Tuesday, September 24, 2013

အမေ အစ်မတို့ သိထားဖို့



“ မိန်းကလေးအပျိုအရွယ်မှာသေဆုံးသွားလျှင် ”
-------------------------------------------------
ရှာဒီ (အိမ်ထောင်) မပြုခင် မိန်းမပျို၊ သမီးပျို သေဆုံးသွားလျှင် ကိယာမသ်နေ့၌ သူမသည် ရှဟီဒီအုပ်စုတွင် ရှင်ပြန်ထရမည်။ အဘယ့်ကြောင့်နည်း။
သူမသည် မိဘအိမ်မှာနေပြီး မိမိ သိက္ခာကို ထိန်းသိမ်းခဲ့သည်။ လင်ယောက်ျား၏ အိမ်ကို မတွေ့ဘူးသေး။ စည်းစိမ်မခံစားရမီ သေဆုံးသွားခဲ့သည်။
အလ္လာအရှင်မြတ်က သူမကို နောင်အာခိရသ်၏ ရှဟီဒီ အဆင့်ကို ချီးမြှင့်ပေးမည်။ လောကမှာတော့ ရှဟီဒီ မဖြစ်ပေ။ အာခေရသ်မှာ ရှဟီဒီ ဖြစ်မည်။
အမျိုးသမီးတို့ကို အဘယ်မျှ ဦးစားပေးထားပါသနည်း။

“ အိမ်ထောင်ပြုသည့်အပေါ် အကျိုးစ၀ါးဗ်တိုးမှု ”
--------------------------------------------------
သမီးမိန်းကလေး အိမ်ထောင်ကျသွား၏။ ခင်ပွန်းအမိန့် နာခံပြီး အရှင့်အေဗာဒသ်လဲ ကျေပွန်လျှင် နမာဇ်တစ်ကြိမ်ဖတ်သည့်အပေါ် (၂၁) ကြိမ်ဖတ်သည့် စ၀ါးဗ် ရပေသည်။
ဘာကြောင့်လဲ။ အိမ်ထောင်သည် အမျိုးသမီးသည် ခစ်သ် နှစ်ခု တပြိုင်တည်း ထမ်းဆောင်နေရသောကြောင့် ဖြစ်ပေသည်။
အလ္လာအသျှင့်တာဝန်နှင့် ခင်ပွန်းတာဝန် ဖြစ်ပေသည်။ ဒါလည်း အမျိုးသမီးအပါ် သက်ညှာပေးထားမှုပင် ဖြစ်ပေသည်။

“ အလ္လာဟ်အသျှင်မြတ် ကိုယ်တော်တိုင်က တောင်းပန်အသနားခံပေးထားခြင်း ”
---------------------------------------------------------------------------------
အိမ်ထောင်ရေးနှင့်ပတ်သတ်ပြီး အလ္လာဟ်အသျှင်မြတ်က အမျိုးသားတို့အား ကျမ်းတော်မြတ် ကုရ်အာန်တွင် အမိန့်ရှိထားပေသည်။
“ အသင်တို့သည် ထိုဇနီးအမျိုးသမီးတို့နှင့် ကောင်းမွန်စွာ ဆက်ဆံကြပါလော။ ” လောကမှာ အစ်မ/ညီမက တောင်းပန် အသနားခံပေးကြသည်။
အမေက တောင်းပန် အသနားခံပေးသည်။ အဒေါ်က အသနားခံပေးသည်။ ဆွေမျိုးများက ကြားဝင် အသနားခံပေးကြသည်။
သို့သော် ဇနီးသည်များဘက်မှ အလ္လာဟ်အသျှင်မြတ် ကိုယ်တော်တိုင် အမျိုးသားတို့အား အသနားခံထားလေသည်။

“ ကိုယ်ဝန်တည်လျှင် အပြစ်များမှ ပလပ်ခွင့်ရရှိခြင်း ”
-------------------------------------------------------
ဇနီးမောင်နှံ ပြေလည်ကောင်းမွန်စွာ နေထိုင်ရင်း ဇနီးသည် ကိုယ်ဝန်ရလာလျှင် ကိုယ်ဝန်စတည်သည်နှင့် သူမ၏ ရှေးယခင်က အပြစ်များကို ပလပ်ခွင့် ပြုလိုက်လေသည်။
ဘာကြောင့်လဲ။ (၃)ကာလ အတန်ကြာ ရောဂါသည်အဖြစ် နေထိုင်ရမည်။ ကိုယ်ဝန်(၉)လ လွယ်ရသောအချိန်သည် ရောဂါသည်ကာလပမာ ဖြစ်ပေသည်။
အလ္လာဟ်အသျှင်မြတ်က ကြင်နာသနားသောအားဖြင့် ရှေးယခင်က အပြစ်များကို ပလပ် ချမ်းသာခွင့် ပေးလိုက်လေသည်။

“ ကိုယ်ဝန်လွယ်ထားစဉ် ငြီးတွားခြင်းအပေါ်မှာပင် အကျိုးစ၀ါးဗ် ရရှိမည် ”
----------------------------------------------------------------------------
ကိုယ်ဝန်လွယ်ထားစဉ် အိမ်အလုပ်လုပ်ရင်း မောပန်း၍ နှုတ်မှညီးတွားပြီး “ ဟူး... ဟူး... ” ဟူ၍ ထွက်သည့်အသံအပေါ် အရှင်ပေးတဲ့ တာဝန်ကို ထမ်းရွက်နေသည်ဖြစ်၍ “ ဟူး.

.. ဟူး... ” တစ်ခွန်း ထွက်သည့်အပေါ်မှာပင် “ အလ်ဟမ်ဒုလိလ္လာ ၊ စွဗ်ဟားနလ္လာ ” အစရှိတဲ့ ဇစ်ကစ်ရ်များဖတ်သည့် အကျိုးစ၀ါးဗ်ကို ရေးမှတ်စေရန် ဖရစ်ရှ်သာအား
အလ္လာဟ်အသျှင်မြတ်က အမိန့်ပေးသည်ဟူ၍ ဟဒီးစ်တော် တစ်ရပ်တွင် လာရှိပေသည်။

ကလေးမွေးခါနီးသော် အမျိုးသမီးသည် နာကျင်လိုက် ပျောက်သွားလိုက်နှင့် အကြိမ်ကြိမ် ခံစားရသည်။ ဟဒီးစ်တော်တစ်ရပ်တွင် လာရှိသည်မှာ နာကျင်သည့် အကြိမ်တိုင်းအပေါ် အလ္လာဟ်အသျှင်မြတ်က သူမအား အာရဗ်မျိုးနွယ် ကျေးကျွန်တစ်ဦး သူကောင်းပြုသည့် အကျိုးစ၀ါးဗ်မျိုးကိုချီးမြှင့်ပေး၏။ အခြား ဟဒီးစ်တော်တစ်ရပ်တွင် အာရဗ်မျိုးနွယ် ကျေးကျွန်တစ်ဦး သူကောင်းပြုသူကို ဂျဟန္နမ်မီးဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု၏။

ကလေးမီးဖွားစဉ် သေဆုံးသွားသော အမျိုးသမီးသည် ရှဟီးဒ်အဖြစ် သေဆုံးခြင်းဖြစ်သည်ဟု မိန့်ဆိုထားသည်။ ကိယာမသ်နေ့တွင် ရှဟီဒီ အုပ်စုများတွင် ရှင်ပြန်ထရပေမည်။

တဖန် ကလေးကို ကောင်းမွန်စွာ မွေးဖွားပြီးသောအခါ အလ္လာဟ်အသျှင်မြတ်က ဖရစ်ရှ်သာ တစ်ပါးအား အမိန့်ပေး၍ ၄င်း ဖရစ်ရှ်သာက အမျိုးသမီးအား
လာရောက်ပြောကြားသည်မှာ - အို! ကလေး၏မိခင် ယခုအသင်မကိစ္စပြီးစီးသွားပြီ အသင်မက အသင်မ၏ မိဘနှစ်ပါးက မွေးဖွားစဉ်အပြစ်ကင်းသကဲ့သို့
ယခုအသင်မသည်လည်း အပြစ်အားလုံးမှ ကင်းစင်သွားပြီဖြစ်တယ်လို့ ပြောဆိုကြောင်း ဟဒီးစ်တော်တစ်ရပ်တွင် လာရှိပေသည်။

တဖန် မိခင်က ကလေးကို ကောင်းစွာ သရ်ဗီယသ်ပေး၏။ အလ္လာဟ် အလ္လာဟ် ဆိုတတ်အောင် သင်ပေး၏။ ဟဒီးစ်တော် တစ်ရပ်လာရှိသည်မှာ ကလေး၏ နှုတ်မှ ပထမဆုံး အလ္လာဟ်ဟု ရွတ်ဆိုသည်နှင့် မိဘနှစ်ပါး၏ ရှေးယခင်က အပြစ်များကို ပလပ်ချမ်းသာခွင့် ပြုလိုက်၏။

ကလေး (၄-၅)နှစ်အရွယ် ရောက်လာသော် ကုရ်အာန် သင်ယူရန်ကျောင်းသို့ ပို့သော် ကုရ်အာန်ကို ကြည့်၍ ဖတ်တတ်လာသော် ကုရ်အာန်ကိုကြည့်၍ ဖတ်တတ်သည့်အချိန်မှစ၍ မိဘနှစ်ပါး၏ ရှေးယခင် အပြစ်များမှ ပလပ်ချမ်းသာခွင့် ပေးလိုက်ပေသည်။

သားနှင့်သမီးကို ကုရ်အာန် အာဂုံဆောင်ဖြစ်အောင် ဟာဖီးဇ်ဖြစ်အောင် သင်ယူစေလျှင် ကိယာမသ်နေ့တွင် မိဘနှစ်ပါးအား နေထက်လင်းဝင်းစေသော
သရဖူဆောင်းပေးမည် ဖြစ်ကြောင်း ဟဒီးစ်တော်တစ်ရပ်တွင် လာရှိထားပေသည်။

“ အိမ်၏ အလုပ်များလုပ်ခြင်းအပေါ် ရရှိမည့်အကျိုးစ၀ါးဗ် ”
------------------------------------------------------------
အိမ်၏အလုပ်များကို လုပ်ကိုင်ဆောင်ရွက်သည့်အပေါ်တွင်လည်း အကျိုးစ၀ါးဗ် ရရှိပေသည်။ မည်သည့် အမျိုးသမီးသည် အိမ်၏အလုပ်ကို မလုပ်ဘဲရှိမည်နည်း။ အမျိုးသမီးတိုင်း

လုပ်ကြသည်။ အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းအိမ်တွင် စည်းကမ်းမဲ့ ဖရိုဖရဲဖြစ်နေသော ပစ္စည်းတစ်ခုကို စနစ်တကျ ကောက်သိမ်းလိုက်လျှင် ဂုနာဟ်တစ်ခု ပလပ်ခံရပြီး၊

စ၀ါးဗ်ကောင်းမှုတစ်ခုရရှိသွားသည့်အပြင် ဂျန္နသ်တွင်လဲ အဆင့်တစ်ခု မြင့်သွားကြောင်း ဟဒီးစ်တော်တစ်ရပ်တွင် လာရှိထားပေသည်။

အဆိုပါဟဒီးစ်တော်အရ အမျိုးသမီးများ နေ့စဉ် မြောက်မြားစွာ ကုသိုလ်ရရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ နီယသ်မှန်လျှင် စ၀ါးဗ်ရမည်။ နီယသ်မမှန်လျှင် စ၀ါးဗ်ရမည် မဟုတ်ပေ။ ပမာအားဖြင့် လူတစ်ယောက် အိမ်ဆောက်ပြီး ပြတင်းပေါက် ဖောက်၏။ အလင်းရောင်ရရန် နီယသ်ထားလျှင် စ၀ါးဗ်မရ။ အဇာန်သံကြားရန် နီယသ်ထားလိုက်ပါက စ၀ါးဗ်လည်းရမည်။ လေ၊ အလင်းရောင်လည်းရမည်။

ထိုနည်းအတိုင်း အိမ်တွင် ထမင်းဟင်း ချက်ပြုတ်သည့်အခါ ရေတစ်ခွက် ပိုထည့်လိုက်သည်။ အကယ်လို့ ဧည့်သည် ရောက်လာသော်၊ အိမ်နီးချင်းက အကူအညီ တောင်းခံလာ

သော် ပေးရန်နီယသ်ဖြင့် တကယ်တမ်းပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ စ၀ါးဗ်ရရှိသွားပေမည်။ ထိုစ၀ါးဗ်ကို မယူနိုင်သည့် အမျိုးသမီး အဘယ်မှာ ရှိနိုင်အံ့နည်း။ အမျိုးသမီးတိုင်း လွယ်လွယ်ကူကူနှင့် ရယူနိုင်သည်။

အလ္လာဟ်အသျှင်မြတ်က ကုရ်အာန်ကျမ်းမြတ်တွင် အမိန့်ရှိထားသည်မှာ ' အလ္လာအသျှင်မြတ်သည် အတွင်းစိတ်ထားသန့်အောင် ပြုသူများနှင့် အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းအောင်

ပြုသူတို့အား နှစ်သက် မြတ်နိုးတော်မူလေသည်။ '
အဆိုပါအာယသ်တောအရ အလ္လာနှစ်သက်စေဖို့ နီယသ်ဖြင့် အိမ်၏သန့်ရှင်းမှု၊ ကိုယ်ခန္ဓာ၏သန့်ရှင်းမှု စသည်တို့ကို ပြုလုပ်ကြရမည်။ စ၀ါးဗ်လည်း ရမည်။
အိမ်လည်း သန့်ရှင်းသွားပေမည်။ သေးငယ်သော ကိစ္စရပ်လေးများအပေါ် မသိနားမလည်ကြ၍ များစွာသော စ၀ါးဗ်များမှ လက်မဲ့ဖြစ်ကြရသည်။ အိမ်တွင် ကျနေသော ပစ္စည်း

တစ်ခုကို စနစ်တကျ ကောက်၍ထားလိုက်လျှင် စ၀ါးဗ်ကောင်းမှုတစ်ခုရ၍ ဂုနာဟ်တစ်ခု ပလပ်ခံရပြီး ဂျန္နသ်တွင် အဆင့်တစ်ခု မြင့်သွားမည်။

“ အိမ်ထောင်ပြုပြီး မိဘနှင့်တွေ့ရန် သွားသည့်အကျိုးစ၀ါးဗ် ”
--------------------------------------------------------------
ဟဒီးစ်တော်တစ်ရပ်တွင် လာရှိထားသည်မှာ မိန်းကလေးတစ်ဦး အိမ်ထောင်ကျပြီး ခင်ပွန်းသည်ထံမှ ခွင့်ပန်၍ မိဘနှစ်ပါးကိုတွေ့ရန် နီယသ်ဖြင့် လာခဲ့သော် ဤအမလ်ဖြင့်

အလ္လာဟ်အသျှင်မြတ် ကျေနပ်နှစ်သက်စေရန် ရည်စူးခဲ့သော် သူမ၏ခြေတစ်လှမ်းတိုင်းအပေါ်တွင် ကောင်းမှုတစ်ခုစီရရှိ၍ဂိုနာဟ်အပြစ်တစ်ရာပလပ်ချမ်းသာခွင့်ရရှိပြီး ဂျန္နသ်တွင် အဆင့်အတန်းတစ်ရာ မြင့်မားစေမည်။

မိဘထံရောက်လာပြီး မိဘနှစ်ပါးကို ချစ်ခင်ကြသော စိတ်ဖြင့်တစ်ကြိမ် ကြည့်လျှင် အလ္လာဟ်အသျှင်မြတ်သခင်လက်ခံပြီး အွမ္မရာဟ်နှင့် ဟဂ်ျတစ်ကြိမ်ပြုသည့် အကျိုးစ၀ါးဗ် ရရှိပေသည်ဟု ဟဒီးစ်တော်တစ်ရပ်တွင် လာရှိပေသည်။ ကြည့်သော အကြိမ်အရေအတွက်နှင့်အမျှ အကျိုးစ၀ါးဗ် ရရှိပေမည်။

လူတစ်ယောက် အခြားသူတစ်ယောက်ကို ကောင်းမှုလုပ်ငန်း တစ်ခုခုပြောပြလျှင် ထိုကောင်းမှုကို ထိုသူပြုလုပ်လိုက်လျှင် ပြောပြသူသည် ကောင်းမှုပြုသူနှင့် အတူ ထပ်တူထပ်မျှ အကျိုးစ၀ါးဗ်ရရှိပေမည်။ ကောင်းမှုပြုသူ၏ စ၀ါးဗ်မှာလည်း လျော့နည်းသွားမည် မဟုတ်ပေ။

ဟဒီးစ်တော်တစ်ရပ်၏ အလိုသဘောမှာ ကိယာမသ်နေ့တွင် လူတစ်ယောက်အား ရပ်တည်စေ၍ သူ၏အအ်မလ်စာရင်းများကို ပေးအပ်လိုက်သည်။
၎င်းစာရင်းကိုကြည့်လိုက်ရာ နှစ်ထောင်ချီ ဖတ်သော နမာဇ်စ၀ါးဗ်များ၊ ရိုဇာဟ်စ၀ါးဗ်များ၊ ဟဂ်ျနှင့်အွမ္မရဟ်စ၀ါးဗ်များ စသည့်ကောင်းမှုကုသိုလ် စ၀ါးဗ်များကိုတွေ့ရှိ၍ ၄င်းက

အလ္လာဟ်အသျှင်မြတ်ထံ လျှောက်တင်သည်မှာ- အို! အရှင်မြတ် ကျွန်တော်မျိုးသည် လောကတွင် နှစ်တစ်ရာပင် ပြည့်အောင် မနေခဲ့ရပါ။ ဤအအ်မလ်များသည် အခြားသူ၏ စာရင်းဖြစ်ပေလိမ့်မည်။ ကျွန်တော်မျိုးသည် ဟဂ်ျတစ်ကြိမ်၊ နှစ်ကြိမ်သာ ပြုခဲ့ဖူးပါသည်။ ဤအမလ်နာမာတွင် နှစ်ထောင်ချီသော ဟဂ်ျစ၀ါးဗ်များ ရေးသားထားပါသည်။ ဤသည် ကျွန်တော်မျိုး၏ အအ်မလ်နာမာမဟုတ်ပါဟု လျှောက်တင်ရာတွင် အလ္လာဟ်အသျှင်မြတ်က အမိန့်တော်ရှိသည်မှာ- အအ်မလ်နာမာကတော့ အသင့်ဟာပင် ဖြစ်သည်။

ဒါပေမဲ့ အသင်သည် အခြားသူများအား ဟဂ်ျ၊ အွမ္မရာဟ်၊ နမာဇ်၊ ရိုဇာဟ်၊ ဆွဒ်ကဟ်စသည့် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက် ထိုကောင်းမှုများကို ရာထောင်ချီသောလူတို့က ပြုလုပ်ကြသည့်အတွက် ၄င်းတို့ ပြုခဲ့သမျှ စ၀ါးဗ်များအားလုံး အသင်၏ အမလ်နာမာတွင် စာရင်းဝင်သွားပေသည်ဟု အမိန့်ရှိတော်မူလေသည်။

လူသည် နှစ်တစ်ရာမနေရပေမဲ့ နှစ်ထောင်ချီသောကုသိုလ်စ၀ါးဗ်များကိုတော့ရယူနိုင်ပေသည်။
သို့ဖြစ်၍ အချင်းချင်း ကောင်းမှုလုပ်ငန်းများကို ပြုလုပ်ရန် တိုက်တွန်းသင့်ပေသည်။

Credit : သူရိန်လင်း

အိစ်သေခါရာလုပ်နည်းနှင့်ဒိုအာ (၂)

အဓိပ္ပါယ်

အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ အကြွင်းမဲ့သိတော်မူသော ဉာဏ်ကို အားထားလျှက် အရှင့်ထံတော်မှကောင်းကောင်းကြောင်းကို တောင်းခံပါ၏ အရှင်မြတ်၏ အကြွင်းမဲ့တတ်စွမ်းနိုင် ခြင်းကို အားထားကာ ကျွန်တော်မျိုးအား စွမ်းစောင်နိုင်မှုပေးသနားတော်မူပါရန် တောင်းခံပါ၏ အရှင်မြတ်၏ ကြီးကျယ်မြင့်စွင့်တော်မူသော ကူညီစောင်မမှုများကို မျှော်ကိုးအားထားတောင်းခံပါ၏ မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့စွမ်းစောင်နိုင်တော်မူပါသည်။ ကျွန်တော်မျိုးတွင် တတ်စွမ်းနိုင်ခြင်းမရှိပါ။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူပါသည်။ ကျွန်တော်မျိုးတွင် အကြွင်းမဲ့သိခြင်းမရှိပါ။ အရှင်မြတ်သည်သာ လျှင် အကွယ်အကာဟူသမျှကို အကြွင်းသိမြင်တော်မူသော အရှင်ဖြစ်ပါသည်။

အို အလ္လာဟ်အရှင်မြတ် အကယ်၍ ဤ အလုပ် (မိမိလုပ်လိုသည့်အလုပ်ကို ရည်စူးရန်) သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သာသနာရေး၊ အသက်ရှင်သန်ရေးနှင့် နောင်ရေးကိစ္စများတွင် ကောင်းခြင်းမင်္ဂလာရှိမည်ဟု အရှင်မြတ်သိရှိတော်မူထားပါလျှင် ယင်းကိစ္စကို ကျွန်တော်မျိုးအတွက် ဖြစ်မြောက်စေတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက်ယင်းကိစ္စတွင် တိုးပွားမှုအဖြာအဖြာ ပေးသနားတော်မူပါ။ အကယ်၍ ဤအလုပ် (မိမိလုပ်လိုသည့်အလုပ်ကို ရည်စူးရန်) သည်ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သာသနာရေး၊ အသက်ရှင်သန်ရေးနှင့် နောင်ရေးကိစ္စများတွင် မကောင်းဖြစ်မည်၊ အဆိုးဖြစ်မည်ဟု အရှင်သိရှိတော်မူထားပါလျှင် ယင်းကိစ္စကို ကျွန်တော်မျိုးထံမှ လွှဲဖယ်စေတော်မူပါ။ ထို့ပြင် မည်သည့်နေရာ၌မဆို ကျွန်တော်မျိုးအတွက် ကောင်းခြင်းအပေါင်းကို သတ်မှတ်ပေးတော်မူပါ။ ထို့နောက်ယင်းကိစ္စကို ကျွန်တော်မျိုးအဖို့ အရှင်နှစ်မြို့တော်မူပါ။

(မှတ်ချက်)။ ။ မျဉ်းသားထားသောနေရာတို့တွင် မိမိဆန္ဒထားရှိသော (အိမ်ထောင်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး) စသည်တို့ကို အာရုံပြုလိုက်ပါ။

ရှေးယခင် သူတော်စဉ်ကြီးများက အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် သန့်ပြန့်သောအိပ်ယာပေါ်တွင် ကိဗလဟ်ဖက်သို့မျက်နှာမူလျှက် ၀ူဇူဖြင့်အိပ်စက်ရမည်။ အိပ်ရာမှပြန်ထသောအခါ စိတ်အတွင်း၌ အခိုင်အမာပေါ်ပေါက်လာသောအကြောင်းသည် အသင့်အတွက် အကောင်းဆုံးဖြစ်သောကြောင့် ထိုအတိုင်းပင် ပြုလုပ်ဆောင်ရွက်ရမည် ဟု မိန့်ထားသည်။ (ဒီးန်ကီးဗာသီးန်၊ ဟဇရသ်ထာနဝီ)

အစ္စသိခါရဟ်ပြုလုပ်ရန်အချိန်အကန့်အသတ်မရှိ

အချို့လူများသည်ကား ညအိပ်စက်အနားယူသည့်အခါမှသာ (သို့မဟုတ်) အိရှာနမာဇ်ဝတ်ပြုပြီးမှသာ အစ္စသိခါရဟ်ပြုလုပ်ရသည်ဟု လွဲမှားစွာ လှေနံဓါးထစ် သတ်မှတ်ထားကြသည်။ ထိုသို့သတ်မှတ်ဆုံးဖြတ်ထားရန်မလိုပေ။ အခွင့်ကြုံလျှင် ကြုံသည့်အလျောက် အစ္စသိခါရဟ်ပြုခွင့်ရှိသည်။ ည၊ နေ့၊ အိပ်စက်ချိန်၊ နိုးကြားချိန် အစရှိသည့်ကန့်သတ်ချက်များလည်း မရှိပေ။

ညအခါတွင် စိတ်တည်ငြိမ်မှုရှိနေတတ်ကြသောကြောင့် များသောအားဖြင့် ညတွင် အစ္စသိခါရဟ်ပြုလုပ်လေ့ရှိကြသည်။

အချို့လူတို့သည် လုပ်ငန်းဆောင်တာများအတွက် အစ္စသိခါရဟ်ပြုခြင်းကိုသာ အဓိကထားတတ်ကြပြီး အရေးကြီးလှသည့် အမလ်တစ်ခုဖြစ်သည့် မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးမှုကို လက်လွှတ်ထားကြသည်။ ကိစ္စရပ်တစ်ခုခုအတွက် အစ္စသိခါရဟ်ပြုလုပ်လိုသည့်အခါ ထိုကိစ္စနှင့်ပတ်သက်၍ မိမိမိတ်ဆွေများ၊ အကြီးအကဲများ၊ သိနားလည်တတ်ကျွမ်းသူများနှင့်လည်း မရှ်ဝါရဟ် လုပ်ရမည်။ မရှ်ဝါရဟ်လုပ်ခြင်းမှာ ကျမ်းမြတ်ကုရ်အာန်လာ အမိန့်တော်အရဖြစ်သည့်အပြင် ဟဒီးစ်တော်များတွင်လည်း မရှ်ဝါရဟ်လုပ်ကြရန် အတွက် အလေးအနက်တိုက်တွန်းထားတော်မူသည်။

အိပ်မက်ရရန်အဓိကမဟုတ်

အချို့လူတို့သည် အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် အိပ်မက် မက်မည်။ အိပ်မက်တွင် ထိုအလုပ်နှင့်ပတ်သက်၍ လုပ်သင့်မလုပ်သင့် လမ်းညွှန်မှုပေးမည်ဟု သိမှတ်ထားကြသည်။ အစ္စသိခါရဟ်ပြု လုပ်လိုက်သည့်အပေါ် အိပ်မက်ရရန် အရေးမကြီးသည့်အတွက်ကြောင့် အိပ်မက်ဖြင့် ထိုအလုပ်လုပ်သင့်၊ မလုပ်သင့် တိတိကျကျသိစေမည်ဟု ယတိပြတ်မှတ်ယူခြင်းများမပြုလုပ်ရန် သတိထားရမည်။ အိပ်မက်ရလိုက ရမည်၊ မရလျှင်လည်း အကြောင်တစ်စုံတစ်ရာမရှိကြောင်း ကောင်းစွာသိရှိထားရမည်။

အစ္စသိခါရဟ်ပြုလုပ်ခြင်း၏ရလဒ်

အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် များသောအားဖြင့် ကာယကံရှင်၏စိတ်သည် တစ်ဘက်သို့ အခိုင်အမာရောက်ရှိနေတတ်သောကြောင့် ထိုစိတ်ကူးရရာကို ဦးစားပေးလုပ်ရသည်။ အကယ်၍ လတ်တလောအားဖြင့် စိတ်သည် တစ်ဘက်ဘက်သို့ အခိုင်အမာရောက်ရှိခြင်းမရှိဘဲ ဇဝေဇဝါဖြစ်နေသော်လည်း အလ္လာဟ်အရှင်မြတ်က မိမိနှင့်သဟဇာတဖြစ်သည့်ကိစ္စကို စီရင်ဆုံးဖြတ်တော်မူကြောင့် အစ္စသိခါရဟ်ပြုရကျိုးနပ်ပေပြီ ဟုပညာရှင်အချို့က ဖွင့်ဆိုထားကြသည်။ အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် ဗန္ဓဟ်ကိုယ်တိုင်ကပင် စိတ်ကူထင်မှတ်ခဲ့ခြင်းမရှိသော်လည်း မိမိနှင့်သဟဇာတဖြစ်မည့် လိုက်လျောညီထွေမှုရှိသည့် အခြေအနေများ ဖြစ်ပေါ်လာတတ်သည်။

ပမာအားဖြင့် လူတစ်ဦးသည် လမ်းတစ်ခု(သို့) ကိစ္စတစ်ခုကို အလွန်ကောင်းသည်ဟုမှတ်ယူ နေရာမှ ရုတ်တရတ် အတားအဆီးများဆိုက်ရောက်လာလေရာ အလ္လာဟ်အရှင်မြတ်က ဖယ်ရှားပေးတော်မူလိုက်သည်။

အလားတူပင် အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် လူသားနှင့် သဟဇာတဖြစ်မည့်ကိစ္စများကို အလ္လာဟ်အရှင်မြတ်က ဖန်တီးပေးတော်မူမည်ဖြစ်၍ လတ်တလောတွင်မူ လူသားသည်ကောင်းခြင်းကောင်းရာ မည်သို့မည်ပုံ မည်သည့်နေရာတွင်ရှိနေသည်ကို သိနားလည်နိုင်မည်မဟုတ်။ အလ္လာဟ်အရှင်မြတ်ကသာ စီရင်ဆုံးဖြတ်သတ်မှတ်ပေးတော်မူပေမည်။ တစ်ခေါက်တည်း အစ္စသိခါရဟ်ပြုလုပ်သည့်အပေါ် ထူးခြားမှုတစ်စုံတစ်ရာလည်းမတွေ့ရှိရ၊ စိတ်၏ရှုပ်ထွေးမှုသံသယသည်လည်း မပျောက်ပြယ်လျှင် ဒုတိယနေ့တါင် တဖန် အစ္စသိခါရဟ်လုပ်ပါ။ ဤနည်းအတိုင်း ခုနှစ်ရက်တိုင်ပြုလုပ်ပါက အင်န်ရှာအလ္လာဟ် မုချဧကန် ထိုအမှုကိစ္စ၏ အကောင်းအဆိုးနှစ်ရပ် ကို ခွဲခြားသိရှိရပါလိမ့်မည်။ (ဒီးန်ကီးဗါသီးန်၊ ဟဇရသ်ထာနဝီ)