Tuesday, December 31, 2013

စားသောက်ရာတွင် ကျင့်သုံးရမည့် စည်းကမ်းများ

* မစားသောက်မီအလျှင် လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိဆေးခြင်း နှင့် နှုတ်ကျင်းခြင်းတို့သည် အစားအသောက်တွင် ဗရ်ကသ်ရရှိစေရန် အကြောင်းခံဖြစ်သည်။ (သိရ်မီဇီ)

* ဗိစ်မိလ္လာဟ်ဖတ်ပြီးမှ စားပါ။ ညာလက်ဖြင့်စားပါ။ (ဇွန်းဖြင့်စားလျှင်လည်း ညာလက်ဖြင့်သာ စားရမည်။) မိမိရှေ့မှ စပြီးစားပါ။ ပန်းကန်ပတ်ပတ်လည်မှ ဟိုနှိုက် ဒီနှိုက်ဖြင့် မစားရ။ (ဗုခါရီ၊ မွတ်စ်လင်မ်)

* ဘယ်လက်ဖြင့် လုံးဝမစား မသောက်ပါနှင့်။ ဘယ်လက်ဖြင့် စားသောက်ခြင်းသည် ရှိုက်သွာန်၏ လုပ်ရပ်ဖြစ်သည်။ (ယခုခေတ်တွင် ဘယ်လက်ဖြင့်စားသောက်ခြင်းကို စတိုင်လုပ်၍ စားသောက်ကြသည်။ တချို့ကလည်း အအေး၊ လက်ဖက်ရည်ခွက်များကို ဘယ်လက်ဖြင့်ကိုင်ပြီး သောက်ကြသည်။ ထိုသို့လုပ်ခြင်းသည် မင်းသား၊ မင်းသမီးများ၊ ဘာသာခြားတို့၏ ပုံစံကို အတုယူနှစ်သက်၍ လုပ်ဆောင်ခြင်းဖြစ်ပါက အပြစ်ခံရမည်ဖြစ်သည့်အပြင် စွန္နသ်တော်ကို သိပါလျှက်ကျောခိုင်းခြင်း၏ ပြစ်ဒဏ်လည်းခံရမည်ဖြစ်သည်။) (ညာလက်တွင် ဒဏ်ရာတခုခုရှိပါက ချွင်းချက်ရှိပါသည်။) (မွတ်စ်လင်မ်)

* မိမိစားသောက်သောပန်းကန်ကို ကိုယ်တိုင်ဆေးကြောပါက ထိုသူ့အတွက် ပန်းကန်က အိစ်သိဂ်ဖါရ်ပြုပေးမည်ဖြစ်သည်။ (သိရ်မီဇီ)

* စားစရာတခုခု အောက်သို့ကျသွားပါက သန့်ရှင်းအောင်ပြုပြီး စားသောက်လိုက်ရမည်။ ရှိုက်သွာန်အတွက်မချန်ထားရပေ။ (ကျသွားသောထမင်းစေ့၊ မုန့်၊ စသည်များကို သန့်ရှင်းအောင်ပြုပြီးစားလိုက်ခြင်းက ရှက်စရာမဟုတ်ပါ။ ဒတ်စ်သရ်ခါန်းပေါ်ကျသွားသည်ကိုပင် အချို့က ရွံစရာပုံစံဖြင့် မစားပဲလွှင့်ပြစ်လိုက်ကျသည်။ တချို့ကလည်း ပဲများ၍ အဲဒီလိုပြန်ကောက်စားခြင်းကို ရှက်စရာကိစ္စတစ်ခုဟုမှတ်ယူကာ ပြန်ယူမစားပဲထားလိုက်ကြသည်။ အကယ်၍ သိပံ္ပက ထိုသို့ပြန်လည်ကောက်ယူစားခြင်းတွင် မည်သို့အကျိုးထူးများရှိကို တင်ပြလာသည့်အခါမှ ထိုအလုပ်ကို ကျင့်သုံးလျှင် ၎င်းသူသည် စွန္နသ်ကို အထင်မကြီးသည့်သူနှင့် အတူတူပင်ဖြစ်သည်။)

* စားသောက်ပြီးစီးသွားသည့်အခါ လက်မဆေးခင်အရင် လက်ကို လျှက်လိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် စားစရာ၏ မည်သည့်အစိတ်အပိုင်းတွင် ဗရ်ကသ်ပါဝင်သည်ကို အသင်မသိနိုင်သောကြောင့်ဖြစ်သည်။
(မွတ်စ်လင်မ်)

* ထမင်းပန်းကန်၊ ထမင်းချိုင့်၊ စားသောက်ဖွယ်ရာများထည့်ထားသည့် ပန်းကန်၊ခွက်များကို အလယ်မှနှိုက်မစားနှင့်။ ထိုနေရာတွင် ဗရ်ကသ်ကျရောက်သည်။(သိရ်မီဇီ)

* စုပေါင်း၍စားသုံးပါ။ အလ္လာဟ်အရှင်၏ နာမတော်ဖြင့် အစပြု၍စားသုံးပါ။ ထိုသို့ပြုခြင်းသည် အသင်တို့အတွက် ဗရ်ကသ်ရရှိမည်ဖြစ်သည်။ (အဗူဒါဝူးဒ်)

* စားသောက်နေစဉ်အတွင်း ဖိနပ်ကို ချွတ်ထားပါ။ ခြေထောက်များအတွက်လည်း သက်သာမှုရရှိမည်ဖြစ်သည်။ (ဒါရူမီ) စားသောက်ဆိုင်တွင် စားပွဲ၊ ကုလားထိုင်များ၊ ခုံအမြင့်များဖြင့် စားသည့်အခါ သတိဖြင့် ဖိနပ်ကို ချွတ်ထားရမည်။ ထိုသို့ပြုခြင်းသည် အစားအသောက်ကို အဒါဗ်လုပ်ရာကျသလို ကျန်းမာရေးနှင့်လည်း ညီညွတ်ပေသည်။ (ဖိနပ်အခိုးခံရမည်ကို မစိုးရိမ်ရသောနေရာများတွင်)

* သောက်စရာများကို သောက်သုံးရာတွင် ကုလားအုတ်ကဲ့သို့ အသက်တရှုတည်းဖြင့် မသောက်ရ။ နှစ်ကြိမ် (သို့) သုံးကြိမ်နား၍ သောက်ရမည်။ (နား၍သောက်ရာတွင် ပါးစပ်နှင့် သောက်သည့်ခွက်ကို ခွာလိုက်ရမည်။ အနည်းဆုံး အသက်တစ်ကြိမ်လောက်ရှုလိုက်ရမည်။ ပြီးမှ ဆက်သောက်ပါ။) မသောက်ခင် ဗိစ်မိလ္လာဟ်ဆိုပါ။ သောက်ပြီးနောက် အလ်ဟမ်ဒုလစ်လ္လာဟ် ဆိုပါ။ (သိရ်မီဇီ)

* အကြင်သူသည် သောက်စရာတစုံတရာ (နို့၊ ဖျော်ရည်)ကို တိုက်ကျွေးသူဖြစ်မူ ၎င်းတိုက်ကျွေးသူကိုယ်တိုင်သည် နောက်ဆုံးမှ သောက်သုံးသူ ဖြစ်ရမည်။

* တစ်ခါက ကိုယ်တော်မြတ်(ဆွ) ထံစားစရာတစုံတရာကို ယူဆောင်လာသည်။ ကိုယ်တော်က အပ်စ်မာအ် ဗင်န်သေယဇီးဒ်ကို သုံးဆောင်ရန် အမိန့်ရှိတော်မူသည်။ သူမက မဆာသေးကြောင်းလျှောက်ထားသည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ ဗိုက်ဆာခြင်းနှင့် လိမ်လည်ခြင်းကို မရောချလိုက်ပါနှင့်။ ဆိုလိုသည်မှာ ဗိုက်ဆာနေပါလျှက်နှင့် မဆာပါဘူးဟု မပြောနှင့်။
(ဆာလောင်သည့်အချိန်တွင် စားခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။)

* ဟင်းအရည်ချက်လျှင် ရေအနည်းငယ်ပိုထဲ့၍ ချက်ပါ။ ဘေးအိမ်ကိုလည်း ဝေငှပါ။

* ကိုယ်တော်မြတ်(ဆွ)သည် စားပွဲဖြင့်လည်းကောင်း၊ ပန်းကန်ငယ်များဖြင့်သောလည်းကောင်း စားသောက်ခြင်းမပြုခဲ့ပေ။ တမန်တော်မြတ်နှင့် ဆွဟာဗာတို့သည် ဒတ်စ်သရ်ခါးန်ဖြင့်သာ စားသောက်ကြသည်။

* တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ လူတစ်ယောက်စာ အစားအသောက်သည် လူနှစ်ယောက်အတွက် လုံလောက်သည်။ ဤအတိုင်းပင် လူနှစ်ယောက်စာသည် လူလေးယောက်အတွက်၊ လူလေးယောက်စာသည် လူရှစ်ယောက်အတွက် လုံလောက်ပေသည်။ (မွတ်စ်လင်မ်ကျမ်း)

(ဆိုလိုသည်မှာ) ဧည့်သည် (သို့မဟုတ်) မိမိကျွေးမွေးရမည့်သူ တိုးလာခြင်းဖြင့် ကပ်စီးနဲခြင်းမဖြစ်ရပေ။ ကျွေးမွေးရန် မတွန့်တိုရပေ။ ပျော်ရွှင်လိုလားစွာဖြင့်ပင် ကျွေးမွေးလိုက်ရမည်။ ဗရကသ်ကိုချီးမြှင့်မည့်အရှင်သည် တစ်လောကလုံးကို ကျွေးမွေးစောင့်ရှောင့်တော်မူသော အလ္လာဟ်အရှင်မြတ်ပင်ဖြစ်ကြောင်းကို အသိတရားတွင် ထဲ့ထားရမည်။

* လူအချို့တစ်ဝိုင်းထဲတွင် စွန်ပလွန်သီးများစားသုံးနေသည်ရှိသော် ထိုသူတို့နှင့်ပတ်သက်၍ တမန်တော်မြတ်က မိန့်တော်မူထားသည်မှာ တဦးတယောက်သည် မိမိ မိတ်ဆွေများ၏ ခွင့်ပြုချက်မရှိပဲ တစ်ကြိမ်ထဲတွင် စွန်ပလွန်သီးနှစ်လုံး မယူစားရပေ။ (ဗုခါရီ၊ မွတ်စ်လင်မ်)
စွန်ပလွန်သီးကဲ့သို့ပင် အခြားသောသစ်သီးဝံလံ နှင့် အစားအသောက်များလည်း အထက်ပါအမိန့်တွင် ပါဝင်သည်။

* ကိုယ်တော်မြတ်(ဆွ)က မိန့်ကြားသည်မှာ အကြင်သူသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ (အစိမ်း)စားထားပါက ယင်းအရာများ၏ အနံအသက် မပျောက်မခြင်း ဗလီသို့မဝင်နှင့်။
(သို့မဟုတ် ဤသို့မိန့်ကြားခဲ့သည်) အနံမပျောက်မခြင်း မိမိအိမ်တွင်ပင်နေကုန်။ (ဗုခါရီ၊ မွတ်စ်လင်မ်)

* အစားအသောက်တခုခုကို စတင်စားသောက်ပါက ဗိစ်မိလ္လာဟ် ဖတ်ပါ။ အကယ်၍ စ စားသည့်အချိန်တွင် ဗိစ်မိလ္လာဟ် ဖတ်ရန်မေ့သွားသည်ကို သတိရပါက " ဗိစ်မိလ္လာဟေအောက်ဝလဟုဝအာခေရဟု " ကို ဖတ်လိုက်ပါ။ (သစ်ရ်မိဇီ)

* ကိုယ်တော်မြတ်(ဆွ)မိန့်ကြားတော်မူသည်။ အကြင်သူသည် စားသောက်စရာများပေကျံ၍လည်းကောင်း၊ လက်ဆေးရာတွင်ပြောင်စင်အောင်မဆေးကြောပဲ အစားအသောက်အနံများကပ်ညိလျှက် အိပ်စက်လိုက်မည်။ ထိုအခြေအနေတွင် ၎င်းအား အဆိပ်ရှိသည့် သတ္တဝါတစ်ကောင်ကောင်(ကြွက်၊ ကင်း) ၏ ကိုက်ခြင်းကိုခံရပါက အကြင်သူသည် မိမိမှအပ အခြားမည်သည့်အရာကိုမျှ အပြစ်မတင်လေနှင့်။
(သစ်ရ်မီဇီ)
အဘယ့်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ ပျင်းရိပေါ့ဆ မေ့လျော့မှုကြောင့်သာလျှင် ထိုကဲ့သို့အကိုက်ခံ ဒုက္ခရောက်ရခြင်းဖြစ်သည်။

* တစ်ခါက ကိုယ်တော်မြတ်(ဆွ)သည် စွန်ပလွံသီးအဟောင်းများကို စားသုံးနေတော်မူသည်။ ထိုစွန်ပလွံသီးများထဲမှ ပိုးကောင်များကိုလည်း ရှာဖွေ၍ ထုတ်ပြစ်တော်မူခဲ့သည်။ (အဗူဒါဝူးဒ်)
သိရသည်မှာ သစ်သီးဝံလံ၊ ကောက်ပဲသီးနှံများတွင် ပါလာသောပိုးကောင်များကို မစားရပေ။
(ပိုးကောင်များနှင့် အတူရောမစားလိုက်ရပေ။) ပိုးကောင်ပါနေခြင်းကြောင့် စားစရာတစ်ခုလုံးလည်း မသန့်မဖြစ်သွားပေ။

* ကိုယ်တော်မြတ်(ဆွ)မိန့်တော်မူသည်။ စားသောက်ဖွယ်ရာ (ဥပမာ နို့၊ ဟင်းရည်၊ လက်ဖက်ရည်) တို့တွင် ယင်ကောင်ကျသွားပါက ယင်ကောင်တစ်ကောင်လုံးကို နှစ်ချလိုက်ပါ။ ပြီးမှ ယင်ကောင်ကို ထုတ်ပြီးပြစ်လိုက်ပါ။ ထိုသို့နှစ်ခိုင်းရခြင်းမှာ ယင်ကောင်၏ အတောင်တစ်ဖက်တွင် ရောဂါပါရှိပြီး နောက်အတောင်တစ်ဖက်တွင် ဆေးပါဝင်သည်။ (ဗုခါရီ)

* ဆင့်ပြန်ချက်တစ်ခုတွင်လာရှိသည်မှာ ယင်ကောင်အတောင်တစ်ဖက်တွင် အဆိပ်ပါရှိပြီး နောက်တစ်ဖက်တွင် ဖြေဆေးပါရှိသည်။ ယင်ကောင်ကျသွားပါက အဆိပ်ရှိသောအတောင်ကို အရင်နှစ်လေ့ရှိပြီး ဆေးပါဝင်သော အတောင်ကိုမူ ဖယ်ထားပေသည်။ (ရှရ်ဟေစွန္နဟ်)

* အခြားဆင့်ပြန်ချက်တစ်ရပ်တွင်လာရှိသည်မှာ ယင်ကောင်သည် ဆေးပါဝင်သောအတောင်ကို ရောဂါပါဝင်သောအတောင်ဖြင့် ထိန်းသိမ်းထားပေသည်။ ထို့အတွက်ကြောင့် ယင်ကောင်ကျသွားလျှင် တစ်ကောင်လုံးကို နှစ်ချ လိုက်ရမည်။ သို့မှာသာ ရောဂါအတွက် ဆေးကုသပြီးဖြစ်မည်။ (အဗူဒါဝူးဒ်)
အကျိုးကျေးဇူး- တမန်တော်မြတ်(ဆွ)သည် ရောဂါ၏ ဆေးဝါးကို ပြသခြင်းသာဖြစ်သည်။ ထိုအစားအသောက်ကို စားကို စားရမည်ဟု အမိန့်မပေးထားပေ။ အကယ်၍ မစားချင်ပါက မစားပဲနေနိုင်သည်။

* ကိုယ်တော်သည် များစွားစားသုံးခြင်းကို မနှစ်သက်ပေ။ မိန့်ကြားတော်မူသည်မှာ များစွားစားသုံးခြင်းသည် ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ များစွာစားခြင်းကြောင့် တစ်ချိန်လုံး လေချဉ်တက်နေမည်။ လေလည်နေမည်။ လူအများက ၎င်းကို ရွံရှာသောအကြည့်ဖြင့်ကြည့်ကြမည်ဖြစ်သည်။ (ဗိုင်ဟကီ)

* ကိုယ်တော်(ဆွ)သည် လက်သုံးချောင်းဖြင့် စားသုံးတော်မူသည်။ မဆေးမီကြောမီအလျှင် လက်ကို လျှက်တော်မူပေသည်။ (မွတ်စ်လင်မ်)

* စားသောက်စရာသည် အလွန်ပူပြီး အငွေ့တထောင်းထောင်း ထနေပါက အငွ့များကုန်သွားသည်အထိ ခဏဖုံးအုပ်ထားလိုက်ပါ။ ကိုယ်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ ထိုသို့ပြုလုပ်ခြင်းသည် များစွာဗရကသ်ရစေသော အကြောင်းခံဖြစ်သည်။ (ဒါရူမီ)

* ဟဇရသ်အနတ်စ်(ရသွေ့)သခင်က တင်ပြသည်။ ကျွန်ုပ်သည် ကိုယ်တော်မြတ်(ဆွ)အား ဆောင့်ကြောင့်ထိုင်လျှက် စွန်ပလွံသီးစားသုံးနေသည်ကို တွေ့မြင်ခဲ့သည်။ (ဗုခါရီ)

* စားသောက်ဝိုင်းတွင် လူများလာပါက ကိုယ်တော်(ဆွ) သည် ပဆစ်တုပ်၍ ထိုင်လိုက်တော်မူပေသည်။ ယင်းသို့ထိုင်ခြင်းတွင် ရို့ကျိုးမှုလည်း များစွာရှိသည်။ အတူစားသောက်သူများကို ဂုဏ်ပေးရာလည်းရောက်သည်။ အခြားသူများအတွက်လည်း နေရာရစေသည်။ (အဗူဒါဝူးဒ်)

* ဒတ်စ်သရ်ခါးန်မသိမ်းမီအလျှင် မထကြနှင့်။ ဒတ်စ်သရ်ခါးန် သိမ်းပြီးမှ ထကြပါ။

*တစ်ဦးတယောက်နှင့် အတူတကွ စားသောက်နေပါက ထိုသူစားနေသ၍ မိမိ၏ စားသောက်နေခြင်းကိုလည်း မရပ်တန့်လိုက်ပါနှင့်။ ဗိုက်ပြည့်နေသည်ဖြစ်ပါစေ အနည်းငယ်မဆို စားသောက်နေပါ။ (အတူစားနေသူရှက်မသွားစေရန်ဖြစ်သည်။) အကယ်၍ လုံးဝမစားသောက်လိုတော့ပါက အခွင့်တောင်းပြီးမှ ထပါ။ (အိဗ်နေမာဂျာဟ်၊ ဗိုင်ဟကီ)

* ရေအိတ်တွင် ပါးစပ်တေ့၍ မသောက်ပါနှင့်။ (ဗုခါရီ)
ယခုအခါတွင် ရေဗူးအား ပါးစပ်တေ့သောက်သည့် အကျင့်များဖြစ်နေကြသည်။ ရေဗူး၊ ရေကရား၊ ရေတကောင်း များတွင် ပါးစပ်တေ့သောက်ခြင်းသည်လည်း အထက်ပါ တားမြစ်ချက်တွင် ပါဝင်ပါသည်။

* ရေသောက်နေရင်း ရေခွက်ကို ပါးစပ်တပ်လျှက်နှင့် အသက်မရှုပါနှင့်။

* ဇမ်ဇမ်ရေနှင့် ဝူဇူကျန်ရေတို့မှအပ အခြားသောသောက်သုံးစရာရေတို့ကို မတ်တပ်ရပ်မသောက်ပါနှင့်။
(မွတ်စ်လင်မ်) 

* ပန်းကန်၊ ခွက် တို့ကို ပဲ့၊ ကွဲ နေသောနေရာများမှ ပါးစပ်တပ်၍ သောက်သုံးခြင်း၊ စားသုံးခြင်းမပြုပါနှင့်။
(အဗူဒါဝူးဒ်)

* မြတ်နဗီ(ဆွ)သည် အမှီပြု(ကျောမှီ) ၍ စားသောက်ခြင်းမပြုပေ။ (ဗုခါရီ) ယင်းသို့စားခြင်းသည် မာန်မာနရှိခြင်း၊ ကြွားဝါးခြင်း၊ မောက်မာခြင်း တို့၏ လက္ခဏာဖြစ်ပေသည်။ ကျန်းမားရေးကိုလည်း ထိခိုက်စေသည်။

* ကိုယ်တော်မြတ်(ဆွ) အစားအသောက်ကို မည်သည့်အခါမျှ အပြစ်ပြောဆိုခြင်း မပြုခဲ့ပေ။ လိုလားနှစ်သက်တော်မူပါက စားသုံးလိုက်သည်။ မနှစ်သက်လျှင် မစားသုံးပေ။ (ဗုခါရီ) * ဟဇရသ်ဟုဇိုင်ဖာ(ရသွေ့)သခင်က တင်ပြသည်။ တမန်တော်မြတ်(ဆွ) သည် ကျွန်ုပ်တို့အား ရွှေ ငွေ တို့ဖြင့်ပြုလုပ်ထားသည့် ပန်းကန်၊ ခွက် များဖြင့် စားသောက်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပေသည်။
(ဗုခါရီ၊ မွတ်စ်လင်မ်)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, December 30, 2013

ဂျမာအသ်ထွက်လျှင်ရရှိမည့်အကျိုးရလဒ်များ

၁။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်တော်မူပေမည်။

၂။ အီမာန်တွင် စိုပြေလန်းဆန်းမှုရှိလာမည်။

၃။ အစ္စလာမ်သာသနာရှင်သန်လာမည်။

၎။ ကောင်းသောအမလ်များရှင်သန်လာမည်။

၅။ သက်တမ်းတွင် သာသနာ၏ လိုအပ်ချက်ကို သိရှိမှုဖြစ်လာမည်။

၆။ အရှင်မြတ်၏ ကြောက်စိတ် နှလုံးသာတွင်ဖြစ်ပေါ်လာမည်။

၇။ အရှင်နှင့် ဆက်သွယ်မှု ခိုင်မြဲလာမည်။

၈။ အချိန်တိုင်း အလ္လာဟ်အပေါ် အာရုံထားနိုင်သည့် အခွင့်အရေးရရှိလာမည်။

၉။ အရှင့်ထံတော်မှာသာ တောင်းခံတတ်လာမည်။

၁၀။ နှလုံးသားတွင် အလင်းရောင်ဖြစ်ပေါ်လာမည်။

၁၁။ နှလုံးသားတွင်ပျော်ရွှင်အေးချမ်းမှုကိုခံစားရမည်။

၁၂။ သက်တမ်းတွင်အေးချမ်းတည်ငြိမ်မှုရရှိမည်။

၁၃။ အာခေရသ်ကိုသတိရမှုဖြစ်လာမည်။

၁၄။ အချိန်တိုင်းသေချင်းတရားကိုသတိရမှုဖြစ်လာမည်။

၁၅။ ကွယ်လွန်မည့်အလျှင်သေခြင်းတရားအတွက်ပြင်ဆင်ထားနိုင်သောအခွင့်အရေးရရှိလာမည်။

၁၆။ ဒွန္နယာလောကအားတပ်မက်မှုကင်းသောအခွင့်အရေးရရှိမည်။

၁၇။ ပစ္စည်းဥစ္စာ၏အလိုရမ္မက်နည်းပါးလာမည်။

၁၈။ အီမာန်နှင့်တကွကွယ်လွန်သေဆုံးသူဖြစ်မည်။

၁၉။ ကွယ်လွန်ခါနီးအချိန်တွင်ကောင်းကင်တမန်များကသတင်းကောင်းပေးကြမည်။

၂၀။ ကဗရ်အတွင်း၌ပြေလည်သောဆက်ဆံမှုနှင့်ကြုံတွေ့ရမည်။

၂၁။ ကေယာမသ်နေ့တွင် အင်န်ရှာအလ္လာဟ် အရှင်မြတ်၏ ဂုဏ်ပြုခြင်းခံရမည်။

၂၂။ အလ္လာဟ်ရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ထံမှ စစ်မှန်သောချစ်ခင်မှုပြုခြင်းခံရမည်။

၂၃။ အရှင်မြတ်၏အမိန့်တော်များကိုထမ်းဆောင်ရာ၌ လွယ်ကူမှုရှိမည်။

၂၄။ တမန်တော်မြတ်(ဆွ) စွန္နသ်တော်များမိမိ၏သက်တမ်းတွင် ထမ်းဆောင်နိုင်သူဖြစ်လာမည်။

၂၅။ တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်များ လူအများစုအတွင်း၌ရှင်သန်လာမည်။

၂၆။ နမာဇ်ဆောက်တည်သောသက်တမ်းဖြစ်လာမည်။

၂၇။ နမာဇ်ဆောက်တည်မှု လူအများစုအထဲတွင်ဖြစ်လာမည်။

၂၈။ ကျွန်ုပ်တို့၏ နမာဇ်ဝတ်ပြုမှုများမှန်ကန်လာမည်။

၂၉။ နမားဇ်အတွင်းရှိ အရည်အချင်းများ မိမိသက်တမ်းတွင်ဝင်ရောက်လာမည်။

၃၀။ ဗလီဝတ်ကျောင်းတော်များစည်ကားလာမည်။
၃၁။ ဗလီဝတ်ကျောင်းတော်များတွင် မြို့၊ ရွာတို့နှင့်ပက်သက်၍ဒိုအာတောင်းဆိုမှုများဖြစ်လာမည်။

၃၂။ ထိုဒိုအာများကြောင့် မြို့၊ ရွာများ စည်ပင်သာယာဝပြောလာမည်။

၃၃။ လူသားသည် မိမိသက်တမ်းရရှိခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်လာမည်။

၃၄။ လူသားဖြစ်ခြင်း၏တာဝန်မှာ အရှင်မြတ်၏ခ၀ပ်ကိုးကွယ်ခြင်းဖြစ်၍ တာဝန်ကျေနိုင်သည့် အရည်အချင်းရရှိလာမည်။

၃၅။ တမန်တော်မြတ်(ဆွ) အွမ္မသ်နောက်လိုက်တစ်ဦး၏ သက်တမ်းမွေးမြူသည့် နည်းစနစ်ကို နားလည်သဘောပေါက်လာမည်။

၃၆။ တမန်တော်မြတ်(ဆွ)၏ နောက်လိုက်တစ်ဦး၏ အထူးတာဝန်မှာဒအ်ဝသ်ကြိုးပမ်းမှုဖြစ်၍ တာဝန်ကျေပြွန်ပေသည်

၃၇။ သာသနာ့ပညာ စူးစမ်းရှာဖွေလိုသည့်ဆန္ဒများ ဖြစ်ပေါ်လာပေမည်။

၃၈။ သာသနာ့ပညာ၏တာဝန်ဝတ္တရားများသိရှိနားလည်လာမည်။
၃၉။ သာသနာ့ပညာရှင်များအား တန်ဖိုးထားတတ်သည့် စိတ်ဓါတ်များပေါက်ဖွားလာမည်။

၄၀။ ကောင်းမှုနှင့်မကောင်းမှုများ၏ တန်ကြေးများသိနားလည်လာမည်။
၄၁။ သာသနာ့ပညာနှင့်လက်တွေ့ကျင့်ဆောင်မှုတို့တွင်ဆက်သွယ်မှုရှိလာမည်။

၄၂။ မကောင်းမှုများမှ အရှင်မြတ်ထံဝန်ချတောင်းပန်သည့်အခွင့်ရေးရရှိလာမည်။

၄၃။ စိတ်ရိုင်းမှပြောင်းလဲမှုဖြစ်ပြီး အမိန့်နာခံသောစိတ်ဖြစ်လာမည်။
၄၄။ စိတ်ကြိုက်သက်တမ်းကိုစွန့်လွှတ်၍ အရှင်မြတ်နှစ်သက်သောသက်တမ်းမွေးမြူသူဖြစ်လာမည်။

၄၅။ စိတ်နှလုံးကျဉ်းကြပ်မှုနှင့် သောကဖိစီးမှုများအားလုံး အရှင်မြတ်၏လမ်းပေါ်တွင်ပပျောက်သွားပေမည်။

၄၆။ လောကီသောကကင်းဝေးသူ ဖြစ်လာမည်။ ဤသည်ပင် အရှင်ချီးမြင့်သော အကြီးမားဆုံးစည်းစိမ်တစ်ခုဖြစ်၏။
၄၇။ အရှင်မြတ်၏အဖန်ဆင်းခံများနှင့် ပတ်သက်၍ သောကပိုက်ထွေးနိုင်သည့်စွမ်းအား ရရှိလာမည်။ ဤသည်မှာ အေဗာဒသ် ထက်ပင်သာပိုမွန်မြတ်လေသည်။

၄၈။ ကောင်းမှုများအားလုံးတွင် စိတ်ဖြူစင်မှုရရှိလာမည်။

၄၉။ အရှင်မြတ်၏တာဝန်ဝတ္တရားများနှင့် လူသားများ၏တာဝန်ဝတ္တရားများသိရှိနားလည်လာမည်။

၅၀။ အရှင်မြတ်၏တာဝန်ဝတ္တရားများကိုကျေပြွန်စွာထမ်းဆောင်နိုင်သည့်အရည်အချင်း ရရှိလာမည်။

(တင်ပြသူ-ဟာဖိဇ်မုဟမ္မဒ်ဟစံန်)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

ဒိုအာပြုခြင်းနှင့် သက်ဆိုင်သည့် နည်းစနစ်များ


ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်

လောကီရေးဖြစ်စေ၊ သာသနာရေးဖြစ်စေ၊ မိမိ၏စွမ်းပကားကို အသုံးချရ၍ရသည့် အရေးကိစ္စဖြစ်စေ၊ အသုံးချ၍မရသည့်အရေးကိစ္စဖြစ်စေ၊ ၎င်းအရေးကိစ္စနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ထံတော်ဝယ် ဒိုအာတောင်းဆိုပါ။ သို့ရာတွင် တရားတော်နှင့် ဆန့်ကျင်သည့် အရေးကိစ္စမျိုးမဖြစ်စေရ။ အထက်ဖေါ်ပြပါ ဤသည်တို့သည် အားလုံးပါဝင်လျက် ရှိသည်။ ဥပမာ- တစ်ဦးတစ်ယောက်သည် လယ်ယာကိုင်းကျွန်းအလုပ်ကိုလုပ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ရောင်းဝယ် ဖေါက်ကားမှုကားမှုကို လုပ်သည်ဖြစ်စေ၊ ယင်းအလုပ်အတွက် လုံ့လဝိရိယ စိုက်ရမည်သာဖြစ်သည်။ လိုအပ်သည်များကို စုဆောင်းရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံပါးတော်၌ ဤသို့ ဒိုအာတောင်းဆိုရပေမည်။ အို, အလ္လာဟ်အရှင်မြတ် ဤလုပ်ငန်း၌ ဗရ်ကသ်ပေး၍ တိုးပွားများပြားစေတော်မူပါ။ ဆုံးရှုံးမှုမှ လွတ်ကင်းစေတော်မူပါ။

သို့မဟုတ် လောကီရန်သူဖြစ်စေ၊ သာသနာ့ရန်သူဖြစ်စေ၊ ရန်သူတစ်ဦးတစ်ယောက်က ဒုက္ခပေးလာသည်ရှိသော် ထိုဒုက္ခမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကိုလည်း ကြံစည်အားထုတ်ရမည်သာဖြစ်သည်။ ထိုကြံစည်အားထုတ်မှုသည် မိမိအစွမ်းအစဖြင့် ဖြစ်မြောက်သည်ဖြစ်စေ၊ အာဏာပိုင်တစ်ဦးတစ်ယောက်ထံမှ အကူအညီရယူသည်ဖြစ်စေ၊ ယင်းကြံစည်အားထုတ်မှုနှင့်အတူ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒိုအာကိုလည်းတောင်းဆိုရမည်ဖြစ်သည်။ ဒိုအာတောင်းဆိုရာ၌ အို, အလ္လာဟ်အရှင်မြတ် ရန်သူကိုရှုံးနိမ့်စေတော်မူပါဟူ၍ ဆိုရမည်။ သို့တည်းမဟုတ် ရောဂါဝေဒနာ တစ်စုံတစ်ရာကို ခံစားနေရလျှင် ဆေးဝါးကိုလည်း မှီဝဲရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း အို, အလ္လာဟ်အရှင်မြတ်၊ ရောဂါကို ပျောက်ကင်းစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိထံ၌ ပစ္စည်းဥစ္စာရှိလျှင် ယင်းနှင့်စပ်လျဉ်း၍ လုံခြုံရေးအစီအစဉ်ကို ချမှတ်ရမည်ဖြစ်သည်။ ဥပမာ-လုံခြုံခိုင်ခံ့သည့်အိမ်ကို ဆောက်လုပ်ထားခြင်း၊ ပစ္စည်းသိုလှောင်ထားသည့်အခန်းကို သော့ခတ်ထားခြင်း၊ သို့တည်းမဟုတ် အိမ်သူအိမ်သားများ၊ အခိုင်းအစေများကို ကင်းချထားခြင်း၊ အမြဲကြည့်ရှုစောင့်ရှောက်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ထိုဥစ္စာပစ္စည်းများကို သူခိုးဓါးပြရန်တို့မှ ကင်းဝေးစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိက တစ်ဦးတစ်ယောက်ကို တရားစွဲဆိုထား၏။ သို့မဟုတ် တရားစွဲခံရလျက်ရှိ၏။ ထိုအခါ ယင်းမှုခင်းအတွက် ရှေ့နေကိုလည်း ငှားရမည်ဖြစ်သည်။ သက်သေများကိုလည်း ခေါ်ရမည်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အမှုကိုနိုင်စေတော်မူပါ။ ကျူးကျော်စော်ကားသူများ၏ရန်မှ ကျွန်တော်မျိုးအားလွတ်ကင်းတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် ကျမ်းမြတ်ကုရ်အာန်နှင့် ဘာသာရေးပညာရပ်များကို သင်ကြားဆည်းပူးလျက်ရှိ၏။ သင်ကြားတတ်မြောက်နိုင်ရန်အတွက် စိတ်ဝင်စားစွာဖြင့် စနစ်တကျ ကြိုးပမ်းရမည်။ ထို့ပြင် အို, အလ္လာဟ်အရှင်မြတ် ထိုပညာရပ်ကို ကျွန်တော်မျိုးအဖို့ လွယ်ကူစေတော်မူပါ။

ကျွန်တော်မျိုး၏ ဦးနှောက် (စိတ်ပိုင်းဆိုင်ရာ) သော်လည်းကောင်း၊ သို့တည်းမဟုတ် ဆွလာသ်-စွီယာမ် အစရှိသည်တို့ကို အစပြု၍သော်လည်းကောင်း၊ သို့မဟုတ် သူတော်စင်တို့၏ ညွှန်ပြမှုကြောင့် အခြားအိဗါဒသ်တစ်ခု, ခု၌ မွေ့လျော်နေ၏။ ထိုအခါ မိမိ၏စိတ်ရိုင်းကို ရင်ဆိုင်တိုက်ခိုက်၍ အစဉ်ပွါးများနိုင်ရန် ကြိုးစားရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။ အစဉ်အမြဲ လုပ်ဆောင်နိုင်ရန် စွမ်းအင်ပေးသနားတော်မူပါ။ ကျွန်တော်မျိုး ပြုကျင့်ခဲ့သည်များကို လက်ခံတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ ဤသည် စံပြအနေဖြင့် အချို့ကို ရေးသားဖေါ်ပြလိုက်ခြင်းဖြစ်သည်။

အရေးကိစ္စတိုင်း။ ဘေးဒုက္ခတိုင်းအတွက် မိမိဥာဏ်စွမ်းဥာဏ်စများကို အသုံးချရသည့်နည်းတူ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း နှိမ့်ချရိုကျိုးစွာဖြင့် ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ မိမိကြိုးစားမှုဖြင့် မဖြစ်မြောက်နိုင်သော အရာများနှင့် စပ်လျဉ်း၍ ဒုအာကိုသာ တောင်းဆိုရမည်။ ဥပမာ- မိုးရွာသွန်းစေခြင်း၊ သားသမီးရယူခြင်း၊ ကုစား၍မရနိုင်သည့် ဝေဒနာမျိုးကို ခံစားနေရသည့် ဝေဒနာရှင်တစ်ဦး အကောင်းပကတိဖြစ်သွားစေခြင်း၊ သို့မဟုတ် စိတ်ရိုင်းနှင့် ရှိုက်တွာန် အီဗလိစ်၏ သွေးဆောင်ခြင်းမှ သို့မဟုတ် ရောဂါဆိုးကြီးများမှ လွတ်ကင်းမှုရယူခြင်း၊ မိမိအား ချေမှုန်းဖျက်ဆီးနိုင်သည့် ရန်သူ၏ ဘေးအန္တရာယ်မှ လွတ်မြောက်မှုရယူခြင်း။ အစရှိသည်တို့ဖြစ်သည်။
ဤဖေါ်ပြချက်များကို အလ္လာဟ်အရှင်မြတ်ကသာ စွမ်းဆောင်နိုင်ပေသည်။ အခြားမည်သူတို့မျှ စွမ်းဆောင်နိုင်ခြင်းမရှိချေ။ သို့ဖြစ်၍ မိမိ၏လုံ့လဝိရိယဖြင့် မပြီးမြောက်နိုင်သည့်အရာများနှင့် စပ်လျဉ်း၍ ဒိုအာတောင်းဆိုခြင်းကို အပြည့်အဝ အသုံးချရမည်ဖြစ်ပေသည်။
အချုပ်ကိုဆိုရသော် လုံ့လဝိရိယနှင့်သက်ဆိုင်သည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ခွန်အားစိုက်၍ ကြိုးပမ်းရသလို ဒိုအာကိုလည်း တောင်းဆိုရပေသည်။ လုံ့လဝိရိယဖြင့် မပြီးမြောက်သည့် အရာများ၌ ဒိုအာကိုသာ တောင်းဆိုရမည်။ သို့ဖြစ်၍ ဒိုအာကို များစွာတောင်းဆိုရကြောင်း သိရပေသည်။ စကားလုံးလေးလုံးကို ကျက်မှတ်ထားလိုက်ခြင်း ထို့နောက် ဆွလာသ်ဝတ်ပြုမှုအပြီး ယင်းစကားလုံးမျိုးကို နှုတ်မှရွတ်ဆိုခြင်းသည် ဒိုအာမ, မည်။ ဒိုအာ၏ပုံတူသာဖြစ်သည်။ ဒိုအာဟူသည်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ လျှောက်ထားပန်ကြားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပေရာ အနည်းဆုံး အာဏာပိုင်တစ်ဦးတစ်ယောက်ထံ လျှောက်ထားပန်ကြားစဉ် ပြသရသည့် အမူအရာကိုကား ပြသရပေမည်။ လျှောက်ထားပန်ကြားနေစဉ် မိမိ၏အာရုံကို အာဏာပိုင်ဘက်သို့ စူးစိုက်ထားရပြီး စိတ်အာရုံကိုလည်း ထိုဘက်သို့ပင် စူးစိုက်ထားရသည်။ ပုံပန်းသဏ္ဍန်ကိုလည်း ကျိုးနွံသူများ၊ နိမ့်ချသကဲ့သို့ သရုပ်ဆောင်ထားရမည်။ နှုတ်ဖြင့် လျှေုာက်ထားရန်ရှိလျှင် ယဉ်ကျေးသိမ်မွေ့သော သာယာနာပျော်ဖွယ်ရာ စကားလုံးများဖြင့် လျှောက်ထားရမည်သာဖြစ်သည်။ မိမိ၏လျှောက်ထားပန်ကြားချက် လက်ခံအတည်ပြုခြင်းခံရရန်အတွက် အစွမ်းကုန် ကြိုးပမ်းရမည်သာဖြစ်သည်။ မိမိသည် လူကြီးမင်းကို အထူးအားကိုးကြောင်း လူကြီးမင်းအနေဖြင့် ဤလျှောက်ထားချက်နှင့် ပတ်သက်ပြီး အထူစဉ်းစားမည်ကို မျှော်လင့်မိကြောင်းဖြင့် အယုံအကြည် သွင်းမည်သာဖြစ်သည်။ သို့ငြားလည်း မိမိလျှောက်ထားသည့်အတိုင်း စီရင်ချက်ကျလာခြင်းမရှိလျှင် အာဏာပိုင်က အသင်ကြိုက်နှစ်သက်သည့်အတိုင်း ဖြစ်လာခြင်းမရှိသည်ကို ဝမ်းနည်းမိကြောင်းဖြင့် ထုတ်ဖေါ်ပြောကြားလျှင် ထိုအခါ လျှောက်ထားပန်ကြားခဲ့သည့် ပုဂ္ဂိုလ်သည် အို, လူကြီးမင်း ကျွန်ုပ်စိတ်မပျက်ပါ။ တရားဥပဒေ၏ ချွတ်ယွင်းမှုကြောင့်ပေလော။ သို့တည်းမဟုတ် ကျွန်ုပ်အနေဖြင့် ပြည့်ပြည့်ဝဝ မကြိုးစားမိ၍လော ဤုနှစ်ခုအနက်မှ တစ်ခုခုဖြစ်ချေမည်။ လူကြီးမင်းနှင့် မည်သို့မျှ မ, သက်ဆိုင်ပါ။ အကယ်၍ ထိုသူအနေနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရန် ဆန္ဒရှိလျှင် ဤသို့ပြောဆိုမည်သာဖြစ်သည်။ ကျွန်ုပ် ဇွဲသတ္တိကို မလျှော့ပါ။ ရှေ့ဆက်၍လည်း လျှောက်ထားပန်ကြားသွားမည်ဖြစ်ပါသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည် အလုပ်ကိစ္စ အောင်မြင်ခြင်းထက် ပို၍ ကျွန်ုပ် နှစ်သက်မြတ်နိုးပါသည်။ဤသည်ပင် ကျွန်ုပ် အဖို့ အဓိကဖြစ်သည်။ အလုပ်ကိစ္စဟူသည်မှာ အချိန်အကန့်အသတ်ရှိသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည်ကား ဘဝတစ်လျှောက်လုံးအတွက်ဖြစ်၍ အကန့်အသတ်မရှိသော တန်ဘိုကြီးမားလှသည့် ရတနာပင်ဖြစ်သည်။ ဤသည်များသည် လောကီရေးဆိုင်ရာ အာဏာပိုင်တစ်ဦးထံ လျှောက်ထားပန်ကြားချက်ပင်ဖြစ်သည်။

သို့ဖြစ်၍ အို, မွတ်စလင်အပေါင်းတို့ မိမိတို့၏နှလုံးသားများကို ပြန်လည်ဆန်းစစ်ကြကုန်။ အသင်တို့ ဒိုအာဆုမွန် တောင်းဆိုနေစဉ်၌လည်းကောင်း၊ ဒိုအာဆုမွန်တောင်းဆိုပြီး ဒိုအာတောင်းခဲ့သည့်အတိုင်း၊ ဖြစ်ပေါ်လာခြင်း၊ မရှိသည့်အခါမျိုး၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အထက်တွင် ဖော်ပြသည့်အတိုင်း ဆက်ဆံပါသလော။ စဉ်းစားကြကုန်။ ရှက်ကြောက်၊ တရားရကြကုန်။ ထိုသို့ဆက်ဆံခဲ့ခြင်းမရှိလျှင် မိမိဒိုအာကို ဒိုအာတောင်းဆိုခြင်း၊ လျှောက်ထားပန်ကြားခြင်းဟူ၍ အဘယ်ကြောင့် အမည်ပေးထားသနည်း။

စင်စစ်မှာမူကား လျှော့နည်းချက်သည် အသင်တို့ဘက်မှသာ ဖြစ်သည်။ ထိုလျှော့နည်းမှုကြောင့်ပင် ဒိုအာသည် လျှောက်ထားပန်ကြားချက်အဆင့်၌ မရှိတော့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ဘက်တော်၌တွင် ထောက်ထားညှာတာမှု အပြည့်အဝရှိသည်။ လျှောက်ထားပန်ကြားရန်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိချေ။ ကြိုက်နှစ်သက်သည့်အချိန်၌ ဒိုအာတောင်းဆို လျှောက်ထားပန်ကြားခွင့်ရှိသည်။ ဆွလာသ်ဝတ်ပြုမှုအပြီး ဒိုအာတောင်းဆိုခြင်းသည်ကား အသင်တို့က သတ်မှတ်ထားသည့်အချိန်သာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ဆွလာသ်ဝတ်ပြုမှုအပြီး အချိန်သည်ကား ဗရ်ကသ်မင်္ဂလာရှိသည့်အချိန်ပင် ဖြစ်သည်။ ထိုအချိန်၌ ဒိုအာတောင်းဆိုကြကုန်။ မည်သည့်အချိန်၌ပင်ဖြစ်စေ၊ လိုအင်ဆန္ဒတစ်ခုခုကို သတိရလာလျှင် နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်တွင်းမှသော်လည်းကောင်း၊ ဒိုအာတောင်းဆိုကြကုန်။ ဒိုအာသည်မည်သည်ကို ဆိုလိုကြောင်း အသင်တို့ သိခဲ့ရပြီးဖြစ်သည်။ ထိုအတိုင်းသာ ဒိုအာတောင်းဆိုလျက်နေပါ။ အဘယ်မျှ ဗရ်ကသ်ရှိသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပေလိမ့်မည်။ ဗရ်ကသ်ဟူသည်မှာ တောင်းဆိုရာဆုနှင့်ပြည့်သည်ကို ဆိုလိုခြင်းမဟုတ်၊ အကြောင်းမှာ တစ်ခါတစ်ရံ တမလွန်နှင့် စပ်လျင်း၍ တစ်စုံတစ်ခုကိုတောင်းလျှင် တမလွန်၌ ရရှိမည်ဖြစ်သည်။ ယင်းသည် လူသားအဖို့ ကောင်းခြင်းသက်သက်ပင်ဖြစ်သည်။ သို့ရာတွင် ထိုသို့ရရှိရန်အတွက် ထိုသူ့ထံ၌ အီမာန်နှင့် အမိန့်နာခံမှု ရှိရမည်ဖြစ်သည်။ တမလွန်၏စည်းစိမ်ကို မုအ်မင်သာရရှိမည်ဖြစ်သည်။ တစ်ခါတစ်ရံ တောင်းသည့်ဆုကို မရရှိဘဲနေတတ်သည်။ ဥပမာ-တစ်ဦးတစ်ယောက်သည် လောကီဥစ္စာပစ္စည်းမျာကို တောင်းဆိုလိုက်၏။ အကြောင်းမှာ ယင်းဥစ္စာပစ္စည်းများသည် လူသားတို့အား တစ်ခါတစ်ရံ အကျိုးပေးသလို တစ်ခါတစ်ရံ အကျိုးလည်း ယုတ်စေတတ်သည်။
မည်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ အကြင်သူ တောင်းဆိုသောအရာသည် ကောင်းမွန်မှုဖြစ်ပါက ထိုသူကို ကောင်းမွန်ခြင်းများ ရရှိပြီး မကောင်းဖြစ်ပါက ရရှိလိမ့်မည်မဟုတ်ပါ။ ဥပမာ- ဖခင်သည် မိမိကလေးအား ပိုက်ဆံတောင်းခြင်းအပေါ် တစ်ခါတစ်တစ်ရံပေး၍ တစ်ခါတစ်ရံ မပေးချေ။ အဘယ်ကြောင့်ဆိုသော် ဖခင်သည် ကလေးကို ပိုက်ဆံပေးချိန်တွင် စဉ်းစားသုံးသပ်သည်မှာ အကယ်၍ ကလေးကို ပိုက်ဆံပေးလိုက်ပါမူ ၎င်းကလေးသည် လူကိုအန္တရာယ်ပြုနိုင်မည့် အစားအသောက်များကို ဝယ်စားလိုက်မည်လော။ သို့မဟုတ် သမားတော်ကတားမြစ်ထားသည့် အစားအသောက်များကို စားသုံးလိုက်မည်လောဟူ၍ အစရှိသဖြင့် စဉ်းစားသုံးသတ်ပေမည်။ ဤသို့ ဝယ်စားလိုက်ခြင်းသည် ဗရ်ကသ်၏ ရည်ရွယ်ချက် မဟုတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ တောင်းခံသောအရာတိုင်း ရရှိလိမ့်မည်မဟုတ်ပါ။
ဗရ်ကသ်၏ ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်။ လူသား(ကျေးကျွန်) သည် အလ္လာဟ်အရှင်မြတ်ထံ ဒုအာတောင်းခံလိုက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုဗန္ဒာဘက်သို့ ဂရုပြုတော်မူလိုက်သည် ။ အကယ်၍ ထိုဗန္ဒာတောင်းခံသောအရာသည် အကြောင်းကြောင်းကြောင့်မရရှိပါက ထိုဒုအာ၏ဗရ်ကသ်ဖြင့် ဗန္ဒာ၏ စိတ်နှလုံးသား၌ ရဲရင့်မှုများပေါ်ပေါက်လာပေမည်။ ပူဆွေးသောက စိုးရိမ်မှုများနှင့် အင်အားချိနဲ့မှုများ ပပျောက်သွားပေမည်။ ဤကဲ့သို့ဖြစ်ပေါ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ သီးသန့် ထိုဗန္ဒာဘက်သို့ ဂရုပြုတော်မူခြင်းကြောင့်ပင်ဖြစ်ပေသည်။ ဒုအာတောင်းခံသောဗန္ဒာကျေးကျွန်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်သားဖြစ်သွားလေသည်။ ၎င်းနောက် ဤ ကဲ့သို့သီးသန့် ဂရုပြုတော်မူခြင်းနှင့် လက်ခံခြင်းသည် ယုံကြည်ချက် အတိုင်းအတာပေါ်တွင် မူတည်လေသည်။ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ (အကြင်သူအားဂရုပြတော်မူမည်ဟု) ကတိသည် ဒုအာတောင်းခံသူများအတွက်သာဖြစ်သည်။ ၎င်းနောက် ထိုသူ၏ လိုအပ်ချက်ကို ချီးမြှင့်ခံရခြင်းသည် ဒုအာလက်ခံခြင်း၏ ဒုတိယအဆင့်ဖြစ်သည်။ အကြင်အရှင်မြတ်၏ ကတိသည် စည်းကမ်းချက် သတ်မှတ်ထားခြင်းမရှိ၊ သို့သော် စည်းကမ်းချက်တစ်ခုမှာ ဗန္ဒာ၏ အကြောင်းခံသည် ဆန့်ကျင်ဘက် မဖြစ်ရချေ။ ဤအရာသာလျှင် သီးသန့်ဂရုပြုတော်မူခြင်း မည်ပေသည်။ အသျှင်၏ထံတော်ပါးတွင် အလွန့်အလွန် လိုအပ်ချက် ကြီးမားများပြားခြင်းနှင့် စည်းစိမ်များသည် မည်သို့မျှ မပြောပလောက်ပေ။ ၎င်းနောက် ဤသို့ ဂရုပြုတော်မူခြင်းသည် ဗန္ဒာ၏ သီးသန့်ကြီးမားသော ရတနာပင်ဖြစ်သည်။
ဤသို့ အလ္လာဟ်အရှင်မြတ်၏ ဂရုပြုတော်မူခြင်းကြောင့် ဒွန္နယာလောက၌်လည်း ထိုသူသည်စစ်မှန်သော အေးချမ်းသာယာမှု ရရှိပေမည်။ ၎င်းနောက် အာခိရသ် နောင်တမလွန်တွင်လည်းအမြဲတစေ အတိုင်းအဆမရှိသော အရသာရှိခြင်း၏စည်းစိမ်များနှင့် ငြိမ်းချမ်းမှုကိုရှိပေမည်။ သို့ရှိရာ ဒုအာတောင်းခံသူသည် အကြင်ဒုအာများ၏ ဗရ်ကသ် ရရှိနေသောကြောင့် ဒုအာတောင်းခံသူသည် ပျက်စီးဆုံးရှုံးခြင်း၊ ကြောက်ရွံ့စိုးရိမ် လက်မဲ့ဖြစ်သွားခြင်းများမှ မည်သည့်အခါမျှ မည်သည့်အခါမျှ ဖြစ်နိုင်တော့မည်နည်း။

ယခု ဒုအာ၏ အကျိုးကျေးဇူး အပြင် စည်းကမ်းချက်များနှင့် စပ်လျဥ်း၍ ဟဒီးစ်တော်အချို့တင်ပြပါမည်။ 

၁။ ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ) သခင်က ဆင့်ပြန်သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိခဲ့သည်။ ဗန္ဒာများ၏ ဒုအာကို အလ္လာဟ်အရှင်မြတ်လက်ခံတော်မူလေသည်။ သို့သော် ထိုစည်းကမ်းချက်များရှိရမည်။ မည်သည့်ပြစ်မှု ဒုစရိုက်အတွက် (သို့မဟုတ်) အိမ်နီးနားချင်းများအား မကောင်းဆက်ဆံရန် ဒုအာမလုပ်ရ။ ဆွဟာဗာကြီးများက အလုပ်တွင် အောင်မြင်မှု မရရှိခြင်းနှင့် စပ်လျဥ်း၍ မေးမြန်း လျှောက်ထားကြသည်မှုာ အို, အလ္လာဟ့်ရစူလ်၊ အလုပ်၌လျင်မြန်စွာ မအောင်မြင်ခြင်းသည် မည်သို့နည်း။ ထိုအခါ တမန်တော်မြတ်(ဆွ)က အမိန့်ရှိလေသည်။ အလုပ်လျှင်မြန်စွာ အောင်မြင်ရန် အသင်သည် ကြိမ်ဖန်များစွာ ဒုအာပြုလော့။ သို့သော်လည်း ဒုအာလက်ခံခြင်းကို မတွေ့ရချေ။ (သို့မဟုတ်) ဒုအာတောင်းခြင်းမှ မောပန်းသွားသောကြောင့် ဒုအာတောင်းဆိုခြင်းကို စွန့်လွှတ်လိုက်။ (မွတ်စလင်ကျမ်း)

မှတ်သားဖွယ်ရာ---ဆိုလိုသည်မှာ တင်ပြခဲ့သော ဟဒီးစ်တော်၌ ဒုအာလက်မခံသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ အလေးအနက် လာရှိပေသည်။ သို့သော် တန်းတူညီတူ ဖြစ်ရမည်။ ၎င်းနှင့် ပတ်သက်၍ အပေါ်၌ တင်ပြခဲ့ပြီးဖြစ်လေပြီ။
၂။ ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့််ရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ဒုအာထက် တန်ဖိုးအရှိဆုံးအရာ မည်သည့်အရာမျှမရှိ။

၃။ ဆွဟာဗဟ်ကြီး အိဗ်နေ့အိုမရ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ ဒုအာသည် အရာရာတိုင်းအတွက် အကျုံးဝင်သည်။ ကျရောက်ခဲ့သော အခက်အခဲများကို လွယ်ကူမှုရရှိစေ၍ မကျရောက်သေးသော အခက်အခဲများကိုလည်း လွယ်ကူမှု ရရှိပေသည်။ အို, မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ ဗန္ဒာဟ်များ၊ အသင်တို့သည် ဒုအာကို စွဲမြဲစွာ လက်ကိုင်ထားကြကုန်။ (သိရ်မီဇီကျမ်း၊ အဟ်မဒ်ကျမ်း)

၎။ ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ) က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းဆိုမှု မလုပ်ပါကထိုသူအပေါ် အလ္လာဟ်အရှင်မြတ် အမျက်ဒေါသထွက်လေသည်။(သိရ်မီဇီကျမ်း၊အဟ်မဒ်ကျမ်း)
သို့သော် အကြင်အရာကို ထိုသူ၏ အတွေးအခေါ်မှ လက်ခံမှု မရှိပါက ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်ဒေါသ၌ မပါချေ။

၅။ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်။ အသင်သည် ဤသို့သောအခြေအနေ၌ ဒုအာပြုလုပ်ပါ။ ထိုအချိန်၌ အသင်၏ဒုအာကိုလက်ခံမည်ဟု ယုံကြည်ထားလေသည်။ ၎င်းနောက် ဤအရာကိုလည်း အသင်မှတ်ထားလော့။ အလ္လာဟ်အရှင်မြတ်သည် မေ့လျော့သော စိတ်နှလုံးသားဖြင့် ဒုအာတောင်းဆိုခြင်းကို လက်ခံတော်မူမည်မဟုတ်။ (သိရ်မီဇီကျမ်း)

မှတ်သားဖွယ်ရာ-----ဆိုလိုသည်မှာ ဒုအာကို ကောင်းမွန်သော အာရုံစူးစိုက်မှုဖြင့် တောင်းဆိုမြှုပုရန် လိုအပ်ပေသည်။ ၎င်းနောက် ဒုအာလက်ခံခြင်း၏ အဆင့်နှစ်ခုကို အပေါ်၌ တင်ပြခဲ့လေပြီ။ ထိုအရာနှစ်ခုသာ လက်ခံခြင်း၏ နိမိတ်လက္ခဏာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုလက်ခံခြင်း၏ နိမိတ်လက္ခဏာနှစ်ခုသည် တစ်ခုတည်းဘဲဖြစ်သည်။ ၎င်းနောက် ထိုနှစ်ခုအနက် တစ်ခုသည် အများဖြစ်သည်။ ၎င်းနှင့်စပ်လျဉ်း၍ ရှေ့ဟဒီးစ်တော်၌ လာရှိပါလိမ့်မည်။

၆။ဆွဟာဗဟ်ကြီး အဗူစအီးဒ်ခွဒ္ဒရီး (ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်မှာ--- တမန်တော်မြတ်(ဆွ)က အမိန့်ရှိခဲ့သည်။ မွတ်စလင်သည် ဂိုနာဟ်အပြစ်ဒုစရိုက်ကျူးလွန်ရန်(သို့မဟုတ်) ဆွေမျိုးသားခြင်းများအား အဆက်အသွယ်ဖြတ်တောက်ခြင်း၏ ဒုအာကို ပြုလုပ်ခြင်းမရှိပါ။ သို့သော်(ထိုဒုအာမှအပ ကျန်တောင်းဆိုသော ဒုအာများကို) အလ္လာဟ်အရှင်မြတ်သည် ဒုအာတောင်းဆိုခြင်း၏ အကြောင်းခံဖြင့် ထိုသူကို ပုံသဏ္ဍာန် သုံး ခုမှ တစ် ခုကို ဧကန်မုချပေးတော်မူမည်။ တစ်ခုမှာ တောင်းသောအချိန်၌ တောင်းဆိုသောအရာကို ပေးလိုက်သည်။ သို့မဟုတ် ထိုသူ့အတွက် " အာခိရသ် " တမလွန်၌ စုပုံထားလေသည်။သို့မဟုတ် (ထိုသူအား) မည်သည့် မကောင်းဆိုးဝါးသော အရာတစ်ခုမှ ကင်းဝေးစေသည်။ ဆွဟာဗဟ် ကြီးများက လျှောက်ထားကြသည်မှာ ထိုအချိန်၌ ကျွန်ုပ်တို့သည် မြောက်မြားစွာသော ဒုအာကို တောင်းဆိုကြမည်။ ထိုအခါ တမန်တောမြတ် (ဆွ) က အမိန့်ရှိပြန်သည်မှာ အလ္လာဟ်အရှင်မြတ်သည် တောင်းခြင်းထက် ပို၍ချီးမြှင့်တော်မူသောအရှင် ဖြစ်သည်။ (အဟ်မဒ်ကျမ်း)
ဆိုလိုသည်မှာ မည်သည့်ဒုအာ တောင်းဆိုမှုမျှ အချည်းအနှီးမဖြစ်ချေ။

၇။ဆွဟာဗဟ်ကြီး အနတ်စ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ အသင်တို့ထဲမှ လူတိုင်းသည် မိမိ၏အရှင်မြတ်ထံမှ လိုအပ်ချက်အားလုံးကို တောင်းရန် အရေးကြီးပေသည်။ ၎င်းနောက် ဆာဘစ်(သ်) သခင်၏ ရေဝါယသ်ဆင့်ပြန်ချက်တွင်လာရှိသည်မှာ ရုပ်စွအဆုံး တင်ပြရမည်ဆိုပါက ဆားလိုလျှင်လည်း ထိုအရှင်မြတ်ထံတော်၌သာတောင်းဆိုရမည်။ ၎င်းနောက် ဖိနပ်သဲကျိုး ပျက်သွားရင်လည်း ထိုအရှင်မြတ်ထံတော်၌သာ တောင်းဆိုရပေမည်။ မှတ်သားဖွယ်ရာ---ဤမျှသေးနှုတ်လှသော ပစ္စည်းများကို အလွန်ဂုဏ်သိက္ခာကြီးမားလှသည့် အလ္လာဟ်အရှင်မြတ်ထံတော်၌ မည်သို့တောင်းဆိုရမည်နည်းဟု မတွေးထင်ကြကုန်လေနှင့်။ အလ္လာဟ်အရှင်မြတ်၏ ထံတော်၌ မူကား အလွန်ကြီးမားသည့် အရာသည်ပင် အသေးအနုတ်ပင်ဖြစ်ပေသည်။

[အလ်ဟာဂ်ျမော်လာနာ မုဖ်သီကာရီ မုဟမ္မဒ်ယူစွဖ်ဆွာဟိဗ် ဘာသာပြန်ဆို ရေးသားသည် "မွတ်စ္စလင်မ် ဘဝ လမ်းစဉ်" စာအုပ်ပါ ဝိညာဉ် ၆၊ စာ ၃၉ မှ ၄၆အထိကို ကူးယူတင်ဆက်ခြင်း ဖြစ်ပါသည်။]
** ကူးယူလိုသူများ အထက်ပါ ကျမ်းကိုးအပြည့်အစုံကိုပါ ထည့်သွင်းကူးပါ။
အလ်မုဖီးဒ်

Friday, December 27, 2013

ဆံကေသာအလှနှင့် ရှရီအသ်၏ပုံစံ

ဆံပင်ဟုပြောလိုက်လျှင် လူတိုင်း၏ မျက်စိ၌မြင်လိုက်သည်မှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အပေါ်ဆုံးတွင်ရှိ၍ ဦးခေါင်းထက်မှ ဖုံးအုပ်ထားသော အမွှေးအမြှင်များပင်ဖြစ်သည်။ ဆံပင်ရှိခြင်းသည်လည်း အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားသည့် နိအ်မသ်များအနက်မှ နိအ်မသ်တစ်ခုပင်ဖြစ်သည်။ အလ္လာဟ်ချီးမြှင့်ထားသည့် နိအ်မသ်ကို သူ့နေရာနှင့်သူ သုံးတတ်အောင် အလ္လာဟ်ကိုယ်တော်တိုင်ပင် နည်းစနစ်ဥပဒေများပြသထားပေသည်။ ထိုပြသထားသောဥပဒေများအတိုင်း လိုက်နာကျင့်သုံးလျှင် နိအ်မသ်သည် စဝါးဗ်၏ အကြောင်းခံဖြစ်မည်။ ထိုပုံစံကိုဆန့်ကျင်ပြီး စိတ်အလိုလိုက် ခေတ်အကြိုက်ဆောင်နေလျှင်တော့ နိအ်မသ်သည် အဇားဗ်၏ အကြောင်းခံဖြစ်သွားပေလိမ့်မည်။
ဤနေရာတွင် ဆံကေသာအလှပြုပြင်ခြင်းနှင့်ပတ်သက်၍ ရှရီအသ်ကပြသထားသော ပုံစံများကို ဥာဏ်မှီသလောက်တင်ပြပါမည်။
ဆံကေသာအလှပြုပြင်မှုတွင် အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး အားလုံးပါဝင်သည်။ ခေတ်မှီခြင်းသည် ကောင်း၏။ သို့သော် ထိုခေတ်မှီခြင်းက သာသနာကပြသထားသောအမိန့်များ၊ တမန်တော်မြတ်(ဆွ)၏ လမ်းညွှန်ချက်များနှင့် တသီးတခြားစီဖြစ်မသွားရပေ။
ဆံကေသာကို ပြုပြင်ခြင်းအကြောင်းတွင် ဦးစွာ ဆံပင်ဆေးဆိုးခြင်းအကြောင်းကိုတင်ပြမည်။

ယနေ့ယောက်ျား၊ မိန်းမ ဟူသမျှ ကလေး လူကြီး အဖိုးကြီး အဖွားကြီးများပါမကျန် ဆံပင်ဆေးဆိုးနေကြသည်။ ဤသို့ဆေးဆိုးခြင်းတွင် မပိုင်သည့်ပုံစံနှင့် ပိုင်သည့်ပုံစံ နှစ်မျိုးရှိသည်။

ဆေးဆိုးခြင်းမပိုင်ရသည့်အကြောင်းမှာ ဆံပင်ဆိုးဆေးများတွင် ဖယောင်းပါဝင်သည်။ ဆိုးလိုက်သည့် ဆေးသည် ဆံသား၏အပေါ်ကို ဖုံးအုပ်လိုက်သည်။ ပင်ကိုယ်ဆံပင်ပေါ်တွင် ထိုဖယောင်းပါဝင်သည့် ဆေးတစ်ထပ်က အုပ်နေသည်။ လက်သည်းတွင် လက်သည်းနီးဆိုးထားသကဲ့သို့ပင်ဖြစ်သည်။ ယခုအသင် ဝူဇူလုပ်မည်။ ရေချိုးရန်ဖရ်ဇ်ဖြစ်၍ ရေချိုးမည်။ အသင့်၏ ဝူဇူလုပ်ခြင်း၊ ရေချိုးခြင်းတို့က မပိုင်တော့ပေ။ ဝူဇူလုပ်ရာတွင် မစဟ်သည်ဖရ်ဇ်ဖြစ်သည်။ ရေချိုးရာတွင် ဆံချည်မျှင်တစ်မျှင်စာပင်မကျန်ရပေ။ ထို့အတွက်ကြောင့် ဆံပင်ဆေးဆိုးခြင်းမပိုင်ပါ။
ဆံပင်ဆေးဆိုးခြင်းကို အစပြုလုပ်ဆောင်သူများသည် မင်းသား၊ မင်းသမီးများ နှင့် ကလပ်တက်သည့် ညငှက်များဖြစ်ကြသည်။ ဆံပင်ကိုဆေးဆိုးခြင်းသည် ၎င်းတို့နှင့်ဆင်တူအောင်ပြုခြင်းပင်ဖြစ်သည်။
အရွယ်ရောက်ပြီးသား အမျိုးသမီးအားလုံးအတွက် ဆံပင်ညှပ်ခြင်းဟရာမ်ဖြစ်သည်။ ထို့အတူ ဆံပင်ကို ဖြောင့်ခြင်း၊ ကောက်ခြင်း၊ အမျိုးမျိုးပုံဖော်ခြင်းများလည်း မပိုင်ပါ။ ဆံပင်ကို ဖယောင်းသွင်းခြင်း၊ ဆံသားပြောင်းခြင်း စသည့်အရာများသည်ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေသည့်အရာများဖြစ်၍ ထိုကိစ္စရပ်များသည်လည်း မပြုပိုင်ပေ။

ယနေ့အချိန်အခါတွင် ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်း ကိစ္စရပ်များကို အစ္စလာမ့်သမီးပျိုများပင်လျှင် အထူးနှစ်ခြိုက်စွာ ပြုလုပ်နေကြသည်။ အစ္စလာမ့်အဆုံးအမများတွင် ဆံပင်ဖြောင့်သည့်ကိစ္စရပ်ပင် ပါသလို ဆံပင်မဖြောင့်လျှင် ယောက်ျားပင် မရကြတော့မည့်အတိုင်း အသည်းအသန်ကို ဆံပင်ဖြောင့်နေကြသည်။ ဖခင်ဖြစ်သူများကလည်း ကိုယ့်သမီးဆံပင်အလှပြင်ဆိုင်သွားမည်ဆိုလျှင် မတားမြစ်သည့်အပြင် ၎င်းဖခင်ဖြစ်သူများကပါ ယောက်ျားလေးက ဖြောင့်စရာဆံပင်မရှိလို့ ဒါရီကိုပါ အဆစ်ဖြောင့်လိုက် ကြသေးသည်။ ယင်းဆံပင်အလှပြင်ဆိုင်များတွင် ဝန်ဆောင်မှုပေးသူ အများစုသည် မိန်းမလျာ၊ အခြောက်များဖြစ်သည်။ တချို့ကလည်း အခြောက်ပြင်မှ ပိုကောင်းသည်ဟု ဆိုသူကရှိသေးသည်။ အခြောက်ဆိုသူများသည် တဏှာရာဂစိတ်အပြည့်ရှိနေသော ယောက်ျားစစ်စစ်များဖြစ်သည်ကို အသင်မတို့ သိရှိထားကြပါ။ မင်္ဂလာဆောင်မည့်သတို့သမီးကို အလှပြင်ဖို့ အဲဒီ့ထမိန်ဝတ်ထားတဲ့ ယောက်ျားများလက်ထဲကို ကိုယ့်ရဲ့သမီးကိုအပ်လိုက်သည်။ မဟ်ရ်ရွှေတနင့်တပိုးပေးထားသည့် ခင်ပွန်းဖြစ်မည့် သတို့သားခမျာရှာ မထိရ၊ မကိုင်ရသေး။ အလှပြင်ဆိုင်က အခြောက်များက သူမ၏ တစ်ကိုယ်လုံးကိုကိုင်ပြီးဖြစ်သည်။ ဤလုပ်ရပ်များသည် ပြတ်သားရှင်းလင်းစွာပင် ဟရာမ်ဖြစ်သည်။ ပြုလုပ်သူ၊ ခွင့်ပြုသူအားလုံး အပြစ်ခံရမည်ဖြစ်သည်။ အဖေ၊ ဒါဒါ၊ နာနာ တွေကလည်း ငါ့မြေးလှလာတယ် ဆိုပြီး ထိုင်ပြီး သဘောကြမနေရပေ။ တားမြစ်ရမည့်အရာကို တားမြစ်ရမည်ဖြစ်သည်။ အစ္စလာမ့်အမျိုးသမီးတစ်ဦး၏ အလှတရားများကို ကာဖိရ်အမျိုးသမီးရှေ့တွင်ပင် ပရ်ဒါပြုရမည်ဖြစ်သည်။ တစ်စိမ်းယောက်ျားရှေ့၌ဆိုလျှင် ပြောဖွယ်ရာမရှိပေ။

မှတ်ထားပါ။ ဆံပင်ကိုဖြောင့်ခြင်း၊ ကောက်ခြင်းဟူသည် မိမိ၏ပင်ကိုယ်၌ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထား သည့်ပုံစံကို မနှစ်သက်၍ မိမိလိုရာပုံစံကို ပြောင်းပစ်ခြင်းနှင့်တူပေသည်။ တစ်နည်းဆိုရသော် အလ္လာဟ်ဖန်ဆင်းပေးလိုက်တဲ့ဒီပုံစံက ငါနဲ့မလိုက်ဘူး။ ငါနဲ့လိုက်တာက ဒီလိုပုံစံ၊ အဲဒီတော့ ငါနဲ့လိုက်တဲ့ပုံစံကို ကိုယ့်ဘာသာကိုယ်လုပ်မယ်ဆိုပြီး အလ္လာဟ်၏ဖန်ဆင်းမှုတွင် စောဒကတတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ခါလိက် ကို မခ်လူးက်က စောဒကတတ်လျှင် မည်သူနစ်နာမည်ကို သိကြပြီးဖြစ်သည်။

ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်း၊ အချုပ်ဆိုရသော ဆံပင်ကို ပြုပြင်ခြင်းအားလုံးကို အလွန်ပူပြင်းသောမီးဖြင့် ဆံပင်ကို လိုအပ်သလိုပုံသွင်းယူရသည်။ ထိုကိစ္စရပ်ကို လုပ်ဆောင်ကြသူများသည် ၎င်းတို့၏လက်များကို လက်အိတ်အထူကြီးများစွတ်ထားကြသည်။ လူ၏အသားထက်ပင် နူးညံ့သောဆံပင်ကိုတော့ ဒီအတိုင်းပင် အပူပေးမီးကင်နေကြသည်။ ယင်းကဲ့သို့လုပ်ဆောင်ခြင်း၏ ဆိုးကျိုးတစ်ရပ်မှာ မိန်းကလေးများအတွက် သားအိမ်ကို ထိခိုက်စေသည်။ သားအိမ်အတွင်းရှိအလွန်နူးညံ့သော သားမျိုးဥများကို ပျက်စီးစေသည်။ ဒီ့ထက်ပို၍ မည်မျှဆိုးကျိုးများရှိသည်ကို အလ္လာဟ်အရှင်သာလျှင် သိတော်မူပေမည်။

ကိုရီးယားယဉ်ကျေးမှုအထူးထွန်းကားနေသောဗမာပြည်တွင် ယောက်ျားလေးများကလည်း ကိုရီးယားစတိုင်ဆံပင်ပုံစံများ ထားလာကြသည်။ အဲဒီ့ ဆံပင်စတိုင်များကိုကြည့်လျှင် အများစုက မိန်းမဆံပင်ပုံများဖြစ်သည်။ အမောက်ထောင်ဆံပင်၊ နဖူးအရှေ့ကိုလည်း ချထားကြသည်။ ယောက်ျားက မိန်းမပုံစံအတုခိုးလျှင် တမန်တော့်လအ်နသ်ထိမည်။ ရုပ်ရှင်မင်းသားအတုခိုးလျှင် ကိယာမသ်နေ့တွင် ၎င်းတို့နှင့် အတူရှင်ပြန်ထရမည်။
ယောက်ျားဟူသည်မှာ ကျားကျားလျားလျားရှိရမည်။ အဝေးကကြည့်လျှင်ပင် ယောက်ျားဂုဏ်ရည်များ ထင်ပေါ်နေရမည်။ ယခုအခြေအနေမှာ အနီးကပ်ကြည့်ရင်တောင် ယောက်ျားမှ ဟုတ်ရဲ့လားဟု မေးစရာဖြစ်နေသည်။

အမျိုးသမီးများသည် ဆံပင်ကို မလိုအပ်ပဲ ဖားလျားချထားခြင်းမပြုရပေ။ မြင်းမြီးပုံစည်းထားခြင်း
(ပိုနီတေးလ်ပုံစံ)၊ ချိုစောင်းစည်းခြင်း၊ ထုံးခြင်း၊ ဆံပင်များကို စုပုံပြီး ဦးခေါင်းပေါ်တင်ထားခြင်း၊ ဆံမြိတ်ချခြင်း၊ ဆံပင်အတုတပ်ခြင်း၊ ဆံပင်အတုဆံထုံးများဖြင့် အလှဆင်ယဉ်ခြင်း၊ နထင်မွှေးအတုတပ်ခြင်း၊ ဆံပင်ဆက်ခြင်း၊ သရီးစတပ်ညှပ်ခြင်း၊ အီမိုကေပုံစံများထားထားခြင်း၊ စသည့်ကိစ္စရပ်များအားလုံးသည် ဟရာမ်ဖြစ်သည်။ ဆံပင်အတုတပ်ခြင်းသည် ဟရာမ်ဖြစ်မှန်းမသိလောက်အောက်ပင် ရေပန်းစားအလုပ်ဖြစ်နေသည့်ကိစ္စရပ်ဖြစ်သည်။ ဆံပင်အတုသည် မည်မျှပင်သေးငယ်နေပါစေ၊ နထင်မှာတပ်သည့် ဆံခွေလေးပင်ဖြစ်ပါစေ ဟရာမ်ပင်ဖြစ်သည်။

ဆံပင်ကို အနက်လုံးဝဆိုးခွင့်မရှိပါ။ သို့သော်ယောက်ျားလေးအတွက်ဆိုးခွင့်ရှိသည့် အခြေအနေ ၂ရပ်ရှိသည်။ တစ်ခုမှာ စစ်တိုက်သည့်အခါတွင် မိမိ၏ ဆံပင်များဖြူနေခြင်းကြောင့် ရန်သူအပေါ်အရှိန်အဝါသက်ရောက်စေရန် ဆံပင်ကို အနက်ရောင်ဆိုး၍ ရန်သူ၏ အရှေ့တွင် ငယ်ရွယ်သူကဲ့သို့ဖြစ်စေရန်။ နောက်တစ်ခုမှာ ငယ်ရွယ်သောဇနီးကြင်ယာရှိသောကြောင့် သူမ၏ စိတ်လန်းဆန်းစေရန်။ အထက်ပါအချက် နှစ်ချက်မှအပ မည်သည့်အချက်ကြောင့်မျှ အနက်ဆိုးခွင့်မရှိပေ။ အမျိုးသမီးများအတွက်အနက်ဆိုးခွင့်မရှိပါ။ ဆံပင်ဆိုးချင်လျှင် ဒန်းဆိုးပါ။

ဆံကေသာကို ဟလာလ်ဖြစ်သောနည်းလမ်းများစွာဖြင့် ပြုပြင်ချယ်သနိုင်ပါသည်။ မိန်းကလေးများအနေဖြင့် ဆံပင်ပေါင်းတင်ခွင့်ရှိသည်။ သဘာဝပစ္စည်းများဖြင့်လည်းပေါင်းတင်နိုင်သလို ဘေးထွက်ဆိုးကျိုးမရှိသည့် ကမီကလ်ပစ္စည်းများဖြင့်လည်း ပေါင်းတင်နိုင်သည်။ (ဖယောင်းသွင်းခြင်း၊ စက်ဆွဲခြင်း မပြုရ) ဆံပင်ပျော့ဆေး သုံးဆွဲနိုင်သည်။ ယင်းပျော့ဆေးကိုလည်း အမြဲတန်းကြီးမသုံးသင့်ပါ။ ဆံပင်နက်၊ ဆံပင်သန်အောင် အကောင်းစားဆီများလိမ်းနိုင်သည်။ ဆံပင်အတွက် သံလွင်ဆီ၊ ကြက်ဆူဆီများသည် အကျိုးရှိသည်။ မိမိဆံပင်ကို သန်စွမ်းတောက်ပြောင်အောင်ထားရမည်။ ဆံပင်ကို သန့်ရှင်းစွာ၊ ရှင်းလင်းစွာထားရမည်။ သေသပ်စွာထားရမည်။ ယောက်ျားများ၏ အလှသည် မုတ်ဆိတ်ရှိခြင်းဖြစ်ပြီး၊ မိန်းမတို့၏ အလှသည် ဆံထုံး ထုံးထားခြင်းဖြစ်သည်။
(ဖြောင့်ကောက်ပြီးတီကောင်လိုတွန့်ထားသည့်ဆံပင်များမဟုတ်ပါ။)

ဆံပင်သည် ခန္ဓာကိုယ်တစ်ခုလုံ၏အပေါ်ဆုံးတွင်ရှိသောအရာဖြစ်သည်။ အပေါ်ဆုံးမှာရှိသည့်ဆံပင်က စပြီး အလ္လာဟ်အမိန့်၊ ရှရီအသ်၏ ပုံစံများကို စတင်ချိုးဖောက်ထားလျှင် ကျန်သည့်ခန္ဓာအစိတ်အပိုင်းများအတွက် ဆိုဖွယ်ရာပင်မရှိတော့ပေ။

အတုအယောင်၊ အပေါ်ယံမဟုတ်သည့် အလှ၊ ပင်ကိုယ်အလှတို့ကပင် အလှဆုံးဖြစ်သည်။ သဘာဝဖြင့် ပြုပြင်ချယ်သထားသောအလှကို အတုအပတို့ဖြင့် ဆင်ယဉ်ထားသည့်အလှအပများက လိုက်မမှီနိုင်ပါ။ အလှတရားဟူသည် ကြည့်သောသူ၏ မျက်စိအပေါ်၌သာမူတည်ပါသည်။ အသင်မက ဘယ်လောက်ပဲလှအောင်ပြင်ပြင် ကြည့်တဲ့သူက မျက်စိဇောက်ထိုးဖြင့်ကြည့်လျှင် အသင်မ ပြင်ထားသည့်အလှများသည် ချောက်ထဲသို့ ထိုးကြသွားမည်သာ ဖြစ်သည်။ ဆိုရိုးစကားရှိပါသည်..အရိုးသားဆုံးသည် အလှဆုံးပင်ဖြစ်သည်။

ပင်ကိုယ်မူလနှင့် သဘာဝကို ချစ်မြတ်နိုးသူအဖို့ သဘာဝကျသောနည်းစနစ်များက ၎င်းအတွက်အသုံးဝင်ပေမည်။ အလ္လာဟ်နှင့် အရှင့်၏ရစူလ်ကို ချစ်မြတ်နိုးသူအဖို့ အလ္လာဟ်အမိန့်နှင့် တမန်တော်မြတ်၏ နည်းစနစ်များက ထိုသူ့အတွက် အသုံးဝင်မည်ဖြစ်သည်။ အသင်သည်အီမာန်ဟူသောရတနာကို လက်ဝယ်ပိုင်ဆိုင်ထားပါလျှက် ရှရီအသ်၏ အမိန့်ပညတ်ချက်များက အသင့်အတွက် အနှောက်အယှက်ဖြစ်နေပါက ဂျဟန္နမ်၏တံခါးဝတွင် ရှိုက်သွာန်က အသင့်ကို လက်ကမ်းကြိုနေမည်ပင်ဖြစ်သည်။

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန် haroonrangoni@gmail.com
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။


Wednesday, December 18, 2013

အလ်မာနိအု ဂုဏ်တော်ကျင့်စဉ်


နှစ်ပေါင်း ၁၄၀၀ ကျော် နောက်ကျနေသေးတဲ့ သုတေသနတွေ့ရှိချက် (ပုရွက်ဆိတ်အကြောင်း)


အလွန်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ သုတေသနတွေ့ရှိချက်တစ်ခုကို အောက်စဖို့ဒ်တက္ကသိုလ်က ပရောဖက်ဆာ ဂျယ်ရမီသောမတ်စ် နဲ့ အဖွဲ့က ၂၀၁၀ခုနှစ် အောက်တိုဘာလထုတ် ယူကေတိုင်းမ် သတင်းစာကြီးမှာ “တောင်ကုန်းများသည် ပုရွက်ဆိပ်တို့၏ စကားသံများဖြင့် ဆူညံနေလေ၏ ” အမည်ရတ သုတေသန စာတမ်းတစ်ခုအနေနဲ့ ဖော်ပြခဲ့ပါတယ်………။

အဲဒီ့စာတမ်းမှာ ဖော်ပြထားချက်ကတော့ ပုရွက်ဆိတ်တို့သည် အခြင်းခြင်း စကား
ပြောကြသည့် အပြင်၊ ပုရွက်ဆိပ် ဘုရင်မကြီးရဲ့ အမိန့်စကားကို လိုက်နာကြကြောင်း
သုတေသန ပြုလုပ်မှုများအရ သိရတယ် လို့ဆိုပါတယ်။

သာမန်လူသားတို့ မကြားနိုင်တဲ့ အသံအောက် အသံလှိုင်းကိုဖမ်းယူ နိုင်တဲ့မိုက်ကရိုဖုန်း အငယ်စားလေးတွေကို ပုရွတ်ဆိတ် အုံအထဲကို ထဲ့သွင်းပြီး အသံဖမ်းယူပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း အတန်ကြာ ကတည်းက ပုရွက်ဆိပ် များဟာ အသံနဲ့အဆက်အသွယ်ပြုကြတယ်လို့ သိကြပေ မဲ့ စကားပြောတတ်တယ်လို့ မယုံကြည်ခဲ့ပါ။

ဆက်သွယ်မှူပြုရန် ဝမ်းဗိုက်ကို လက်ချောင်းများနှင့် ပွတ်တိုက်ရာမှ
အသံထွက် ကြောင်းသာသိခဲ့ပါကြပါတယ်။

ဒီစမ်းသပ်မှုမှာ ကတော့ အထက်ဖော်ပြခဲ့သလို အသံအောက် အသံလှိုင်းကိုဖမ်းယူ နိုင်တဲ့မိုက်ကရိုဖုန်း အငယ်စားလေးတွေကို ပုရွတ်ဆိတ် အုံအထဲကို ထည့်သွင်းပြီး အသံဖမ်းယူခဲ့တဲ့အခါ ပုရွက်ဆိပ်ဘုရင်မကြီးဟာပုရွက်ဆိတ် စစ်သားများကို စစ်တိုက်ဖို့အသံနဲ့အမိန့်ပေးတယ်လို့ဆိုပါတယ်။

ပညာရှင်များဟာသူတို့ အသံဖမ်းယူ ထားတဲ့ စစ်ထွက်အမိန့်ကိုအသံလွှင့်စက် မှပရွက်ဆိပ်အုံထဲ ပြန်လွှင့်ပြီး စောင့်ကြည့် တဲ့အခါ ပုရွက်ဆိပ် စစ်သားများဟာ
သူတို့ရဲ့ မေးရိုးများကို ဟ ပြီး တိုက်ခိုက်ရန် အသင့်အနေအထား နဲ့ နာရီပေါင်းများ
ကစွာစောင့်ဆိုင်း နေတာကိုတွေ့ ရပါတယ်။

ဒီထက် ပိုအံ့အားသင့်စရာတွေ့ရှိချက် ကတော့ “အပြာရောင်သူပုန်” လို့အမည်ရတဲ့ လိပ်ပြာတွေရဲ့
ပိုးတုံးလုံး လေးတွေ ကို ပုရွက်ဆိပ်တွေရဲ့ပြူစုစောင့်ရှောက်မှုပါပဲ။ ဒီပိုးတုံးလုံးလေးတွေက ပုရွက်ဆိပ်
ငယ်လေးတွေ က အစာတောင်းတဲ့ အသံကို ပြူလုပ်နိုင်ကြ ပြီး ပုရွက်ဆိပ်တွေက မိမိ တို့ရင်သွေးငယ်တွေကို အစာ ကြွေးသလို ပိုးတုံးလုံး လေးတွေအသံပြုတိုင်း အစာကြွေး တယ်လို့သိရပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီ ပုရွတ်ဆိတ်တွေ စကားပြောတတ်ပါတယ်ဆိုတဲ့ စာတမ်းက အလွန်ထူးဆန်း ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ သုတေသန တွေ့ရှိချက်တစ်ခု ဆိုပေမယ့်လည်း ကျမ်းတော်မြတ် ကုရ်အာန်ကို သေချာ လေ့လာဖတ်ရှုထားတဲ့ အစ္စလာမ်ဘာသာဝင် တွေအတွက်ကတော့



ကျမ်းတော်မြတ် ကုရ်အာန် (၂၇း၁၈) မှာ


``နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေတို့သည် ပုရွက်ဆိတ်များရှိကြသောချောင်းလျှိုရိုး
သို့ ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင်က အို-ပရွက်ဆိတ် အပေါင်းတို့၊စုလိုင်မာန်နှင့်
တကွ ထို စုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင်တို့အား မသိမမြင်ကြဘဲ (မတော်တဆ)
ဖိကြိတ်တက်နင်း ချေမှုန်းမပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့
ဝင်ရောက်လေကုန်ဟု (ဟစ်အော်)ပြောကြားခဲ့လေ၏ ´´ ဆိုတဲ့ တမန်တော်စူလိုင်မန်
နဲ့ ပုရွက်ဆိပ်နဲ့စကားပြောတဲ့ အာယာသ်အရ အလ္လာဟ်အရှင်မြတ်က နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက ပုရွတ်ဆိတ်တွေ စကားပြောတတ်တယ်ဆိုတာ အသိပေးခဲ့တဲ့အတွက် မထူးဆန်းတော့ပါဘူး……………

တိုးတတ်ပါတယ်ဆိုတဲ့ အခုခေတ်ကြီးမှာ အံ့ခမန်း တွေ့ရှိပါတယ်ဆိုတဲ့ သုတေသန တွေ့ရှိချက်တွေက အစ္စလာမ်သာသနာရဲ့ ကျမ်းတော်မြတ် ကုရ်အာန်က ဖော်ပြထားချက်တွေနဲ့ ယှဉ်လိုက်ရင် နှစ်ပေါင်း ၁၄၀၀ ကျော် ကြာနောက်ကျလျှက်ပင်ရှိပါသေးတယ်……………

``ကဲ မိတ်ဆွေ ခင်ဗျားအခု ဒီပိုစ့်ကို ဖတ်ပြီးပြီးဆိုတော့ ကျမ်းတော်မြတ်ကုရ်အာန် က ဘယ်လောက်ထိတောင် ပြည့်စုံပြီလဲဆိုတာကို သတိပြုမိပြီလား ကမ္ဘာပေါ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရှုလေ့လာနေတဲ့လူ သန်းပေါင်း ၁၉၀၀ ကျော်ရှိတယ်တဲ့ ကမ္ဘာ့လူဖတ်အများဆုံး လေ့လာမှုအကျယ်ပြန့်ဆုံးစာအုပ်တစ်အုပ်ဆိုလဲ ဟုတ်ပါတယ်တဲ့ ခင်ဗျားက ကျမ်းတော်မြတ် ကုရ်အာန်ကို မလေ့လာ မဖတ်ရှုသေးဘူး ဆိုရင်တော့ မနက်ဖြန်ကစပြီး တစ်နေ့ တစ်အာသယ် နှုံးလောက်နဲ့မဆို လေ့လာကြည့်ပါ မိတ်ဆွေ အဲဒီ တစ်အာယသ်က မိတ်ဆွေ ဘဝရဲ့ အလင်းတစ်ပေါက်ပါပဲ´´

(( လရောင်စိုးမိုး ))

အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ၉၉ ပါး


Sunday, December 8, 2013

နှစ်ပေါင်း ၁၄၀၀ ကျော်ကြာမှတွေ့ရှိသည့် သုတေသန (ကင်ဆာ နဲ့ ပရ်ဒါ )


ကင်ဆာဘေးက ကာကွယ်ပေးမဲ့ရှရီအသ်ရဲ့လမ်းညွှန်ချက်
#######################################

(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထား ရမည် ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိ တို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍ လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကိုကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
(ကုရ်အာန် ၂၄း၃၀)

(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများ ကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သော မိမိတို့၏အလှမှ တစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့ သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များ အပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ် မိမိတို့၏ဖခင်များ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏ ဖခင်များ၊ သို့မဟုတ် မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏ သားများ၊ သို့မဟုတ် မိမိတို့၏အစ်ကိုများ၊ မောင်များ၏သား များ၊ သို့မဟုတ် မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်း မဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သော မိန်းမများ (၀ါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျား များအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ ၀ှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ၀န်ချတောင်းပန်ကြလေကုန်
(ကုရ်အာန် ၂၄း၃၁)

အထက်ဖော်ပြပါ အာယသ်တွေကတော့ အီမာန်ရှင် အမျိုးသမီးများအား "ပရ်ဒဟ်" အရှက်အိနြေ္ဒလုံခြုံစွာ ထိန်းသိမ်းရန်(သို့) ဗုရ်ကအ်ဝတ်ဆင်မှုကျင့်သုံးရန် ရှရီအသ် တရားတော်ကညွှန်ကြားလိုက်ခြင်းပါပဲ။ ဤသို့ (ဟေဂျာဘ်) ကာအိနြေ္ဒလုံခြုံသော ဝတ်စားဆင်ယင်မှု ကျင့်သုံးမှုကို အမျိုးသမီးအခွင့်အရေး ချိုးဖောက် သည်ဟု အနောက်တိုင်းက ဒီမိုကရက်တစ်တွေနဲ့ လူအခွင့်အရေးလှုပ်ရှားသူတွေက ရှုံချ စွပ်စွဲခဲ့ကျသော်လည်း အလွန်အရေးပါသော အကျိုးထူးကို နှစ်ပေါင်း ၁၄၀၀ ကျော်တဲ့အခါမှသာ ခေတ်မီဆရာဝန်ကြီးများကသုတေသနပြုချက် နှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒါမြို့၊နေရှင်နယ်ဂရ်ဒ်ဆေးရုံရှိ ကင်ဆာ ရောဂါသုတေသီများဌာန(Oncology Department) မှ ကျွမ်းကျင်သူ ဆရာဝန်ကြီးများ၏ လေ့လာသုတေသနပြုချက်အရ လုံခြုံသည့် ဝတ်စားဆင်ယင်မှု အမြဲဝတ်ဆင်ထားသော အမျိုးသမီးများတွင် အရေပြား၊ ပါးစပ်နှင့် လည်ချောင်း ကင်ဆာဖြစ်ပွားမှုနှုန်း လွန်စွာနည်းပါးကြောင်း နိုင်ငံထုတ်သတင်းစာကတစ်ဆင့် တရားဝင်ရေးသားဖော်ပြခဲ့ပါသည်။
ကင်ဆာရောဂါဆိုင်ရာ အထူးအရာရှိ ဒေါက်တာ ကမလ်မလာကရ်၏ အဆိုအရ(၃)နှစ်တိုင်လေ့လာ သုတေသနပြု မှတ်တမ်းတင်ခဲ့ရာ ရီယာဒ်၊ ဂျစ်ဒါနှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ အမျိုးသမီးများသည် အရေပြား၊ ပါးစပ်နှင့်လည်ချောင်းကင်ဆာဖြစ်ပွားမှုကြောင့် ဆေး ရုံသို့ရောက်ရှိလာရသူ အလွန်နည်းပါးကြောင်း၊ ဤသို့ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာလည်း အစ္စလာမ့် ရှရီအသ်လမ်းညွှန်ချက်ဖြစ်သော ကာအိနြေ္ဒလုံခြုံသည့် အဝတ်အစား (ပရ်ဒဟ်)ကို လိုက်နာကျင့်သုံး ဝတ်ဆင် သောကြောင့်ပင်ဖြစ်၏။
ယနေ့ ခေတ်သိပ္ပံသုတေတန၊ ဆေးလောက၊ တရားဥပဒေ၊ လူ့အခွင့်အရေး အဆင့်အတန်းတိုးတတ်ခြင်း၊ စသည့်အရာများကို အစ္စလာမ်ရဲ့လမ်းညွှန်ချက်တွေ နဲ့ ယှဉ်လိုက်ရင် နှစ်ပေါင်း ၁၄၀၀ ကျော်ကြာအောင် နောက်ကျလျက်ပင်ရှိပါသေးသည်
(( လရောင်စိုးမိုး))

နှစ်ပေါင်း ၁၄၀၀ ကျော်ကြာမှ တွေ့ရှိတဲ့ သုတေသန တွေ့ရှိချက် (လက်အဆစ်ချိုးခြင်း)


အိုင်းရစ်နိုင်ငံရဲ့ ဆေးပညာစာစောင်တစ်စောင်မှာ ဓါတ်ရောင်ခြည်ပညာရှင် တွေက လက်ဆစ်များ ချိုးလိုက်သဖြင့် ကျွတ်ခနဲ မြည်သောအသံသည် အဆစ်အိမ်အတွင်း ရုတ်တရက် ဖိအား ကျဆင်း မှုကြောင့် ဖြစ်ပေါ်ကြောင်း၊ အဆစ်ကို ဝန်းရံထားသော အရည်ပြစ်ပါအမြှုပ်တစ်ခုကို ပွင့်ထွက်စေကြောင်း၊ ရေးသားဖော်ပြခဲ့သည့်အပြင် ဘဲလ်ဖတ်စ်ရှိ ရေဒီယိုဓါတ်ရောင်ခြည်ဖြင့် ကုသပေးသော ပညာရှင်အဖွဲ့ နှင့် အိပ်က်ဇ်ရေး ဓါတ်ရောင်ခြည်ကို လေ့လာဆည်းပူးနေကြသော ဘဲလ်ဖတ်စ်ြမို့ရှိ မူ့စ်ကရေ့ဖ်ဆေးရုံကြီးမှ
ပညာရှင်များကလည်း မိမိတို့၏ လက်ချောင်းများကို ချိုးတတ်လေ့ရှိသူတို့သည် မိမိတို့၏ အဆစ်အပိုင်းများကို ပြင်းပြင်းထန်ထန် သက်တမ်း ကြာမြင့်သည်အထိ ပျက်စီးယိုယွင်းအောင် အရဲစွန့်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အဆစ်ရောင်ရောဂါဝေဒနာနှင့် အမြဲတွဲဖက်ဆက်စပ်နေသော အခြေအနေအရပ်ရပ်ကို ခံစားနိုင်ကြောင်း၊ လက်ချောင်းများကို ချိုးခြင်းသည် ကျန်းမာရေးကို ထိခိုက်ကြောင်းဆိုသည့် လက်ချောင်းချိုးခြင်းနဲ့ပက်သက်တဲ့ သုတေသန တွေ့ရှိချက်တွေကို အသီးသီးဖော်ပြခဲ့သည့်အပြင် လက်အဆစ်ချိုးခြင်းကို မပြုလုပ်ကြဖို့ တားမြစ်ခဲ့ကြပါတယ်။

ဒါကတော့ တိုးတတ်နေတဲ့ ယနေ့ခေတ် သုတေသနတွေ့ရှိချက်လို့ပြောလို့ရသလို နှစ်ပေါင်း ၁၄၀၀ ကျော် နောက်ကျပြီးမှ တွေ့ရှိခဲ့တယ်ဆိုတဲ့ စကားကပိုပြီးမှန်ပါလိမ့်မယ်…………ဘာအတွက် နှစ်ပေါင်း ၁၄၀၀နောက်ကျနေတာလဲဆိုတော့

``နမာဇ်ဝတ်ပြုနေစဉ်ဖြစ်စေ၊ နမာဇ်၏ပြင်ပတွင်ဖြစ်စေ၊ မိမိ၏ လက်ချောင်းများကို ချိုးခြင်းသည် မက္ကရူဟ်ဖြစ်ကြောင်း´´ အစ္စလာမ်သာသနာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက တားမြစ်ထားပြီးသားဆိုလို့ပါပဲ……………

ရှရီအသ်၏ ပညတ်ချက်ဟူသမျှသည် ဥာဏ်အမြော်အမြင်ရှိပြီး၊ အမိန့်တော်မှန်သမျှနှင့် တားမြစ်မှုများသည် လူသားတို့၏အကျိုးကိုသာ ရည်ရွယ်ပါတယ်……………

အသင့်အနေနဲ့ ကမ္ဘာကျော်သုတေသန ပညာရှင်တစ်ယောက်ဖြစ်ချင်ရင် လွယ်ပါတယ်။ အစ္စလာမ် ရှရီအသ်က ဘယ်အရာကို တားမြစ်ထားလဲ ဘာအတွက်လဲဆိုတာကို တွေ့အောင် အဖြေရှာ ဘယ်အရာကိုတော့ လုပ်ဖို့ညွှန်ကြားထားလဲ အဲဒီ့အရာရဲ့ကောင်းကျိုးတွေကိုသာ တွေ့အောင် ရှာကြည့်လိုက်ပါ အစ္စလာမ်သာသနာရဲ့ လမ်းညွှန်ချက် တားမြစ်ချက်တွေက အရာအားလုံးကိုဖန်ဆင်းတော်မူသော အရှင်မြတ်ရဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့အတွက် မလွဲဧကန်အသင်အောင်မြင်မှုရမှာပါ။

ပစ္စည်းတစ်ခုရဲ့ အဆိုး နဲ့ အပြစ် ကို အဲဒီ့ပစ္စည်းကို တီထွင်ဖန်တီးခဲ့တဲ့သူကလွဲလို့ ဘယ်သူမှ အတိအကျ မသိပါဘူး။ အတိအကျ သိဖို့ဆိုတာကလဲ အချိန်ပေးပြီးစမ်းသပ်မှသာ သိရှိရမှာပါ………………အခုခေတ်ရဲ့ သုတေသန တွေ့ရှိချက်တွေက အစ္စလာမ်သာသနာရဲ့ လမ်းညွှန်ချက် တားမြစ်ချက်တွေနဲ့
တိကျစွာ တူညီနေတာကလဲ အစ္စလာမ်သာသနာရဲ့ လမ်းညွှတ်ချက်၊ တားမြစ်ချက်၊ ရှရီအသ် တရားတော်ဆိုတာက အရာအားလုံးကို ဖန်ဆင်းတော်မူခဲ့တဲ့ အရှင်ရဲ့ လမ်းညွှန်ချက် တားမြစ်ချက်တွေဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ…………………။

(( လရောင်စိုးမိုး ))

နှစ်ပေါင်း ၁၄၀၀ ကျော်နောက်ကျနေသေးတဲ့ သုတေသနတွေ့ရှိချက်များ {လူဦးရေမညီမျှမှု}


လူဦးရေမညီမျှမှုပြသာနာ
=====================
ဒီ ဓါတ်ပုံကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအသီးသီးရဲ့ ယောကျာ်း ဦးရေ နဲ့
မိန်းမဦးရေကို တွက်ချက်ပြီးပြထားတဲ့ ဓါတ်ပုံပဲဖြစ်ပါတယ်။

-အနီရောင် ပြထားတဲ့ နိုင်ငံတွေကတော့ ယောကျာ်းဦးရေထက် မိန်းမဦးရေ
ပိုများ တဲ့ နိုင်ငံတွေပဲဖြစ်ပါတယ် ထိုအထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံလဲ အပါအဝင်ဖြစ်ပါတယ်။

-အပြာရောင် ပြထားတဲ့ နိုင်ငံတွေကတော့ မိန်းကလေးဦးရေထက် ယောကျာ်းလေး ဦးရေ
ပိုများ တဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။

-အစိမ်းရောင် ပြထားတဲ့ နိုင်ငံတွေကတော့ ယောကျာ်းလေး ဦးရေ နဲ့ မိန်းခလေး ဦးရေတူညီတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။

ဒီဓါတ်ပုံကို သေချာ ကြည့်ကြည့်ပါ ကမ္ဘာပေါ်မှာ မိန်းခလေး ဦးရေ များတဲ့နိုင်ငံက ယောကျာ်းလေး ဦးရေပိုများတဲ့ နိုင်ငံတွေထက် ပိုပြီးများနေတယ်ဆိုတာကို သိရသလို ရာခိုင်နှုံးအားဖြင့်လဲ အရွယ်ရောက်လို့အိမ်ထောင်ပြုနိုင်တဲ့ မိန်းခလေး ဦးရေက ယောကျာ်းလေး ဦးရေထက် ၇% ပိုပြီးများပြားပါတယ်။

မွေးဖွားနှုံးကတော့ ယောကျာ်းနဲ့မိန်းမ အရေအတွက်က အနီးစပ်ဆုံး အချိုးတူပေမယ့်လည်း မိန်းကလေး က ယောကျာ်းလေးထက်ပိုပြီး ခံနိုင်ရည်ရှိသလို ရောဂါပိုးမွှားတွေနဲ့ ရောဂါဘယ တွေကိုပိုပြီး ခံနိုင်ရည်ရှိပါတယ်။ကပ်ရောဂါတွေ ဆိုက်ကပ်ရင်လဲ သေဆုံးတဲ့ဦးရေကယောကျာ်းလေးကပိုမိုများပြားပါတယ်။

ထို့အပြင် မတော်တဆ ထိခိုက်၍ သေဆုံးမှု စစ်ဖြစ်တဲ့အချိန်သေဆုံးမှု မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ကူးစက်ရောဂါတွေကြောင့် လဲ ယောကျာ်းလေး အသေအပျောက် တွေကြောင့် အရွယ်ရောက်လို့အိမ်ထောင်ပြုနိုင်တဲ့ မိန်းခလေး ဦးရေက ယောကျာ်းလေး ဦးရေထက် ၇% ပိုပြီးများပြားပါတယ်။

တကယ်လို့ ယောကျာ်းတိုင်းမှာ ဇနီးမယားတစ်ဦးကျစီ ရှိနေမယ်ဆို ကျန်ရှိနေမယ့် မိန်းမ တွေက ယောကျာ်းရစရာ က နည်းလမ်းက နှစ်လမ်းပဲ ရှိပါတယ် ဒါကတော့ မိန်းမရှိပြီးသား ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ချင် လက်ထပ် ဒါမှမဟုတ် ပြည့်တန်ဆာ လုပ်ချင်လုပ် ဒီနှစ်လမ်းပဲရှိနေပါတယ် တခြားရွေးစရာရယ်လို့မရှိပါဘူး။ခင်ဗျားရဲ့အမ သို့ ညီမ တစ်ယောက်က ယောကျာ်းမရှိသေးဘူးဆိုရင် သို့မဟုတ် အိနြေ္ဒသိက္ခာရှိတဲ့ မိန်းကလေး ကတော့ ပထမလမ်းကိုပဲ ရွေးကြပါလိမ့်မယ်။

မိန်းမသား အများစုက ကိုယ့်လင်ယောကျာ်းကို အခြားမိန်းမနဲ့ မျှဝေပြီးမချစ်လိုကြပေမယ့် အစ္စလာမ်သာသနာရဲ့ လမ်းညွှန်ချက်အရ လိုအပ်ချက်အရ အီမာန်ရှင် မွတ်စ်လင် အမျိုးသမီးတွေကို မယားပြိုင်ဖြစ်စေတာဟာ ပြည့်တန်ဆာ ဘဝကို သက်ဆင်းရမယ့် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို ဟန့်တား ကာကွယ်ဖို့အတွက် ပိုမိုလျော့ပါးတဲ့ အဆုံးအရှုံးနဲ့ထေစေလိုတဲ့ သဘောနဲ့ အစ္စလာမ် တရားတော်က

``အသင်တို့ကြိုက်ရာ မိန်းမ နှစ်ဦး သို့မဟုတ် သုံးဦး သို့မဟုတ် လေးဦးနှင့် ထိမ်းမြားကြကုန် တရားမျှတအောင် ပြုနိုင်ကြမည် မဟုတ်ဟု စိုးရိမ်မိပါမှု တစ်ဦးသာယူလော့။´´
[ကုရ်အာန် ၄း၃]

ထိုအာယသ် မချပေးခင် အလျင်ကတော့ မယားပြိုင် စနစ်နဲ့ ပက်သင်လို့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် ယောကျာ်းအတော်များများက မယားဆယ်ယောက်မက ရှိသလို တချို့ရာချီပြီးတောင် ရှိပါတယ်။အစ္စလာမ် အမျိုးသားတစ်ဦးကိုက တရားမျှတစွာထားနိုင်ပါက ချွင်းချက်နဲ့ မယားနှစ်ယောက် သုံးယောက် သို့ လေးဦးအထိ ယူခွင့်ပေးခဲ့ပေမယ့်လည်း တရားမျှတစွာ မထားနိုင်ဘူးဆိုလျင်တော့ တစ်ဦးကိုသာ ယူဖို့ညွှန်ကြားထားပါတယ်။

ဒီကမ္ဘာမြေပေါ်မှာ ရှိတဲ့ ဘာသာရေးကျမ်းတွေအနက်က ဇနီးမယားတစ်ဦးသာ ယူဖို့ ညွှန်ကြားထားတဲ့ ကျမ်းစာအုပ်က ကုရ်အာန် ကျမ်းတစ်ခုမှာတင်ရှိပါတယ်။

ဒါပေမယ့် လည်း အရာအားလုံးကို အလုံးစုံသိတော်မူသော အရှင်မြတ်က ယနေ့လို လူဦးရေ အချိုးမကျမှုတွေကို ကြိုတင် သိတော်မူသည့်အတွက်လည်း ယောကျာ်းတစ်ယောက်ကို တရားမျှတစွာထားနိုင်မည် ဆိုလျှင် တစ်ယောက်ထက်ပိုပြီး နှစ်ယောက်၊ သုံးယောက်၊ လေးယောက် အထိ လက်ထပ်ဖို့ညွှန်ကြားထားသည်က မိန်းမသားတွေရဲ့ ဂုဏ်ရည်ကို တစ်ဖက်လှည့်နဲ့ တန်ဖိုးထားခြင်းဖြစ်သလို အစ္စလာမ် တရားတော်ရဲ့ ညွှန်ကြားချက်တွေက ကမ္ဘာပေါ်မှာ လူဦးရေ မညီမျှမှု နဲ့ မိန်းကလေးများရဲ့ ကာယအိနြေ္ဒထိန်းသိမ်းပေးဖို့ အကောင်းဆုံးလမ်းညွှန်ချက်တွေပါပဲ……………။

တိုးတတ်ပါတယ်ဆိုတဲ့ ယနေ့ခေတ်က အစ္စလာမ်သာသနာနဲ့ ယှဉ်လိုက်တဲ့အခါ နှစ်ပေါင်း ၁၄၀၀ ကျော်နောက်ကျကျန်ခဲ့ပါတယ်……………။

I am Proud to Be a Muslim……………

ကိုးကား-WIKIPEDIA
ဒေါက်တာ ကရီးမ် ဇာကီရ်နိုက်

(( လရောင်စိုးမိုး ))

Sunday, December 1, 2013

ဒိုအာတောင်းဆုပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ


ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်

အလ္လာဟ်ထံမှ ဒိုအာဆုတောင်းခြင်း။

လောကီရေးဖြစ်စေ၊ သာသနာရေးဖြစ်စေ၊ မိမိ၏စွမ်းပကားကို အသုံးချရ၍ရသည့် အရေးကိစ္စဖြစ်စေ၊ အသုံးချ၍မရသည့်အရေးကိစ္စဖြစ်စေ၊ ၎င်းအရေးကိစ္စနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ထံတော်ဝယ် ဒိုအာတောင်းဆိုပါ။ သို့ရာတွင် တရားတော်နှင့် ဆန့်ကျင်သည့် အရေးကိစ္စမျိုးမဖြစ်စေရ။ အထက်ဖေါ်ပြပါ ဤသည်တို့သည် အားလုံးပါဝင်လျက် ရှိသည်။ ဥပမာ- တစ်ဦးတစ်ယောက်သည် လယ်ယာကိုင်းကျွန်းအလုပ်ကိုလုပ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ရောင်းဝယ် ဖေါက်ကားမှုကားမှုကို လုပ်သည်ဖြစ်စေ၊ ယင်းအလုပ်အတွက် လုံ့လဝိရိယ စိုက်ရမည်သာဖြစ်သည်။ လိုအပ်သည်များကို စုဆောင်းရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံပါးတော်၌ ဤသို့ ဒိုအာတောင်းဆိုရပေမည်။ အို, အလ္လာဟ်အရှင်မြတ် ဤလုပ်ငန်း၌ ဗရ်ကသ်ပေး၍ တိုးပွားများပြားစေတော်မူပါ။ ဆုံးရှုံးမှုမှ လွတ်ကင်းစေတော် မူပါ။

သို့မဟုတ် လောကီရန်သူဖြစ်စေ၊ သာသနာ့ရန်သူဖြစ်စေ၊ ရန်သူတစ်ဦးတစ်ယောက်က ဒုက္ခပေးလာသည်ရှိသော် ထိုဒုက္ခမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကိုလည်း ကြံစည်အားထုတ်ရမည်သာဖြစ်သည်။ ထိုကြံစည်အားထုတ်မှုသည် မိမိအစွမ်းအစဖြင့် ဖြစ်မြောက်သည်ဖြစ်စေ၊ အာဏာပိုင်တစ်ဦးတစ်ယောက်ထံမှ အကူအညီရယူသည်ဖြစ်စေ၊ ယင်းကြံစည်အားထုတ်မှုနှင့်အတူ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒိုအာကိုလည်းတောင်းဆိုရမည်ဖြစ်သည်။ ဒိုအာတောင်းဆိုရာ၌ အို, အလ္လာဟ်အရှင်မြတ် ရန်သူကိုရှုံးနိမ့်စေတော်မူပါဟူ၍ ဆိုရမည်။ သို့တည်းမဟုတ် ရောဂါဝေဒနာ တစ်စုံတစ်ရာကို ခံစားနေရလျှင် ဆေးဝါးကိုလည်း မှီဝဲရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း အို, အလ္လာဟ်အရှင်မြတ်၊ ရောဂါကို ပျောက်ကင်းစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိထံ၌ ပစ္စည်းဥစ္စာရှိလျှင် ယင်းနှင့်စပ်လျဉ်း၍ လုံခြုံရေးအစီအစဉ်ကို ချမှတ်ရမည်ဖြစ်သည်။ ဥပမာ-လုံခြုံခိုင်ခံ့သည့်အိမ်ကို ဆောက်လုပ်ထားခြင်း၊ ပစ္စည်းသိုလှောင်ထားသည့်အခန်းကို သော့ခတ်ထားခြင်း၊ သို့တည်းမဟုတ် အိမ်သူအိမ်သားများ၊ အခိုင်းအစေများကို ကင်းချထားခြင်း၊ အမြဲကြည့်ရှုစောင့်ရှောက်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ထိုဥစ္စာပစ္စည်းများကို သူခိုးဓါးပြရန်တို့မှ ကင်းဝေးစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိက တစ်ဦးတစ်ယောက်ကို တရားစွဲဆိုထား၏။ သို့မဟုတ် တရားစွဲခံရလျက်ရှိ၏။ ထိုအခါ ယင်းမှုခင်းအတွက် ရှေ့နေကိုလည်း ငှားရမည်ဖြစ်သည်။ သက်သေများကိုလည်း ခေါ်ရမည်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အမှုကိုနိုင်စေတော်မူပါ။ ကျူးကျော်စော်ကားသူများ၏ရန်မှ ကျွန်တော်မျိုးအားလွတ်ကင်းတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် ကျမ်းမြတ်ကုရ်အာန်နှင့် ဘာသာရေးပညာရပ်များကို သင်ကြားဆည်းပူးလျက်ရှိ၏။ သင်ကြားတတ်မြောက်နိုင်ရန်အတွက် စိတ်ဝင်စားစွာဖြင့် စနစ်တကျ ကြိုးပမ်းရမည်။ ထို့ပြင် အို, အလ္လာဟ်အရှင်မြတ် ထိုပညာရပ်ကို ကျွန်တော်မျိုးအဖို့ လွယ်ကူစေတော်မူပါ။

ကျွန်တော်မျိုး၏ ဦးနှောက် (စိတ်ပိုင်းဆိုင်ရာ) သော်လည်းကောင်း၊ သို့တည်းမဟုတ် ဆွလာသ်-စွီယာမ် အစရှိသည်တို့ကို အစပြု၍သော်လည်းကောင်း၊ သို့မဟုတ် သူတော်စင်တို့၏ ညွှန်ပြမှုကြောင့် အခြားအိဗါဒသ်တစ်ခု, ခု၌ မွေ့လျော်နေ၏။ ထိုအခါ မိမိ၏စိတ်ရိုင်းကို ရင်ဆိုင်တိုက်ခိုက်၍ အစဉ်ပွါးများနိုင်ရန် ကြိုးစားရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။ အစဉ်အမြဲ လုပ်ဆောင်နိုင်ရန် စွမ်းအင်ပေးသနားတော်မူပါ။ ကျွန်တော်မျိုး ပြုကျင့်ခဲ့သည်များကို လက်ခံတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ ဤသည် စံပြအနေဖြင့် အချို့ကို ရေးသားဖေါ်ပြလိုက်ခြင်းဖြစ်သည်။

အရေးကိစ္စတိုင်း။ ဘေးဒုက္ခတိုင်းအတွက် မိမိဥာဏ်စွမ်းဥာဏ်စများကို အသုံးချရသည့်နည်းတူ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း နှိမ့်ချရိုကျိုးစွာဖြင့် ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ မိမိကြိုးစားမှုဖြင့် မဖြစ်မြောက်နိုင်သော အရာများနှင့် စပ်လျဉ်း၍ ဒုအာကိုသာ တောင်းဆိုရမည်။ ဥပမာ- မိုးရွာသွန်းစေခြင်း၊ သားသမီးရယူခြင်း၊ ကုစား၍မရနိုင်သည့် ဝေဒနာမျိုးကို ခံစားနေရသည့် ဝေဒနာရှင်တစ်ဦး အကောင်းပကတိဖြစ်သွားစေခြင်း၊ သို့မဟုတ် စိတ်ရိုင်းနှင့် ရှိုက်တွာန် အီဗလိစ်၏ သွေးဆောင်ခြင်းမှ သို့မဟုတ် ရောဂါဆိုးကြီးများမှ လွတ်ကင်းမှုရယူခြင်း၊ မိမိအား ချေမှုန်းဖျက်ဆီးနိုင်သည့် ရန်သူ၏ ဘေးအန္တရာယ်မှ လွတ်မြောက်မှုရယူခြင်း။ အစရှိသည်တို့ဖြစ်သည်။

ဤဖေါ်ပြချက်များကို အလ္လာဟ်အရှင်မြတ်ကသာ စွမ်းဆောင်နိုင်ပေသည်။ အခြားမည်သူတို့မျှ စွမ်းဆောင်နိုင်ခြင်းမရှိချေ။ သို့ဖြစ်၍ မိမိ၏လုံ့လဝိရိယဖြင့် မပြီးမြောက်နိုင်သည့်အရာများနှင့် စပ်လျဉ်း၍ ဒိုအာတောင်းဆိုခြင်းကို အပြည့်အဝ အသုံးချရမည်ဖြစ်ပေသည်။

အချုပ်ကိုဆိုရသော် လုံ့လဝိရိယနှင့်သက်ဆိုင်သည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ခွန်အားစိုက်၍ ကြိုးပမ်းရသလို ဒိုအာကိုလည်း တောင်းဆိုရပေသည်။ လုံ့လဝိရိယဖြင့် မပြီးမြောက်သည့် အရာများ၌ ဒိုအာကိုသာ တောင်းဆိုရမည်။ သို့ဖြစ်၍ ဒိုအာကို များစွာတောင်းဆိုရကြောင်း သိရပေသည်။ စကားလုံးလေးလုံးကို ကျက်မှတ်ထားလိုက်ခြင်း ထို့နောက် ဆွလာသ်ဝတ်ပြုမှုအပြီး ယင်းစကားလုံးမျိုးကို နှုတ်မှရွတ်ဆိုခြင်းသည် ဒိုအာမ, မည်။ ဒိုအာ၏ပုံတူသာဖြစ်သည်။ ဒိုအာဟူသည်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ လျှောက်ထားပန်ကြားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပေရာ အနည်းဆုံး အာဏာပိုင်တစ်ဦးတစ်ယောက်ထံ လျှောက်ထားပန်ကြားစဉ် ပြသရသည့် အမူအရာကိုကား ပြသရပေမည်။ လျှောက်ထားပန်ကြားနေစဉ် မိမိ၏အာရုံကို အာဏာပိုင်ဘက်သို့ စူးစိုက်ထားရပြီး စိတ်အာရုံကိုလည်း ထိုဘက်သို့ပင် စူးစိုက်ထားရသည်။ ပုံပန်းသဏ္ဍန်ကိုလည်း ကျိုးနွံသူများ၊ နိမ့်ချသကဲ့သို့ သရုပ်ဆောင်ထားရမည်။ နှုတ်ဖြင့် လျှေုာက်ထားရန်ရှိလျှင် ယဉ်ကျေးသိမ်မွေ့သော သာယာနာပျော်ဖွယ်ရာ စကားလုံးများဖြင့် လျှောက်ထားရမည်သာဖြစ်သည်။ မိမိ၏လျှောက်ထားပန်ကြားချက် လက်ခံအတည်ပြုခြင်းခံရရန်အတွက် အစွမ်းကုန် ကြိုးပမ်းရမည်သာဖြစ်သည်။ မိမိသည် လူကြီးမင်းကို အထူးအားကိုးကြောင်း လူကြီးမင်းအနေဖြင့် ဤလျှောက်ထားချက်နှင့် ပတ်သက်ပြီး အထူစဉ်းစားမည်ကို မျှော်လင့်မိကြောင်းဖြင့် အယုံအကြည် သွင်းမည်သာဖြစ်သည်။ သို့ငြားလည်း မိမိလျှောက်ထားသည့်အတိုင်း စီရင်ချက်ကျလာခြင်းမရှိလျှင် အာဏာပိုင်က အသင်ကြိုက်နှစ်သက်သည့်အတိုင်း ဖြစ်လာခြင်းမရှိသည်ကို ဝမ်းနည်းမိကြောင်းဖြင့် ထုတ်ဖေါ်ပြောကြားလျှင် ထိုအခါ လျှောက်ထားပန်ကြားခဲ့သည့် ပုဂ္ဂိုလ်သည် အို, လူကြီးမင်း ကျွန်ုပ်စိတ်မပျက်ပါ။ တရားဥပဒေ၏ ချွတ်ယွင်းမှုကြောင့်ပေလော။ သို့တည်းမဟုတ် ကျွန်ုပ်အနေဖြင့် ပြည့်ပြည့်ဝဝ မကြိုးစားမိ၍လော ဤုနှစ်ခုအနက်မှ တစ်ခုခုဖြစ်ချေမည်။ လူကြီးမင်းနှင့် မည်သို့မျှ မ, သက်ဆိုင်ပါ။ အကယ်၍ ထိုသူအနေနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရန် ဆန္ဒရှိလျှင် ဤသို့ပြောဆိုမည်သာဖြစ်သည်။ ကျွန်ုပ် ဇွဲသတ္တိကို မလျှော့ပါ။ ရှေ့ဆက်၍လည်း လျှောက်ထားပန်ကြားသွားမည်ဖြစ်ပါသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည် အလုပ်ကိစ္စ အောင်မြင်ခြင်းထက် ပို၍ ကျွန်ုပ် နှစ်သက်မြတ်နိုးပါသည်။ဤသည်ပင် ကျွန်ုပ် အဖို့ အဓိကဖြစ်သည်။ အလုပ်ကိစ္စဟူသည်မှာ အချိန်အကန့်အသတ်ရှိသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည်ကား ဘဝတစ်လျှောက်လုံးအတွက်ဖြစ်၍ အကန့်အသတ်မရှိသော တန်ဘိုကြီးမားလှသည့် ရတနာပင်ဖြစ်သည်။ ဤသည်များသည် လောကီရေးဆိုင်ရာ အာဏာပိုင်တစ်ဦးထံ လျှောက်ထားပန်ကြားချက်ပင်ဖြစ်သည်။
(အင်န်ရှာအလ္လာဟ် ဆက်လက်တင်ပြမည်။)

(မွတ်စ်လင်မ်ဘဝလမ်းစဉ်ကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။)

အလ်မုဖီးဒ်

 Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com

google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။

မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အိစ္စသိခါရာပြုလုပ်နည်း (နောက်ဆုံးပိုင်း)

 ဖြစ်သမျှအကြောင်းအကောင်းချည်း 

သူတော်စဉ်တစ်ပါးသည် မိမိဇနီးနှင့်အတူတောထဲတွင်နေထိုင်သည်။ အိမ်၌ပစ္စည်းများသယ်ပိုးရန်အ တွက်မြည်းတစ်ကောင်မွေးထားသည်။ အိမ်ကိုစောင့်ရှောက်ရန်ခွေးတစ်ကောင်ကိုလည်း မွေးထားသည်။ နံနက်စောစော ဖဂျရ်ဆွလာသ်ဝတ်ပြုရန်အတွက် နှိုးဆော်ပေးရန်ဟုရည်ရွယ်ကာ ကြက်ဖတစ်ကောင်ကိုလည်း မွေးထားသည်။ အလ္လာဟ်အရှင်မြတ်၏အလိုတော်ဖြင့် တစ်ရက်တွင် တောတွင်းမှ ဝံပုလွေတစ်ကောင် လာချောင်း၍ကြက်ဖကို ဖမ်းဆီးသွားသည်။ ထိုအခါ ဇနီးဖြစ်သူက နှမြောသဖြင့် ယူကျုံးမရဖြစ်ကာ ငိုလေသည်။ ထိုအခါ သူတော်စဉ်က ဖြစ်သမျှအားလုံးဟာ အလ္လာဟ်အရှင်မြတ်၏အလိုတော်ကြောင့်ဖြစ်သဖြင့် အကောင်းဟူ၍သာ ယူဆသင့်ပါသည် ဟုနှစ်သိမ့်စကားဆိုလေသည်။ ထို့နောက်ရက်အတန်ကြာသောအခါ ခွေးအတစ်ကောင်လာ၍ အိမ်၌မွေးထားသောမြည်းကို သတ်ဖြတ်သွားပြန်သည်။ ဇနီးက နှမြော၍ ငိုပြန်သည်။ ထိုအခါ သူတော်စဉ်က ဖြစ်သမျှအကြောင်း အကောင်းချည်းဖြစ်သဖြင့် မငိုရန်နှစ်သိမ့်စကားဆိုသည်။ ထိုနောက်ရက်အတန်ကြာသောအခါ အိမ်၌မွေးထားသောခွေးလဲ သေသွားတော့၏။ ထိုအခါ ဇနီးက ဝမ်းနည်း၍ ငိုပြန်တော့၏။ ထိုအခါသူတော်စဉ်ကလည်း မငိုရန်နှင့် ဖြစ်သမျှအကြောင်း အကောင်းချည်းဖြစ်ကြောင့် နှစ်သိမ့်စကားဆိုပြန်၏။ ထိုအခါ ဇနီးဖြစ်သူက အားမလိုအားမရဖြစ်ကာ စိတ်အတွင်း၌ ငါ့ရဲ့ခင်ပွန်းကတော့ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေတာတောင်အကောင်းချည်းပဲပြောနေသည် ဟု တွေးထင်မိ၏။ ထိုသို့ရှိနေရင်း တစ်ရက်သောအခါ ဓားပြတစ်စုသည် အဆိုပါသူတော်စဉ်တို့နေထိုင်ရာ ကွင်းပြင်သို့လာရောက်ပြီး ရှိရှိသမျှသော အိမ်မှပစ္စည်းများကို လုယူသွားကြ၏။ အိမ်ရှိ ယောက်ျားမိန်းမအားလုံးကိုလည်း ကျေးကျွန်ပြုရန် ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားကြ၏။ အိမ်ရှိ ယောက်ျားမိန်းမအားလုံးကိုလည်း ကျေးကျွန်ပြုရန် ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားကြ၏။ အဆိုပါကွင်းပြင်ရှိ အိမ်များကို ဓားပြများသိသွားရခြင်း၏ အကြောင်းအရင်းမှာ အိမ်ရှိ ခွေးများ၊ မြည်းများ၊ ကြက်ဖများက မြည်တွန်အော်ဟစ်ကြသောကြောင့် အိမ်၏သဲလွန်စရကာ ၀င်ရောက်လုယက်ကြခြင်းဖြစ်သည်။ သူတော်စဉ်၏ အိမ်တွင် ခွေးလည်းမရှိ၊ ကြက်ဖလည်းမရှိ၊ မြည်းလည်းမရှိသဖြင့် သူတော်စဉ်၏ အိမ်ရှိကြောင်းကို ဓားပြတို့မသိလိုက်သောကြောင့် လွတ်မြောက်သွားကြခြင်းဖြစ်၏။ ထိုအခါ သူတော်စဉ်က ဇနီးသည်အား မိမိကနှစ်သိမ့်စကားဆိုခဲ့သော ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ ဟူသောစကား မှန်ကန်ကြောင်းကို ရှင်းပြလေ၏။ ခွေး၊ မြည်း၊ ကြက်ဖများမသေဘဲ ယခုတိုင်ရှိနေပါက ၎င်းတို့ကြောင့် ဓားပြအတိုက်ခံရ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမှာသေချာ၏။

အချုပ်ဆိုရလျှင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ လောကီရေးရာ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ အီမာန်သက်ဝင်ယုံကြည်သူဖြစ်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အဆုံးအဖြတ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ မည်သည့်အခါမျှ အံ့သြလိမ့်မည်မဟုတ်ပေ။ စကြဝဠာတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်တော်မူသောအရှင်မြတ်၏ စီမံခန့်ခွဲမှုအပေါ် အံ့အားသင့်ခြင်းထက် မိမိနားမလည်နိုင်၊ မမြင်စွမ်းနိုင်သည့်အပေါ် အံ့အားသင့်ထိုက်ပေသည်။ (သဗ်လိဂီဒီးန်ကျမ်း)

 အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် ပူပင်ကြောင့်ကြရန်မလိုတော့

ဟဇရသ်အဗ္ဗဒွလ္လာဟ်ဘင်န်အုမရ်သခင်က မောင်မင်းတို့အလုပ်တစ်ခုခုအတွက် အစ္စသိခါရဟ်ပြုလုပ် ပြီးသည့်နောက် ပူစရာမလိုတော့ပါ။ အလ္လာဟ်အရှင်မြတ်က အကောင်းဆုံးကိုပဲ စီရင်ဆုံးဖြတ်ပေးတော်မူလိမ့် မယ်။ အဲဒီဆုံးဖြတ်သတ်မှတ်မှုဟာ ကိုယ့်အမြင်မှာ ကောင်းကောင်း မကောင်းကောင်း နောက်ဆုံးမှာတော့ ထာဝရကောင်းခြင်းနဲ့ ဆုံစည်းရလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အဲဒီအကောင်းဆုံး စီရင်ဆုံးဖြတ်ချက်အတွက် အခြေအနေကိုတော့ ဒီလောကမှာ လက်ငင်းသိရှိရလိမ့်မယ်။ ဒါမှမဟုတ်ရင် နောင်တမလွန်အာခေရသ်မှာ ဗန္ဒာဟ်က အလ္လာဟ်အရှင်မြတ်က ငါနဲ့ သဟဇာတဖြစ်မဲ့ကိစ္စရပ်ကိုပဲ စီရင်ဆုံးဖြတ်သတ်မှတ်ပေးတော်မူခဲ့ပါလား ဟု အဲဒီတော့မှ အိစ္စသိခါရဟ် ရဲ့စူးရှထိရောက်မှုကို သိသွားလိမ့်မယ် ဟုမိန့်တော်မူပေသည်။

 အိစ္စသိခါရဟ်ပြုလုပ်သူသည် အကျိုးမဲ့မည်မဟုတ် 

ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က

မိမိ၏ကိစ္စရပ်များ၌ အိစ္စသိခါရဟ်ပြုသူသည် မည်သည့်အခါမျှ အကျိုးမဲ့ဖြစ်မည်မဟုတ်၊ ၎င်းပြင် မိမိ၏အလုပ်များအတွက် မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးသူသည် မည်သည့်အခါမှ အရှက်တကွဲအကျိုးနည်း မည်မဟုတ်၊ ဟုမိန့်တော်မူထားကြောင်း ဟဒီးစ်တော်တစ်ပါးတွင်လာရှိသည်။

မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးပြီးနောက်မှ လုပ်ဆောင်ခြင်းမလုပ်ဆောင်ခြင်းသည် မရှ်ဝါရဟ်၏ လမ်းညွှန်ချက်နှင့် ညီနေသည့်အတွက် အရှက်တကွဲအကျိုးနည်းမည် မဟုတ်ကြောင်းဆိုလိုခြင်းဖြစ်သည်။

အထက်ပါဟဒီးစ်တော်တွင် ကိုယ်တော်မြတ်က အိစ္စသိခါရဟ်ပြုလုပ်သူသည် မည်သည့်အခါမျှ အကျိုးမဲ့မည်မဟုတ်ဟု မိန့်တော်မူထားသည်။ အိစ္စသိခါရဟ်ပြုသူ၏ နောက်ဆက်တွဲရလဒ်အခြေအနေသည် ယတိပြတ်ကောင်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ အလ္လာဟ် အိစ္စသိခါရဟ်ပြုခဲ့သူ၏ နှလုံးသားတွင် မိမိ၏ အလုပ်ကောင်းမွန်ချောမွေ့စွာမဖြစ်ဟု အားငယ်နေရသည့်တိုင် အောင်မြင်မှုကိုမူ မုချရရှိမည်။ ထို့အပြင် မရှ်ဝါရဟ်ဖြင့် အလုပ်လုပ်သူသည် မည်သည့်အခါမျှအရှက်ရမည်မဟုတ်သောကြောင့် လတ်တလောတွင် အလုပ်ပျက်စီးသွားသည့်တိုင် အခြားတစ်ဖက်တွင် မိမိ၏အကြီးအကဲများ မိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိမိ၏စိတ်ဆန္ဒသက်သက်ဖြင့် မိမိ၏ကိုယ်စွမ်းသက်သက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ရုံသာမက ယင်းကိစ္စနှင့် ပတ်သက်၍အလ္လာဟ်အရှင်မြတ်အလိုတူသည့်အတိုင်း နာခံမည် စသည့်မှန်ကန်သည့်ခံယူချက်များကြောင့် စိတ်သက်သာမှုရရှိမည်ပင်ဖြစ်သည်။ ထို့ကြောင့်အလုပ်တစ်ခုခုနှင့် ပတ်သက်၍ လုပ်သင့်၊ မလုပ်သင့် သိလိုလျှင် ဟဒီးစ်တော်တွင် အချက်နှစ်ချက်ကို လုပ်ရန်လမ်းညွှန်ထားသည်။
(၁)၊ အိစ္စသိခါရဟ်ကောင်းရာကောင်းကြောင်းတောင်းခံခြင်း (၂)၊ မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးခြင်း။

 အကျဉ်းနည်းဖြင့် အိစ္စသိခါရဟ်ပြုနည်း

အထက်တင်ပြပါ စွန္နသ်တော်နှင့်အညီ အိစ္စသိခါရဟ်ပြုနည်းမှာ အချိန်ရခြင်းအပေါ်ထောက်ရှု၍ အိစ္စသိခါရဟ်၏နိယသ်ဖြင့် နဖိလ်နမားဇ်နှစ်ရကအသ် ဝတ်ပြုကာ အိစ္စသိခါရဟ်ဒိုအာဖတ်ခြင်းဖြစ်ပါသည်။ သို့သော်အရေးပေါ်အလုပ်တစ်ခုပေါ်ပေါက်လာကာ နမားဇ်ဝတ်ပြုရန် ဒိုအာဖတ်ရန်ပင် အချိန်မရပဲ လုပ်မလုပ်ရန် အတွက် ချက်ခြင်းဆုံးဖြတ်ရမည့်အခြေအနေမျိုးတွင်
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအတွက် ကောင်းမွန်မှန်ကန်သည့်လမ်းကို ရွေးချယ်ပေးတော်မူပါ။ ဟူသောဒိုအာဖတ်လိုက်ရန် မြတ်နဗီက သင်ပြပေးတော်မူထားသည်။

ကိုယ်တော်မြတ်(ဆွ)ကပင်အလား တူဒိုအာတစ်ပုဒ်ကို သင်ကြားပေးတော်မူထားသေးသည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား တရားလမ်းမှန်နှင့် ဖြောင့်မတ်ကောင်းမွန်သည့်လမ်းပေါ်တွင် ထားရှိတော်မူပါ။

ထိုသို့သော မပ်စ်နူးန်ဒိုအာ တစ်ပုဒ်လည်းရှိသေးသည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ နှလုံးသားတွင် စစ်မှန်သည့်လမ်းကို သွတ်သွင်းပေးသနားတော်မူပါ။

အရေးပေါ်ဆုံးဖြတ်ရသည့်အခြေအနေမျိုးတွင် ဖော်ပြပါ ဒိုအာများအနက် မိမိနှစ်သက်ရာဒိုအာကို ဖတ်လိုက်ပါ။ အကယ်၍ အရဗီဘာသာဖြင့်မရပါက မြန်မာဘာသာဖြင့် ဤသို့ဒိုအာပြုပါ။

အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်နေရပါသောကြောင့် ကျွန်တော်မျိုးအား မှန်ကန်သည့်လမ်းကို ညွှန်ပြပေးတော်မူပါ။

နှုတ်လျှာဖြင့် ပြောခွင့်မကြုံသည့်အခြေအနေမျိုးတွင် မိမိ၏စိတ်တွင်းမှပင် အိုအလ္လာဟ်အရှင်မြတ် ကျရောက်နေသော ဤဒုက္ခအခက်အခဲအစား ကျွန်တော်မျိုးအတွက် ကောင်းမွန်သည့်စစ်မှန်သောလမ်းကို အရှင်မြတ်ညွှန်ပြပေးတော်မူပါ။ အရှင်မြတ်ကိုယ်တော်တိုင်လည်း ထိုစစ်မှန်သောလမ်းကို နှစ်သက်တော်မူပါဟု ဆုပန်လိုက်ပါ။

ပါကစ္စတန်နိုင်ငံ မွဖ်သီချုပ်၏ဓလေ့တော်

ကျွန်ုပ်၏ကျေးဇူးရှင် ဖခင်ကြီးပါကစ္စတန်နိုင်ငံမွဖ်သီချုပ် ဟဇရသ်မော်လာနာမွဖ်သီမုဟမ္မဒ်ရှဖီးအ် သခင်သည် မိမိဘဝသက်တမ်းတစ်လျှောက်တွင် အရေးပေါ်ကိစ္စရပ်တစ်ခုခုနှင်ကြုံတွေ့လာ၍ ချက်ခြင်းလက်ငင်းဆုံးဖြတ်ပေးရတော့မည်ဆိုလျှင် ဖခင်သည် ခေတ္တခဏမျက်စိကို မှိတ်ထားလိုက်သည်ကို ကျွန်တော်တွေ့ခဲ့ရပါသည်။ သခင်၏ထိုဓလေ့ကို သိမထားသောသူသည် သခင်ကြီးမည်သည့်အတွက်ကြောင့် ထိုမျက်လွှာပိတ်သည်ကို သိနိုင်မည်မဟုတ်ပါ။ ဖခင်ကြီးသည် မျက်လွှာပိတ်ကာ အလ္လာဟ်ဖက်သို့အာရုံပြု၍ မိမိနှလုံးသားမှ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးကိုယ်တိုင် ဆုံးဖြတ်ပေးရမည့်ကိစ္စအပေါ် ဇဝေဇ၀ါဖြစ်နေရပါသောကြောင့် အလ္လာဟ်အရှင်မြတ်နှစ်သက်တော်မူသည့်လမ်းကို ကျွန်တော်မျိုး၏နှလုံးသားတွင် ထင်ဟပ်ပေးသနားတော်မူပါ ဟု ဆုပန်နေခြင်းဖြစ်ပါသည်။ ထိုသို့ဖြင့် မိမိ၏နှလုံးသားမှပင် အစ္စသိခါရဟ်ကိစ္စတစ်ခု ပြီးမြောက်စေခဲ့သည်။

ကိစ္စရပ်တိုင်းကို အစမပြုမီအလျင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့အာရုံပြုပါ။

ကျွန်ုပ်၏ရှိုက်ခ် ဟဇရသ်ဒေါက်တာအဗ္ဗဒွဟိုင်းယ်သခင်က အကြင်သူသည် မည်သည့်ကိစ္စကိုမဆို အစမပြုမီအလျင် အလ္လာဟ်ဘက်သို့အာရုံပြုပါက အလ္လာဟ်အရှင်မြတ်သည်ထိုသူ့အား မုချဧကန် ကူညီစောင်မတော်မူမည်ပင်ဖြစ်သည် ဟု မိန့်မှတ်ကာ ဆက်လက်၍ အသင်သည် ထိုခဏတွင် မည်သည်ကို မည်သို့လုပ်လိုက်ကြောင်း အမှုမဲ့အမှတ်မဲ့ဖြစ်နေမည်ဟု မိန့်ပါသည်။ သဘောမှာ အသင်သည်ထိုမျက်စိတစ်မှိတ်မျှတွင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ အာရုံပြုကာ အလ္လာဟ်နှင့် ဆက်သွယ်ရင်း အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းရာကောင်းကြောင်းကို တောင်းခံလိုက်သည်။ မိမိအတွက် လမ်းစစ်လမ်းမှန်ကို တောင်းခံလိုက်သည်။ သို့ဖြင့် သင်သည် စစ်မှန်သည့်လမ်းကို ရရှိရုံသာမက အလ္လာဟ်ဘက်တော်သို့ အာရုံပြုလိုက်သည့်အတွက် ကုသိုလ်အကျိုးစဝါးဗ်ကိုလည်း ရရှိလိုက်မည်။ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒာဟ်လူသားမှ ထိုသို့သောအခြေအနေမျိုးတွင် မိမိဘက်သို့အာရုံပြုခြင်းကို အလွန်နှစ်သက်တော်မူသောကြောင့် ကုသိုလ်အကျိုးစဝါးဗ်များပေးသနားတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် လူသားသည် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်ရေးကိစ္စကို အကျင့်လုပ်ထားရန်လိုအပ်သည်။ လူသားတစ်ယောက်အဖို့ နံနက်မိုးလင်းမှစ ၍ ညမိုးချုပ်အထိ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရသည့်ကိစ္စပေါင်း မည်မျှကြုံနိုင်ရမည်ကို မပြောနိုင်ပါ။ အမှတ်မထင် ထိုသို့ကြုံဆုံလာလျှင် ချက်ခြင်းအလ္လာဟ်ဘက်သို့အာရုံပြု လိုက်ပြီး အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ စိတ်တွင်းဝယ် အရှင်နှစ်သက်သည့်ကိစ္စကို ထည့်ပေးသနားတော်မူပါဟု ဒုအာပြုလိုက်ပါ။

အဖြေမပေးမီအလျှင် ဒုအာပြုခြင်း၏ဓလေ့တော်

ဟကီမွလ်အွမ္မသ် ဟဇရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီသခင်က တစ်ဦးတစ်ယောက် ကျွန်ုပ်ထံလာရောက်၍ သခင်ကြီးကျွန်တော်စကားတစ်ခွန်းလောက်မေးမြန်းပါရစေဟု ပြောလာသည့်အခါ ကျွန်ုပ်သည် ချက်ခြင်းအလ္လာဟ်အရှင်မြတ်ဘက်သို့အာရုံပြု၍ အို အလ္လာဟ်မေးမြန်းသူအတွက် မှန်ကန်သည့်အဖြကိုကျွန်တော်မျိုး၏နှလုံးသားတွင် ထည့်သွင်းပေးတော်မူပါဟု ဆုပန်လိုက်သည်။ ကျွန်ုပ်သည် ထိုသို့အလ္လာဟ်ဖက်သို့ အာရုံပြုသည့်အကျင့်ကို မိမိဓလေ့စရိုက်ပြုထားပါသည်ဟု မိန့်ကြားပါသည်။

ဤသည်ကိုသာလျှင် အလ္လာဟ်အရှင်မြတ်နှင့်ဆက်သွယ်ခြင်းဟုခေါ်ဆိုပါသည်။ ထို့ကြောင့်အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် ချက်ခြင်းအလ္လာဟ်ဖက်သို့ အာရုံပြုလိုက်ရမည် ပင်ဖြစ်သည်။ ကျွန်ုပ်၏ရှိုက်ခ် ဟဇရသ်ဒေါက်တာအဗ္ဗဒွလ်ဟိုင်းယ်သခင်က အို မိတ်ဆွေတိုပ မိမိ၏အရှင်မြတ်နှင့် စကားစမြည်ပြောသည့် အလေ့အထလုပ်ကြပါ။ အကြောင်းကိစ္စတစ်ခုခု ပေါ်ပေါက်လာလျှင် ချက်ခြင်းပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါ။ အလ္လာဟ်ဘက်တော်သို့အာရုံပြု၍ အလ္လာဟ့်ထံတော်ပါးမှ ဟေဒါယသ်တရားလမ်းမှန်ကို တောင်းခံပါ။ မိမိ၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ထိုသို့ပင် အမြဲကျင့်ဆောင်နေလျှင် နှလုံးသားတွင် စက္ကန့်အမျှ အလ္လာဟ့်ဖက်သို့ အာရုံရောက်နေသည့်အရည်အချင်းများ ရရှိသွားမည် ဟုမိန့်ပါသည်။

ဆက်လက်၍ ကျွန်ုပ်တို့အနေနှင့် ရှေးယခင် သူတော်စင်တို့၏ ကြိုးပမ်းမှုများနှင့် ပေးဆပ်မှုများကို မည်သို့ တုပနှိုင်းယှဉ်နိုင်မည်နည်း။ သို့သော်လည်း ကျွန်ုပ်အသင့်အား အကောင်းဆုံးအချက်တစ်ချက်ညွှန်ပြမည်။ ထိုအတိုင်းလိုက်နာကျင့်သုံးပါက အင်န်ရှာအလ္လာဟ် အောင်မြင်ထွန်းတောက်ကာ ပန်းတိုင်သို့ရောက်ရှိမည်မှာ သေချာပါသည်။ ထိုအချက်မှာအလ္လာဟ်အရှင်မြတ်နှင့် တိုက်ရိုက်ဆက်သွယ်လိုက်ခြင်းပင်ဖြစ်သည်ဟု ပြောပြခဲ့ပါသည်။

အို အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးကို ထိုသိရှိရသည့်သွန်သင်မှုအပေါ် လက်တွေ့လိုက်နာကျင့်သုံးနိုင် သည့်သောက်ဖီးက်စွမ်းအား ပေးသနားတော်မူပါ။ (အာမီးန်)

စွန္နသ်တော်နှင့်အညီ အိစ်သေခါရာပြုလုပ်နည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

ဟောကြားသူ - ဟဇ်ရသ်မော်လာနာ မုဖ်သီ သကီးအုစ်မာနီ - ဒါရွလ်အိုလူးမ် -ကရာချိ
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် မိုဟမ္မဒ်ဇကီး မဟ်မူဒီ - ကျောင်းဆရာ - ဒါရွလ်အိုလူးမ် - ရန်ကုန်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ အီမာန်ရှင်တိုင်းကို အိစ်သိခါရဟ် စွန္နသ်တော်အား အကောင်အထည်ဖော်နိုင်ခွင့် ပေးသနားတော်မူပါစေ။ အာမီးန်။


အလ်မုဖီးဒ်
 Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com

google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။

မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


နှလုံးသားဆိုင်ရာ


မုဖီးဒ်ဗားသ်


အစ္စလာမ်သာသနာမှန်ကန်ကြောင်းခိုင်လုံးကြောင်း လက်ခံလာတဲ့သူတဦး တိုးလာပြီ

အလ်ဟမ်ဒုလိလ္လာဟ်

နီပေါနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ ပူဂျာလာမာ ဟာ ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း

ဗုဒ္ဓဘာသာမိသားစုမှကြီးပြင်းလာတဲ့ ပူဂျာမာလာ ဟာ အစ္စလာမ်ဘာသာသို့ကူးပြောင်းသွားတဲ့အတွက် ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ အလွန်မှအံ့သြသွားကြပါတယ်။ သူမဟာ မကြာမီက ဒူဘိုင်းနဲ့ကာတာနိုင်ငံတို့ကို ရက်တိုခရီးထွက်ခဲ့ပါတယ်။ ခရီးမှအပြန် ခတ်မန္ဒူ ရောက်တာနဲ့ အစ္စလာမ်ဘာသာသို့ကူပြောင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မီဒီယာများမှ သူမအား အစ္စလာမ်သာသနာမှာ ဘာထူးခြားချက်တွေတွေ့လို့ကူပြောင်းရပါသလဲလို့မေးတဲ့အခါ ကျွန်မဟာ ဗုဒ္ဓဘာသာမျိုးနွယ်မှဆင်းသက်လာသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာကျွန်မရဲ့အသွေးအသားထဲအထိ ၀င်ရောက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်အရင်က ကျွန်မဟာ အခြားဘာသာတွေကိုလည်းလေ့လာမယ်လို့ စိတ်ကူပေါက်ခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်မဟာ ဟန္ဒင်္ူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ အဲဒီလိုလေ့လာနေခိုက်မှာပဲ ကျွန်မဟာ ဒူဘိုင်းနဲ့ကာတာနိုင်ငံတွေကိုလည်း ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့မုစ်လင်မ်တွေနဲ့အစ္စလာမ့်ယဉ်ကျေးမှုတွေကိုတွေ့ရပြီး အတော်ပဲစိတ်ဝင်စားခဲ့ပါတယ်။ အစ္စလာမ်ဘာသာမှာ အခြားဘာသာတွေနဲ့မတူတဲ့ အထူးခြားဆုံးအချက်က သောက်ဟီးဒ် လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းဖြစ်ကြောင်းသက်ဝင်ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်ကို ကျွန်မဟာ အဲဒီနိုင်ငံတွေမှာရှိတဲ့မုစ်လင်မ်တွမှာ ခိုင်ခိုင်မာမာရှိနေတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီလိုမျိုးယုံကြည်ချက်ကို အခြားဘာသာတွေမှာ မတွေ့ရပါဘူး။ ဒီနေ့ကမ္ဘာနဲ့အ၀ှမ်းမှာ အစ္စလာမ်ဘာသာအပေါ်ဆန့်ကျင်ဝါဒဖြန့်မှုတွေက ကျွန်မကို အစ္စလာမ်ကိုပိုပြီးစိတ်ဝင်စားစေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အစ္စလာမ်နဲ့ပိုပြီးနီးကပ်အောင်ပြုလုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ တကယ်တမ်းအစ္စလာမ်ကိုလေ့လာမိတဲ့အခါ ၀ါဒဖြန့်တာတွေနဲ့ လားလားကြီးဆန့်ကျင်နေတာတွေ့ရပါတယ်။ အစ္စလာမ်သာသနာဟာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေရဲ့အကြပ်အတည်းဟူသရွေ့ကို အလွန်တရားမျှတာစွာနဲ့ ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသောသာသနာဖြစ်ကြောင်း ကျွန်မရဲရဲကြီးကြေညာရဲပါတယ်။

သတင်းထောက်က သူမရဲ့နာမည်အတိုင်း ပူဂျာ လို့ခေါ်တဲ့အခါ သူမက ကျေးဇူးပြုပြီး ကျွန်မကို ပူဂျာ လို့မခေါ်ပါနဲ့။ အဲဒီနာမည်ဟာ ကျွန်မရဲ့ အတိတ်ကနာမည်ဖြစ်ပါတယ်။ အခုကျွန်မနာမည်ဟာ အာမိနာ ဖှာရူကီ ဖြစ်ပါတယ်လို့ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။ သူမကဆက်ပြီးပြောပါတယ်။ ကျွန်မအစ္စလာမ်သာသနာလက်မခံမီအချိန်က ဆေးလိပ်နဲ့အရက်ဟာ ကျွန်မရဲ့အဖော်ပါ။ စိတ်ညစ်တိုင်း သောက်ပါတယ်။ တခါတရံ သောက်တာများလို့သတိပါလစ်ဖူးပါတယ်။ ကျွန်မရဲ့လေးဖက်လေးတန်မှာ အမှောင်ထုသာလွှမ်းမိုးလျက်ရှိပါတယ်။ ဒါပေမယ့်အစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်း အေးမြတဲ့လေကိုရှုရှိုက်ခွင့်ရခဲ့ပါပြီ။ အရက်နဲ့ဆေးလိပ်ကို အပြီးအပိုင် သောင်ဗဟ်လုပ်ပြီး စွန့်လွှတ်ခဲ့ပါပြီ။ သတင်းထောက်က အစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်း ဆွေမျိုးအသိုင်းအ၀ိုင်းက ဘယ်လိုဆက်ဆံကြပါသလဲလို့ မေးတော့ ကျွန်မအစ္စလာမ်လက်ခံပြီးတဲ့နောက် ကျွန်မရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းကို အသိပေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မအမေဟာ ကျွန်မကို အပြည့်အ၀ကူညီအားပေးခဲ့ပါတယ်။ ကျွန်မရဲ့ယခင်ကမကောင်းတဲ့အခြေအနေအားလုံးစွန့်လွှတ်ပြီး ကောင်းမွန်သန့်ရှင်းတဲ့အခြေအနေဘက်ကို ပြောင်းသွားတာတွေ့ပြီ အမေ့မှာ အလွန်ပဲပျော်ရွှင်ခဲ့ရပါတယ်။ အမေက ကျွန်မကို သမီး မင်းဟာအလွန်မှန်ကန်တဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။ သမီးရဲ့ပျော်ရွှင်မှုကိုတွေ့ရပြီး အမေ့မှာ စိတ်သက်သာရာရပါတယ်လို့အမေကပြောပါတယ်။ 1.2.2013 အိန္ဒိယနိုင်ငံထုတ် အင်န်ကေလားဗ်အူရ်ဒူနေ့စဉ်သတင်းစာမှ ကူယူပြန်ဆိုဖော်ပြပါသည်။

Credit to >>>>>ဖထီ ဖိုးခွား
အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။