Friday, June 28, 2013

အစ္စလာမ်ကိုဓါးမိုး၍ ဖြန့်ချီခဲ့တာလား

အမေး

ဓါးမိုးပြီး သာသနာ ဖြန့်ခဲ့တဲ့အတွက် အစ္စလာမ်ကို ငြိမ်းချမ်းရေး ဘာသာတ ရားလို့ ဘယ်လိုလုပ် ခေါ်ဆိုနိုင်မှာလဲ။

အဖြေ

မွတ်စလင်မဟုတ်သူ တချို့ကြားမှာ ဘဝင်မကျစွာနဲ့ ပြောဆို ဝေဖန်လာကြတဲ့ သူအချို့က အဓမ္မနည်းကို အသုံးပြုပြီး အစ္စလာမ်ကို မဖြန့်ချီခဲ့ပါဘူးဆိုရင် ဘယ်လို လုပ်ပြီး ဒီဘာသာကို ယုံကြည်သူ သန်းပေါင်း များစွာ ရှိရတာလဲဆိုတဲ့ စောဒက တင်လာကြပါတယ်။ ဓါးမိုးပြီး သာသနာ ပြုတာ မဟုတ်တဲ့ အကြောင်းကို အောက်ပါ အချက်အလက်တွေက ရှင်းလင်းသွားစေမှာပါ။ အစ္စလာမ် အလျင်အမြန် ကြီးထွား ပြန့်ပွားလာရ တာကတော့ သစ္စာတရား၊ ဆင်ခြင်တုံတရားကျပြီး ကျိုးကြောင်းခိုင်လုံမှုနဲ့ ယုတ္တိဗေဒဆိုတဲ့ ရှိရင်းစွဲ အင်အားကြောင့်သာ လက်ခံ ယုံကြည်သူများ လာတာ ဖြစ်ပါတယ်။

[၁]။ အစ္စလာမ်သည် ငြိမ်းချမ်းရေး ဆိုလိုသည်

အစ္စလာမ်က ဆလာမ် ဆိုတဲ့ ရင်းမြစ်ဝေါဟာရက လာပါတယ်။ငြိမ်းချမ်းရေး လို့ အဓိပ္ပါယ်ရတယ်။ မိမိရဲ့အလိုကို အလ္လာဟ့်ထံမှာ လုံးဝ ယုံပုံ အပ်နှံ ကျိုးနွံခြင်းလို့လဲ ဆိုပါတယ်။ ဒါကြောင့် အစ္စလာမ်က ငြိမ်းချမ်းရေးဘာသာတရား ဖြစ်တယ်။ ဒီအတွက် အချုပ်အချာဖြစ်တဲ့ ဖန်ဆင်းရှင် အလ္လာဟ်ရဲ့ အလိုတော်အတိုင်း မိမိရဲ့အလိုကို ကျိုးနွံပုံအပ်ခြင်း သွားဖို့ လိုပါတယ်။

[၂]။ တစ်ခါတစ်ရံတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အင်အား သုံးရပါသည်

ဒီကမ္ဘာမှာ လူတိုင်းလူတိုင်းက ငြိမ်းချမ်းရေးနဲ့ စိတ်သဘောထား ညီညွတ်မှုကို တည်စေလိုကြတာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ ကိုယ်ကျိုး စီးပွားသက်သက်ကို ကြည့်ပြီး ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီး ပြုနေတဲ့ သူတွေ အများကြီးပါပဲ။ တစ်ခါတရံမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် အင်အားကို သုံးကြရပါတယ်။ ဒီအကြောင်းခံနဲ့ ကွက်တိဖြစ်အောင်လို့ နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ရာဇဝတ်ကောင်များနဲ့ လူမှုဝန်းကျင်ကို ဖျက်လိုဖျက်ဆီး ပြုနေကြမှုကို ဆန့်ကျင်နှိမ်နင်းဖို့အတွက် ဆိုပြီး ရဲတွေကို ဖွဲ့စည်းထားကြရတာပါ။ အစ္စလာမ်က ငြိမ်းချမ်းရေးကို အားပေးတယ်။ တိုးမြှင့်ပေးပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စလာမ်က ယင်းရဲ့ အယူဝင်တွေကို ဖိနှိပ်ညှင်းပမ်း မတရားပြုမှုတွေ ကြီးစိုးလာ နေရင်တော့ တိုက်ပွဲဝင်တွန်းလှန်သွားဖို့လဲပဲ နှိုးဆော် တိုက်တွန်းထား ပါတယ်။ အဲဒီလို အခါမျိုးကျတော့ မတရား ဖိနှိပ် ညှင်းပမ်းမှုကို ဆန့်ကျင် တိုက်ပွဲဝင်ဖို့က အင်အားသုံးဖို့ လိုအပ်လာတတ်ပါတယ်။ ဒါကလဲ ငြိမ်းချမ်း ရေးနဲ့ တရားမျှတမှုကို တိုးမြှင့်သွားစေဖို့အတွက်ကိုသာ သုံးစွဲသွားရ တာမျိုးပါ။


[၃]။ သမိုင်းပညာရှင် ဒီ လာစီ အို လီယာရီ ၏ အမြင်

အစ္စလာမ်က ဓါးမိုးပြီး သာသနာပြုခဲ့တာပဲရယ်လို့ အထင်အမြင် လွဲမှားနေမှုနဲ့ ပတ်သက်ပြီး ထင်ရှား ကျော်ကြားတဲ့ သမိုင်းပညာရှင်ကြီး ဒီလာစီ အိုလီယာရီ ရေးသားတဲ့ (Islam at the Cross Road) (လမ်းခွဆုံမှ အစ္စလာမ်ဘာသာ) စာအုပ် စာမျက်နှာ - ၈ မှာ ရေးသား ထားချက်က အကောင်းဆုံး ဖြေကြားချက်ပါပဲ။

“သမိုင်းအရ အရှင်းကြီး ရှင်းနေတာကတော့ အယူသီးမွတ်စ လင်တွေက ဓါးမိုးပြီး အဓမ္မနည်းနဲ့ ကမ္ဘာတလွှားက လူတွေကို အောင် နိုင်ခဲ့တယ် ဆိုပြီး ဆိုနေ ပြောနေခြင်းဟာ သမိုင်းဆရာများဘက်က ထပ်ပြန်တလဲလဲ အလွန်အကျူး ဖြစ်ကို ဖြစ်နိုင်ချေ မရှိဆုံးသော ဒဏ္ဍာရီ ယုံတမ်းစကားကြီးကို ဆိုနေတာပါပဲ ဖြစ်ပါသတဲ့” ခင်ဗျား။

[၄]။ မွတ်စလင်တို့သည် စပိန်နိုင်ငံကို နှစ်ပေါင်း ၈၀ဝ တိုင် အုပ်စိုးခဲ့သည်

မွတ်စလင်တွေဟာ စပိန်နိုင်ငံကို နှစ်ပေါင်း ၈၀ဝ တိုင် အုပ်စိုး သွားခဲ့တယ်။ စပိန်က မွတ်စလင်တွေဟာ တိုင်းသူပြည်သားတွေ အစ္စလာမ် ကို ကူးပြောင်းလက်ခံလာရေးအတွက် ဘယ်တုံးကမှ ဓါးမိုးပြီး အတင်း အဓမ္မ မပြုခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ခရူးဆိတ်ဝါဒီ ခရစ်ယာန် ဘာသာဝင်တွေ စပိန်ကို ဝင်ရောက်လာ့ရော မွတ်စလင်တွေကို မောင်းနှင် ထုတ်ပစ်တော့တာပါပဲ။ ဝတ်ပြုရန်ဆင့်ခေါ်တဲ့ အဇာန် ကြွေး ကြော်သံ ကိုတောင် ပွင့်ပွင့်လင်းလင်း ပေးမဲ့ မွတ်စလင်ဆိုလို့ တစ်ဦးတစ်ယောက် တောင်မှ မရှိ ဖြစ်ခဲ့ရပါတယ်။

[၅]။ ၁၄ သန်းသော အာရဗ်များသည် ကော့ပတစ် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်

မွတ်စလင်များဟာ အာရေဗျအရှင်သခင်များဖြစ်ခဲ့ကြတာဟာ နှစ်ပေါင်း ၁၄၀ဝ ရှိခဲ့ပြီလေ။ အာရေဗျကို နှစ်အနည်းငယ် ဗြိတိသျှတို့က ကြီးစိုးခဲ့ပြီး ပြင်သစ်တို့ကလည်း နှစ်အနည်းငယ် အုပ်စိုးခဲ့ကြတယ်။ ခြုံပြီးပြောရရင် မွတ်စလင်တွေ အာရေဗျကို အုပ်ချုပ်ခဲ့တာက နှစ်ပေါင်း ၁၄၀ဝ ရှိခဲ့ပါပြီ။ ဒီနေ့ထိ မျိုးရိုးစဉ်ဆက် ခရစ်ယာန်ဖြစ်နေသေးတဲ့ ကော့ပတစ်ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြတဲ့ အာရဗ်လူမျိုးက ဒီဒေသမှာ ၁၄ သန်း ရှိနေပါတယ်။ တကယ်လို့ မွတ်စလင်တွေကသာ ဓါးမိုးပြီး သာသနာပြုခဲ့မယ်ဆိုရင် ခရစ်ယာန်ဘာသာဝင်ဆိုတဲ့ အာရဗ်လူမျိုး တစ်ယောက်ကိုတောင်မှ တွေ့ရမှာ မဟုတ်ပါဘူး။

[၆]။ အိန္ဒိယတွင် မွတ်စလင်မဟုတ်သူဦးရေက သန်း ၈၀ ကျော် ရှိသည်

မွတ်စလင်တွေက အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း တစ်ထောင်ခန့် အုပ်ချုပ်ခဲ့တယ်။ သူတို့သာဆန္ဒရှိခဲ့ရင် အိန္ဒိယမှာ ရှိတဲ့ မွတ်စလင် မဟုတ်တဲ့သူတွေကို တစ်ဦးမကျန် အစ္စလာမ်ဘာသာကို ကူးပြောင်းလက်ခံ ကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ဆို အိန္ဒိယမှာ လူပေါင်း သန်း ၈၀ ကျော်ဟာ မွတ်စလင် မဟုတ်တဲ့သူတွေပဲ။ အဲဒီမွတ်စလင်မဟုတ်တဲ့ အိန္ဒိယနိုင်ငံသား အားလုံးက အစ္စလာမ်ဟာ ဓါးမိုး သာသနာပြုခဲ့တာ မဟုတ်ကြောင်းကို သက်သေခံနေကြပါတယ်။

[ရ]။ အင်ဒိုနီးရှား နှင့် မလေးရှား

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မွတ်စလင်လူဦးရေ အများဆုံး နိုင်ငံကြီးတစ်ခုပဲ။ မလေးရှားနိုင်ငံမှာဆိုရင်လဲ လူများစုကြီးက မွတ်စလင် များ ဖြစ်ကြပါတယ်။ ဘယ်မွတ်စလင်စစ်တပ်ကြီးကများ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကို ရောက်ခဲ့သတုံးဗျလို့ တစ်ဦးဦးအနေနဲ့ မေးတောင် မေးနိုင်မှာလား။ လုံးဝ ရောက်မှ မရောက်ခဲ့ဘဲ။

[၈]။ အာဖရိက အရှေ့ကမ်းရိုးတန်းဒေသ

အလားတူပဲ အစ္စလာမ်ဟာ အာဖရိက အရှေ့ကမ်းရိုးတန်း ဒေသမှာပဲ အလျင်အမြန် ပြန့်ပွားသွားခဲ့ရတာပါ။ ကဲ . . . ဒီမှာလဲပဲ တစ်ဦးဦးအနေနဲ့ “အာဖရိက အရှေ့ကမ်းရိုးတန်းဒေသကို ဘယ်မွတ်စလင် စစ်တပ်ကြီးကများ သွားရောက်ခဲ့ပါသလဲလို့ ထပ်ပြီး မေးမယ်ဆို မေးလို့ ရပါသေးတယ်။ ရောက်မှ မရောက်ခဲ့ဘဲ။

[၉]။ သောမတ်(စ) ကာလိုင်း(လ)

ထင်ရှားကျော်ကြားတဲ့ သမိုင်းပညာရှင်ကြီး သောမတ်(စ) ကာလိုင်း(လ) က သူရေးတဲ့ Heroes and Hero Worship (သူရဲကောင်းများနဲ့ သူရဲကောင်း ကိုးကွယ်မှု) ဆိုတဲ့ စာအုပ်ထဲမှာ “ဓါး ဟုတ်လား၊ ဒီဓါးကို ဘယ်ကရတာလဲ။ အမြင်သစ် အယူအဆအသစ်ကို တင်ပြတိုင်း တင်ပြတိုင်း အစပိုင်းမှာဆို လက်ခံသူက လူနည်းစုမှ လူနည်းစုပဲ။ လူတစ်ဦးရဲ့ ခေါင်းကနေပဲ တွက်ခဲ့ရတာပါ။ ဒါက ထုံးစံပဲ။ ကမ္ဘာတစ်ခုလုံးမှာမှ တစ်ဦး တည်းပဲ ယုံကြည်ခဲ့ရင်လဲ ဒီတစ်ခုတည်းကို တစ်ကမ္ဘာလုံးက လူတွေက ဝိုင်းပြီး ဆန့်ကျင်ကြမှာပဲ။ ဒီတော့ သူက ဓါးဆွဲပြီး ဒါကို ဖြန့်ချီဖို့ ကြိုးစားခဲ့ရင်လဲ သူ့အတွက်က မဆိုစလောက် လေးသာ လုပ်နိုင်မှာပါ။ သင့်အနေနဲ့ ဓါးကတော့ ထားထားရမှာပဲ။ခြုံပြီးကြည့်ရင် အချင်းအရာ တစ်ရပ်က သူ့သဘော သူဆောင် ပြီးမှသာ ပြန့်ပွားသွားရတာမျိုးပါ” တဲ့။ ဒါကတော့ အစ္စလာမ်ကို ဓါးမိုးပြီး ဖြန့် ချိခဲ့တယ်ဆိုတဲ့ ဒီအထင်မှား အမြင်မှား အချက်နဲ့ ပတ်သက်လို့ သူ့ဖက်က ရည်ညွှန်းပြီး ရေးသားသွားခဲ့ပါတယ်။

[၁၀]။ ဘာသာတရားတွင် အဓမ္မမှု မရှိစေရ

ဒါဆို အစ္စလာမ်က ဘာဓါးနဲ့ ပြန့်ပွားသွားခဲ့ရတာလဲ။ မွတ်စလင် တွေမှာ ဓါးရှိနေရင်တောင်မှ အစ္စလာမ် ပြန့်ပွားသွားအောင် ဖြန့်ချိရေးမှာ ဒါကို သုံးလို့ မရပါဘူး။ ကုရ်အာန်က အခုလို ဆိုထားလို့ပါပဲ။

“ဘာသာရေးတွင် အဓမ္မမှု မရှိစေရ။ သစ္စာအမှန်တရား သည် မိစ္ဆာအယူမှ လုံးလုံး ရှင်းရှင်းလင်းလင်းကြီး ကွဲကွဲပြားပြားကြီး ရှိနေချေသည်။”

[ အလ် ကုရ်အာန် ၂း ၂၅၆ ]

[၁၂]။ အသိဥာဏ်ရဲ့ ဓါး

ဒီဓါး ကတော့ အသိဥာဏ်ဆိုတဲ့ ဓါးပါပဲ။ လူတွေရဲ့ နှလုံးသား တွေနဲ့ စိတ်တို့ကို အောင်နိုင်တာက အသိဥာဏ်ပဲလေ။

ကျမ်းတော်မြတ်ကုရ် အာန် စူရာဟ် နဟလ် (စူရာဟ် ၁၆၊ ပါဒ ၁၂၅) မှာ ဆိုထားတာက ...

“အသင်တို့၏ အရှင်သခင်ရဲ့လမ်းစဉ်ကို အသိအလိမ္မာ ဥာဏ်ပညာနှင့် စုံမက်ဖွယ်ရာ ဟောပြောပို့ချချက်နှင့် (အားလုံးကို ဖိတ်ခေါ်ကြကုန်။ သူတို့တတွေနှင့် အကောင်းဆုံးနှင့် အယဉ်ကျေးဆုံး အဖွယ်ရာဆုံးနည်းလမ်းများဖြင့် အခြေအတင် ဆွေးနွေးပြော ဆိုကြကုန်။”ပါတဲ့ခင်ဗျား။

[ အလ် ကုရ်အာန် ၁၆း ၁၂၅ ]

[၁၃]။ ကမ္ဘာ့ဘာသာတရားများတွင် ၁၉၃၄ နှစ်မှ ၁၉၈၄ ခုနှစ် အထိ နှစ်ငါးဆယ်ကာလအတွင်းမှာ ယုံကြည်သူဦးရေ တိုးပွားလာမှု

ရီဒါး ဒိုင်ဂျက်(စ) မဂ္ဂဇင်းကြီးရဲ့ ၁၉၈၆ ခုနှစ်ရဲ့ လက်စွဲစာအုပ် ထဲက ဆောင်းပါးတစ်ခုမှာ ၁၉၃၄ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ရာစုနှစ် ဝက်အတွင်းမှာ ကမ္ဘာ့အဓိက ဘာသာတရားကြီးများရဲ့ လူဦးရေ တိုးတက်မှု စာရင်း ဇယားကို တွက်ချက်ပြထားပါတယ်။ ဒီဆောင်းပါးကို ပလိန်းထရုသ် (The Plain Trulth) ဆိုတဲ့ မဂ္ဂဇင်းမှာလည်း ထပ်ထည့်ထားပါတယ်။ တိုးနှုန်း အမြင့်ဆုံးက အစ္စလာမ်ပဲ။ ၂၃၅ ရာခိုင်နှုန်းထိ တိုးတယ်။ ခရစ်ယာန်ဘာသာတရားက ၄၇ ရာခိုင်နှုန်းပဲ တိုးပါတယ်။ ကဲ . . . ကျွန်တော် မေးပြီ။ ဒီရာစုနှစ်ကြီးမှာ ဘယ်စစ်ပွဲကြီးတွေကို တိုက်ခဲ့လို့ လူတွေသန်းပေါင်းများစွာကို ဘာသာပြောင်းသွားစေခဲ့ရတာလဲ။

[၁၄]။ အမေရိကနှင့် ဥရောပတို့တွင် ကြီးထွားနှုန်း အမြန်ဆုံးသော ဘာသာတရားမှာ အစ္စလာမ် ဖြစ်သည်

ဒီကနေ့ဆို အမေရိကမှာ ကြီးထွားနှုန်း အမြန်ဆုံးသော ဘာသာ တရားကြီး ဖြစ်နေသလို ဥရောပမှာ ကြီးထွားနှုန်း အမြန်ဆုံးသော ဘာသာ တရားကလည်း အစ္စလာမ် ပါပဲ။ အနောက်တိုင်းက လူပေါင်းများစွာက အစ္စလာမ်ကို လက်ခံ လာခဲ့ကြရတာဟာ ဘယ်ဓါးနဲ့ ဘယ်အင်အား သုံးခဲ့လို့ပါလဲ။

[၁၅]။ ဒေါက်တာ ဂျိုးဇက် အဒမ် ပီယာဆင်ဒေါက်တာ ဂျိုးဇက် အဒမ် ပီယာဆင် အမှန်အကန် ပြောပြ သွားခဲ့တာက "အာရဗ်တွေရဲ့ လက်ထဲမှာသာ တစ်နေ့ နျူးကလီးယား ဗုံးတွေ ရောက်သွားခဲ့ရင်ဆိုပြီး အစိုးရိမ်ကြီးနေတဲ့သူတွေရှိတယ်။ ဒီလူတွေဟာ တမန်တော်မုဟမ္မဒ် (صلي الله عليه و سلم) သခင် ဖွားသန့်စင်တော်မူတဲ့ နေ့ကတည်းက "အစ္စလာမ်"ဆိုတဲ့ ဗုံးကြီး ကြဲချပြီးခဲ့ပြီဆိုတာကို မမြင်လိုက်ကြတဲ့သူတွေပဲ"တဲ့။

မူရင်း ဖြေဆိုရေးသားသူ Dr Zakir Naik

ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

ဖာထီးဖိုးခွား ၏စာမျက်နှာမှ ရှယ်ပါသည်။

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။



Thursday, June 27, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 5 -)

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း   (အပိုင်း - 5 -)


ရိုဇဟ် ပျက်စေသောအချက်များ

ရိုဇဟ် ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ - ရိုဇဟ် ပျက်၍ ထို(၁)ရက်အစား ကဿွာ(၁)ရက်သာ ပြန်ဖြည့်ရ၏။ ဒုတိယတစ်မျိုးမှာ ရိုဇဟ် ပျက်၍ ကဿွာဖြည့်ရမည့်အပြင် ကဖွာရာဟ်လည်း ထိုက်၏။

အောက်ပါအချက်များဖြင့် ''ရိုဇဟ်'' ပျက်၍ ကဿွာသာဖြည့်ရ၏။

(၁) ''ဆွိယာမ်''စောင့်ထိန်းသော သူ၏ ပါးစပ် အတွင်းသို့ အခြားသူ တစ်ဦးဦးက စားစရာ တစ်ခုခု အတင်း ထိုးထည့်၍ လည်ချောင်းအတွင်း ဝင်သွားခြင်း၊
(၂) ''ဆွိယာမ်''စောင့်ထိန်းထားကြောင်း သတိ ရှိလျက်နှင့် ၀ူဇူလုပ်နေစဉ်၊ သို့ ရေချိုးစဉ် လည်ချောင်း အတွင်း ရေဝင်သွားခြင်း၊
(၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည် မျိုချခြင်း၊
(၄) လက်ထိုး၍ ပါးစပ်အပြည့် အန်ချခြင်း၊
(၅) ကျောက်ခဲ (သို့)မြေကြီး (သို့) အုတ်ခဲစ (သို့) သစ်စေ့ (သို့) စက္ကူစ စသည့် လူသားများ စားလေ့ မရှိသော အရာကို မျိုချခြင်း၊
(၆) သွားကြား ညှပ်နေသော ကုလားပဲစေ့ခန့်မျှ (သို့) ထိုထက်ကြီးသော အစားအစာ တစ်ခုကို လျှာဖြင့် ကလော်၍ မျိုချခြင်း၊
(၇) ရောဂါတစ်စုံတစ်ရာကြောင့် ဤမျှခန့်သွေးများ (သို့) ပြည်များ သွားမှထွက်လာ၍လည်ချောင်းထဲဝင်သွားခြင်း အကြင်သွေး (သို့) ပြည်သည်အချိန်အဆ၌ တံတွေးနှင့်တန်းတူဖြစ်သွားခြင်း၊ (သို့) တံတွေးထက်ပို၍များသွားခြင်း၊
(၈) မေ့လျော့၍ စားသောက်မိပြီး ''ရိုဇဟ်'' ပျက်ပြီဟု ထင်၍ ထပ်မံ စားသောက်ခြင်း၊
(၉) အရုဏ်တက်ချိန် (စွတ်ဗ်ဟိစွာဒစ်က်) ရောက်ပြီးသောအခါ မိုးသောက်ချိန် မရောက်သေးဟု ထင်၍ စားသောက်မိခြင်း၊
(၁ဝ) ရမ်ဿွန်လမှအပ၊ အခြား ရက်တွင်ထားသော နဖစ်လ်''ရိုဇဟ်''ကို တမင်ဖျက်ခြင်း၊
(၁၁) နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီဟု ထင်၍ အိဖ်သာရီ ပြုမိခြင်း။
(၁၂) မိမိ၏ဇနီးသည်အား နမ်းရှုံ့ခြင်းကြောင့် သုတ်ရည်ထွက်သွားခြင်း။
(၁၃) နားနှင့်နှာခေါင်းတွင်းသို့ စိုသောဆေးအားထည့်ခြင်း၊ (သို့) ခြောက်သွေ့သော ဆေးမှုံ့ ထည့်ခြင်း၊ ၎င်းဆေးသည် လည်ချောင်းနှင့် ဦးနောက်ထဲသို့ ရောက်သွားရန် ယုံကြည်ချက်ရှိနေခြင်း။
(၁၄) အိမ်ပျော်နေသူ အေဟ်သေလာမ် (အိမ်မက်မက်ပြီး)ဖြစ်၍ ရိုဇာဟ်ပျက်ပြီထင်၍ ၀ါဖြေလိုက်ခြင်း။
(၁၅) ပါးစပ်အပြည့်အံခြင်း။
(၁၆) လောဘန် (သို့) အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ဆေးတံအခိုး၊ ဆေးလိပ်အငွေ့ အစရှိသည့်အရာများ၏ အငွေ့ကိုရည်ရွယ်ပြီး နှာခေါင်းတွင် ရှုရှိုက်ခြင်း၊ လည်ချောင်းတွင် ၀င်သွားခြင်း။
(၁၇) ပါးစပ်ထဲသို့ မျက်ရည် (သို့) ချွေးစက်များဝင်ရောက်သွားခြင်း၊ ၎င်းအရာများ၏ အရသာကို သိရှိခံစားရပြီးနောက် မျိုချလိုက်ခြင်း။
(၁၈) မိမိ၏လက် အကြောင်းပြု၍ မိမိ၏ ရှဟ်ဝသ် (ရမ္မက် ဆန္ဒ) အားဖြည့်ဆီးခြင်း။
(၁၉) သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြင်ပရှိအရာတစ်ခုခုကို ပါးစပ်တွင်ထည့်၍ မျိုချခြင်း။
(၂၀) ဂက်(စ)ပန့် (INHALER) ရင်ကြပ်ပန်းနာ ဝေဒနာရှင်များ အရေးပေါ်အသုံးပြုရသော ရှုသွင်းဆေးအသုံးပြုခြင်း။
(၂၁) နစ်ဝါးရ် (ကွမ်းစားဆေး) ငုံထားခြင်း။


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 4 -)

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း   (အပိုင်း - 4 -)


    “ရမဿွာန်” လမြတ်သည် အလွန်မွန်မြတ်သော လတစ်လဖြစ်ရုံသာမက ၎င်းလမြတ်၌ပြုကျင့်သော အမလ်အေဗာဒသ်တိုင်းသည်လည်း အလွန်အကျိုးထူးပေသည်။ ၎င်းလမြတ်၏ အေဗာဒသ်များအနက် “သရာဝီးဟ်” ဆွလာသ်
ဝတ်ပြုခြင်းသည်လည်း အလွန်အရေးကြီး၍ အကျိုး စ၀ါးဗ် အမြောက်အမြားရရှိသော “အေဗာဒသ်” တစ်ခုဖြစ်သည်။ ၎င်းဆွလားသ်သည် “ရကအသ်”(၂၀) ဖြစ်လေသည်။

    “သရာဝီးဟ် ဆွလားသ်” ၀တ်ပြုခြင်းသည် “စွန္နသ် မုအက္ကဒဟ်” ဖြစ်သည်။ အမျိုးသား/အမျိုးသမီးအားလုံးအတွက် အမိန့်ပညတ်ချက်တစ်ခုတည်းပင်ဖြစ်သည်။ “သရာဝီးဟ် ဆွလားသ်” သည် “ရကအသ်” (၂၀) ဖြစ်သည်။ ၎င်းပြင်
ဤ ရကအသ် (၂၀)သည်လည်း တမန်တော်မြတ် (ဆွ)နှင့် “အဆ်ွဟာဗ်” တော် သာဝကကြီးများမှ အတည်ဖြစ်ခဲ့သည်။ ဒီအတွက်ကြောင့် “သာဗိအီးန်” များ ”အအိမ်မာအေ မုဂ်ျသဟိဒီးန်” အိမာမ် အဘူဟနီဖဟ် (ရဟေ့)၊
အိမာမ် ရှာဖိအီ (ရဟေ့)၊ အိမာမ် အဟ်မဒ်ဗင်န် ဟန်ဗလ် (ရဟေ့)၊ တို့ထံတွင် “သရာဝီးဟ် ဆွလားသ်” သည် ရကအသ် (၂၀) ဖြစ်သည်။ အိမာမ် မာလိက် (ရဟေ့) ၏ အဆိုတစ်ခုအရလည်း “သရာဝီးဟ် ဆွလာသ်”သည် ရကအသ် (၂၀)ပင်ဖြစ်သည်။
ထို “မဇ်ဟဗ်” ကြီးလေးခု၏ “အိမာမ်”ကြီးလေးပါးသည် “ သရာဝီးဟ် ဆွလားသ်” အား “ရကအသ်” (၂၀)ထက် လျော့နည်း၍ မရွေးချယ်ခဲ့ပေ။ ဤအဆိုသည် “ဖေကာဟ်” ဓမ္မသတ်ပညာရှင်အများစု၏ အဆိုဖြစ်သည်။
ယနေ့တိုင်အောင် အကမ္ဘာ့အရှေ့ဖျားမှ ကမ္ဘာ့အနောက်ဖျားတိုင်အောင် လောကတစ်ခွင်လုံးတွင်  “အွမ္မသ်” အများအပြား ညီညွတ်သော အမလ်ဖြစ်သည်။ ယနေ့တိုင်အောင် “မတ်စ်ဂျီဒ် ဟရာမ်” ကအ်ဗဟ်ကျောင်းတော်ကြီးနှင့် မဒီနဟ်ရွှေမြို့တော်ရှိ
“ မတ်စ်ဂျီဒ် နဗ၀ီ” ၀တ်ကျောင်းတော်ကြီးတို့တွင် “သရာဝီးဟ် ဆွလားသ်” ရကအသ် (၂၀)သာလျှင် ၀တ်ပြုကြသည်။ “သရာဝီးဟ် ဆွလားသ်” (၈) ရကအသ် ၀တ်ပြုသူသည် အလွန်နည်းပါး၍ ဤသည်လည်း မှားယွင်းမှုတစ်ခုသာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အကြင် “ ရိဝါယသ်” တွင် (၈) ရကအသ်ဟုလာရှိသည်။ ထို “ရိဝါယသ်” သည် “သဟ်ဂျွဒ် ဆွလားသ်” ကို ဆိုလိုသည်။ “ သရာဝီးဟ် ဆွလားသ်” ကိုဆိုလိုခြင်းမဟုတ်ပေ။ ဤ “ဆွလားသ်” (၂)မျိုးသည် သီးခြားစီဖြစ်သည်။

“ဟဒီးစ်” . . . .
    ဟဇရသ် အိဗ်နုအဗ်ဗါးစ် (ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်။ “ရမ်ဿွာန်”လမြတ်တွင် နဗီတမန်တော်မြတ် (ဆွ) သည် “သရာဝီ ဆွလားသ် ရကအသ်” (၂၀)နှင့် “၀ိသ်ရ် ဆွလားသ်” အားဝတ်ပြုလေ့ရှိခဲ့သည်။  ကြည့်   -  ဖိက်ဟီးမစာအိလ်ကျမ်း၊ စာမျက်နှာ၊ ၂၇၇-၂၇၈၊ တွဲ-၁)
“သရာဝီးဟ် ဆွလားသ် ရကအသ်” (၂၀) ဖြစ်ကြောင်း လာရှိသည့် အခြားသော “ဟဒီးစ်”တော်အမြောက်အမြားလာရှိပေသေးသည်။ “ဟဒီးစ်” ကျမ်းကြီးများတွင်လေ့လာနိုင်သည်။





အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

Wednesday, June 26, 2013

ရိုဇာ နှင့် လူမှု့ဆက်ဆံရေး

ရိုဇာ နှင့် လူမှု့ဆက်ဆံရေး



အစ္စလာမ်သည် အလဟ်အလတ်ကျင့်ကြံရသော အစွန်းမရောက်သော သာသနာဖြစ်သည် ။ မျှတစွာ ကျင့်ကြံနေထိုင်ရသည် ။ သူဆင်းရဲများကို ကောင်းစွာ ဆက်ဆံရန် သွန်သင် ဆုံးမ ပဲ့ပင်ထားပါသည် ။

ဝမ်းပြည့်နေသူသည် သူဆင်ရဲကျောမွဲလူတန်းစား၏ ဒုက္ခကို စာနာတတ်ရန် မလွယ်ကူပေ ။ ကိုယ်က ဗိုက်ပြည့်နေလျှင် စာရမယ် ၊ သောက်ရမယ်တို့ကို နားလည်ပေးနိုင်မည်မဟုတ်ပါ ။

ရိုဇာသည် အစ္စလာမ်သာသနာဝင်များကို မေတ္တာ ဂရုဏာသွန်းလောင်းပေးသည် ။
သူဆင်းရဲများကို ပြုစုပေးသည့် နည်းစနစ်ကို လေ့ကျင့်ပေးသည် ။ ဤအချက်များသည် အစ္စလာမ့်လူနေမှု့ဘဝ၏ အခန်းကဏ္ဏတစ်ရပ်ဖြစ်သည် ဖြစ်သည် ။ အနောက်နိုင်ငံအျား၌ ဆင်ရဲမွဲတေသူအျား ကိုကူညီရန် မရေမတွက်နိုင်သော ဥပဒေများ ပြဌာန်းကြသည် ။ သို့သော် ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာမှု့များသည် အနောက်နိုင်ငံများ၌ အစဉ်အမြဲ ရှိမြဲရှိနေသည် ။

တရုတ်နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် မော်စီတုန်းက တရုတ်နိုင်ငံ လူနေမှု့ဘဝ ပြသနာနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာ၌ ဤသို့အလေးပေးပြောဆိုခဲ့သသည် ။
ကိုယ်ကိုတိုင် ထမင်းဝအောင်စားနေရလျှင် မိမိရဲ့အိမ်နီးနားချင်းများနှင့် စားရမဲ့များကိုလည်း မျှဝေစားသုံးကြ ။ ကိုယ်က အငတ်ခံပြီး ဆာလောင်မွတ်သိပ်နေသူများကို ကျွေးတတ်အောင်ကြိုးစားကြ။

ဤအချက်သည် စင်စစ် မောစီတုန်း၏ ဒဿနမဟုတ်ပါ ။ အစ္စလာမ့် အဆုံးအမ မှ ဖြစ်ပါသည် ။

အစ္စလာမ်သည် ဆင်းရဲကျော်မွဲ လူတန်းစားတို့အားကိုးအားထားပြုရာဖြစ်၏ ။
လူကုန်ထံတို့၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသည် ။ အစ္စလာမ့် က စီးပွားရှာဖွေခြင်းကို မဆန့်ကျင်သည့် အပြင် ရှာဖွေသုံးစွဲပုံကိုပင် ဆင်းရဲသားဝေစုအတွက် ခွဲဝေပုံစည်းစနစ်များပင် သတ်မှတ်ထားပါသည် ။ အကြင်သူသည် အစ္စလာမ့် အမိန့်ညတ်တော်များ ကိုသာ အမှန်တကယ် လိုက်နာမည်ဆို လျှင် မည်သည့် ဖောင်ဒေးရှင်း မှ လိုမည် မဟုတ်ပေ ။ 
 
ရိုဇာ နှင့် လူမှု့ဆက်ဆံရေး

အစ္စလာမ်သည် အလဟ်အလတ်ကျင့်ကြံရသော အစွန်းမရောက်သော သာသနာဖြစ်သည် ။ မျှတစွာ ကျင့်ကြံနေထိုင်ရသည် ။ သူဆင်းရဲများကို ကောင်းစွာ ဆက်ဆံရန် သွန်သင် ဆုံးမ ပဲ့ပင်ထားပါသည် ။

ဝမ်းပြည့်နေသူသည် သူဆင်ရဲကျောမွဲလူတန်းစား၏ ဒုက္ခကို စာနာတတ်ရန် မလွယ်ကူပေ ။ ကိုယ်က ဗိုက်ပြည့်နေလျှင် စာရမယ် ၊ သောက်ရမယ်တို့ကို နားလည်ပေးနိုင်မည်မဟုတ်ပါ ။

ရိုဇာသည် အစ္စလာမ်သာသနာဝင်များကို မေတ္တာ ဂရုဏာသွန်းလောင်းပေးသည် ။
သူဆင်းရဲများကို ပြုစုပေးသည့် နည်းစနစ်ကို လေ့ကျင့်ပေးသည် ။ ဤအချက်များသည် အစ္စလာမ့်လူနေမှု့ဘဝ၏ အခန်းကဏ္ဏတစ်ရပ်ဖြစ်သည် ဖြစ်သည် ။ အနောက်နိုင်ငံအျား၌ ဆင်ရဲမွဲတေသူအျား ကိုကူညီရန် မရေမတွက်နိုင်သော ဥပဒေများ ပြဌာန်းကြသည် ။ သို့သော် ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာမှု့များသည် အနောက်နိုင်ငံများ၌ အစဉ်အမြဲ ရှိမြဲရှိနေသည် ။

တရုတ်နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် မော်စီတုန်းက တရုတ်နိုင်ငံ လူနေမှု့ဘဝ ပြသနာနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာ၌ ဤသို့အလေးပေးပြောဆိုခဲ့သသည် ။
ကိုယ်ကိုတိုင် ထမင်းဝအောင်စားနေရလျှင် မိမိရဲ့အိမ်နီးနားချင်းများနှင့် စားရမဲ့များကိုလည်း မျှဝေစားသုံးကြ ။ ကိုယ်က အငတ်ခံပြီး ဆာလောင်မွတ်သိပ်နေသူများကို ကျွေးတတ်အောင်ကြိုးစားကြ။

ဤအချက်သည် စင်စစ် မောစီတုန်း၏ ဒဿနမဟုတ်ပါ ။ အစ္စလာမ့် အဆုံးအမ မှ ဖြစ်ပါသည် ။

အစ္စလာမ်သည် ဆင်းရဲကျော်မွဲ လူတန်းစားတို့အားကိုးအားထားပြုရာဖြစ်၏ ။
လူကုန်ထံတို့၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသည် ။ အစ္စလာမ့် က စီးပွားရှာဖွေခြင်းကို မဆန့်ကျင်သည့် အပြင် ရှာဖွေသုံးစွဲပုံကိုပင် ဆင်းရဲသားဝေစုအတွက် ခွဲဝေပုံစည်းစနစ်များပင် သတ်မှတ်ထားပါသည် ။ အကြင်သူသည် အစ္စလာမ့် အမိန့်ညတ်တော်များ ကိုသာ အမှန်တကယ် လိုက်နာမည်ဆို လျှင် မည်သည့် ဖောင်ဒေးရှင်း မှ လိုမည် မဟုတ်ပေ ။

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
haroonrangoni@gmail.com
http://aaitee.blogspot.com
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 3 -)

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း   (အပိုင်း - 3 -)

တောင်းစုဒိုအာများ လက်ခံခြင်းနှင့် ရှိုင်သွာန်များအား ချုပ်နှောင်ထားခြင်း

    ဟဇ်ရသ်အလီ (ရသွီ့) သခင်က ဆင့်ပြန်ခဲ့သည်။ ရမ်ဿွာန်လ၏ ပထမညသို့ရောက်သောအခါ တမန်တော်မြတ် (ဆွ)သည် တရားစကားများမိန့်ကြားတော်မူရန်အတွက် မက်တက်ရပ်တော်မူသည် ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ချီးမွှမ်းထောပနာပြုပြီး မိန့်ကြားတော်မူသည်မှ။ အို . . . . လူသားတို့ အသင်တို့ဘက်မှ အသင်တို့ရန်သူ (ဂျင်န်နာသ်၊ ရှိုင်သွာန်)များအတွက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ် အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်သည် အသင် တို့၏  တောင်းဆုဒိုအာများအား လက်ခံရန် ကတိပြုထားပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် အရှင်မြတ်က မိန့်မြွတ်ထားသည်မှာ ငါအရှင်ထံတော်ပါ၌ တောင်းဆိုကြကုန်လော့၊ ငါအရှင်အသင်တို့ ၏ တောင်းဆုဒိုအာများကို လက်ခံတော်မူအံ့။  (ကုရ်အာန်) ကောင်းစွာနားဆင်ကြလော့ အလ္လာဟ်အရှင်မြတ်သည် ဆိုးသွမ်းသောရှိုင်သွာန်တိုင်းအပေါ်၌ ဖရစ်ရှ်သာ (၇)ပါးအား ထိန်းသိမ်းရန်အတွက် သက်မှတ်ပေးထားသည်။ ဤသည်ကြောင့် ယခုမှစ၍ ရမ်ဿွာန် ကုန်ဆုံးသည်အထိ ချုပ်နှောင်ထားခြင်းခံရပေမည်။ ၎င်းနောက်ဤသည်ကိုလည်း နားဆင့်လော့ . . . ရမဿွာန်လမြတ်ရဲ့ ပထမဆုံးညမှနောက်ဆုံးညတိုင်အောင် မိုးကောင်းကင်၏ တံခါးများကိုဖွင့်လှစ်ပေးထားမည်။ ၎င်းနောက်ဤလမြတ်၌ တောင်းဆုဒိုအာများ လက်ခံသည်။ ရမ်ဿွာန်လရဲ့ နောက်ဆုံး (၁၀)ရက်၏ ပထမညကို ရောက်သောအခါ တမန်တော်မြတ် (ဆွ) သည် များသောအားဖြင့် မိမိ၏အချိန် အား အေဗာဒသ်၌ သာမွှေ့လျော့နေရန်အတွက် မိမိ၏ အိမ်သူသက်ထားများနှင့် တသီးတခြားနေ ထိုင်ခဲ့သည်။ ညလုံးပေါက်နိုးကြားနေရန်ကြိုးပမ်းခဲ့သည်။

နေ့နှင့်ည လူဦးရေသိန်းပေါင်းများစွာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း

    ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ့)သခင်က ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော်မူသည်မှာ ရမဿွာန်လ၏ ပထမညသို့ရောက်သောအခါ ဂျန္နသ်၏ တံခါးပေါက်များ ဖွင့်ခြင်းခံရပေမည်။
(၎င်းနောက် တစ်လလုံးလုံးဤတံခါးများအား ဖွင့်လှစ်ထားမည်။)ထိုတံခါးများမှ တစ်ခုတစ်လေမျှပင် ရမ်ဿွာန်လ မကုန်ဆုံးမီ ပိတ်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက် ဂျဟန္နမ် တံခါးပေါက်များ ပိတ်ခြင်းခံရမည်။ (၎င်းနောက်
တစ်လလုံးလုံး ဤတံခါးများအား ပိတ်ထားမည်။) ဤလအတွင်း၌ ဂျဟန္နမ်၏ တံခါးပေါက်တစ်ခုတစ်လေမျှပင် ဖွင့်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက်ဆိုးသွမ်းသော ရှိုင်သွာန်များအား ချုပ်နှောင်ထားလိမ့်မည်။

    ၎င်းနောက် ရမ်ဿွာန်လ၏ ညတိုင်း၌ အသံပြုသူတစ်ဦးက တစ်ညလုံး အာရုဏ်ဦးရောက်သည်အထိ အသံပြုနေမည်မှာ အို . . . ကောင်းမှုပြုလုပ်ရန် လိုလားသူအပေါင်းတို့ ကောင်းမှုများပြုလုပ်ရန် ရည်ရွယ်ရင်း
ပျော်ရွှင်နေပါလော့။ အို . . . မကောင်းမှုပြုလုပ်သူတို့ မကောင်းမှုများမှ ကြဉ်ရှောင်ကြကုန်လော့။ ၎င်းနောက် ဤကဲ့သို့လည်း အသံပြုနေမည်ဖြစ်သည်။ ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ရယူလိုရှိပါ၏လောထိုသူ၏ ပြစ်မှုများကို
လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူအံ့။ သောင်ဗဟ်အမှားဝန်ခံလိုသူရှိပါ၏လော့ ထိုသူ၏ သောင်ဗဟ် အမှားဝန်ခံမှုကို ငါအရှင်လက်ခံတော်မူအံ့။ ဆုမွန်ဒိုအာတောင်းခံလိုသူရှိပါ၏လော့ ထိုသူ၏တောင်းဆုဒိုအာကို လက်ခံတော်မူအံ့။
ငါအရှင်ထံမှ တစ်စုံတစ်ရာ တောင်းခံလိုသူရှိပါ၏လော့။ ထိုသူ၏တောင်းဆိုမှုကို ပြည့်ဝစေတော်မူအံ့။

    ၎င်းနောက် ရမ်ဿွာန်လ၏ နေ့စဉ်နေ့တိုင်း ၀ါလွတ်သည့်အချိန်၌ ခြောက်သောင်းသော လူဦးရေကို ဂျဟန္နမ်မှ လွတ်ငြိမ်းခွင့်ချီးမြှင့်ပေးသနားတော်မူအံ့။ အီဒွလ်ဖိသိရ် နေ့သို့ရောက်လာသောအခါ အလ္လာဟ်အရှင်မြတ်သည်
ရမ်ဿွာန်လအစမှ အဆုံးတိုင် နေ့စဉ်လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူအံ့။ (ဆိုလိုသည်မှာ အီးဒ်နေ့တွင် ခြောက်သောင်း အကြိမ်သုံးဆယ် စုစုပေါင်း (၁၈)သိန်းကို တစ်ရက်တည်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပေမည်။)




အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)









အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

Monday, June 24, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 2 -)



 “ဆွောင်မ်” ဥပုဒ်သီလဆောက်တည်ခြင်း၏သမိုင်း

    ဆွောင်မ် ဟူသော ဥပုဒ်သီလဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာတော်၏ ကျော်ကြားသော “အိဗာဒသ်” ကျင့်စဉ်များအနက် တစ်ပါးဖြစ်သည်။
ကမ္ဘာ့လူသားတို့၏ဖခင် ဟဇ်ရသ် အာဒမ် (အလိုင်)သည် ကမ္ဘာမြေပြင်သို့ ဆင်းသက်လာသောအခါ ထိုတမန်တော်ကြီး၏ အိဗာဒသ်ကျင့်စဉ်များအနက် “အိုင်ယာမိဗီးဇ်” (လစဉ် ၁၃-၁၄-၁၅ ရက်)များ၌ “ဆွောင်မ်” ဥပုဒ်ဆောက်တည်ရန် “ဖရဇ်” ဖြစ်ခဲ့၏။   ကြည့် - မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၁)

    တမန်တော် နူးဟ် (အလိုင်)သည် အစဉ်အမြဲလိုလို “ဆွောင်မ” ဥပုဒ်ဆောက်တည်ခဲ့သည်။  ကြည့် - ဟုဂ်ျဂျသုလ္လာဟိ ဗာလိဂဟ်ကျမ်း၊ တွဲ-၁)

    ဂျူးလူမျိုးတို့သည် “သရှ်ရီးန်” မုဟရ်ရမ်လ (၁၀)ရက်နေ့ တစ်ရက်သာ ဥပုဒ်သာဆောက်တည်ကြသည်။ ထိုနေ့ကို “အာရူရာ” နေ့ဟုခေါ်ကြသည်။ ထိုနေ့တွင် တမန်တော်မူဆာ (အလိုင်)သည် သောင်ရသ်ကျမ်းလာ အမိန့်ပညတ်တော် ဆယ်ပါးရရှိခဲ့သည်။ သောင်ရသ်ကျမ်း၌ ထိုနေ့တွင် ဥပုဒ်ဆောက်တည်ရန် လေးနက်စွာ တိုက်တွန်းထား၏။  (အဟ်ဘားရ်ကျမ်း)
    တမန်တော် ဒါနိယားလ် (အလိုင်)သည် ရက်သတ္တသုံးပတ် ဥပုဒ် ဆောက်တည်ခဲ့သည်။   (၀ါနီအဲလ်ကျမ်း)
    တမန်တော် အိလ်ယားစ် (အလိုင်)သည် ရက်ပေါင်းလေးဆယ် နေ့/ည ဥပုဒ်ဆောက်တည်ခဲ့သည်။   (စလာသွီးနိအောင်ဝလ်ကျမ်း)
    တမန်တော် ယဟ်ယဟ် (အလိုင်) နှင့် ၎င်း၏ အွမ္မသ်နောက်လိုက်များသည်လည်း ဥပုဒ်ဆောက်တည်ခဲ့ကြ၏။   (မိရှ်ကားသ်ကျမ်း)
    တမန်တေ် အီစာ (အလိုင်)သည် ရက်လေးဆယ် ဥပုဒ်ဆောက်တည်တော်မူခဲ့သည်။   (မသ်သာကျမ်း)

    ဥပုဒ်ဆောက်တည်ရသောရက်၊ ဆောက်တည်ပုံ ဆောက်တည်နည်းများ၊ ဆောက်တည်ရသောလများ၊ ဆောက်တည်ရသောစည်းကမ်းများ မည်သို့ပင်ကွဲပြားခြားနားစေကာမူ ဥပုဒ်ဆောက်တည်မှုမပါသော သာသနာဟူ၍ ဤကမ္ဘာ၌ရှိမည်မထင်

ကျမ်းတော်မြတ်ကုရ်အာန်က “ဆွောင်မ်” ဥပုဒ်ဆောက်တည်မှု၏ သမိုင်းအား

 (کَمَاکُتِبَ عَلَی الَّذِیْنَ مِنْ قَبْلِکُمْ)
    “အသင်တို့ထက်အလျင်ရှိခဲ့သောသူတို့အပေါ် ပြဋ္ဌားန်တော်မူဘိသကဲ့သို့” ဟူ၍ တိုတိုတုတ်တုတ်ပင်ဖေါ်ပြထားသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် တမန်တော်မြတ် (ဆွ) မပွင့်မီ ပွင့်ပေါ်ခဲ့သမျှသော နဗီတမန်တော်များနှင့် ၎င်းတို့၏ နောက်လိုက်များအပေါ် “ဆွလားသ်”နည်းတူ ဥပုဒ်ဆောက်တည်ရန်လည်း “ဖရ်ဇ်” ဖြစ်ခဲ့ကြောင်း ပေါ်လွင်နေပေသည်။ ကောင်းကင်ကျ ကျမ်းမရသော ဘာသာများ၌လည်း
ဥပုဒ်ဆောက်တည်မှုအကျိုးကို လက်ခံလျက် မိမိဘာသာဝင်များကို ဥပုဒ်ဆောက်တည်ရန် တိုက်တွန်းဆော်သြကာ ဥပုဒ်ဆောက်တည်မှုကို ဘာသာရေး၏ တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားကြောင်းတွေ့ရပေသည်။


“ဆွောင်မ်” ဥပုဒ်ဆောက်တည်မှု၏ အဓိကရည်ရွယ်ချက် -

ကျမ်းတော်မြတ်ကုရ်အာန်က ဥပုဒ်ဆောက်တည်မှု၏ အကြီးမားဆုံး ရည်ရွယ်ချက်အား

(لَعَلَّکُمْ تَتَّقُوْنَ)

“ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ဖြစ်လာကြရန်” ဟူ၍ ဖော်ပြထားသည်။ လက်တွေ့၌လည်း ဥပုဒ်ဆောက်တည်ခြင်းကြောင့် လူသား၏စိတ်အတွင်း၌ “သက္က၀ါ” (အပြစ်ရှောင်ကြဉ်လိုစိတ်) တရားပေါက်ဖွားကာ ကောင်းမှုပြုချင်စိတ်များ ပေါ်လာပြီး မကောင်းမှုများရှောင်ကြဉ်ရန် သောကဖြစ်လာလေ့ရှိသည်။


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

Sunday, June 23, 2013

ရှဗေဗရာသ်ည နှင့် ဆွလာသွလ် သပ်ဇ်ဗီးဟ်နမာဇ်

ရှာဘာန်လ ၁၅ ရက်နေ့ည မြန်မာ ပြက္ခဒိန်အရ ဆိုလျှင် ရှာဘာန်လ ၁၄ ရက် ည

Islamic Calendar

1. Muharram
2. Safar
3. Rabi' al-awwal
4. Rabi' al-thani
5. Jumada al-awwal
6. Jumada al-thani
7. Rajab
8. Sha'aban
9. Ramadan
10. Shawwal
11. Dhu al-Qi'dah
12. Dhu al-Hijjah

ရှာဘာန်လ ဆန်းပြီဆိုလျှင် မြန်မာပြည်တွင် ရှဗ်ဗိဘာရာသ်ည ရောက်တော့မည်ကို မွတ်စ်လင်တိုင်း စိတ်စော နေမိပါသည်။ သောကြာနေ့ ခွသ်ဗဟ် များတွင်လည်း ရှဗ်ဗိဘာရာသ်ည အကြောင်း ကြိုတင် ဟောကြပြောကြ၍ လူတိုင်းသည် ထိုညကို စောင့် မျှော်နေကြပါသည်။ ရှဗ်ဗိဘာရာသ် ညသည် ရှာဘာန်လ ၁၅ ရက် ညပိုင်း ကျ ရောက်ပါသည်။

အစ္စလာမ်ဘာသာတွင် ညအချိန်သည် အရင်ကျရောက်ပြီး နေ့အချိန်သည် နောက်မှကျရောက်သည်။ ဥပမာ နေ့တစ်နေ့၏ မဂ်ရိဗ် အချိန်သည် ညအစဖြစ်ပြီး ၄င်းညသည် မိုးလင်းနေထွက်ချိန်ထိ ရှိ၏။ နေ့အချိန်သည် နေထွက်ချိန်မှာ နေ၀င်ချိန် အထိဖြစ်သည်။ ထို့ကြောင့် မြန်မာ အချိန် ၁၄ ရက်နေ့ မဂ်ရိဗ် ဆွလာသ်အချိန်သည် အစ္စလာမ်ဘာသာအရ ၁၅ ရက်နေ့ည စတင်ပြီဖြစ်သည်။
အရှေ့အာရှနိုင်ငံများ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလာဒေးရှ်၊ မြန်မာ) စသည့် နိုင်ငံများတွင် ရှဗ်ဗိဘာရာသ် ညကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါသည်။ ကျွန်တော်တို့ မှတ်မှတ်ရရဆိုလျှင် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်း တော်များ၌ လူကြီးလူငယ် မရွေး သွားရောက်ကြပြီး တရားသွားနားထောင်ကြ၊ ကဘရ်သင်္ချိုင်းများသို့ သွားရောက်ကြ၊ သေဆုံးသူ ဆွေမျိုးသားချင်းများကို အပြစ်အပေါင်း မှကင်းလွှတ်စေလိုကြောင်း ဖတ်ရွတ် ဆုတောင်းကြ လေ့ရှိပါသည်။ အစွာရ် ဆွလာသ် အချိန် ကုန်လွန်သည်နှင့် မြောက်များစွာသော ရန်ကုန်မြို့ရှိ လိုင်းကားများ ဘတ်စ်ကားများ တိုက်စီကားများသည် မွတ်စ်လင်မ် တို့ကို အနယ်နယ်အရပ်ရပ်မှ တာမွေသင်္ချိုင်း၊ ကန်တော်ကလေးသင်္ချိုင်း သို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စတင်လုပ်ပေးကြပြီဖြစ်သည်။ အထူးသဖြင့် မဂ်ရိဗ်အချိန်နောက်ပိုင်းတွင် ကားများ၊ လူများ ကြိတ်ကြိတ်တိုးနေအောင် တာမွေ နှင့် ကန်တော်ကလေး သင်္ချိုင်းများတွင် စည်းကားနေပေတော့သည်။ သင်္ချိုင်းများအတွင်းနှင့် အပြင်ဘက်တို့တွင်လည်း ကျောင်းအလှူငွေ ကောက်ခံသူများနှင့် ၄င်းတို့၏ ကောင်တာများ၊ အစ္စလာမ့်ပစ္စည်းများ ရောင်းချသည့်ဆိုင်များ နှင့် တောင်းရမ်းသူ ရာနှင့် ထောင်နှင့်ချီ နေအောင် တွေ့နိုင်သည်။ ဆုတောင်းလာကြသူတို့ သည် မိမိတို့၏ ဆုတောင်းခြင်း၊ ပေးလှူခြင်း လုပ်ငန်းများ လုပ်ကိုင်ပြီးသည်နှင့် မိမိအိမ်များသို့ ကိုယ်စီ ပြန်ကြတော့သည်။

အချို့ ရပ်ကွက်ဗလီဝတ်ကျောင်းတော်များတွင် အီရှာ ဆွလာသ် ဖတ်ပြီးနောက် အီမာမ် ဆွာဟိဗ်က ရှဗ်ဗီဘာရာသ် ညမြတ် အကြောင်း သိကောင်းစရာများကို ဟောပြောလေ့ရှိပြီး လူငယ်များသည် ၄င်းတရားကို အပြီးတိုင်အောင် နားထောင်ပြီး နောက် သင်္ချိုင်းများသို့ သွားရောက်လေ့ရှိသည်။ အချို့ရပ်ကွက်ဗလီများတွင် အီရှာအချိန်ကတည်းက ည ၃ နာရီနောက်ပိုင်း စဲဟ်ရီ လာရောက်စားသုံးနိုင်ကြောင်း ကြော်ငြာဘုတ်များတွင် ကျေညာချက်များ တင်ပြထားလေ့ရှိသည်။ လူငယ်သဘာဝ အစားအစား အကောင်းဆုံး ချက်ပြုတ်သော ဗလီများမှ ကျွေးမွေးသော ဗီရ်ရာန၊ီ အုန်းထမင်း၊ ဟလ၀ါ နှင့် တခါတရံ ဖာလူဒါကိုပါမကျန် ပျော်ပျော်ပါးပါး လိုက်လံစားသုံးလေ့ ရှိသည်ကို မေ့မရနိုင်ပါ။ အရွယ်ရောက်လာသည့်အခါ တဖြေးဖြေး ရှ်ဗ်ဗီဘာရာသ်ည ရန်ကုန် တွင် ယခင်ကကဲ့သို့ လူမစည်တော့သည်ကို သတိထားမိသည်။ အကြောင်းကတော့ ၁၉၉၀ နောက်ပိုင်း ရေဝေး ကဗရ်စတန် တည် ဆောက်ပြီးနောက် လူတို့သည့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နှင့် ဖြစ်နေသည်ကို သတိထားမိသည်။ မည်သို့ပင်ဖြစ်စေ ယနေ့တိုင် ဘာရာသ်ညမြတ်ကို မြန်မာ အိန္ဒိယ ပါကစ္စတန် စသည့် နိုင်ငံများတွင် ဆက်လက်ကျင်းပနေသည်ကို သိရသည်။

ဗလီဝတ်ကျောင်းတော် အီမာမ် အများစုက ၄င်း ရှဗ်ဗီဘာရာသ်ညနှင့် ပတ်သက်လျှင် တင်ပြရှင်းပြသည်မှာ မြန်မာမွတ်စ်လင်မ် အများစု အနေဖြင့် လက်ခံကျင့်သုံးကြသည်မှာ ရာစုများစွာတိုင်အောင် အယူဝါဒမကွဲပြားဘဲ တစိုက်မတ်မတ် လုပ်ဆောင်လာ ကြသော်လည်း အာရဗ် နိုင်ငံများ၊ ထိုင်း၊ မလေး၊ အင်ဒို စသည့် ရှာဖအီ မဇ်ဟဗ် ကျင့်သုံးသည့် နိုင်ငံများတွင် ၄င်းညအကြောင်း ပြောလျှင် လုံးဝမသိကြသလို လက်မခံကြသည်ကိုလည်း တွေ့ရ ပေသည်။ ၄င်းတို့က အများအားဖြင့် ပြောကြသည်မှာ ၄င်းည၏ ထူးမြတ်ခြင်း၊ ၄င်းညတွင် အမလ်အီဗါဒသ်အဖြစ် လုပ်ကိုင်နေခြင်းများ၊သင်္ချိုင်းများသို့ သွားရောက်ဇီယာရသ်လုပ်ခြင်းများသည် သာသနာတော်တွင် မရှိကြောင်း ပြောကြသည်။ မိမိတို့ ဆရာများ ဆွဲကိုင်ထားသော ဟဒီးဆ်တော်များကို ခိုင်မာမှုမရှိကြောင်း တင်ပြကြသည်။
ထို့ကြောင့် သူတို့နိုင်ငံတွင် ရှ်ဗ်ဗီ ဘာရာသ် အယူအဆများမရှိဟု ပြောကြလေသည်။

မိမိတို့ သိသော ရှ်ဗ်ဗိဘာရာသ် ညနှင့် လုပ်ဆောင်ချက်များမှာ သိရ်မိဇီဟဒီးဆ်ကျမ်းတွင် အိုင်ရှာ (ရ) ၏ တင်ပြချက်ကို ဖေါ်ပြထားသည်မှာ၊ တစ်ည မိမိအိပ်ရာမှ နိုးချိန် တမန်တော်မြတ်ကို မတွေ့ရသဖြင့် လိုက်ရှာရာ အိမ်မှထွက်ခွါနေသော တမန်တော်မြတ်ကို တွေ့ရသည်။ ထိုအခါ ကျွန်မ နောက်မှ လိုက်ကြည့်ရာ တမန်တော်မြတ်သည် ဂျန္နသ် ဗကိအ်ဖက်သို့ သွားနေသဖြင့် ကျွန်မလည်း နောက်မှလိုက်သွားမိသည်။ တမန်တော်မြတ်သည် ကဗရ်ရှေ့တွင် ရပ်လျှက် သေဆုံးသူတို့အတွက် ခွင့်လွှတ်မှုကိုတောင်းခံနေပေသည်။ ကျွန်မကို တွေ့လျှင် အိုအိုင်ရှာ အလ္လာဟ်နှင့် အလ္လာဟ်တမန်တော်သည် အသင့်ကို သစ္စာ ဖေါက်သည်ဟု အသင်ထင်မြင်နေသလား။ ကျွန်မက မဟုတ်ကြောင်း တမန်တော်မြတ် အနေဖြင့် ကိစ္စရှိမည်ဖြစ်၍ အခြား ဇနီးတော် တစ်ဦးဦးထံ သွားနေသလားဟုသာ ထင်မြင်ကြောင်းပြောမိသည်။ တမန်တော်မြတ်က အိုအိုင်ရှာ ဤညသည် မည်သည့်ည ဖြစ်သည်ကို အသင်မသည် သိပါသလားဟုမေးရာ ကျွန်မက အလ္လာဟ်နှင့် အလ္လာဟ်ရစူလ်သာ အသိဆုံးဖြစ်ပါကြောင်းပြောရာ၊ တမန်တော်မြတ် က ဒီညသည် ရှာဘာန်လ ၁၅ ရက်နေ့ညဖြစ်ကြောင်း ဘာရာသ်ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ညဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဗနီကလ်ဗ် တို့၏ သိုးများပေါ်ရှိ အမွှေးများ အရေအတွက်နှင့် တူညီ သော လူတို့၏ အရေအတွက်ကို အပြစ်ငရဲများမှ ခွင့်လွှတ်မည်ဖြစ်ကြောင်း ပြောပြပါသည်။

ထိုအကြောင်းများကြောင့် မိမိတို့သည် (၁) ကဘရ်စတန်သင်္ချိုင်းများ သို့သွားရောက်ခြင်း (၂) တစ်နေ့လုံးအတွက် ဆွလာသ် ၅ ကြိမ် ရအောင် ဖတ်ခြင်း ( ၃) မဂ်ရိဗ် ဆွလာသ် အပြီး နဖိလ် ဆွလာသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ခြင်း (၄) စူရာ ရာစီးန် ၃ ကြိမ်ဖတ်ခြင်း (၅) ညအခါ သဟဂ်ျဂျွဒ် နမာဇ် ဖတ်ခြင်း (၆) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း (၇) ဇိကိရ် ရသလောက်လုပ် ခြင်း (၈) ဆွလာသ် သစ်ဘိဟ် ဖတ်ခြင်း (၉) စဟ်ရီစားသောက်ခြင်း ရိုဇာစောင့်ထိန်းခြင်း (၁၀) တတ်အားသ၍ အလှူဒါနပြုလုပ်ခြင်း စသဖြင့် မိမိတို့၏ ရှဗ်ဗိဘာရာသ်ကို အကောင်းဆုံးဖြစ်အောင် အမလ်အိဗါဒသ်များဖြင့် ကျေနပ်စရာဖြစ်အောင် လုပ်ဆောင်လေ့ရှိပါသည်။

သို့သော်ငြားလည်း ယနေ့ခေတ်လူတို့သည် အထက်ပါဖေါ်ပြချက်များ မှန်ကန်မှုရှိမရှိကို အထူးတလည် လိုက်လံမေးမြန်း ရှာဖွေကြလေ့ရှိသည်ကိုလည်း သိသဖြင့် ယနေ့ အိန္ဒိယတိုက်ခွဲတွင် ပါကစ္စတန်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ် သာသနာ့ပညာရှင် မောင်လာနာ မုဖ်သကီး ဆွာဟိဗ် တင်ပြသည့် ရှဗ်ဗီဘာရာသ် အကြောင်း သိကောင်းစရာများကို အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသားလိုက်ပါသည်။

၁။ ရှာဘန်လမြတ်သည် မြင့်မြတ်သော လမြတ်များတွင် ပါပြီး ၄င်းလမြတ်နှင့် ပတ်သက်ပြီး တမန်တော်မြတ် (ဆွ) ၏လမ်းညွှန်ချက် များကို လေ့လာနိုင်ပါသည်။ ဟဒီးဆ်တော်များအရ တမန်တော်မြတ် (ဆွ) သည် လမြတ် ရှာဘန်တွင် ရက်များစွာ၌ဥပုသ် တည်ဆောက်သည်ကို တွေ့နိုင်ပါသည်။ အဆိုပါ ဥပုသ်စောင့်ထိန်းခြင်းသည် တမန်တော်မြတ်(ဆွ)အပေါ်တွင် ဖရဇ်တာဝန် မဖြစ်မနေလုပ်ရမည့် တာဝန်အဖြစ် မတည်ရှိသော်လည်း တမန်တော်မြတ်(ဆွ)သည် လာတော့မည့် လမြတ်ရမ်ဇာန်နှင့် ပတ်သက်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်သည့်အနေဖြင့် ရိုဇာစောင့်ထိန်းခြင်း အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သည်ကို လေ့လာနိုင်ပါသည်။

၂။ အနက်စ်(ရ)တင်ပြသည်မှာ တမန်တော်မြတ်အား ရမ်ဇာန်လမြတ်ပြီးနောက် မည်သည့် လ၏ရိုဇာသည် အမြင့်မြတ်ဆုံးဖြစ်ပါသနည်းဟု မေးရာဖြေကြားသည်မှာ ရှာဘန်လ၏ ရိုဇာဖြစ်ကြောင်းမိန့်ပါသည်။

၃။ အိုစာမာဗင်ဇိုဒ်(ရ)က တမန်တော်မြတ် (ဆွ) အား ပြောဆိုသည်မှာ “အိုတမန်တော်မြတ်(ဆွ) သခင်သည် ရှာဘာန်လတွင် အများနှင့်မတူ ထူးထူးကဲကဲ ဥပုသ် စော့င်ထိန်းလေ့ရှိပါသည်။ မည်သည့် အကြောင်းကြောင့် ပါနည်း” ဟုမေးရာ တမန်တော်မြတ်(ဆွ)က “အို အိုစာမာ ရှာဘာန်လသည် ရဂျဗ်လနှုင့် ရမ်ဇာန်လမြတ်တို့ အကြားတွင် ကျရောက်ပြီး များစွာသောသူတို့သည် ဤလကို မေ့ထားကြလေ့ရှိသည်။ ၄င်းနောက် ဤလတွင် လူတို့၏ ကောင်းမှု မကောင်းမှု စာရင်းအစုစုကို အလ္လာဟ်အရှင် မြတ်ထံ ဆက်သလေ့ရှိပါသည်။ မိမိသည် မိမိ၏ စာရင်းဇယားကို အလ္လာဟ်အရှင်မြတ်ထံ တင်ပြသည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက် ရှိနေချင်ပါသည်”” ဟု ဖြေကြားပါသည်။

၎။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) ရှာဘာန် လတွင် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိပါသည်။ သို့ဖြင့် မိမိသည် တမန်တော်မြတ် (ဆွ) အား မေးမြန်းသည်မှာ ““ ရှာဘာန်လသည် သခင့် အတွက် အလွန်အနှစ်သက်ဆုံးသော လများတွင် ပါဝင်ပါသလား”” သခင်က ““ရှာဘာန်လတွင် အလ္လာဟ် အရှင်မြတ်သည် ကွယ်လွန်သေဆုံးမည့်သူများ စာရင်းကို ထုတ်ပြန်လေ့ရှိ ပါသည်။ မိမိသည် မိမိ၏ သေစာရင်းကို ထုတ်ပြန်သည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက်ရှိချင်ပါသည်”” ဟု ဖြေကြားပါသည်။

၅။ အိုင်အိရှာ (ရ) မိန့်သည်မှာ တမန်တော်မြတ် (ဆွ) သည် ရိုဇာစောင့်ထိန်းပြီဆိုလျှင် မိမိတို့ထင်မြင်မိသည်မှာ သခင်သည် ရိုဇာစောင့်ထိန်းခြင်းကို ရပ်ဆိုင်းတော့မည်မဟုတ်ဟု ဟူ၍ဖြစ်သည်။ ရိုဇာစောင့်ထိန်းခြင်းကို ရပ်ဆိုင်းလိုက်ပြီဆို လျှင် နောက်ထပ် ရိုဇာစောင့်ထိန်းတော့မည်မဟုတ်ဟု ထင်မြင်ကြသည်။ တမန်တော်မြတ် သည် ရမ်ဇာန်လမှလွဲလျှင် မည်သည့်လတွင်မှ တစ်လ လုံးပြည့် အောင် ရိုဇာစောင့်ထိန်းခဲ့သည်မဟုတ်ပါ။ သို့သော် ရှာဘန်လတွင်မူ အခြားသောလများထက် ရိုဇာအများဆုံး စောင့်ထိန်း တော်မူလေ့ရှိပါသည်။

၆။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လ၏ ရိုဇာစောင့်ထိန်းခြင်းကို အထူး ဂရုပြုစောင့်ထိန်းသည်ကို တွေ့ရသည်။ သခင်သည် ရက်အနည်းမှလွဲ၍ ရှာဘာန် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိသည်။ မသိလျှင် သခင်သည် ရှာဘာန်တစ်လလုံး ရိုဇာစောင့်ထိန်းသည်ဟု ထင်မြင်ရပါသည်။

စလီမာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) အား မိမိသည် လနှစ်လတွင် တနှစ်လုံးပြည့် အောင် ရိုဇာစောင့်ထိန်းတော်မူလေ့ရှိ သည်။ ထိုလနှစ်လမှာ ရမဇာန် နှင့် ရှုာဘာန်လတို့ဖြစ်သည်။

အထက်ပါ ဟဒီးဆ်များကို လေ့လာခြင်းအားဖြင့် တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လတွင် ရက်များစွာ ရိုဇာဥပုတ်စောင့်ထိန်း လေ့ရှိသည်ကို တွေ့ရပါသည်။ ထိုသို့စောင့်ထိန်းခြင်းသည် တမန်တော်မြတ်အပေါ်တွင် ဖရဇ် တာဝန်တစ်ရပ်မဟုတ်သော်လည်း တမန်တော်အနေဖြင့် တဆိုက်မတ်မတ် ရိုဇာစောင့်ထိန်းခြင်းကို ကြည့်ခြင်းဖြင့် သိရသည်မှာ ရှာဘာန်လသည် မြင့်မြတ်သော လဖြစ်သည်မှာ သေချာခြင်းပင်ဖြစ်ပါသည်။

သို့သော် အထူးသတိထားသင့်သည်မှာ ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းသည် သန်မာသော စွမ်းဆောင်နိုင် သော သူတို့အတွက် သာဖြစ်သည်။ ရှာဘာန်လရိုဇာစောင့်ထိန်းခြင်းဖြင့် အားပြတ်ကာ ရမ်ဇာန်လ ရိုဇာစောင့်ထိန်းခြင်း မပြုလုပ်နိုင်သည့် အခြေအနေကို ရောက်မသွားရန် သည်အလွန်ပင်အရေးကြီးပါသည်။ သို့ဖြင့်၍ မည်သူမဆို ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းဖြင့် နေထိုင်မကောင်း ဖြစ်ခြင်း၊ ရမ်ဇာန်လတွင် ရိုဇာမစောင့်ထိန်းနိုင်လောက်အောင် အားအင်ရုတ်ရော့ သွားအောင်ဖြစ်မည်ဆိုလျှင် မိမိတို့အနေဖြင့် ရှာဘာန်လတွင် ရိုဇာမစောင့်ထိန်းရန်သာဖြစ်သည်။ ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းသည် ပိုမိုမြင့်မြတ်သည်ကို မိမိတို့ မမေ့ကြရန် အရေးကြီးပါ သည်။

တမန်တော်မြတ် (ဆွ) မိန့်သည်မှာ သာမန် မွတ်စ်လင်မ်ထုအနေဖြင့် ရမ်ဇာန်လမရောက်ခင် နှစ်ရက် ခန့်အတွက် လုံးဝ ရိုဇာမစောင့် ထိန်းရန် လမ်းညွှန်ထားခြင်းဖြစ်ပါသည်။ “မည်သူမဆို ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းကို ရှာဘာန်လ၏ နောက်ဆုံး ရိုဇာ တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် အစမပြုကြပါနှင့်” ဟူ၍ဖြစ်ပါသည်။

အဘူဟိုရိုင်ရာ (ရ) တင်ပြထားသည်မှာ “ရှာဘာန်လ၏ ပထမ နှစ်ပတ် ကုန်လွန်သွားပြီးနောက် ရိုဇာမစောင့် ထိန်းကြရ” ဟု၍ဖြစ်ပါ သည်။ သဘောမှာ ရှာဘာန်လ၏ နောက်ဆုံး နှစ်ပတ်တွင် မည်သူမျှ ရိုဇာစောင့်ထိန်းခြင်းမပြုကြနှင့်ဟူ၍ ဖြစ်ပါသည်။ တနည်းအား ဖြင့် နောက်ဆုံးနှစ်ပတ် စားစားသောက်သောက်ဖြင့် ရမ်ဇာမ်လအတွက် ပြင်ဆင်ထားကြရန် သတိပေးထားခြင်းဖြစ်ပါ သည်။

ရှာဘာန်လ၏ ထူးမြတ်မှုတစ်ခုသည် ၄င်းလတွင် ညတစ်ညရှိပါသည်။ ၄င်းညကို “လိုင်လတွလ်ဘာရာသ် အပယ်ငရဲမှ လွတ်မြောက်မှုရနိုင်သောည” ဟုခေါ်ပါသည်။ ၄င်းညသည် ရှာဘာန်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ည ၏ ကြားညဖြစ်ပါသည်။ ဘာရာသ်ည၏ ထူးမြတ်နှင့် ပတ်သက်သော ဟဒီးဆ်တော်များကို ဆက်လက်လေ့လာကြည့်ကြပါစို့။

အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် တစ်ရက် သဟဂ်ျဂျွဒ် ဆွလာသ် ဖတ် နေစဉ် စိဂ်ျဒဟ် ပြုလုပ်နေသည် မှာ အတော်ပင်ကြာမြင့်သွားပြီဖြစ်သည်၊ မည်မျှကြာသနည်းဟူမှု ကျွန်မအနေဖြင့် ထင်လိုက် သည်မှာ တမန်တော်မြတ် (ဆွ) ကွယ်လွန်သွားပြီလားဟု ထင်လိုက်ရပါသည်။ ကျွန်မလည်း အိပ်နေရာမှထလာကာ တမန်တော်မြတ် (ဆွ) ၏ လက်မကို မကြည့် လိုက်ရာ လှုပ်ရှားလာသည်ကို တွေ့ရသဖြင့် စိတ်သက်သာရလာပြီး မိမိနေရာသို့ ပြန်လာလိုက်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွ) စိဂ်ျဒဟ် လုပ်နေရင်း နုတ်မှ အောက်ပါ အတိုင်း ရေရွတ်သည်ကို ကြားရပါသည်။ “ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အပြစ်ပေးခြင်းကို အရှင်မြတ်၏ ခွင့်လွှတ်မှု အရိပ်အောက်တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ မနှစ်သက်မှုကို အရှင်မြတ်၏ နှစ်သက်မှု အရိပ်အောက်တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ဂရုဏာတော်၏ အရိပ်အောက် တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ထိုက်တန်သင့်မြတ်သည့် အနေအထားမျိုးဖြင့် ချီးမွန်းနိုင်ခြင်း အလိုငှာ မတတ်သာလေပြီဖြစ်သည်၊ အရှင်မြတ်သည် မိမိ၏ သတ်မှတ် တည်ရှိမှုအနေအထားဖြင်ပင် တည်ရှိ နေပါသည်”။ ထို့နောက် တမန်တော်မြတ် (ဆွ) သည် မိမိ၏ ဆိဂ်ျဒဟ် မှထလာကာ ဆွလာသ်ကို အဆုံးသတ် လိုက်ကာ မိမိကို ပြောပါသည်၊ “ အို အိုင်ရှာ အသင်အနေဖြင့် အလ္လာဟ်တမန်တော် သည် အသင့်ထံပါးမှ စွန့်ခွါထွက်သွားပြီဟု ထင်ပါသလား၊ အိုင်ရှာ (ရ) အို တမန်တော် ကျွန်မ အနေဖြင့် အလွန်စိုးရိမ် သွားသည်မှာ သခင် စိဂ်ျဒဟ် လုပ်နေသည်မှာ ကြာလွန်းသဖြင့် သခင်၏ ၀ိဥါည် ထွက်သွားပြီ ဖြစ်ပြီးလားဟု ထင်မြင်ရခြင်း ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အိုအိုင်ရှာ အသင်သည် ဒီည မည်သည့်ညဖြစ်သည်ကို သိပါသလား၊ အိုင်ရှာက အလ္လာဟ်နှင့် အလ္လာဟ် တမန်တော်သာ အသိဆုံးဖြစ်ကြောင်းပါဟု ပြောပါသည်။ ထိုအခါ တမန်တော်မြတ်က ဒီညသည် ရှာဘာန်လ၏ ၁၅ ရက်မြောက်ည ဖြစ်သည်။ ဤညတွင် အလ္လာဟ်အရှင်မြတ် သည် မိမိ၏ ကျေးကျွန်များကို ကြည့်ရှုပြီးနောက် ကောင်းမွန်မြင့်မြတ်သော မှန်ကန်သောသူတို့အား အပြစ်များကို ခွင့်လွှတ်တော်မူပြီး မိမိ၏ ဂရုဏာ တရားကို ချီးမြင့်တော်မူလေသည်။ သို့သော် မမှန်ကန်သူ အပြစ်လုပ်သူတို့အတွက် ပြစ်ဒါဏ်များ သတ်မှတ်တော်မူပြီး သူတို့အနေဖြင့် ခွင့်လွှတ်မှု မတောင်းခံသမျှ ကာလပတ်လုံး ၄င်းအပြစ်ဒါဏ်များကို တည်ရှိစေလေသည်။

အိုင်ရှာ (ရ) တင်ပြသည်မှာ ထိုညမြတ်တွင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် အောက်သို့ ဆင်းသက် လာပြီးနောက် မြောက်များစွာသော လူများ ၄င်းတို့၏ အရေအတွက်သည် ဗနီခလ်ဗ် အမျိုးနွယ်ဝင်တို့၏ သိုးများ၏ အမွေးအရေအတွက်ထက် ပင်များပြားသော လူတို့အား အပြစ်များမှ ခွင့်လွှတ်တော်မူလေသည်။ မဒီနာ မြို့ပတ်ဝန်းကျင်တွင် ဗနီကလ်ဗ် ဟူသော အမျိုးနွယ် ၀င်တို့တွင် များစွာသော သိုးများရှိပြီး ၄င်းသိုးတို့၏ အမွှေးများအရေအတွက်သည် မည်မျှများလိမ့်မည်ကို မိမိတို့ခန့်မှန်းနိုင်သည်။ တနည်းအားဖြင့် မြောက်များ စွာသော လူတို့၏ အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ၄င်းတို့၏ ပြစ်ဒါဏ်များကို ခွင့်လွှတ်မည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

နောက်ဟဒီးဆ်တော်တစ်ပုဒ်တွင် အိုင်ရှာ (ရ) ကပင်တင်ပြခဲ့သည်မှာ ““၄င်းညတွင် ဗနီကလ်ဗ် တို၏ သိုးများ၏ အမွှေးများ အရည်အတွက်နှင့် ညီမျှသော လူအရေအတွက်အား ဂျဟန္နမ် ငရဲမီးလောင် မြိုက်နေရာမှ ခွင့်လွှတ်မှု ပေးသည်ဟူ၍ ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ် ခွင့်လွှတ် လိုက်သူများတွင် မည်သူမည်ဝါကို ခွဲခြားခြင်းမပြုဘဲ တနည်းအားဖြင့် ၄င်းတို့အတွင်း အလ္လာဟ်အရှင်မြတ်အား ရှိရ်က် လုပ်သူများ၊ နှလုံးသားများအတွင်း မကောင်းမှု များဖြင့် ပြည့်နက် နေသူများ၊ ဆွေမျိုးညာသကာနှင့် အဆက်ဖြတ်ထားသူများ၊ ခြေမျက်စိအောက် ဂုဏ်မောက် သလို လုံချည် ဘောင်းဘီ ၀တ်ကြသူများ၊ အရက်သေစာ သောက်စားသူများ စသဖြင့် မခွဲခြားဘဲ အပယ် ငရဲမှ ထုတ်ယူကာ အပြစ်ခွင့်လွှတ်လိုက်ခြင်းဖြစ်ပါသည်။

မုအာဇ် (ရ) တင်ပြသည်မှာ တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ် သည် ဘာရာသ်ည အခါတွင် မိမိဖန်ဆင်းတော်မူခဲ့သည့် လူအပေါင်းတို့ကို ကြည့်ရှုတော်မူလျှင် ၄င်းတို့ အားလုံးကို အပြစ်အပေါင်းမှ ခွင့်လွှတ်တော်မူလေသည်။ သို့သော် ၄င်းတို့အနက် အလ္လာဟ် အရှင်မြတ်အား ရှိရ်က် လုပ်သူအပေါင်းတို့နှင့် စိတ်နှလုံးများအတွင်း မကောင်းစိတ်ထားသူများ မပါဝင်ပါလေ။

ဖေါ်ပြပါ အဟာဒီးဆ် များနှင့် ပတ်သက်ပြီး အများစုသော ပညာရှင်များက အချို့ဟဒီးဆ်တော်များသည် ခိုင်မာမှုရှိပြီး အချို့သည် အားနည်းချက်များရှိသည်ကို လက်ခံကြပါသည်။ သို့သော် အချို့သောပညာရှင်တို့က ဟဒီးဆ် အချို့၏ ခိုင်မာမှုဆိုင်ရာ ချို့ယွင်းချက်များအပေါ် လက်ခံမှုမပြုကြဘဲ ဘာရာသ်ည၏ ထွတ်မြတ်မှုကို ငြင်းပယ်လိုက်ကြသည် လည်းရှိပါသည်။ ၄င်းတို့၏ ညင်းပယ်မှုကို မည်သို့မှ တုံ့ပြန်ပြောဆိုလိုသော်လည့်း ၊ အထက်ပါ ဟဒီးဆ်များကို စုပေါင်းကြည့်လိုက်သည့်အခါ၊ များစွာသော ပညာရှင်တို့သည် ၄င်းည၏ ထွတ်မြတ် မှုကို လက်ခံကာ အမလ် အိဗါဒသ် လုပ်ကာ အကျိုးပွားများလာသည်မှာ နှစ်အဆက်ဆက် ခေတ် အဆက်ဆက် ရှိခဲ့ပြီဖြစ်သည်။

ဘာရာသ်ည၏ ထူးမြတ်မှုကို နားလည်လက်ခံသောသူတို့အတွက် ၄င်းညကို ပိုင်နိုင်စွာအသုံးချနိုင် လျှင် အကောင်းဆုံးဖြစ်သည်။ ၄င်းတစ်ညတာအတွက် နိုးနိုးကြားကြား ရှိနေသင့်သည်။ သို့သော် ညတာ၏ အချို့အစိတ်အပိုင်းတွင် နိုးကြားနေလျှင်လည်း ကောင်းလှပါသည်။ ၄င်းည၏ အစိတ်အပိုင်းသည် ညဦးပိုင်းဖြစ်စေ မိုးလင်းပိုင်းဖြစ်စေ ပြဿနာ မဖြစ်နိုင်ပါ။ ၄င်းနောက် အောက်ဖေါ်ပြပါ အိဗါဒသ်များကို တတ်အားသ၍ လုပ်နိုင်ပါသည်။

(၁) ဆွလာသ် တည်ဆောင်မှုသည် အမလ် အိဗါဒသ်အပေါင်းတွင်အကောင်းဆုံးဖြစ်သည်။ မည်မျှသော ရကအသ် ဖတ်သင့်ကြောင်း အတိအကျ မဆိုထားသော်လည်း ၈ ရကအသ် ဖတ်ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ် သည်။ ပညာရှင်အများစုသည် ၈ ရကအသ် အနည်းဆုံး ဖတ်ကြသည်။ ဆွလာသ် ဖတ်လျှင်လည်း သတိပြုသင့် သည်က ဆွလာသ်၏ စိဂ်ျဒဟ်နှင့် ရကုအ် ကို ခပ်ကြာကြာ ခါတိုင်းထက် အချိန်ပိုကာ လုပ်သင့်သည်။ စူရာအတွဲများကိုလည်း ရှည်လျှားသည့် စူရာကို ဖတ်နိုင်ကကောင်းသည်။ စူရာအရှည် အလွတ်မဖတ်နိုင်က အတိုစူရာများကို တတ်နိုင်သလောက်တွဲကာ ဖတ်လျှင်လည်းကောင်းပါသည်။

(၂) ဆွလာသ်ဖတ်ပြီးသည့်နောက် ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းသည် အကောင်းဆုံးသော အအ်မာလ် အိဗါဒသ် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်မှ မည်သည့် စူရာဖြစ်စေ၊ ဖတ်နိုင်သလောက် ဖတ်လေ ကောင်းလေ ဖြစ်သည်။

(၃) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းကို ရပ်နားသည့်အခါ သို့မဟုတ် အခြားအမလ်ကို လုပ်ခြင်လာ သည့်အခါ ဇိကိ၇် လုပ်ခြင်းသည် အကာင်းဆုံးဖြစ်သည်။ ဇိကိရ် လုပ်သည့်အခါ အကောင်းဆုံးမှာတော့ တမန်တော်မြတ် (ဆွ) အပေါ် ဆွလ၀ါသ် ဖတ်ပို့ဖြင်းဖြစ်သည်။ မိမိ ရသည့် ဆွလ၀ါသ် ကို ဖတ်နိုင်သလောက် ဖတ်နိုင်ပါသည်။ ဇိကိရ်ကို ထိုင်လျှက်ဖြစ်စေ၊ လျှောင်းလျှက်ဖြစ်စေ၊ လမ်းလျှောက်လျှက်ဖြစ်စေ ဖတ်ရွတ်နိုင်ပါသည်။

(၄) အထူးဒိုအာတောင်းခံခြင်းဖြစ်သည်။ ဤညတွင် မိမိ၏ ဆွလာသ်များ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း၊ ဇိကိရ်စိတ်ခြင်း စသည်တို့ကို လုပ်ပြီးသည့်နောက် မိမိတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ မိမိတို့၏ အမလ် အိဗါဒသ်များကို လက်ခံအောင် လွတ်ငြိမ်းချမ်းသာခွင့်ရအောင် အပယ်ငရဲမီးမှ လွတ်ငြိမ်းခွင့်ရအောင် အထူးဒိုအာ တောင်းခံရမည်။ ဒိုအာတောင်းခံခြင်း ဟူသည် မိမိတို့နှင့် အလ္လာဟ်အရှင်မြတ်အကြား အဆက်အသွယ် ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ခြင်း ဖြစ်သည်ကို သဘောပေါက်ရမည်။ ဒါကြောင့် မိမိတို့သည် ဒိုအာတောင်းခံခြင်းကို အထူးဂရုစိုက် တောင်းခံရမည်။ ဒိုအာတောင်းခံလေ အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုး လေဖြစ်သည်။ မိမိတို့သည်မှာ ဒိုအာတောင်းခံရင်း စိတ်ကုန်သွားလေ့ရှိပြီး အလ္လာဟ်အရှင်မြတ် အနေဖြင့်မူ နားထောင်ခြင်းကို မငြီးညူနိုင်အောင်ပင်ဖြစ်တော့သည်။ မိမိတို့၏ ဒိုအာတောင်းခံချက်များ ချက်ခြင်း မပြည့်ဝသေးသည်ကို စိတ်ပျက်စရာလည်း မလိုပါ၊ ယခုမတွေ့သေးပေမဲ့ အချိန်တန်သည့်အခါ တောင်းသည့် အရာထက် ပိုမိုကောင်းမွန်သောအရာကို ရရှိသည့်အတွက် စိတ်အပျော်ကြီးပျော်နေလိမ့်မည်။

အမှန်တော့ တမန်တော်မြတ် (ဆွ) တောင်းခံခဲ့သည် တောင်းဆုဒိုအာများသည် စံနမူနာယူထိုက် သည့် ဒိုအာများပင်ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင်ရှိမှု၊ ပြည့်စုံကုံလုံမှု၊ တင်ပြချက်များ လေးနက်မှု၊ စသည့် ဘက်ကကြည့်လျှင် မည်သူမျှ ယနေ့တိုင် တမန်တော်မြတ် (ဆွ) ကဲ့သို့ ဒိုအာတောင်းခဲ့နိုင်မည် မဟုတ်ပါ။ မည်သည့်လူသားမျှ အဆိုပါ ဒိုအာများကို ယှဉ်ပြိုင် ရေးသားတောင်းဆိုနိုင်မည်မဟုတ် ပါ။ သို့ဖြစ်၍ မိမိတို့အနေဖြင့် ၄င်းဒိုအာများကို တတ်နိုင်သ၍ လေ့လာကာ နေ့စဉ်မိမိတောင်းဆို သည့်ဒိုအာဖြစ် အစဉ်တောင်းဆိုနေသင့်သည်။ အကယ်၍ မိမိအနေဖြင့် ဒိုအာမူရင်းအတိုင်း အာရဗီ ဘာသာဖြင့် မတောင်းနိုင်ပါကလည်း စိတ်ပျက်စရာမလိုပါ။ မိမိတို့ ကိုယ်ပိုင် ဘာသာစကား မြန်မာလိုတတ်က မြန်မာလို အင်္ဂလိပ်လိုတတ်က အင်္ဂလိပ်လို တောင်းခံနိုင်ပါသည်။

အချို့မိတ်ဆွေများသည် အကြောင်းအမျိုးမျိုးကြောင့် ညအခါ ထခြင်း ဖတ်ရွတ်ခြင်း မပြုလုပ်နိုင်သဖြင့် စိတ်ပျက်မနေသင့်ပါ။ အချို့သည် နေမကောင်းသည့်အတွက်၊ အချို့က ခရီးထွက်နေခြင်း၊ စာပေလေ့လာ နေခြင်း၊ အမျိုးသမီးများ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင် နေသည့်ကာလဖြစ်ခြင်း စသည့်အကြောင်းအမျိုးမျိုးရှိ နေနိုင်တတ်ပါသည်။
ထိုသူတို့အဖို့ အထူးသဖြင့် ဆွလာသ် ၅ ကြိမ်ကို မပြတ်တန်းဖတ်ခြင်းသည် အကောင်းဆုံးဖြစ် သည်။ တတ်နိုင်ပါက ဇိကိရ်ကို အဆက်မပြတ် ဖတ်နေသင့်သည်။ သွားသွားလာလာ စားစား သောက်သောက် လုပ်နိုင်ပါသည်။ အမျိုးသမီးများအနေဖြင့် ဇိကိရ်တွင် အထက်တွင် ဖေါ်ပြသည့် အတိုင်း တမန်တော်မြတ် (ဆွ) အပေါ် ဒရူးဒ် ဆွလ၀ါသ် တတ်အားသ၍ ဖတ်နေသင့်သည်။

ဘာရာသ်ညတွင် ကျွန်ုပ် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလာဒေးရှ်၊ ပါကစ္စတန်၊ အီရန် စသည့်နိုင်ငံများတွင် သင်္ချိုင်း သို့သွားရောက်ကြပြီး သေဆုံးလေသူ မိဘဖိုးဖွားများအတွက် ခွင့်လွှတ်မှုတောင်းခံလေ့ရှိသည်။ အချို့သော် ပညာရှင်များက ထိုညတွင် တမန်တော်မြတ် (ဆွ) သည် အိပ်နေရာမှ တိတ်တစိတ် ဂျန္နသွလ်ဘကီဟ် သင်္ချိုင်းသို့သွားရောက်ပြီး သေဆုံးလေသူများအတွက် ငြိမ်းချမ်းမှု ကင်းလွတ်မှုကို တောင်းခံခဲ့ကြောင်း တင်ပြကြပါသည်။ သို့သော် ၄င်းဟဒီးဆ်တော်များ သည် အလွန်ပင် အထောက်အထား ခိုင်မာမှု အားနည်းပါးလွန်းသည့်အတွက် ယနေ့၎င်းလုပ်ရပ် ကို မလုပ်ကြတော့ပေ။ သို့သော် များစွာသောသူတို့က ၄င်းလုပ်ရပ်ကို မွတ်စ်သဟဗ် အဖြစ် သတ်မှတ်ကာ လုပ်ကြသည်။ သို့သော် မှတ်ထားသင့်သည်က ၄င်းလုပ်ရပ်သည် အရေးတကြီး မဖြစ်မနေလုပ်ရမည့် အိဗါဒသ် မဟုတ်သလို ပုံမှန်လုပ်စရာလည်း မလိုအပ်သည့် အိဗါဒသ် တခု ဖြစ်ကြောင်းသိရမည်။ တကယ်တော့ မိမိအိမ်တွင် ဖတ်ရွတ်ပြီး သေဆုံးသူများအတွက် ဖတ်ရွတ်ကာ လွတ်ငြိမ်းချမ်းသာမှုကို တောင်းခံနိုင်ပါသည်။ ၄င်းညတွင် အထူးသတိထားသင့်သည်မှာ မကောင်းမှုနှင့် တတ်အားသ၍ ဝေးသည်ထက် ဝေးအောင်နေ ခြင်းဖြစ်သည်။

ဘာရာသ်ညတွင် ဘာတွေလုပ်သင့်သနည်းဆိုသည်ကို နားလည်သည့်အခါ မိမိတို့အနေဖြင့် ၄င်းလုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်နေခြင်းသည် မကောင်းမှုမှ ကင်းဝေးအောင်နေနိုင်ရန် အတွက် အကောင်းဆုံးအခွင့် အရေးတစ်ခုပင်ဖြစ်သည်။ စင်စစ် ၄င်းညသည် မိမိတို့သည် ကိုယ်ကိုယ်ကို အလ္လာဟ်အရှင်မြတ်ထံ ၀ကွက်အပ်နှံ ထားခြင်းသည် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။
ထိုအခါ အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် အလုပ်မှန်သမျှကို မိမိတို့သည် အဆင်ပြေစွာ ရှောင်ကြဉ်နိုင်မည့် အခြေအခြေအနေများ ရရှိလာနိုင်သည်။ အထူးသဖြင့် မိမိတို့စိတ်တွင် အတင်းပြောခြင်းနှင့် မကောင်းမှုကို တွေးခြင်း မဖြစ်အောင် အထူးသတိပြုရမည်။ မကောင်းမှု၏ အတွေးသည် မကောင်းမှုကို ပြောဖြစ်စေသလို လုပ်လည်း လုပ်ဖြစ်စေပါသည်။ ထို့ကြောင့် အထက်ပါ ဟဒီးဆ်တော်တွင် တင်ပြခဲ့သည်မှာ မကောင်းစိတ်ကို နှလုံးသားတွင် မရှိစေခြင်း ဆိုသည့်အချက်ကို ကောင်းကောင်းသတိပြုစေချင်ပါသည်။

အချို့သော မွတ်စ်လင်မ်တို့သည် ၄င်းညတွင် အထူးစားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်ကြခြင်း အကြီးအကျယ် ကျွေးပွဲ မွေးပွဲများ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များ၊ သင်္ချိုင်းများကို ဆင်ယဉ်ခြင်း၊ မီးထွန်းကြခြင်း၊ အမွှေးနံ့သာများ လိမ်းလည်သပ္ပယ်ကြခြင်း အချို့နေရာများတွင် ပွဲလမ်းသဘင်များလုပ်ကြခြင်း၊ အရောင်းအ၀ယ် လုပ်ငန်းများ အကြီးအကျယ်လုပ်ကြခြင်း၊ စသည့်လုပ်ရပ်များသည် အခြေအမြစ်မရှိသည့် လုပ်ငန်းများ လုပ်ရပ်များဖြစ်သဖြင့် ၄င်းတို့ကို မလုပ်သင့်ပါ။ မွတ်စ်လင်မ်များ ထိုသို့လုပ်ခြင်းသည် အခြားဘာသာဝင်တို့၏ ဘာသာရေးပွဲတော်များ၏ လုပ်ရိုးလုပ်စဉ်များကို ကူးချလုပ်နေခြင်းဖြစ်သည်ကို သတိထားရမည်။ သိလျှက်နှင့် ဆက်လက်လုပ်လျှင် အပြစ်ထိုက်သည်ကို သိသင့်သည်။ မိမိကိုယ်၌ကလည်း ထိုသို့လုပ်နေလျှင် မိမိလုပ်ရမည့် ကောင်းမှုကုသိုလ်များကို မလုပ် နိုင်သဖြင့် မိမိ၏ ကုသိုလ်ရှာဖွေမှု အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သဘောပေါက်ရမည်။

အချို့သောသူတို့သည် ထိုညတွင် ဘာရာသ် ည၏ ထူးမြတ်မှုများကို ရှည်လျှားထွေပြားစွာ တရားတဘောင် ဟောကြားနေသည်ကို တွေ့နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခြားသူများ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းစေသည့်အပြင် မိမိ၏ အချိန်လည်း ကုန်ဆုံးသည်ကို သတိပြုရန် လိုအပ်သည်။ အကယ်၍ ဘာရာသ်ည အကြောင်းကို အခြားသူများသိလိုစေပါက ကြိုတင်ဟော ပြောအကြောင်းကြားရန် လိုအပ်ပါသည်။ ဤညသည် မိမိတို့ကိုယ်စီ မိမိတို့အတွက် ကြိုးပမ်းရန် သာလိုအပ်သည်ကို သတိပြုရမည်။

တရားအားထုတ်ရာတွင်လည်း တစ်သီးပုဂ္ဂလ ကြိုးပမ်းရမည်။ စုပေါင်း ဆွလာသ်ဝတ်ပြုခြင်း၊ စုပေါင်း ဇိကိရ်ပြုလုပ်ခြင်းများ မပြုလုပ်သင့်ပါ။ ဤညသည် မိမိတို့အနေဖြင့် မိုးမြေအဆုံး စကြာဝဠာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်နှင့် တွေ့ဆုံနိုင်ရေအတွက် ကြိုးပမ်းနေချိန်ဖြစ်သဖြင့် မိမိနှင့် အလ္လာဟ်အရှင်မြတ်အကြား အခြားမည်သူကိုမျှ မလာရောက်နိုင်ရေး၊ အ၀င်ရောက်နိုင်ရေးကို မိမိတို့ကောင်းကောင်းကြီး သတိထားသင့် ပါသည်။ ဥပမာ တမန်တော်မြတ် (ဆွ) ကိုကြည့်လျှင် ဤညမှာ တစ်ကိုယ်တည်း အိဗါဒသ် လုပ်နေတာကို မြင်ရသိရလိမ့်မည်။ ဇနီးတော် အိုင်ရှာ (ရ) သည် မိမိဘာသာ ရှိနေသည်ကိုလည်း တွေ့ရမည်။ တမန်တော်မြတ်သည် သူမကို မိမိအိဗါဒသ် မှာ မပါဝင်စေခဲ့ဘူး။ တစ်ကိုယ်တော် အိဗါဒသ် လုပ်ခြင်းကိုသာ ပေါ်လွင်စေပါသည်။ တမန်တော် မြတ်သည် မစ်ဂျိဒ် နဗ၀ီကို ဆင်ယင်ခြင်း၊ မီးရောင်စုံထွန်းခြင်း၊ အခြားသူများကိုခေါ်ပြီး အိဗါဒသ်လုပ်နေခြင်းကိုလည်း မတွေ့ရသဖြင့် ဘာရာသ်ည၏ အိဗါဒသ်သည် တစ်ကိုယ်တော် သီးသန့်လုပ်သင့်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များတွင် လုပ်ပါကလည်း စုပေါင်း လုပ်ခြင်းကိုသာ ရှောင်ရှားပြီး မိမိဘာသာ တစ်ကိုယ်လည် ထောင့်တစ်နေရာတွင် လုပ်သင့်ပါသည်။

ပညာရှင်အများစုအနေဖြင့် ၄င်းညတွင် စဲဟ်ရီစားသုံးပြီး ၁၅ ရက်နေ့တွင် ရိုဇာဥပုတ် စောင့်ထိန်းကြ လေ့ရှိပါသည်။ ၄င်းရိုဇာသည် မွတ်စ်သဟဗ် အဆင့် တနည်းအားဖြင့် လုပ်သင့်ကြောင်း အကြံပြုသည့်အဆင့် သာရှိပါသည်။ လုပ်ပါက ကောင်းပြီး မလုပ်ပါကလည်း အပြစ်မရှိကြောင်း၊ ဖရဇ် တာဝန်မဟုတ်ကြောင်း သိစေပါသည်။ တမန်တော်မြတ် (ဆွ) အနေဖြင့် ၄င်းရက်တွင် နဖိလ် ရိုဇာ စောင့်ထိန်းသင့်ကြောင်း အထူးသတိပေးခဲ့ပါသည်။ အချို့ကတော့ ဤ ဟဒီးဆ်တော်ကို မမှန်ကန်ကြောင်း ပြောကြပေလိမ့်မည်။ သို့သော် အထက်တွင် ဖေါ်ပြခဲ့သည့် ဟဒီးဆ်တော်များကို ကြည့်လျှင် တမန်တော်မြတ်သည် ရှာဘာန်လ၏ ရိုဇာကို မပြတ်တမ်းနှင့် အများဆုံးရိုဇာစောင့်ထိန်းခဲ့သည်ကို ကြည့်ခြင်းဖြင့် တမန်တော်မြတ် ရိုဇာစောင့်ထိန်းခဲ့ခြင်းကို ငြင်းဆိုနိုင်ဖွယ်မရှိပါ။ ထို့အပြင် မြောက်များစွသော ပညာရှင်များ မိမိတို့၏ အကြီးအကဲများသည် ရှာဘာန်လ၏ မြင့်မြတ်ခြင်းအကြောင်း ရှာဘာန်လတွင် ရိုဇာစောင့်ထိန်းခြင်းအကြောင်းကို နှစ်ပေါင်း ရာစု ထောင်စု ချီကာ တင်ပြ လုပ်ပြ ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘာရာသ် ည သည် အမှန်ဖြစ်ခြင်း ၄င်း၏ အိဗါဒသ်များ နေ့အခါ ရိုဇာစောင့်ထိန်းခြင်းများ အကျိုးကျေးဇူးများသည် မှန်ကန်သည်ဟု တင်ပြလိုက်ပါသည်။

ကျွန်တော်တို့ အမြဲကြားနေရသည့် ကျွန်တော်တို့၏ ဆရာသခင် မော်လာနာ ဗရှိရွလ္လာဟ် ဆွာဟိဗ် (ရ) ၏ ရန်ကုန်မြို့ ၁၃၆ လမ်း မဒါးဗလီတွင် အီရှာဆွလာသ် အပြီး တရားဟော်ပြောမှုကိုမူ ကျွန်ုပ်တို့သည် မဖြစ်မနေ သွားနားထောင်မိသည်။ ဆရာကြီးက အထက် တွင် ဖေါ်ပြသည့် ဟဒီးဆ်တော်များ၊ ကို တင်ပြလေ့ရှိပြီး အထူးသတိပေးတတ်သည်မှာ ၄င်းညတွင် လုပ်ဆောင်ရမည့် အမလ် အိဗါဒသ် များတွင် “ဆွလာသွလ် သစ်ဘီဟ်” ကို ဖတ်ဖြစ်အောင် ဖတ်ကြရန် ပင်ဖြစ်သည်။ ၄င်းဆွလာသ်တွင် ဖတ်ရမည့် ဇိကိရ်မှာ “စူဗဟာနလ္လာဟိ ၀လ်ဟမ်ဒုလိလ္လာဟိ ၀လာအိလာဟ အိလလ္လာဟု ၀လ္လာဟု ၀အက်ဘရ်” ပင်ဖြစ်ပါသည်။

ဆရာကြီးတင်ပြသည့် “ဆွလာသွလ် သစ်ဘီဟ်” ဖတ်နည်းမှာ ပထမ ၄ ရကအသ် နိယသ်ချီပြီးနောက် အလ္လာဟုအက်ဘရ် သက်ဗီရ် ဖတ်ပြီး (၁) စူရာဖာသိဟအရင် အထက်ပါဇိကိရ် ကို ၁၅ ခေါက်ဖတ်ပါ (၂) စူရာဖါသိဟဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၃) ရူကုအ် စူဘဟာနလ္လာရဗ်ဗိယလ်အဇီးမ် ၃ ခါ ဖတ်ပြီး ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၄) ရုကုအ်အပြီး ပြန်မတ်တတ်ရပ်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၅) ပထမ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီး နောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၆) ပထမ စိဂ်ျဒဟ် အပြီး ပြန်ထိုင်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၇) ဒုတိယ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ။ ဤသို့ဖြင့် (၁) ရကအသ်တွင် ၄င်းဇိကိရ် အကြိမ် ၇၅ ခေါက်ဖတ်မိသွားလိမ့်မည်။ ၄ ရကအသ် ဖတ်မိလျှင် အကြိမ်ပေါင်း ၃၀၀ ဖတ်မိလိမ့်မည်။ ဤသည်မှာ ဆွလာသွလ် သစ်ဘီဟ် ပင်ဖြစ်သည်။

ဆရာကြီးဆက်လက်တင်ပြသည်မှာ မဂ်ရိဗ် ဆွလာသ်အပြီးတွင် နဖိလ် ဟာဂျသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ကာ အကြိမ်တိုင်း အတွက် ပထမအကြိမ်တွင် မိမိ အသက်ရှည်ကျန်းမာရန်အတွက်၎င်း၊ ဒုတိယ အကြိမ်တွင် ရိုဇီရိက္ခာ တိုးပွားရန်အတွက်၎င်း၊ တတိယအကြိမ်တွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးရန်အတွက် ၄င်း နိယသ်ထားကာ ဖတ်သင့်ကြောင်းတင်ပြလေ့ရှိပါသည်။ ဆက်လက်တင်ပြသည်မှာ စူရာ ရာစီးန် ကို ၃ ကြိမ် အထက်ပါ နိယသ်ဖြင့် ဖတ်သင့်ကြောင်းဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုတို့ကို အမာလ်လုပ်နိုင်သည့် စွမ်းအားပေးသနားတော်မူပါစေ။ အာမီးန်။
Posted by A Muslim of Myanmar (Da' Wah in Myanmar)

အလ်မုဖီးဒ်

Saturday, June 22, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 1 -)




နိဒါန်း

မွတ်စလင်မ်သူတော်စဉ်အပေါင်းတို့ခင်ဗျား -
    များမကြာမီကာလတွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် “ရမ်ဿွာန်” လမြတ်နှင့် ကြုံကြိုက်ခွင့် ရရှိပါတော့မည်။ ဦးစွာ (ရမ်ဿွာန်ဆိုသည်မှာ အဘယ်နည်း ဆွောင်မ် (သို့) ဆွီယာမ် ဆိုသည်မှာ အဘယ်နည်း) သိရှိထားရန် မွတ်စလင်မ်များအတွက် လွန်စွာအရေးကြီးလှပေသည်။
အာရဗီ စာပေ၌ ဥပုဒ်ဆောင်တည်ခြင်းကို “ဆွောင်မ်” ဟူ၍လည်းကောင်း၊ “ဆွီယာမ်” ဟူ၍လည်းကောင်းခေါ်ဆို၏။ ထိုပုဒ်များ၏ မူရင်းအဓိပ္ပါယ်မှာ ဆိုင်းငံ့ခြင်း၊ တားဆီးခြင်းဟူ၍ဖြစ်သည်။ အစ္စလာမ့်တရားတော် ကျင့်စဉ်များတွင် ဥပုဒ်ဆောင်တည်ခြင်း၏ အနက်သဘောမှာ
 အောက်ပါအတိုင်းဖြစ်သည်။

     “ဆွောင်မ်” ဟူသည် စိတ်ပြဋ္ဌာန်းချက်ဖြင့် နေ့အချိန်၌ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းများမှ ဆိုင်းငံ့ခြင်းကိုဆိုလိုပါသည်။                                                          ကြည့် (ဟိဒါယဟ်ကျမ်း)

     “ရမ်ဿွာန်” လမြတ်သည် အစ္စလာမ်သာသနာတော်၏ လများအနက် န၀မမြောက်လဖြစ်သည်။ “ရမ်ဿွာန်” ဟူသော ပုဒ်သည် လောင်ကျွမ်းခြင်း အနက်အဓိပ္ပါယ်ပေးသော  (ရမဿွ) ဟူသောစကားမှ ဆင်းသက်လာသည်။ “ရမ်ဿွာန်”ဟူ အမည်မှည့်ခေါ်ရခြင်းအကြောင်းမှာ ယင်းလတွင် ဥပုဒ်ဆောက်တည်ခြင်းသည်လည်းကောင်း၊ ဥပုဒ်ဆောက်တည်ခြင်းဖြင့် အပြစ်ဒုစရိုက်များ လောင်ကျွမ်းသွားသည်ကို အကြောင်းပြု၍သော်လည်းကောင်း “ရမ်ဿွာန်”ဟူ၍ အမည်နာမ မှည့်ခေါ်ခြင်း ဖြစ်တန်ရာ၏။                               ကြည့် (ဗယာနွလ် ကုရ်အာန်ကျမ်း)
   
    “ဆွီယာမ်” ဥပုဒ်ဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာ၏ မဏ္ဍိုင်ကြီး (၅)ခုတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က မိန့်မြွတ်ထားသည်မှာ -

အို . . . အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အလျင်ရှိခဲ့ကြကုန်သော သူတို့အပေါ်ဝယ် ဥပုဒ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူဘိသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုဒ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုဒ်သီတင်းဆောက်တည်မှသာလျှင်)
အသင်တို့သည် (ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ကြဉ်မှုရရှိပေအံ့။ (ကုရ်အာန်ကျမ်း)

“ဟဒီးစ်”     ဟဒီးစ်တော်တွင်လာရှိသည်မှာ -

    ဥပုဒ်ဆောက်တည်ခြင်းမှအပ လူသားတို့၏ အမလ်ကျင့်ဆောင်မှုများသည် ကျင့်ဆောင်သူတို့အဖို့သာဖြစ်သည်။ ဥပုဒ်ဆောက်တည်ခြင်းမှာမှုကား ငါအရှင်မြတ်နှင့်သာသက်ဆိုင်၏ ထိုဥပုဒ်ဆောက်တည်ခြင်း၏ အကျိုးစ၀ါးဗ်ကိုလည်း ငါအရှင်မြတ်ကိုယ်တော်တိုင် ချီးမြှင့်တော်မူအံ့။                                                              ကြည့် (မိရှ်ကားသ်ကျမ်း)

ဥပုဒ်သီတင်းဆောက်တည်ကြသူများသည် အထူးသဖြင့် မိမိတို့ နုတ်လျှာများကို မုသားပြောခြင်း၊ လိမ်လည်ခြင်း၊ ဂုန်းချော ဂုန်းတိုက်ခြင်းများမှ အထူးရှောင်ကြဉ်ရမည်။ ဟဒီးစ်တော်တွင်လာရှိသည်မှာ -
    အကြင်သူတစ်ဦးတစ်ယောက်သည် ဥပုဒ်ဆောက်တည်နေပါလျှက် မုသားပြောဆိုခြင်း၊ လိမ်လည်းခြင်းအမှုတို့ကိုပြုအံ့ ထိုသူ၏ အစားအသောက်ဖြတ်ထားခြင်း (ဥပုဒ်ဆောက်တည်ခြင်း)ကို အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မမူချေ။    ကြည့် (မိရှ်ကားသ်ကျမ်း)


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

Friday, June 21, 2013

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ (၅)

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ
=====================================

ပဉ္စမအကြောင်းခံ
------------------

သက်ရှိတိုင်း၏အသက်ရှင်ရပ်တည်မှုသည် Phenomena ဟုခေါ်သည့် သဘာဝဖြစ်စဉ်များတွင် တည်ရှိပါသည်။ ထိုအရာများကို ယနေ့အခါမှာ ကျွန်ုပ်တို့ပြည့်ပြည့်ဝ၀သိရှိနိုင်ပြီဖြစ်သည်။ သို့သော် ဆင့်ကဲဖြစ်စဉ်အယူအဆကို ပြောဆိုခဲ့သည့် ဒါဝင်မှာ ထိုအခန်းကဏ္ဍကို မသိရှိခဲ့ပါ။ ဥပမာ မျိုးဗီဇသယ်ဆောင်ထားသည့် Genes များ၏အံ့ဖွယ်ထူးဆန်းမှုများ၊ အဆိုပါ Genes များသည် မည်မျှပါးလွှာ၍ အနုစိပ်ကျ သေးနုပ်သနည်းဟူမူ လောက၌ရှိသမျှသောသက်ရှိများ၏ Genes များကို စုစည်းလိုက်မည်ဆိုလျှင် လက်ချောင်းတစ်ချောင်းစာထက်သေးငယ်သောနေရာမှာပင် စုစည်းနိုင်မည်ဖြစ်သည်။

အဆိုပါ Genes များကို အလွန်အားကောင်းသော အနုကြည့်မှန်ပြောင်းဖြင့်ပင် ခက်ခက်ခဲခဲတွေ့မြင်ရပါသည်။ ၎င်း၏အဖော်ဖြစ်သည့် Chromosomes ခရိုမိုစုန်းမ်များသည်လည်း သက်ရှိတိုင်း၏ဆဲလ်များတွင် တည်ရှိနေကြသည်။ ဤအရာများသည် လူနှင့်တိရစ္ဆာန်များ၏ ဘိုးဘေးမျိုးဗီဇအကျင့်ဓလေ့များကို သယ်ဆောင်ထားကြသည်။ ဤအနုစိပ်အရာလေးများတွင် ထောင်သောင်းမကသော ဘိုးဘေးအစဉ်အဆက်တို့၏အကျင့်အမူ၊စိတ်နေသဘောတရားများကိုပါ အတိုင်းအတာတစ်ခုအထိ အဘယ်ကဲ့သို့ ထိန်းသိမ်းသယ်ဆောင်လာပါသနည်း။

အလွန်အံ့ဩစရာကောင်းသည်မှာ လူ၏ဆဲလ်အတွင်းရှိ Genes များသည် သိန်းသန်းချီသော ပိုးများကဲ့သို့တည်ရှိ ပြီး အလွန်နုနယ်သေးငယ်သော နေရာလေးများတွင်နေရာယူ၍ လူ့ဘဝဖြစ်အင်ကြီးများကို စိုးမိုးအုပ်ချုပ်မင်းမူနေခြင်းမှာ ဖန်ဆင်းရှင်၏ အလွန်အဆင့်မြင့်မားသောတန်ခိုးတော်၏လက်ရာဖြစ်ကြောင်းကို မည်သူမျှမငြင်းနိုင်ပါ။

လူသည် ဆဲလ်ပေါင်းများစွာဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသော သက်ရှိဖြစ်ပါသည်။ ဆဲလ်တိုင်းတွင် များစွာသော ခရိုမိုစုန်းမ်များရှိကြသည်။ ခရိုမိုစုန်းမ်များတွင်လည်း များစွာသော Genes များကို တွေ့ရပါသည်။ ရှေးလွန်လေပြီးသော ဘိုဘွားတို့၏ အကျင့်စရိုက်တိုင်းသည် ဂျင်း တစ်ခုစီ၌ ရှိနေပါသည်။ ထိုဂျင်း များထဲမှ ပို၍အားကောင်းသောမျိုးဗီဇ ဂျင်း မှာ ထိုသူ့အပေါ်လွှမ်းမိုးသွားသည်။ ထိုအားကောင်းသော ဂျင်းမျိုးဗီဇအတိုင်း ထိုသူ၏ အကျင့်စရိုက် ရုပ်သွင်ပြင်၊ အသားအရောင်စသည်တို့ ဖြစ်တည်ကြပါသည်။

ဆဲလ်များမှာ အလွန်ကျယ်ပြန့်၍ မျိုးစုံလှသော အစွမ်းသတ္တိများစုစည်းရာနေရာ ဖြစ်သည်။ ထိုဆဲလ်များကို အပင်များ သက်ရှိသတ္တဝါများတွင် တွေ့ရှိရပါသည်။ လူသည်လည်း ထိုသို့ဆဲလ်များပေါင်းစပ်ခြင်းဖြင့် အလွန်အဆင့်မြင့်သောသက်ရှိတစ်မျိုးဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

ဤသို့ဆဲလ်များအတွင်း အံ့မခန်းဂုဏ်သတ္တိများသွတ်သွင်း၍သက်ရှိများဖြစ်ပေါ်စေခြင်းမှာ တိုက်ဆိုင်၍ဖြစ်နေရပါသည်ဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံ ခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။


အစ္စလာမ့်ရေးရာ ဒအ်ဝါဂရူးပ်မှကောက်နုတ်တင်ပြသည်။
အလ်မုဖီးဒ် (Al-mufeed)
google တွင်ရှာရန် အလ်မုဖီးဒ် ဟုရိုက်၍ရှာပါ။
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။  


Thursday, June 20, 2013

ADB shell အတွက် အခြေခံ Linux commands များ

ADB ဆိုတာ   Android Debug Bridge ကိုပြောတာပါ။ အဲဒီမှာ linux commands တွေသုံးပါတယ် အခြေခံလေးတွေ ရှာတွေလို့ပေးလိုက်တယ်။ DOS သုံးတတ်သူများစမ်းသုံးကြည့်လို့ရပါတယ်။ ADB စမ်းနည်းတွေ Inshalla ထပ်တင်ပေးမယ်။

cd - changes directories - works through stock android toolbox - cd /system/app

ls - lists all files in the directory - works through stock android toolbox - ls /system/app/

cat - copies files - works through stock android toolbox - cat /system/app/Test.apk > /sdcard/Test.apk

rm - removes files - works through stock android toolbox - rm /system/app/Test.apk

mv - moves files from one location to another - works through stock android toolbox - mv /system/app/Test.apk  /sdcard/Test.apk

cp - copies files - functions similar to cat - uses busybox installed by the EVO-recovery.zip into recovery mode - cp /system/app/Test.apk /sdcard/Test.apk

mount - loads the file system (usually auto loaded except sometimes in recovery) - mount /dev/block/mtdblock4 /system

unmount - unloads the file system - umount /system  
    

အာရဗီ ကဆီဒါ



ဒီနေ့တော့ အာရဗီ ကဆီဒါလေး ရှဲပေးလိုက်တယ် မကြိုက်ရင် ခွင့်လွှတ်နော်။ ကျနော်တော့ အရမ်းကြိုက်တယ် နော်။ အဲဒီမှာ link http://www.youtube.com/watch?v=TKMdjW9tWuA

Wednesday, June 19, 2013

အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း (အပိုင်း - 4 -)



မုတ်ဆိတ်ထားခြင်းနှင့်ပတ်သက်၍ အချို့သော မတ်စ်အလဟ်များ-

၁။ မေး ။    ။ မုတ်ဆိတ်ထားခြင်းသည် အစ္စလာမ်တရားတော်အရ မည်သို့တာဝန်ပါရှိသနည်း။
    ဖြေ ။    ။ “၀ါဂျိဗ်” မပြုမနေရတာဝန်ဖြစ်သည်။ (အင်မ်ဒါဒုလ်ဖသာဝါကျမ်း)

၂။ မေး ။    ။ မုတ်ဆိတ်ရိတ်ခြင်း၌ မသည်သို့ပညတ်ချက်ရှိပါသနည်း။
    ဖြေ ။    ။ မုတ်ဆိတ်ရိတ်ခြင်းသည် “မဇ်ဟဗ်”ကြီး လေးခုစလုံး၌ တစ်ညီးတစ်ညွတ်တည်း “ဟရာမ်” ဖြစ်သည်။

၃။ မေး ။    ။ မုတ်ဆိတ်ရိတ်သူသည် တရားတော်အရ မည်သည့်အဆင့်တွင်ရှိပါသနည်း။
    ဖြေ ။    ။ မုတ်ဆိတ်ရိတ်သူသည် ဖွာဆစ်က် ဖြစ်၏။

၎။ မေး ။    ။ မုတ်ဆိတ်ကို မည်သည့်အတိုင်းအတာမျှ ထားရန် တာဝန်ရှိပါသနည်း။
    ဖြေ ။    ။ မုတ်ဆိတ်မွှေးကို လက်တစ်ဆုပ်စာမျှ ထားရန်တာဝန်ရှိ၏။ လက်တစ်ဆုပ်စာ မပြည့်မီ သို့မဟုတ် လက်တစ်ဆုပ်စာထက် လျှော့ပြီးရိတ်ခြင်း၊ ညှပ်ခြင်း၊ “ဟရာမ်” ဖြစ်၏။

၅။ မေး ။    ။ မုတ်ဆိတ်ရိတ်သူသည် “အိမာမ်” အဖြစ် ဆောင်ရွက်ပိုင်ခွင့်ရှိပါသလား။
    ဖြေ ။    ။ မုတ်ဆိတ်ရိတ်သူကို  အိမာမ် အဖြစ် တင်မြှောက်ခြင်း၊ ”မက္ကရူးသဟ်ရီမဟ်” ဖြစ်သည်။ အကယ်၍ သက်ဆိုင်သူတို့က အတင်းအဓမ္မ တင်မြှောက်ထားခဲ့၍ မလွှဲရှောင်သာသော် ၀တ်ပြုလိုက်ပါ။ ဂျမာအသ်ကို မလွှတ်ရပါ။ တင်မြှောက်သူတို့အပေါ်၌သာ အပြစ်ထိုက်ပေမည်။ (ရှာမီကျမ်း)

၆။ မေး ။    ။ နှုတ်ခမ်းမွှေးနှင့်ပတ်သက်၍ တရားတော်၏ ပညတ်ချက် မည်သို့ရှိပါသနည်း။
    ဖြေ ။    ။ နှုတ်ခမ်းမွှေး အရှည်ထားခြင်း “ဟရာမ်”ဖြစ်၏။ နှုတ်ခမ်းများပေါ်လွင်အောင် ညှပ်ရမည်။ (ရှာမီကျမ်း)

၇။ မေး ။    ။ မုတ်ဆိတ်မွှေးနှင့် ဆံပင်၊ အရောင်ဆိုးပိုင်ခွင့် ရှိပါသလား။
    ဖြေ ။    ။ အနီရောင်ဆိုးခြင်း မွတ်စ်သဟဗ် ဖြစ်၏။ အနက်ရောင်ဆိုးခြင်း “မက္ကရူးဟ်” ဖြစ်၏။ (ဂျဝါဟေရွလ် ဖွေကဟ်ကျမ်း)

၈။ မေး ။    ။ မုတ်ဆိတ်မွှေးထားခြင်းကို လှောင်ပြောင်သရော်ခြင်းသည် တရားတော်အရ မည်သို့ အပြစ်သင့်သနည်း။
    ဖြေ ။    ။ မုတ်ဆိတ်မွှေးထားခြင်းကို လှောင်ပြောင်သရော်ခြင်းသည် ရှရီအသ်တရားတော်မြတ်ကို ရှုတ်ချပြောင်လှောင်ခြင်း သက်ရောက်၍ ပြန်လည်၍ သောင်ဗဟ်ပြုရမည်။(ဖသာဝါ မဟ်မူဒီယဟ်ကျမ်း)

အလ္လာဟ်အရှင်မြတ် ကျွန်တော်အပါအ၀င် မွတ်စ်လင်မ်အပေါင်းအား ရှရီအသ်ရဲ့ အမိန့်ပညတ်ချက်များအားလုံးကို လိုက်နာနိုင်စွမ်းပေးသနားတော်မူပါစေ။ (အာမီးန်)

အစ္စလာမ်သာသနာတော်မြတ်   နှင့်  မုတ်ဆိတ်ထားခြင်း   (အပိုင်း - 1-2-3 -4) အစမှ အဆုံးတိုင်ပို့စ်အား အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီ ဟာဖိဇ် မုဟမ္မဒ် အိဒ်ရီးစ် (မဇွါဟိရီ)၏ ပြုစုရေးသားအပ်သော အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း စာအုပ် နှင့်
မုဖ်သီ ဃာဇီ မုဟမ္မဒ် တွိုင်ယစ်ဗ် ရှမ်စီ ပြန်ဆိုရေးသားအပ်သော စွန္နသ်တော်နှင့် ခေတ်သိပ္ပံ ဒုတိယတွဲမှ ကောင်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။

ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

Tuesday, June 18, 2013

အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း (အပိုင်း - 3 -)



ဆေးပညာရှုထောင့်အရ မုတ်ဆိတ်ရိတ်ခြင်း၏ ဆိုးကျိုးများ

    မုတ်ဆိတ်ထားခြင်း၏ အရေးပါမှုနှင့် တရားတော်အဆုံးအဖြတ်များကို အနည်းအများဆိုသကဲ့သို့ စာဖတ်သူတို့ သိနေပြီးဖြစ်သဖြင့် ယခု ဆေးသိပ္ပံရှုထောင့်အရ အကျိုးအပြစ်မည်သို့ ရှိကြောင်း ဆွေးနွေးတင်ပြပါမည်။
    ဘကင်န်တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဒေါက်တာမူရ်က မုတ်ဆိတ်ရိတ်ခြင်း၊ ဘရိတ်ဓါးနှင့် ဆပ်ပြာတို့အကြောင်းကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သော သူ၏တွေ့ရှိချက်များကို တင်ပြထားရာ ထိုမှ ကောက်နှုတ်ချက်အချို့ကို “ဆွိဟသ်” အမည်ရှိ
ကျန်းမာရေးစာစောင် (ဒေလီမြို့ထုတ်)မှ ကူးယူဖော်ပြလိုက်ရပါသည်။

Skin Diseases အရေပြားရောဂါ

    မုတ်ဆိတ်ရိတ်ခြင်းဖြင့် ရရှိလိုက်သော ဆိုးကျိုးကဲ့သို့ ဆိုးဝါးသော ဆိုးကျိုးမျိုးမရှိပါ။ မုတ်ဆိတ်ရိတ်ခြင်းဟူသည် စင်စစ် အရေပြားကို စဉ်ဆက်မပျက် ဓါးဖြင့်ခြစ်ခြင်းဖြစ်သည်။ လူအများစုက မိမိမျက်နှာပြင်တွင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး လုံးဝမရှိဘဲ ချောမွတ်ဖြူစင်
နေသော မျက်နှာအလှပိုင်ရှင်ဖြစ်လိုကြသည်။ ထိုအဖြစ်ကို အနှောက်အယှက်ဖြစ်စေသည့် မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေးများကို မကြာခဏ ထက်မြက်သော ဘရိတ်ဓါးဖြင့် အရေပြားကို ခြစ်ရိတ်ခြင်း အလျဉ်းမပြုသင့် ပြုလျှင် ပါးပြင်တွင် sensitive ဓါတ်မတည့်ခြင်းများဖြစ်တတ်သည်။
ပါးပြင်ကို ရောဂါပိုးများ အလွယ်တကူသက်ရောက်နိုင်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးသကဲ့သို့ ဖြစ်နေသည်။
    အသွားတုံးသော ဘရိတ်ဓါးကို အသုံးပြုမိခြင်းဖြင့် အားစိုက်ပေးရသဖြင့်အရေပြားများကို သာပို၍ ပျက်စီးစေသည်။ ဤပျက်စီးမှုများကို သာမန်မျက်စေ့ဖြင့် မတွေ့မြင်နိုင်ပါ။ ဤပျက်စီးမှု အနာတရဖြစ်နေသည့်နေရာသို့ ရောဂါပိုးကျရောက်လျှင် မုတ်ဆိတ်ရိတ်သူသည်
ရောဂါအမျိုးမျိုး၏ ဒုက္ခပေးမှုကို လှလှကြီးခံစားရပါပေမည်။
    မုတ်ဆိတ်ရိတ်ခြင်းဖြင့် ထိခိုက်ရှနာ အသေးအဖွဲလေးများ မလွဲမသွေ ဖြစ်ရသည်။ ထိုမှတဆင့် Impeigo ဒဏ်ဖြစ်ခြင်းနှင့် Sycosisbarbae ကဲ့သို့သော ရောဂါဆိုးများကို ဆင့်ကဲဖြစ်ပွားစေသည်။ ဤသည်ပင်မက ရောဂါများမှ တစတစဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံသွားနိုင်သည်။

မုတ်ဆိတ်ရိတ်ခြင်းဖြင့် အောက်ပါရောဂါများ ဖြစ်ပွားနိုင်သည်  . . . . . .

(၁)  Acne vuogaris ၀က်ခြံထွက်ခြင်း၊
(၂)  Dandruf Seborrhose မျက်နှာအသားအရေချောက်သွေ့ခြင်း၊
(၃)  Acne Rasacea
(၄)  Rhinophyma မျက်နှာနှင့် နှာခေါင်းတို့တွင် အပူစေ့ထွက်ခြင်း၊
(၅)  Bails
(၆)  Eezema
(၇)  Urticaria Allergy ရေကြည်ဖုထွက်ခြင်းနှင့် ဓါတ်မတည့်ရောဂါများ။

ခရမ်းလွန်ရောင်ခြည်သက်ရောက်မှု

    Uitrviolet Royd ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုသည် ခန္ဓာကိုယ် အရေပြားကို အလွန်ပင် ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဤရောင်ခြည်သည် နေရောင်ခြည်တွင် ပါရှိပါသည်။ နေရောင်ခြည်မှ ရှောင်ကွင်းရန် မလွယ်ကူလှပါ။ နေပူလောင်ခြင်းဖြင့် မျက်နှာပေါ်တွင် အမဲကွက်များ
(တင်းတိပ်)ကို ဖြစ်ပွားစေသည်။ ထိုမှတစ်ဆင့် အခြားရောဂါများကိုလည်း ဆင့်ပွားဖြစ်ပေါ်စေတတ်ပါသည်။
    မုတ်ဆိတ်အမြဲရိတ်ခြင်းဖြင့် Pituatary Gland ပီကျူထရီဂလင်းကို ထိခိုက်စေသည်။ ထိုဂလင်းထိခိုက်ရာမှတစ်ဆင့် Nervous System အာရုံကြော အဖွဲ့အစည်းနှင့် ဆက်သွယ်နေသည့် အစိတ်အပိုင်းများကို ထိခိုက်စေသည်။ မုတ်ဆိတ်မရိတ်ဘဲ ထားခြင်းဖြင့် အထက်ပါ ရောဂါများကို
ပျောက်ကင်းစေခြင်း၊ သက်သာခြင်းများဖြစ်နိုင်ကြောင်း လက်တွေ့သုတေသနပြု တွေ့ရှိရပါသည်။

အလ္လာဟ်အရှင် မွတ်စ်လင်မ်အပေါင်းအား လိုက်နာနိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါ။ (အာမီးန်)

ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။