ခေါက်က ကျွန်တော်သည် မူရီးဒ်တပည့်တစ်ယောက်၏ကိစ္စနှင့် ပတ်သက်၍တိုင်ကြားရာ " အေး .. ငါလည်း သိတယ်။" ဟုဆိုပြီး ထိုသူသည် စိုင်ယိဒ်မျိုနွယ်မှဖြစ်ကြောင်းကို တလေးတစားလေသံဖြင့်ပြောရာ ကျွန်တော်ဘယ်လိုမှ ပြန်မပြောတတ်အောင် ဖြစ်သွားခဲ့ရဖူးသည်။ ရမဇာန်လ၏နေ့လည် နေ့ခင်းတွင် တစ်နာရီခွဲ၊ နှစ်နာရီခန့် အနားယူလေ့ယူထရှိ၏။ ဇုဟုရ်ပြီးတိုင်း မိမိအခန်းတွင်ထိုင်၍ ရောက်ရှိလာသော ဧည့်သည်တော်များနှင့် စကားပြောလေ့ရှိ၏။ အဆွရ်မတိုင်မီအထိ ဧည့်သည်များနှင့် ထိုင်နေတတ်သည်။ ထိုအခိုက်အတန့်တွင် ရမဇာန်လမြတ်နှင့်ပတ်သက်သည့် သင်ခန်းစာများကျန်ရှိနေလျှင် သင်ပေးတတ်၏။ အဆွရ်ပြီးမှ မဂ်ရိဗ်အထိ အသံထုတ်၍ဇိကိရ်ပြုရင်း အချိန်ကုန်လွန်စေ၏။ ရမဇာန်လ မဟုတ်သောရက်များတွင် ဤဇိကိရ်အား ညသန်းကောင်ယံချိန်တွင် ပြုလုပ်လေ့ရှိသည်။ သဟဂ်ျဂျုဒ်ပြီးနောက် နံနက်ဖဂျရ်နမားဇ်အချိန်နားထိပင်ဖြစ်သည်။ ကျွန်တော်၏ ဆရာသခင်အကြီးအကဲများအနက် ဟဇ်ရသ်ကြီးတစ်ယောက်ကိုသာ အသက်ကြီးသည်အထိ ဇိကိရ်ကို အသံထုတ်၍ စွဲစွဲမြဲမြဲ ပြုသွားသည်ကို တွေ့ခဲ့ရသည်။ မကျန်းမမာဖြစ်ခဲ့သည့်နှစ်မတိုင်မီက သပ်စ်ဗီဟ် (၁၂)ရပ်နှင့် အိစ်မိဇာသ်(အလ္လာဟ်၏ဇာသ်တော်နှင့် ပတ်သက်သည့်ဇိကိရ်)ကို ရမဇာန်လမြတ်တွင် အဆွရ်ပြီးမှ မဂရိဗ်အထိဖတ်ပြီး ရမဇာန်မဟုတ်သောလတွင် သန်းကောင်ယံအချိန်တွင် စွဲစွဲမြဲမြဲ ဖတ်လေ့ရှိသည်။ 

ဟဇ်ရသ်ကြီးသည် တတိယဟဂ်ျအား ရမဇာန်လမြတ်မှစတင်၍ ခရီးထွက်ခဲ့သည်။ မော်လာနာအဘုလ်ဟစံန်အလီနဒ်ဝီသခင်က ဟဇ်ရသ်ကြီး၏အတ္ထုပတ္တိတွင် ယခုကဲ့သို့ရေးသားထားသည်။ ဟဇ်ရသ်ကြီးသည် ဟိဂ်ျရီ(၁၃၅၁)ခုနှစ်တွင် တတိယမြောက် ဟဂ်ျပြုရန်သွားရောက်ခဲ့သည်။ ရမဇာန်လမြတ်၏ စန္ဒာလမင်းအား နိဇာမုဒ္ဒီးန်တွင်ရှိခိုက် တွေ့မြင်ခဲ့ရသည်။ သရာဝီဟ်ကို ဒစ်လ်ဟီ မီးရထားဘူတာတွင် ဟဇ်ရသ်ကြီးကိုယ်တိုင် ဦးဆောင်၍ဖတ်ခဲ့သည်။ ဟဇ်ရသ်ကြီးကိုလိုက်ပို့ကြသူတို့အပြင် ဒစ်လ်ဟီမြို့နေ လူခပင်းတို့လည်းစုမိကြသည်။ အချို့သူများသည် မိမိတို့ကိုယ်စီကိုယ်စီ ဗလီဝတ်ကျောင်းတော်တွင် သရာဝီဖတ်ပြီးမှ ဘူတာသို့ရောက်လာပြီး ဟဇ်ရသ်ကြီးနှင့် အတူ သရာဝီတွင်ပါဝင်ကြပြန်သေးသည်။ ဗလီများတွင်စောစောပြီးသွားခြင်းကြောင့်ဖြစ်သည်။ ဟဇ်ရသ်ကြီး၏ သရာဝီမှာ ဝန်စည်စလယ်များအား နေရာတကျထားနေရခြင်းကြောင့် နောက်ကျမှ စတင်ခဲ့ရသည်။ ဟဇ်ရသ်ကြီးသည် အလီးဖ်..လာ.မ်..မီမ် ပါရဟ်မှစတင်၍ ဖတ်လေ၏။ ရထားနောက်ကျမည်ဖြစ်ကြောင်း သိရှိလိုက်ရ၍ မိမိဗလီ၌ သရာဝီဖတ်သည့်နည်းတူ စိမ်ပြေနပြေဖတ်လေတော့သည်။ ရထားသည်လည်း တစ်နာရီခွဲခန့်နောက်ကျမည် ဖြစ်ကြောင်းသိရှိခဲ့ရသည်။

သဗ်လီးဂ်လုပ်ငန်းအားအချိန်မရွေး၊ နေရာမရွေး၊ စားနေရင်းသောက်နေရင်း၊ အိမ်၌၊ ခရီး၌၊ ရထားဘူတာ၌၊ ရထားတွဲ၌ စသည်ဖြင့် သားအဖနှစ်ဦးလုံး တစိုက်မတ်မတ်ကြိုးပမ်းလေ့ရှိကြသည်။ ယနေ့တိုင် သားဖြစ်သူ မော်လာနာယူစွတ်ဖ်ကိုမီသူ တွေ့ဖူးမြင်ဖူးသူများရှိကြပါလိမ့်မည်။ အချိန်ပြည့် ဤအလုပ်တစ်ခုတည်းကိုသာ ဇောက်ချလုပ်ခဲ့သည်။ ဟဇ်ရသ်ကြီးမော်လာနာအိလ်ယားစ်သခင်သည် အစဉ်အမြဲ ရမဇာန်လမြတ်နှင့်ကြုံကြိုက်တိုင်း ဒအ်ဝသ်လုပ်ငန်းအား အထူးအလေးပေးကာ ကြိုးပမ်းလေ့ရှိ၏။ သဗ်လီးဂ်ဂျမာအသ်များကိုလည်း မေဝါသ်အစား နေဇာမုဒ္ဒီးန်မရ်ကဇ်သို့ခေါ်ယူကာ ထိုမှတစ်ဆင့် နေရာဒေသအသီးသီးသို့ စေလွှတ်လေ့ရှိ၏။ ဒအ်ဝသ်အလုပ်ကို နေဇာမုဒ္ဒီးန်မရ်ကဇ်တွင် ရမဇာန်လ၌ပို၍ ဂရုတစိုက်ထားကာလုပ်ကိုင်လေ့ရှိသည်။
(အလ်မုဖီးဒ်)

Saturday, July 12, 2014

ပြုပြင်ဖို့ နောက်မကျသေးပါ

!! ဒီကနေ့ ဂါဇာမြေပြင်မှာ စစ်တိုက်ခံနေရတဲ့ မတရားရက်စက်ခံနေရတဲ့ ညီနောင်တွေကို မြင်ရတာ ရင်ထဲမှာ မခံမရပ်နိုင်အောင် ပူလောင်ခဲ့ရတယ်။

....... ကိုယ့်လိုပဲ အလ္လာဟ်ကို ယုံကြည်အီမာန်လက်ခံထားတဲ့ တမန်တော်ရဲ့အွမ္မသ် ! အုမ္မသေမုဟမ္မဒီယာချင်း အတူတူ သူတို့တွေ နယ်ခြား မြေခြားမှာ နှိပ်စက်ညှင်းပမ်းခံနေရတယ်။ ညီနောင်တွေနဲ့ အတူတူ မိန်းမသား ညီအမတွေလည်း နှိပ်စက်ခံရတယ်။

!! .. ဒီလိုတွေခံနေရပေမဲ့ မာရှာအလ္လာဟ်!! မာရှာအလ္လာဟ် ဒီအီမာန်ရှင် မုစ်လင်မ်တွေက ဘေးဒုက္ခတွေ ခံစားနေရလို့ဆိုပြီး အလ္လာဟ်အမိန့်နာခံခြင်းတွေကို မစွန့်လွှတ်လိုက်ဖူး။ အမိန့်တွေကို ... ရပါတယ်ကွာဆိုပြီး လျှော့ပေါ့လိုက်တာတွေမရှိဘူး ။

ဂါဇာရဲ့ ဓာတ်ပုံတွေကိုမြင်တွေ့နေရတယ်။ အဲ့ပုံတွေမှာ ထူးခြားချက်တစ်ခုတွေ့ရတယ်!! ဘာလဲဆိုရင် အမျိုးသမီးတွေရဲ့ ပုံတွေပါပဲ။ ဒီအမျိုးသမီးတွေဟာ သာမာန်တွေတော့ မဟုတ်ပါဘူး။ ဝမ်းနဲ့ ၉လလွယ်၊ ၁ဝလမှာမွေးထားတဲ့ကလေး၊ ၂နှစ်သက်တမ်းအထိ ရင်နှစ်သည်းခြာကို နို့ချိုတိုက်ကျွေးခဲ့ပြီး အဲ့ဒီ ကလေးကို တီတီတာတာအရွယ်မှာ ယုတ်မာပတ်စက်သူတို့ကြောင့် အသက်ဆုံးပါးသွားပြီး ကိုယ့်ရဲ့ ကလေးကို စွန့်လွှတ်လိုက်ရတဲ့ အမျိုးသမီးတွေပါ ..... 

ဒီကလေးတွေက ဂျန္နသ်မှာ မိဘနှစ်ပါးကို စောင့်ကြိုနေမယ်ဆိုတာမှန်ပါတယ်။ ဂျဟန္နမ်က ဆွဲထုတ်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒွန္နယာမှာ ဒီမိခင် ဒီအမျိုးသမီးတွေရဲ့ ရင်ထဲမှာ ဘယ်လောက်ခံစားနေရမလဲ ?? ဘယ်လောက် ကြေကွဲနေရမလဲ ??
..... .... .. ဒီလိုတွေ ခံစားနေရပေမဲ့လည်း ဒီအမျိုးသမီးတွေကို ကြည့်ပါ။ ခေါင်းပေါ်က ပုဝါမကျွတ်သွားဘူး။ ကိုယ်ပေါ်က ဘုရ်ခါ မကျွတ်သွားဘူး။ နိကားဗ်ထည့်ထားတဲ့အမျိုးသမီးဆိုလည်း နိကားဗ်မကွာသွားဘူး။ ဆီးရီးယား၊ ပါလစ္စတိုင်း၊ ဂါဇာ၊ အီရတ်၊ ပါကစ္စတာန်၊ အာဖဂန်နစ္စတာန် ..... အဲ့နိုင်ငံတွေမှာ စစ်ဖြစ်နေတယ်။ တိုက်ခိုက်ခံနေရတယ်။ သားသမီး၊ ခင်ပွန်း၊ အကို၊ မောင်၊ ဖခင် အကုန်လုံးကို စွန့်လွှတ်နေရတယ်။ အသက်တွေစတေးနေရတယ်။ ဒါပေမဲ့ အဲ့ဒီက အမျိုးသမီးတွေကို ကြည့်ပါ။ သာသနာက လိုက်နာဖို့တောင်းဆိုထားတဲ့ ပရ်ဒါရဲ့အမိန့်ကို နည်းနည်းလေးမှ မစွန့်လွှတ်လိုက်ဖူး။ သူတို့နိုင်ငံတွေမှာ ဗမာပြည်လို ဆောင်းရာသီမရှိဖူး။ ဆောင်းရာသီဆိုတဲ့အချိန်ဟာ ရှားပါးတယ်။ နွေခေါင်ခေါင်လို အမြဲ ပူခြစ်တောက်နေတယ်။ အဲ့ဒီအပူဒဏ်က သူတို့ရဲ့ ကိုယ်ပေါ်က ပရ်ဒါကို မဖယ်ရှားလိုက်ဖူး။

အင်န္နားလိလ္လားဟ် ! ဗမာပြည်က မုစ်လင်မ်အမျိုးသမီးတွေ၊ ဗမာပြည်ကနေ နိုင်ငံခြားကို ထွက်ခွာသွားကြတဲ့ အီမာရှင်မိန်းကလေးတွေ ခေါင်းပေါ်ကို ပုဝါမရောက်ဘူး၊ ကိုယ်ပေါ်ကို ဗုရ်ခါမကပ်ဘူး။ နိကားဗ်ဆိုတာ့ အိပ်မက်တောင်မမက်ဖူး။ ဝေးသေး။ ပြောလိုက်သေးတယ်။ ပူကပူ အိုက်က အိုက်နဲ့ အဲ့ဒီ ကုလားပုံကြီး။ အဲ့ဟာကြီးတွေဝတ်ဖို့မလိုဘူးတဲ့ !! ငါတို့ဝတ်တဲ့အင်္ကျီက လုံခြုံပြီးသားတဲ့။

!!! ဗမာပြည်က အီမာန်ရှင်အမျိုးသမီးများ!! အသင်မတို့ပြောသလို ပူတယ် အိုက်တယ် ဆိုရင် အသင်မတို့ကိုယ်တိုင် အဖြေပေးပါ။!!! အဲ့ဒီ နိုင်ငံတွေက မိန်းမတွေက မပူ မအိုက်ကြတော့ဘူးလား ?? !! အသင်မတို့လိုပဲ သူတို့လည်း သွေး သားနဲ့ဖန်ဆင်းခံထားရတာပဲလေ .. !! အသင်မတို့လိုပဲ အလှအပကြိုက်ကြတယ်။ အသင်မတို့ထက်တောင် သူတို့မှာ ပိုပြီး ချောမလှပတဲ့ ရုပ်ရည် ပိုပြီးကြံခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်။ သူတို့မှာလည်း အလှအပကို ပြသခွင့် ရနေတာပဲလေ ..!! အသင်မတို့လိုပဲ ယောက်ကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသဘောကြပြီး နိကာဟ်ဖြစ်ချင်ကြတဲ့ စိတ်ရှိတယ်။!! အသင်မတို့လိုပဲ ကလေးမွေး နို့တိုက် အိမ်မှုကိစ္စလုပ် အခြေအနေအရ အပြင်စီးပွားလည်း ရှာဖွေနေရတာပဲ အသင်မတို့ထက်ပိုတာက သူတို့ဟာ ဖိနှိပ်ရက်စက်ခံနေရတယ်။ အသတ်ခံနေရတယ်။ သူတို့ကြတော့ ဗုရ်ခါ ပရ်ဒါ နိကားဗ် ဝတ်ဆင်လို့ရတယ်။ ဒုံးကျည်နဲ့ အပြစ်မခံရတဲ့ ပူလောင်မှုမရှိတဲ့ ဒီဗမာပြည်က အမျိုးသမီးတွေ ဘာဖြစ်လို့ မဝတ်ဆင်နိုင်ရတာလဲ ??

ဗမာပြည်သား အ်ီမာန်ယူထားတဲ့ အဲဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ကိုလမ်းစဉ်ကို နောက်လိုက်မှုပြုတဲ့ အမျိုးသမီးအပေါင်းတို့ !!!!!!!အသင်မတို့ရဲ့ အလှအပတွေကို ယောကျာ်းပုရိသတွေရဲ့ တွေ့မြင်မှုကနေ ဖုံးကွယ်ထားရပါမယ်။ ယောက်ျားတွေက အသင်အမျိုးသမီးရဲ့ အလှအပတစ်ခုကို တွေ့မြင်ပြီး သူ့စိတ် လှုပ်ရှားသွားမယ်ဆိုရင် အဲ့ဒီရဲ့အပြစ်က အသင်မခံရမှာပါ။ မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်အလှရှိကြပါတယ်။ အလှတရားကို မိန်းမတိုင်းက ပိုင်ဆိုင်ကြပါတယ်။ ဒီအလှပိုတိုးဖို့ တန်ဖိုးတတ်လာဖို့ အသင်မတို့ကိုယ်တိုင်က ထိန်းသိမ်းပေးဖို့ တာဝန်ရှိတယ်။ ဘုရ်ခါ ပရ်ဒါ ပုဝါ နိကားဗ်ဆိုတာ မုစ်လင်မ်မိန်းကလေးတစ်ယောက်ရဲ့ အမှတ်အသားပါ။ ခရစ်ယာန်မှာ လက်ဝါးကပ်တိုင်ထည့်ကြတယ်။ ဟင်န်ဒူဘာသာဝင်က ပုတူး၊ ဆင်န်ဒူး ထဲ့ကြတယ်။ မုစ်လင်မ်မိန်းကလေးအတွက် ဘုရ်ခါ ပရ်ဒါ ပုဝါ နိကားဗ်ဆိုတဲ့ နိရှာနီ အမှတ်အသားတွေ ပြသထားတယ်။ မုစ်လင်မ်အမျိုးသမီးဖြစ်တယ်ဆိုတဲ့ အမှတ်အသားတွေပါ။ ကိုယ်က မုစ်လင်မ်မိန်းကလေးတစ်ဦးဖြစ်ပြီး အမှတ်အသားမရှိရင် ဘာနဲ့တူနေမလဲ။ စဉ်းစားကြည့်ကြပါ။

ဗမာပြည်သားအီမာန်ရှင် အမျိုးသမီးတွေ !! တစ်နေရာမှာ အသံတစ်ခုခုမကြားလိုက်နဲ့ ခေါင်းပေါ်က ၂လက်မလောက်ရှိတဲ့ပုဝါက ချက်ခြင်းပျောက်သွားမယ်။ ... ကိစ္စတစ်ခုခုမဖြစ်လိုက်နဲ့ ချက်ခြင်းကို ဘုရ်ခါချွတ်လိုက်ကြတယ်။ အရမ်းကို ဝမ်းနည်းဖို့ကောင်းပါတယ်။ အသင်မတို့ အခုလက်ရှိဂါဇာမှာ ဖြစ်နေတဲ့ ဖြစ်ရပ်ကို အတုယူကြပါ။ ဟိုမှာ သူတို့တွေကို အသံနဲ့ ခြိမ်းချောက်နေတာမဟုတ်ဖူး။ ထောင်ချနေတာမဟုတ်ဖူး။ ဒုံးကျည်နဲ့ကို ပြစ်သတ်နေတာ။ နဖူးမှာ သေနတ်တေ့ပြီး တိုက်ရိုက်ကို ပြစ်သတ်နေတာ။ သူမတို့ကို ကြည့်ပါ။ သူတို့ရဲ့ ဘုရ်ခါ ပရ်ဒါတွေကို စွန့်လွှတ်လိုက်လား။ သူတို့ရဲ့ နိကားဗ်တွေကို စွန့်လွှတ်လိုက်လား။ ကြည့်ကြပါ။ သူမတို့ရဲ့ အီမာန်တွေ ဘယ်လောက်ခိုင်မာကြသလဲ။ ယကီးန်တွေ ဘယ်လောက်မြင့်မားကြံခိုင်ကြသလဲ ?? အမျိုးသမီးတို့ အတုယူကြပါ။ လမ်းလိုက်မလွဲကြပါနဲ့
!! ... အသင်မတို့ သိပ်အထင်ကြီးနေတဲ့ TV ကလာတဲ့ အတိုအပြတ်အကျပ်အကပ်တွေ တွန့်လိမ်ကောက်ကွေးတွေက အသင်မတို့ရဲ့ သာသနာမဟုတ်ဖူး၊ အဲ့ဒီအရာတွေကို တီထွင်ခဲ့တဲ့မူရင်းနိုင်ငံတွေကပဲ အစ္စလာမ့်နိုင်ငံတွေကို ဖျက်ဆီးနေတာ အဲ့ဒီအရာတွေက အသင်မတို့ကို ကဗရ်ထဲရောက်ရင် မြွေတွေ ကင်းတွေ အစားပြန်ပေးလိမ့်မယ်။ ကိယာမသ်နေ့ ဟရှရ်ရောက်ရင် ဘုရ်ခါနဲ့ အသက်ပေးသွားတဲ့ မိန်းမတွေက အသင်မတို့ကို လှောင်ပြောင်တဲ့ အကြည့်နဲ့ မေးငေါ့ကြလိမ့်မယ်။ ငါတို့တွေကတော့ ဗုံးဒဏ် ကျည်ဒဏ်ခံနေရပေမဲ့လည်း သာသနာ့အမိန့်ကို အပြည့်အဝလိုက်နာခဲ့ကြတယ်။ ငါတို့ နိုင်ငံတွေဟာ ပူလောင်အိုက်စပ်နေပေမဲ့လည်း ငါတို့ရဲ့ ခန္ဓာကိုယ်ကို ထူထဲတဲ့အဝတ်တွေနဲ့ ဖုံးအုပ်ခဲ့ကြတယ်။ ဘာလဲ အသင်မတို့ထံမှာ ငါတို့လို ဒုက္ခကျရောက်ခဲ့လားလို့ မေးငေါ့ကြလိမ့်မယ်။ ဟရှရ်မှာ ကမ္ဘာ့လူသားထုတစ်ရပ်လုံးအရှေ့မှာ အပြစ်ပေးခံရတဲ့အချိန် ကိုယ့်အပြစ်က ပရ်ဒါမရှိဘဲ အရှက်ကင်းမဲ့ခဲ့လို့ ယောက်ကျာ်းလေးဘယ်သူဘယ်ဝါက အသင်မရဲ့ ကိုယ်နေဟန်ထား မျက်နှာပေးကောင်းတာကြောင့် သူစိတ်ထဲမှာ ဘယ်လောက်တောင် ရာဂစိတ်တွေထကြွသွားခဲ့သလဲဆိုပြီး ခေါင်းစဉ်တပ်ပြီး အပြစ်ပေးခံရရင် !!! ပြောပါ ဘယ်လောက်တောင် ရှက်ဖို့ကောင်းသလဲ ?? အစ္စလာမ့်သာသနာမှာ အမျိုးသမီးမိန်းကလေးရဲ့ ကိုယ်ခန္ဓာကို ခေါင်းစ ခြေဆုံး အရှက်ရဲ့ အစိတ်အပိုင်းဆိုပြီး သတ်မှတ်ထားပါတယ်။

...... ငါတို့ကို အလ္လာဟ်က ဟိဒါယသ်မပေးသေးလို့ မဝတ်သေးတာ ဟိဒါယသ်ရရင် ဝတ်မှာပေါ့ လို့ ပြောကြတဲ့ မိန်းမတွေကို ပြောလိုတာက ဟိဒါယသ်ရဲ့ အဓိပ္ပာယ်က လမ်းမှန်တရား၊ အဲ့တော့ အသင်မက အီမာန်ကို လက်ခံပြီးပြီဆိုရင် အသင်မထံမှာ ဟိဒါယသ် အပြည့်အဝရရှိသွားပြီ။ ကျန်တာက အမိန့်နာခံမှု ။ ဟိဒါယသ်နဲ့ကို မဆိုင်တာ ! အမိန့်နာခံခြင်း မနာခံခြင်းဆိုတာ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်မလိုက်နာချင်တိုင်း ဟိဒါယသ်ကို ဆွဲမထည့်ပါနဲ့ ၊ အသင်မ ဗိုက်အရမ်းဆာနေတဲ့အချိန် ပြောပါ ငါ့ကို အလ္လာဟ် ဟိဒါယသ်ပေးမှ စားမယ်ဆိုပြီး ၊ ဘယ်သူမှ အဲ့လို ပြောမဲ့သူ မရှိပါဘူး။ ကိုယ်တိုင်ခူးခပ် ချက်ပြုတ်စားသောက်ကြသူတွေပါပဲ ၊ မိန်းမဆိုတာ တစ်ခါတစ်ရံမှာ ကိုယ်တိုင်လုပ်စားမှ အရသာတောင် ပိုရှိသလိုပါပဲ

အဲ့တော့ ဒွန္နယာရဲ့ ဆန္ဒ၊ အရသာတွေကြရင်တော့ ကိုယ်တိုင် တကူးတက လုပ်ဆောင်ဦးဆောင်ကြတဲ့ အမျိုးသမီးတွေက အမိန့်နာခံခြင်း ဘုရ်ခါ ပရ်ဒါနဲ့ ပတ်သက်လာရင် ဟိဒါယသ်ပေါ် ခေါင်းပုံမချသင့်ပါဘူး။ ကိုယ်တိုင်ကိုယ်ကြ ခူးခပ်လုပ်ဆောင် ကျင့်သုံးကြပါ။ ဗမာပြည်မှာ အစ္စလာမ်ရဲ့ အမိန့်တွေကို ကျင့်သုံးလာခြင်းက အတော်ကို ထွန်းကာလာနေပါပြီး ၊ အဲ့ဒီအထဲမှာ ကိုယ်ကိုတိုင်ပါဝင်လာပြီး ဖူးစာထူးတဲ့ အမျိုးသမီးကောင်းတစ်ယောက်အဖြစ် ပါဝင်ကြပါလို့ ပြောကြားလိုပါတယ်။

နောက်ဆုံးအနေနဲ့ အမျိုးသားတွေကလည်း ဘုရ်ခါ ပရ်ဒါ နိကားဗ်နဲ့ နေတဲ့ အမျိုးသမီးကောင်းလေးတွေကို ကိုယ့်ရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ကြပါ။ တိုနံ့ ပြန်လန်နေတဲ့ မိန်းကလေးကို ယူပြီး ဘုရ်ခါတစ်ထည် ကောက်ခြုံပေးလိုက်ခြင်းမျိုးထက် နဂိုကတည်းက ပြည့်စုံပြီးသား မိန်းကလေးတစ်ယောက်ကို ဇနီးအဖြစ်ရွေးချယ်လိုက်ခြင်းက နောက်ထပ် အမျိုးသမီးများစွာကို ဘုရ်ခါ ပရ်ဒါနဲ့နေဖို့ အကျိုးပြုလိုက်ခြင်းပါပဲ။ မိန်းကလေးတွေ ပရ်ဒါမဲ့နေတာ အမျိုးသားတွေကြောင့် ဆိုတဲ့ အချက်လည်း အဓိကပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ရွေးချယ်မှုတစ်ခုက အများကိုလည်း အကျိုးပြုတဲ့ ရွေးချယ်မှုဖြစ်ပါစေလို့ တိုက်တွန်းလိုပါတယ်။

* အလ်လသွီးဖ်နူရီ *