Saturday, April 27, 2013

အစ္စလာမ်နှင့်လူ့အခွင့်အရေး အပိုင်း (၁)

အစ္စလာမ်နှင့်လူ့အခွင့်အရေး အပိုင်း (၁)
================

“လားအိက်ရားဟ ဖိဒ်ဒီးန်’’ 
(ကုရ်အာန်ကျမ်း ၊ ကဏ္ဍ ၂ ၊ အပိုဒ် ၂၅၆) 

အဓိပ္ပါယ် - မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်သာသနာထဲသို့ ၀င်ရောက်ရန် အတင်းအဓမ္မ အလျင်း မပြုလုပ်ရ။

တမန်တော် မုဟမ္မဒ် ၏ ခောတ်အခါက မဒီနဟ်မြို့၌ ဂျူးလူမျိုးများနှင့် အစ္စလာမ်သာသနာဝင်များ ရောနှောနေထိုင်ကြသည်။ ဂျူးအများစုမှာ စာတတ်ပေတတ်များဖြစ်ကြသည်။ မုစ်လင်မ်မိဘများ၏ သားသမီးများသည် ဂျူးတို့ထံမှ စာပေသင်ကြားရသည်။ ထိုအခါ ကလေးငယ်အချို့မှာ ဂျူးတို့နှင့် အနေနီးရာမှ ဂျူးဘာသာအား ခုံမင်သွားကြသည်။ မုစ်လင်မ်မိဘများသည် ဂျူးဘာသာခုံမင်နေသော မိမိတို့၏သားသမီးများအား အစ္စလာမ်ထဲသို့ဝင်ရန် အတင်းအဓမ္မတိုက်တွန်း ပြောဆိုလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်ထံ အထက်ပါ ဗျာဒိတ်တော်ကို ချပေးလိုက်သည်။ တမန်တော် မုဟမ္မဒ်သည် ၄င်းမုစ်လင်မ်မိဘတို့အား ခေါ်ယူ၍ မိမိတို့၏သားသမီးများအား အစ္စလာမ်သာသနာထဲသို့ အတင်းအဓမ္မ၀င်ရောက်ခိုင်းခြင်းမပြုရန် တားမြစ်လေသည်။ သိရသည်မှာ အစ္စလာမ်သည် သူစိမ်းတရံစာဘာသာခြားအား အစ္စလာမ်သာသနာထဲသို့ သွပ်သွင်းဖို့နေနေသာ ၊ မုစ်လင်မ်မိဘက မိမိ၏သားသမီးကိုပင် အစ္စလာမ်သာသနာထဲသို့ အတင်းအဓမ္မ၀င်ရောက်စေခြင်းကိုပင် တားမြစ်ထားသည်။ အစ္စလာမ်သည် ဤမျှပင် လူ့အခွင့်အရေး အပြည့်အ၀ ပေးထားသော သာသနာဖြစ်ပေသည်။
တမန်တော်မုဟမ္မဒ်ကိုယ်တော်တိုင် ဂျူးများ၊ခရစ်ယာန်များနှင့် အရောင်းအ၀ယ်အပေးအယူများပြုခဲ့ကြောင်းနှင့် တမန်တော် မုဟမ္မဒ်၏ ခောတ်အခါမှာကော ၊ အရိုက်အရာဆက်ခံသူ ခလီဖဟ်သမ္မတကြီးများ၏ ခေတ်တွင်ပါ ဘာသာခြားများနှင့် ရောနှောနေထိုင်ခဲ့ကြောင်း သမိုင်းစာအုပ်များတွင် ခိုင်လုံစွာရှိပေသည်။ ဒုတိယမြောက် သမ္မတကြီး အုမရ်ဗင်န်ခတ္တားဗ်ထံတွင် ၀စီးက်အမည်ရှိ မုစ်လင်မ်မဟုတ်သော သင်္ချာပညာရှင်ဝန်ထမ်းတစ်ဦးရှိခဲ့ပြီး သက်တမ်းတစ်လျှောက်လုံး အုမရ်ဗင်န်ခတ္တားဗ်၏ အနားတွင် တာဝန်ထမ်းဆောင်သွားခဲ့သည်။ စတုတ္ထမြောက် သမ္မတကြီး အလီ သခင် လက်ထပ်တွင် သမ္မတဖြစ်သူ အလီသခင်နှင့် ဂျူးလူမျိုးတစ်ဦးတို့ အမှုဖြစ်ပွားရာ တရားရုံးမှ သမ္မတ အလီသခင်အား အမှုရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခဲ့သည့် သမိုင်းဖြစ်ရပ်လည်းရှိပေသည်။ ဤအချက်များက အစ္စလာမ်သာသနာတွင် ဘာသာလူမျိုးခွဲခြားခြင်း အလျင်းမရှိကြောင်းသိရှိရုံမက ဤအချက်ကိုပင် တမန်တော်မုဟမ္မဒ်နှင့် အစ္စလာမ်အဓိပတိကြီးများကိုယ်တိုင်လက်တွေ့ ဆောင်ရွက် ပြသသွားကြပေသည်။
အစ္စလာမ်သည် နှလုံးသားကို အခြေခံသော သာသနာဖြစ်ပေသည်။ လူတစ်ယောက် စိတ်နှလုံးသားထဲမှမပါဘဲ အဘယ်မျှပင် မုစ်လင်မ်ဖြစ်ကြောင်း ဟစ်ကြွေးနေပါစေ၊ မုစ်လင်မ်ကဲ့သို့ နေထိုင်နေပါစေ ၊ မုစ်လင်မ်ဖြစ်မသွားပေ။ မုစ်လင်မ်ဖြစ်ရန် အစ္စလာမ့်ယုံကြည်ချက်များအား နှလုံးသားထဲမှ နှစ်နှစ်ကာကာ လက်ခံဖို့ လိုအပ်ပေသည်။ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ ၊ မည်သည့်မက်လုံးမှမပေးဘဲ လူတစ်ယောက်အား နှလုံးသားထဲမှ လက်ခံလာသည်အထိ အစ္စလာမ်အကြောင်း တင်ပြခြင်းဖြင့် အစ္စလာမ်သာသနာဖက်သို့ ဖိတ်ခေါ်ရသည်။ ဤနည်းမှအပ အခြားမည်သည့်နည်းနှင့်မှ အစ္စလာမ်ဖက်သို့ ဖိတ်ခေါ်ခြင်း မပြုပိုင်ပေ။ အခြားနည်းဖြင့် အစ္စလာမ်ထဲသို့ ၀င်ရောက်စေခဲ့လျှင်လည်း ထိုဝင်ရောက်လာသူအား မုစ်လင်မ်ဟု ခေါ်ဆိုခွင့်လုံးဝမရှိပေ။ နှလုံးသား၏ ခံယူချက် သက်သက်ဖြင့် ၀င်ရောက်လာသူကိုသာ မုစ်လင်မ်ဟု အသိအမှတ်ပြုရသည်။ ထို့ကြောင့် အစ္စလာမ်သာသနာထဲသို့ အတင်းအဓမ္မသွပ်သွင်းသည် ဆိုသောစကားမှာ မဖြစ်နိုင်သော ၊ အခြေအမြစ်မရှိသော ၊ လုပ်ကြံဖန်တီးထားသော စကားသာ ဖြစ်ပေသည်။
အာရေဗီးယားကျွန်းဆွယ်တစ်ခုလုံးကို မုစ်လင်မ်များအုပ်ချုပ်ခဲ့သည်မှာနှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့ပါပြီ။ ဒီနေ့ အာရပ်တစ်ခွင်မှာ ခရစ်ယာန်ကိုးကွယ်သူ Coptic Christian (ကိဗ်သွီ) အရေအတွက် ၁၄သန်းကျော် ရှိသည်။ ၄င်း ၁၄ သန်းကျော်သော ခရစ်ယာန်တို့က မျိုးရိုးစဉ်ဆက် ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ရင်း အာရပ်ကမ္ဘာ၌ လွတ်လပ်စွာ နေထိုင်လာကြသည်။ အိန္ဒိယနိုင်ငံကို မုစ်လင်မ်တွေ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ပေမဲ့ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်ဟာ ဒီနေ့ထိ စုစုပေါင်းလူဦးရေရဲ့ ၈၀% အတိုင်းအတာဖြင့် လူများစု အဖြင့်ရှိနေဆဲဖြစ်သည်။ အကယ်၍ မုစ်လင်မ်တွေ အင်အားရှိလာရင် လူတွေကို အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်း ၊ မဝင်ရင် သတ်ပစ်တာတို့ လုပ်ရိုးမှန်လျင် ယနေ့ အာရပ်ကမ္ဘာမှာလည်း ခရစ်ယာန်တွေရှိစရာကြောင်းမရှိသလို အိန္ဒိယနိုင်ငံမှာလည်း မွတ်စလင်မ်ဦးရေဟာ လူများစု အဖြစ် ရှိနေသင့်ပါတယ်။
ယနေ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မုစ်လင်မ်အများဆုံးနိုင်ငံအဖြစ် ရှိပါတယ်။ ၁၂၉၁ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသည်ကြီး မာကိုပိုလိုဟာ တရုတ်ပြည်မှအပြန် စူမာတြားကျွန်းပေါ်သို့ ရောက်ရှိခဲ့ပြီး နတ်ကိုးကွယ်သူတို့အကြား မုစ်လင်မ်တို့ကို တွေ့မြင်ရကြောင်းနှင့် မုစ်လင်မ်အုတ်ဂူကိုလည်းတွေ့ခဲ့ရကြောင်းမှတ်တမ်းတင်ထားသည်။ အဲ့ဒီနောက်ပိုင်း အင်ဒိုနီးရှားမှာ အစ္စလာမ်သာသနာဝင်အရေအတွက်ဟာ တစ်စတစ်စ များပြားလာခဲ့သည်။ မည်သည့် မုစ်လင်မ်စစ်တပ် (သို့မဟုတ်) သာသနာပြုမှု တစ်စုံတရာ မတွေ့ရဘဲ အင်ဒိုနီးရှားအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများသို့ အစ္စလာမ်သာသနာပျံ့နှံ့ခဲ့ပုံနှင့်စပ်လျဉ်း၍ ကမ္ဘာ့သမိုင်းက အံ့ဖွယ်အကြောင်းအရာအဖြင့် တင်ပြထားကြသည်။
ကျမ်းမြတ်ကုရ်အာန် ကဏ္ဍ ၄၊ အပိုဒ် ၃ တွင် အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်အမျိုးသားများအား ဇနီးမိန်းမ ၁ ဦးသာ ယူကြရန် တိုက်တွန်းထားသည်။ တစ်ဦးထက်ပို၍ ယူလိုပါကလည်း အလွန်ဆုံး ၄ ယောက်သာယူရန် ကန့်သတ်ထားသည်။ ယနေ့ ကျွန်ုပ်တို့မြန်မာပြည် မုစ်လင်မ်လောကတွင် မိန်းမ ၄ ယောက် ယူသူသည် မုစ်လင်မ်အမျိုးသားအယောက် ၁ ထောင်တွင် ၁ ယောက်ပင် မရှိပေ။ မိန်းမ ၂ ယောက်ယူသူပင် ၁၀၀ တွင် ၁ ယောက်နှုန်း ရှိချင်မှရှိမည်။ ဤအရေအတွက်မှာ အခြားဘာသာကိုးကွယ်သူများ၏ပတ်ဝန်းကျင်နှင့် မကွာခြားပါ။ သို့ဖြစ်ရာ မုစ်လင်မ်တို့အား သားဖောက်သာသနာပြုသည်ဟု စွတ်စွဲသမုတ်သူမှာ အသိပညာဗဟုသုတနည်းသော လူ့ဗာလသာဖြစ်ကြောင်း တင်ပြအပ်ပါသည်။
(ဆက်လက်တင်ပြသွားပါမည်။) Written By Nurullah MUG
Tafseer Reference- Ma a limul Irfan
(Maulana Abdul Hameed Sawati)


(Islamic Teachings Page)

Wednesday, April 24, 2013

အလ်ဝကီးလု ဂုဏ်တော်ကျင့်စဉ်

အပ်စလာမုအလိုင်းကွမ်း ၀ရဟ်မသွလ္လာဟ် -
လေးစားအပ်ပါသော မွတ်စလင်မ်ညီနောင်သားချင်းများခင်ဗျာ
အနန္တစကြ၀ဠာကိုပြုစုပျိုးထောင်တော်မူသော၊ တန်ခိုး ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို မရှိရာမှ ရှိရာသို့ ဖန်ဆင်းတော်မူသော၊ သက်ရှိအလုံးစုံတို့၏ ရိုဇီကို တာဝန်ယူထားတော်မူသော၊ မိုးများနှင့်မြေကို ဖန်ဆင်းတော်မူသော၊ အနှိုင်းမဲ့ အတုလံ ဖြစ်တော်မူသော၊ ထာဝရတည်ရှိတော်မူသော၊ သန့်ရှင်းစင်ကြယ်ထွတ်လွတ် ဖြူစင်တော်မူသော၊ အကြီးမြတ်ဆုံးဖြစ်တော်မူသော၊ လောကခပ်သိမ်းတို့၏ မှီခိုအားထားရာ ဖြစ်တော်မူသော၊ မြတ်ရှင်အလ္လာဟ်ကို ချီးမွမ်းထောမနာပြု ကျေးဇူးဥပကာတင် ရွတ်ဆိုမြွက်ကြား အလ်ဟမ်းဒုလိလ္လာဟ် ဟု ကြိမ်ဖန်များစွာ တသဘာဝနာ စီးဖြန်းပါ၏။

အွမ္မသ်အတွက် အချိန်တိုတိုနဲ့ လုပ်နိုင်မည့် အအ်မာလ်များကို ရှာဖွေရာ အရှင့်ကျေးဇူးတော်ဖြင့် အောက်ပါ ဂုဏ်တော်ကျင့်စဉ်ကို တွေ့ရှိခဲ့ပါသည်။

အလ်ဝကီးလု
ဂုဏ်တော်၏ အဓိပ္ပာယ်မှာ ယုံပုံလွှဲအပ် မှီခိုအားထားမှု အပြည့်အဝ ထားထိုက်တော်မူသောအရှင် ဟူ၍ ဖြစ်သည်။ အဖွင့်ဆိုရပါမူ (၁) ဗန္ဒဟ် အစေကျွန်လူသားတို့၏ ကိစ္စ၀ိစ္စများကို ဆောင်ကျဉ်းပေးတော်မူသောအရှင်။ (၂) အစေကျွန်လူသားများ ဖြစ်ချင်လှသော အမှုကိစ္စများကို တာဝန်ယူ ပြီးမြောက်စေတော်မူသောအရှင် ဟူ၍ဖြစ်သည်။

ဝကီးလ် - ဟူသည် လူသားအကျိုးဆောင်၊ ရှေ့နေ ၊ ၀တ်လုံတော်ရ ၊ ယုံကြည်လွှဲအပ်ရသောကိုယ်စားလှယ်တို့ကိုလည်း ရှေ့နေ ဟူ၍လည်းကောင်း၊ ၀ကီးလ် ဟူ၍လည်းကောင်း ခေါ်၏။

ထို့အပြင် အလ္လာဟ်အရှင်မြတ်ကိုလည်း ၀ကီးလ် ဟုခေါ်သည်။ သို့သော် အရှင်မြတ်က လူသားကို ပို၍သနားညှာတာတော်မူသည်။ မမှားသောရှေ့နေ မသေသောဆေးသမားမရှိ ဆိုရိုးစကားအတိုင်း လူရှေ့နေသည် အမှားအယွင်းရှိနိုင်၏။ အမှုတွင်လည်း အရှုံးအနိုင်ဖြစ်နိုင်သည်။ လူရှေ့နေတို့သည် အမှုကလေးတစ်ခုကိုပင် အချိန်ယူ ကြိုးစားဆောင်ရွက်ပေးလေ့ရှိသော်လည်း အောင်မြင်မှုကို ယတိပြတ် မမျှော်လင့်နိုင်ရှာပေ။

သို့သော် အရှင်မြတ်က ရှေ့နေအဖြစ် အကျိုးဆောင်ရာ၌ အမှားကို မှားယွင်းကြောင်း ပြတ်ပြတ်သားသား ဖော်ထုတ်နိုင်၏။ မှန်လျှင်လည်း မှန်ကန်မှုရှိကြောင်း တိကျပြတ်သား မှန်ကန်စွာ ရှေ့နေလိုက်နိုင်သည်။ ဤသည်မှာ လူအများနားလည်နိုင်ရန် နှိုင်းယှဉ်ဖွင့်ဆိုရေးသားရခြင်းဖြစ်ပါသည်။ အလ္လာဟ်နှင့်လူသားမှာ တုနှိုင်းမမီအောင် ကွာခြားလှပေသည်။ အမှန်စင်စစ် အရှင်မြတ်ကို ဝကီးလ် ဟုခေါ်ဆိုရခြင်း အနက်အဓိပ္ပာယ်သည် လူသားတို့၏ ဖြစ်ချင်လှသော အမှုကိစ္စများကို တာဝန်ခံပြီးမြောက်စေတော်မူခြင်းအမှုကို အရှင်မြတ်ကိုယ်တော်တိုင် ကြိုက်နှစ်သက်၍ လည်းကောင်း စကြ၀ဠာအားလုံးနှင့် သက်ရှိသတ္တ၀ါ အပေါင်းတို့ကို မိမိကိုယ်တိုင်ကိုယ်ကျ ဖန်ဆင်းထားရှိခြင်းကြောင့် လည်ကောင်း ဖြစ်ပေသည်။ မိမိကိုယ်တိုင်ကိုယ်ကျ အရာခပ်သိမ်းကို အခါခပ်သိမ်း တာဝန်ခံယူခြင်းဝတ္တရားကို မိမိဖာသာ ရှိစေတော်မူခြင်းပင် ဖြစ်သည်။

ဂုဏ်တော်၏ ညွှန်းဆိုချက်
လူတို့၏ အရေးကိစ္စဟူသမျှ ကြုံကြိုက်လာလေတိုင်း အရှင်မြတ်ကိုပင် ပုံ၍ အပ်နှင်းကြရန်၊
အလ္လာဟ်အရှင်မြတ်သာလျှင် အကောင်းဆုံး ဆောင်ကျဉ်းပြီးမြောက်စေနိုင်ကြောင်း ။ သို့ဖြစ်ခြင်းကြောင့် “သ၀ပ်က္ကလ်သုအလလ္လာဟ်”  “အလ္လာဟ်အရှင်မြတ်အပေါ်၌သာ မှီခိုအားထားခြင်း” ကိုခေါ်ဆိုကြောင်း။ လူတိုင်းအနေဖြင့် အရေးကြုံကြိုက်မှ ဒုက္ခနှင့် ပက်ပင်းတိုးသည့်အခိုက်မှသာမဟုတ်ဘဲ အလုပ်ကိစ္စတိုင်း ၊ အကြောင်းအရာပေါ်ပေါက်တိုင်း ၊ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ အရှင်မြတ်ကိုသာ မှီခို အားထားကြရန် သတိတရားလက်ကိုင်ထားရေးကို ညွှန်းဆိုနေကြောင်း။
ဤလောကကြီးတွင် အချို့လူသားများအား အချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီ ပံ့ပိုးဆောင်ရွက်ပေးခြင်းသည် တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကြိုးကိုင်လျက်ရှိခြင်းကြောင့် တစ်ဦးတစ်ယောက်အား နောက်တစ်ဦးက ကူညီဆောင်ရွက်ပေးစေခြင်းမျှသာဖြစ်သည်ကို မမေ့အပ်ကြောင်း ညွှန်းဆိုထားပေသတည်း။

ကရှဖုလ် အတ်စ်ရာရိ ဖစ်လ်အတ်စ်မာအစ်လ် ဟုဆ်နာ ကျမ်းမှ မူရင်းအတိုင်းကူးယူတင်ပြပါသည်။

(မိမိတတ်စွမ်းသရွေ့ကြိုးစားအားထုတ်ပြီးနောက်တွင် ရရှိလာမည့် အကျိုးအမြတ် (အကျိုးကျေးဇူး အလုံးစုံ) ကို အလ္လာဟ်အရှင်မြတ် ထံတော်မှာ ယုံပုံထားရှိခြင်းကို  “သ၀ပ်က္ကလ်သုအလလ္လာဟ်” ဟုခေါ်ပါသည်။ - စကားချပ်)

အအ်မာလ် စ-ဆုံး တစ်ခေါက်လျှင် ၂၀ မိနစ်ခန့်သာ ကြာပါသည်။ အီမာန်ရှင်အားလုံး နေ့စဉ် အချိန်ထုတ်၍ဖတ်သင့်ပါသည်။

Monday, April 22, 2013

ပညာနှင့် ဥစ္စာဘယ်ဟာမြတ်သလဲ

ဟဇရသ်အလီ ကို လူတစ်ယောက်က "တကယ်လို့ လူတစ်ယောက်ကို အခန်းတွင်းမှာ
ထည့်ထားပြီး တံခါးအားလုံးပိတ်ထားရင် 'ရိုဇီ'  သူ့ထံ ဘယ်လိုရောက်လာမလဲ"
လို့ မေးတယ်။ ဟဇရသ်အလီ က "သူ့ 'မော့သ်' လာမယ့်လမ်းက 'ရိုဇီ' လာလိမ့်မယ်"
လို့ ဖြေကြားလိုက်တယ်။
        ဟဇရသ်အလီ ထံ လူဆယ်ယောက်လာ၍ ပြောသည်မှာ "ကျွန်တော်တို့ လူဆယ်ယောက်
မေးခွန်းတစ်ခုကို မေးချင်ပါတယ်။ အဖြေကို ခိုင်လုံတဲ့အကြောင်းပြချက်
ဆယ်ခုနဲ့ဖြေဆိုပေးပါ"  ဟဇရသ်အလီ က မေးခွင့်ပြုလိုက်တဲ့အခါ  ထိုဆယ်ယောက်က
မေးခွန်းကို တင်ပြကြတယ်။ "ပညာနှင့် ဥစ္စာဘယ်ဟာမြတ်သလဲ" ဟဇရသ်အလီ က
"ပညာကမြတ်တယ်" လို့ ဖြေပြီးတော့ ခိုင်လုံတဲ့ အကြောင်းပြချက် ဆယ်ချက်ကို
အောက်ပါအတိုင်း အမိန့်ရှိတယ်။
၁။      ဥစ္စာကို သင်က ထိန်းသိမ်းစောင့်ရှောက်ရသည်။ ပညာက သင့်ကို
        စောင့်ရှောက်ထိန်းသိမ်းပေးသည်။
၂။      ဥစ္စာဟာ 'ဖိရ်အောင်နဲ့ ဟာမန်' တို့ ချန်ရစ်ခဲ့ကြတဲ့ အမွေဖြစ်တယ်။ ပညာဟာ
        နဗီတမန်တော်တို့ ချန်ရစ်ခဲ့တဲ့ အမွေဖြစ်တယ်။
၃။      ဥစ္စာကိုသုံးစွဲရင် လျော့နည်းသွားတယ်။ ပညာဟာ ကြာရင်မလျော့တတ်ပေ။
၎။      ဥစ္စာဟာ ကြာရင် ဆွေးမြေ့တတ်တယ်။ ပညာဟာ ကြာရင် မဆွေးမြေ့တတ်ပေ။
၅။      ဥစ္စာဟာ ခိုးသူတို့ရန်ကို ကြောက်ရတယ်။ ပညာကို ခိုးမှာကို မစိုးရိမ်ရပေ။
၆။      ဥစ္စာရှင်ဟာ တစ်ခါတစ်ရံ ကပ်စေးနဲလို့ အခေါ်ခံရတယ်။ ပညာရှင်ဟာ
အမြဲပဲစွန့်ကြဲသူလို့    ကင်ပွန်းတပ်ခံရတယ်။
၇။      ပညာနဲ့ နှလုံးသားဟာ လင်းဝင်းတယ်။ ဥစ္စာနဲ့နှလုံးသားမှာ မှောင်အတိကျတယ်။
၈။      ဥစ္စာများလာတဲ့အခါ မာန၀င်လာနိုင်တယ် "ဖိရ်အောင်" အစရှိတဲ့သူတို့ဟာ မိမိကိုယ်ကို "ခိုဒါ"
လို့    ကြွေးကြော်ခဲ့ကြတယ်။ ပညာများလာတဲ့အတွက်ကြောင့် တမန်တော်မြတ် ဟာ
ပိုပြီး         ရိုကျိုးခဲ့တယ်။
၉။      ဥစ္စာကြောင့် ရန်သူများလာတတ်တယ်။ ပညာကြောင့် ခင်မင်သူများလာတတ်တယ်။
၁၀။     ဥစ္စာကြောင့် ကေယာမသ်နေ့မှာ စာရင်းစစ်ခံရမယ်။ ပညာကြောင့် စာရင်းစစ်မခံရဘူး။

သဘောထားမှတ်ချက်များကို ဒီမှာ ပေးလို့ရပါတယ်။

Friday, April 19, 2013

အစ္စလာမ်ကို ရိုးရိုးလေးမြင်ကြည့်စို့

အစ္စလာမ်ဆိုတဲ့ ဘာသာတရား (လူအများနားလည်သလိုပြောတာနော်။ ကျနော်ကတော့ ဘာသာတရားဆိုတာထက် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ အုတ်မြစ်ချထားတဲ့ လူ့ဘ၀တည်ဆောက်ရေး အတွက် တိကျပြီး အောင်မြင်မှုရှိတဲ့နည်းစနစ်များ လို့ခံယူပါတယ်။) မှာ အရေးအကြီးဆုံးအချက်က စိတ်နဲ့သာ စဉ်းစား သိရှိနိုင်ပြီး အာရုံငါးပါးနဲ့ မသိနိုင်တဲ့၊ ထာဝရတည်တံ့တော်မူသော အလ္လာဟ် အရှင်မြတ်ကို မိမိရဲ့တစ်ဆူတည်းသောကိုးကွယ်ရာ၊ အားထားရာ အဖြစ်ယုံကြည်ခြင်းနဲ့အတူ၊ အာရေဗျပြည် မက္ကဟ်မြို့သား တမန်တော်မိုဟမ္မဒ်ကို ထိုအရှင်မြတ်စေလွှတ်တော်မူသော တမန်တော်အဖြစ်ယုံကြည်ခြင်းပဲဖြစ်ပါတယ်။
(မွတ်စလင်မ်များခင်ဗျား- ကျနော်ဒီပို့စ်ကို non-Muslim တွေပါနားလည်အောင်ရေးတာမို့ ဘွဲ့ထူးနှင့် သိက္ခာတော်များ၊ ဒရူးဒ်နှင့် စလာမ်များ၊ မေတ္တာပို့စာသားများမပါဝင်သော်လည်း သက်ဆိုင်ရာ နေရာများတွင် ကိုယ်သိထားသည့်အတိုင်း ဖြည့်စွက် မေတ္တာပို့စေချင်ပါသည်။)
အစ္စလာမ်မှာ အဓိကက ယုံကြည်ချက်ပဲ။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်မှုပဲ။ နောက်ထပ်ယုံကြည်ရမှာ အများကြီးရှိသေးတယ်။ အလ္လာဟ်အရှင်မြတ်က ဘယ်လိုလဲ စပြောမယ်။ အလ္လာဟ်အရှင်မြတ်ကို မမြင်ရဘူး။ အရှင့်ရဲ့ဖန်ဆင်းမှုတွေကိုပဲ မြင်ရတယ်။
ဥပမာကတော့ အခုဖတ်နေရတဲ့စာတွေကိုကျနော်ရေးတယ်။ ခင်ဗျားအနေနဲ့ ကျနော့်ကိုလည်းမမြင်ရဘူး။ ကျနော်ရေးထားတာတော့မှန်တယ်။ အင်တာနက်ထဲကလာတယ်။ အင်တာနက်ကိုလည်းမမြင်ရဘူး။ MPT, Singtel, iSoftbank, AT&T , China Telecom စသဖြင့် ISP တွေက အင်တာနက်ကို Manage လုပ်ပြီး Network တည်ဆောက်ထားတယ်။ မက်ဇူကာဘက်ခ်ျ တီထွင်လိုက်တဲ့ Facebook ကိုသုံးနေတယ်။ စတိဂျော့ (Apple) ကတီထွင်ထားတဲ့ iPhone ကိုသုံးပီး ဖတ်နေတယ်(သို့) ကွန်ပျူတာပေါ့၊ အခြားTablet & Phone တွေလဲဖြစ်နိုင်တယ်။ Alpha Myanmar က တီထွင်ထားတဲ့ Zawgyi Font ကိုသုံးပီး မြန်မာစာကို ဖတ်နေတယ်။ ခင်ဗျားက ကားပေါ်မှာဆိုပါစို့။ အဲဒီကားက Alphard ဆိုပါစို့ ။ တိုယိုတာကုမ္ပဏီက ပြုလုပ်ခဲ့တာဖြစ်တယ်။ ဘယ်ဟာမှ သူ့အလိုလိုဖြစ်မလာဘူး။ တစ်ဦးတစ်ယောက် (or) တစ်စုတစ်ဖွဲ့က ရည်ရွယ်ချက်တစ်ခုနဲ့ တီထွင်ခဲ့တာတွေချည်းပဲ။ ဒါဆိုရင် ခင်ဗျားသောက်နေတဲ့ရေ၊ သွားနေတဲ့လမ်း၊ နေထိုင်ရာ ကမ္ဘာမြေကြီး၊ မိုးကောင်းကင်၊ ကြယ်၊ လ၊ နက္ခတ်၊ ရာသီဥတု၊ အက်တမ်၊ နျူကလိယပ်စ်၊ ပရိုတွန်၊ အီလက်ထရွန်၊ ဖိုတွန်၊ Positive & Negative ၊ Attractive Force and Repulsive Force, Black Hole, အလင်းရောင်၊ အမှောင်ထု၊ သစ်ပင် ပန်းမာလ်၊ သစ်တော၊ တောင်တွေ၊ ကျောက်သံပတ္တမြား၊ သတ္တု ရေနံ သဘာဝဓာတ်ငွေ့၊..............၊ နောက်ဆုံး ခင်ဗျားကိုယ်တိုင်၊ ကျနော်ကိုယ်တိုင် ကို ဘယ်သူတီထွင်ခဲ့လဲ။
အလ္လာဟ်အရှင်မြတ်က မိမိရဲ့ ဖန်ဆင်းနိုင်စွမ်း ဆိုတဲ့ အရည်အချင်းကို လူကိုလည်းပေးထားတယ်။ အလ္လာဟ်အရှင့်ဖန်ဆင်းမှုက မရှိရာမှ ရှိရာကို ဖန်ဆင်းတယ်။ အလ္လာဟ်အရှင်မြတ်က ပထမဆုံးလူကို ဖန်ဆင်းခဲ့တယ်။ ပထမဆုံး သစ်ပင်ကို အလ္လာဟ်ဖန်ဆင်းခဲ့တယ်။ ပထမဆုံးငါးကို အလ္လာဟ်ဖန်ဆင်းခဲ့တယ်။ ပထမဆုံးသက်ရှိတွေကို အလ္လာဟ်ဖန်ဆင်းခဲ့တယ်။ ပထမဆုံးနွားကို၊ ကုလားအုတ်ကို၊ မြင်းကို၊ ခွေးကို၊ ကြောင်ကို၊ သမင်ကို၊ ကျားကို၊ မြေခွေးကို၊ ၀က်ကို၊ ကြက်ကို၊ ဘဲကို၊......... စသည်ဖြင့် တော၊ တောင်၊ ပန်းမာလ်တွေကိုလည်း ထိုနည်းအတိုင်း ပထမဆုံးအရာတွေကို မရှိရာမှ ရှိရာသို့ဖန်ဆင်းတယ်။ နောက် သူတို့အထဲမှာ အဖို၊ အမ ကွဲပြားစေပြီး နောက်မျိုးဆက်တွေကို ဆက်လက် ပေါ်ထွက်စေတယ်။ ဒါဆို ကြက်ဥနဲ့ကြက် ဘယ်ဟာ အရင် ဖြစ်လဲဆိုတာကို ငြင်းဖို့မလိုတော့ဘူးနော်။ ....... ။ မြင်ရတဲ့အရာတွေ အပြင် မမြင်ရတဲ့ အရာတွေကိုလည်း အလ္လာဟ်အရှင်မြတ်ကပဲ ဖန်ဆင်းပါတယ်။ အခု ကျနော်ရေးထားတဲ့ ပို့စ်ကို ဖတ်နေရင်း ပီတိဖြစ်ကောင်းဖြစ်မယ်။ ဆန့်ကျင် ကန့်ကွက်ချင်တဲ့စိတ်တွေ ပေါ်ကောင်းပေါ်မယ်။ ရှယ်ရင်လဲ ရှယ်မယ်၊ Like ရင်လဲ Like မယ်။ ကော်မန့်ရေးချင်တာတွေ ရှိလာမယ်။ အကောင်း ပြောချင်ရင်လဲ ပြောမယ်။ ဆဲချင်ရင်လဲဆဲမယ်။ အဲဒီ စိတ်ထဲမှာဖြစ်ပေါ်လာတာတွေကို မြင်တွေ့ တို့ထိ စမ်းသပ် အရသာခံလို့မရဘူး။ စိတ်ကပဲသိတယ်။ စိတ်ဆန္ဒတွေကိုလည်း အလ္လာဟ်အရှင်မြတ်ပဲ ဖန်ဆင်းပါတယ်။ လူ့ရဲ့ ပညာဥာဏ် အသိုင်းအ၀ိုင်း အတွေ့အကြုံတွေပေါ်မူတည်ပြီး ကောင်းတဲ့ ဆန္ဒနဲ့ မကောင်းတဲ့ဆန္ဒ ဖြစ်ပေါ်လာမယ်။ အဲဒါတွေကို လူက ထိန်းချူပ်ခွင့် ပေးထားတယ်။ ကဲ..... လူသားတွေရဲ့ ဖန်ဆင်း (ဖန်တီး) မှုဘက် ဆက်ကြဦးစို့။
လူသားကအသစ်ထွင်ရင် ဖန်တီးတယ်၊ တီထွင်တယ် လို့ခေါ်ကြတယ်။ လူရဲ့ဖန်ဆင်း (ဖန်တီး) မှုက ရှိရာမှ ရှိရာသို့ ဖန်ဆင်း (ဖန်တီး) ပါတယ်။ အလ္လာဟ်ဖန်ဆင်းထားတဲ့ သစ်၊ ၀ါး ကိုလူ့ဥာဏ်နဲ့ ပျော့ဖတ်လုပ်ပီး စက္ကူထုတ်တယ်။ သဘောကတော့ အလ္လာဟ်အရှင်မြတ်က စက္ကူကို ဒီအတိုင်းချပေးလို့ရတယ်။ လူတွေကိုလည်း ဥာဏ် အသုံးချ စေချင်တယ်လေ။ မော်တော်ကားကို မြေထွက် သတ္တုတွေနဲ့ ၊ လူ့စွမ်းအား၊ စွမ်းပကား၊ ဥာဏ်ရည်ကို အသုံးချပြီး ဖန်ဆင်းစေလိုက်တယ်။ အလ္လာဟ်ဖန်ဆင်းထားတဲ့ ငှက်တွေကိုကြည့်ပီး လေယာဉ်ပျံကို လူက တီထွင်လိုက်တယ်။ လူ့နားစည်ကိုကြည့်ပီး မိုက်ကရိုဖုန်းနဲ့ စပီကာကို တီထွင်လိုက်ကြတယ်။ မျက်လုံးကို ကြည့်ပီး ကင်မရာထွင်တယ်၊ ကမ္ဘာ့ကျောက်လွှာ အထပ်ထပ်တွေ ထဲမှာ မြေပေါ်ကရေတွေ ရေသန့် ဖြစ်သွားတာကို ကြည့်ပီး ရေစစ်အိုး၊ ရေသန့်စက် ကိုတီထွင်တယ်။ ပုစဉ်းကို ကြည့်ပီး တီထွင်ထားတဲ့ Lite Ace Pickup ကားကိုတောင် ပုစဉ်းခေါင်း လို့ခေါ်တယ်။ .... ရေးမယ်ဆိုရင်တော့ ဥပမာအများကြီးရှိတယ်။ မိတ်ဆွေလည်း စဉ်းစားကြည့်ပါ။
လူအပါအ၀င် လူသားက မတီထွင်နိုင်တဲ့ အရာတွေကို တီထွင်သူတော့ ရှိရမယ်လေ။ အဲဒီသူကတော့ အလ္လာဟ်အရှင်မြတ်ပဲဖြစ်တယ်။ (အလ္လာဟ်အရှင်မြတ်ရဲ့ သန့်ရှင်း ကြီးကျယ် မြတ်ထွဋ်ပုံတွေ ဂုဏ်တော်တွေ ကိုတော့ ဒီနေရာမှာ ချန်ခဲ့ပါတယ်။ လေ့လာလိုပါက အစ္စလာမ် ဘာသာရေး စာအုပ်များမှာ လေ့လာနိုင် ကြောင်းပါ။) တစ်ခုသေချာတာ ကတော့ အလ္လာဟ်အရှင်မြတ် တည်ရှိနေတော်မူတယ် ဆိုတာပါပဲ။ အလ္လာဟ်အရှင်မြတ်က ထာဝရ ရှင်သန် နေတော်မူသော အရှင်ဖြစ်တော်မူပါတယ်။ အိပ်စက် ငိုက်မြည်း ပင်ပန်း အနားယူ ဆိုတာတွေနဲ့ ဖို-မ သဘောတရား၊ ဆွေမျိုးတော်စပ်ခြင်း ဆိုတာတွေ အလ္လာဟ်အရှင်မြတ်မှာ မရှိပါဘူး။ အဲဒါတွေက လူသားအတွက် အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းပေးထားတဲ့ နိယာမ (Law) တွေပါ။ ဒါ့ကြောင့် အလ္လာဟ်အရှင်မြတ်က တရားအားထုတ်ဖို့ မလိုပါဘူး။ တရား ကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်း ထားတာပါ။ အလ္လာဟ်အရှင်မြတ် အတွက် နေဖို့ရာ အိမ် မလိုပါဘူး။ အချိန် နဲ့ နေရာ Time and Space ကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားတာပါ။
အလ္လာဟ်အရှင်မြတ်အကြောင်း ဘယ်သူ ပြောပြသတုန်းဆိုရင် အထက်က ဖော်ပြခဲ့တဲ့ အစ္စလာမ့် ယုံကြည်ချက်မှာပါဝင်တဲ့ လွန်ခဲ့သော AD 571 ခုနှစ်က ပွင့်ပေါ်တော်မူခဲ့တဲ့ အာရေဗျပြည် မက္ကဟ်မြို့သား တမန်တော်မိုဟမ္မဒ် (အပေါ်သို့ငြိမ်းချမ်း သာယာမှု အဖြာဖြာ ရောက်ရှိပါစေ) က ဟောပြောခဲ့တာပါ။ သူပြောတာတွေကို မှတ်တမ်း တင်ထားတယ်။ သူ့ပေါ်မှာ ကုရ်အာန် လို့ခေါ်တဲ့ အလ္လာဟ် အရှင်မြတ်ရဲ့ မုက္ခပါဋ္ဌ်တော် တွေ၊ ဗျာဒိတ်တော်တွေ ကျရောက်ပါတယ်။ နောက်ပီး အလ္လာဟ် အရှင်မြတ်ရဲ့ သဘောတူနှစ်မြို့မှု (အရဗီဘာသာနဲ့ ဟိဒါယဟ်) ရရှိလို့ ကျနော်တို့ အစ္စလာမ် ဘာသာဝင် ဖြစ်ရတာပါ။ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးအလွန် တင်ရှိပါတယ်။ ဟိဒါယဟ် သာ မရခဲ့ရင် ကျနော်လဲပဲ အလ္လာဟ် အရှင်မြတ်ကို မသိပဲ နေခဲ့မှာပါ။ အခုတော့ ကမ္ဘာမှာ အလ္လာဟ်အရှင်မြတ်ကို မသိသူတော်တော်ရှားသွားပြီ။ အနည်းဆုံးတော့ နာမတော်ကို ကြားဖူးကြမှာပါ။
ဘယ်တော့ အလ္လာဟ်အရှင်မြတ်ရဲ့ သဘောတူနှစ်မြို့မှု (အရဗီဘာသာဖြင့်- ဟိဒါယဟ်) ရမလဲဆိုရင် မိမိစိတ်ထဲမှာ အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း သက်ဝင်ယုံကြည်ရင် ဟိဒါယဟ်ရပြီပေါ့။
အစ္စလာမ် တစ်ဦးဖြစ်ဖို့ဘာလိုလဲဆိုရင် သက်ဝင်ယုံကြည်မှု ကတိသစ္စာစကား ---- လားအိလားဟ အိလ္လလ္လာဟု မုဟမ္မဒုရ် ရစူလွလ္လာဟ်----- (အဓိပ္ပာယ် ။ ။ အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ် အားထားရာ အရှင်မရှိ။ မုဟမ္မဒ် သခင်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်ဖြစ်တော်မူ၏) ကို နှုတ်မှ ဖတ်၊ နှလုံးသားက ယုံကြည်လက်ခံ။ အဲဒီအတိုင်း ကျင့်ကြံအားထုတ်။ ဒါဆိုရင် အစ္စလာမ်ဖြစ်ပီပေါ့။
နောက်တစ်ခုက မွတ်စလင် ဆိုတာ ....... အစ္စလာမ် ဘာသာဝင် ဖြစ်လာတဲ့မည်သူမဆို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မွန်ဂို၊ မလေး၊ ဖိလစ်ပင်း၊ ထိုင်း၊ အင်ဒိုနီးရှန်း၊ ဗမာ၊ စင်ကာပူရီးယန်း၊ အိုင်းရစ်၊ အရဗ်၊ ပါရှန်း၊ တာကစ်ရှ်၊ အင်ဒီးယန်း၊ အမေရိကန်၊ ဖရန့်စ်၊ ...... ..... ....... ........ ၊ ဘယ်လူမျိုးကိုမဆို ကို မွတ်စလင်မ် ဟု အမည်နာမ တပ်ပါသည်။ ကမ္ဘာ့တစ်ဖက်ခြမ်းက မွတ်စလင်မ် သည် နောက်တစ်ခြမ်းက မွတ်စလင်မ်နှင့် တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်ပါသည်။ တစ်ကိုယ်ခန္ဓာတည်း ဖြစ်ပါသည်။
မွတ်စလင်မ် လူမျိုးဆိုသည်မှာ မရှိပါ။ မိမိဖခင် မိခင် ဘာလူမျိုးလဲ အဲဒီလူမျိုးသည်သာ မိမိလူမျိုးဖြစ်ပါသည်။ အစ္စလာမ်က လူမျိုးကို ဖုံးကွယ် လိမ်လည်ဖို့အားမပေးပါ။ ဘာသာကို ရွေးချယ်လို့ရပါသည်။ အိမ်ထောင်ဖက်ကို ရွေးချယ်လို့ရပါသည်။ မိဘ ကိုရွေးချယ်လို့မရပါ။ သားသမီးကို ရွေးချယ်လို့မရပါ။ မွတ်စလင်မ်ဆိုတာကို ဥပမာပေးရရင် Engineering လုပ်သူကို Engineer ခေါ်သော်လည်း Engineer လူမျိုးဆိုတာ မရှိသလို၊ Accounting လုပ်သူကို Accountant ခေါ်သော်လည်း Accountant လူမျိုးဆိုတာ မရှိသလိုမျိုးဖြစ်ပါသည်။


http://aaitee.blogspot.com ကို ၀င်ရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။ 

မည်သူမဆို ထပ်မံဝေငှနိုင်ပါသည်။ ကော်ပီလုပ်ပြီး မိမိ wall ပေါ်မှာ ပြန်လည်ကူးတင်ပေးနိုင်ပါသည်။

ဆော်ဒီမှာ ဘာလို့ ဘုရားပေးမတည်တာလဲ

ဘာသာရေးပိုစ့်တွေမှာ တွေ့ မြင်နေကျ မေးခွန်းလေးတစ်ခုရှိတယ်။မင်းတို့ ဆော်ဒီမှာ ဘာလို့ ဘုရားပေးမတည်တာလဲ ဆိုတဲ့ မေးခွန်း။ တချို့ ကလဲ ဖြေကြတယ်။မြင့်မြတ်တဲ့မြေ (Holy Land) ဖြစ်လို့ ။ တချို့ ကလဲ ပြန်ပြောတယ်။ ဆော်ဒီမှာ ဘုရားတည်ချင်ရင်အရင်နိုင်ငံထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံသားတွေ ရှိမှရမယ်။ တချို့ ကလဲ ပြန်ငေါ့တယ်။ UN ကိုသွားပြောကြည့်ပါလားဆိုပြီး။ ဘာပဲဖြစ်ဖြစ် ဒီမေးခွန်းအတွက် အဖြေက အရမ်းကို ထိလွယ်ရှလွယ်လွန်းလှတယ်။

          ပထမဆုံးအနေနဲ့ မေးခွန်းအကြောင်း တစ်ဆိတ်ပြောပါရစေ။မေးခွန်းမှာ “မင်းတို့ ဆော်ဒီ” ဆိုပြီး အသုံးပြုတတ်တာတွေ့ ရပါတယ်။ မေးခံရသူ မြန်မာနိုင်ငံသားခမျာကြောင်တောင်တောင်နဲ့ ကိုယ့်မှတ်ပုံတင်ပဲ ကိုယ် ပြန်ထုတ်ကြည့်ရတော့မလို ကိုယ့်Passport ပဲကိုယ် Scan ဖတ်ပြီးတင်ပေးရမလို ဖြစ်စေတတ်တဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံကမွတ်စလင်တွေက ဆော်ဒီနိုင်ငံသားမဟုတ်သလို ဆော်ဒီအစိုးရကိုလဲ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါတောင်းဆိုလို့ရတဲ့ အခွင့်အရေးရှိသူတွေ မဟုတ်ကြပါဘူး။ ဆော်ဒီနိုင်ငံမှာ တခြားဘာသာရေး အဆောက်အဦးတွေဆောက်ခွင့်မပေးတာက ဆော်ဒီအစိုးရနဲ့ ပဲ ၁၀၀% သက်ဆိုင်ပါတယ်။ UN လဲဝင်အမိန့် ပေးလို့ မရပါဘူး။သက်ဆိုင်ရာ နိုင်ငံအသီးသီးက ဆော်ဒီသံရုံးတွေဆီ သွားပြီး ဆန္ဒပြတာက အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ (ဆန္ဒရှိသူများ သွားကြပါကုန်၊ အော်နေရုံနဲ့ တော့ဘာမှ ဖြစ်မလာပါ) သို့ မဟုတ်ဆော်ဒီအစိုးရနဲ့  သံတမန်လမ်းကြောင်းအရ ဆွေးနွေးမှုက ပိုမိုထိရောက်ပါလိမ့်မယ်။ (မိမိနိုင်ငံ၏၀န်ကြီးများ၊ သံအမတ်များကို တောင်းဆိုပါ၊ လွှတ်တော်ထဲအထိ တင်ပြသင့်ရင် တင်ပြပါ)

          ဒုတိယကတော့ အဖြေပါ။ အဖြေဆိုရာမှာလဲ ၂မျိုးရှိတယ်။ပထမတစ်ခုကတော့ ခပ်တိုတိုပဲ။ ဆော်ဒီမှာ တခြားဘာသာရေး အဆောက်အဦးတွေ ဆောက်တယ်ဆိုတာ ဗာတီကန်မှာဘုရားတည် ဗလီဆောက်သလို၊ ဗုဒ္ဓဂါယာမှာ ချာခ်ျဆောက် ဗလီဆောက်သလို ကိုးလိုးကန့် လန့် နိုင်မှာအသေအချာပါပဲ။ ဒါကတော့ လူပြိန်းနားလည်အောင် ဥပမာပေးပြောရတာပေါ့။ အဲဒါကိုမှ တချို့ တွေကငါတို့ ပြောတာ မက္ကာတစ်နေရာထဲကို ပြောတာမဟုတ်ဘူး၊ ဆော်ဒီတစ်နိုင်ငံလုံးကိုပြောတာ ဆိုပြီးစောဒကတက်တာတွေ ရှိတယ်။ အဲဒီလိုနေရာမှာတော့ ဒုတိယအဖြေ ခပ်ရှည်ရှည်ကို ပေးရပါတော့မယ်။

          ဆော်ဒီနိုင်ငံဟာ အစ္စလာမ်မစ်ဥပဒေနဲ့  အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အစ္စလာမ်နဲ့  ဆန့် ကျင်တဲ့ သဘောတရားတွေကို နိုင်ငံအတွင်းမှာခွင့်မပြုပါဘူး။ အစ္စလာမ်မှာ အရက်၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ လုပ်ရပ်တွေကိုတားမြစ်ထားပါတယ်။ အဲဒီအတွက်ကြောင့် ဆော်ဒီနိုင်ငံထဲမှာ အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ကေတီဗွီ အစရှိတဲ့ ဘာသာရေးနဲ့ ဆန့် ကျင်တဲ့ လုပ်ရပ်တွေ လုပ်ကိုင်ရာ အဆောက်အဦး တစ်ခုမှမရှိပါဘူး။

          ရှေ့ ဆက်မပြောခင် ဥပမာလေးတစ်ခုပေးချင်ပါတယ်။ကျောင်းတက်ဖူးသူတိုင်း ဓမ္မဓိဌာန် (Multiple Choices) မေးခွန်းဖြေဖူးကြမှာပါ။ သဘောတရားကရှင်းပါတယ်။ ကိုယ်မှန်တယ်ထင်တဲ့ အဖြေတစ်ခုကို အမှန်ခြစ်၊ ကျန်တာတွေက အမှားလို့ ယူဆပါတယ်။ဘာသာရေးမှာလဲ ဒီသဘောအတိုင်းပါပဲ။ လူတိုင်းက ကိုယ်ကိုးကွယ်ရာအယူအဆကို အမှန်လို့ ထင်ကြတာပါပဲ။အဲဒီတော့ ကျန်အယူတွေက အော်တို အမှားဖြစ်သွားပါလေရော။ ကိုယ့်အဖြေမှန်မမှန်တော့ စာစစ်သူသာသိမှာပါ။ အထက်မှာပြောထားတဲ့အတိုင်း ဆော်ဒီနိုင်ငံဟာ အစ္စလာမ်မစ်ဥပဒေနဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်တာနဲ့ အညီ အစ္စလာမ်နဲ့  ဆန့် ကျင်တဲ့ သဘောတရားတွေကို နိုင်ငံအတွင်းမှာ ခွင့်မပြုပါဘူး။အဲဒီတော့ တခြားဘာသာရေးအယူအဆတွေကိုလဲ အစ္စလာမ်နဲ့ ဆန့် ကျင်တယ်လို့  သတ်မှတ်ထားပါတယ်။အဲဒီအတွက်ကြောင့် အစ္စလာမ်နဲ့ ဆန့် ကျင်တဲ့ အယူဝါဒ လုပ်ရပ်တွေကို လုပ်ဆောင်ရာ အဆောက်အဦးတွေကိုလဲခွင့်မပြုပါဘူး။ ဘာသာရေး အဆောက်အဦးမှ မဟုတ်ပါဘူး။ အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ကေတီဗွီ အစရှိတဲ့ အဆောက်အဦးတွေကိုလဲ ခွင့်မပြုကြောင်း အထက်မှာ ပြောထားပြီးပါပြီ။ အစ္စလာမ့်ရှုထောင့်မှကြည့်လျှင်အဆိုပါအရာအားလုံးသည် ယုံကြည်မှုနှုင့် ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေသည့်အတွက် ခွင့်မပြုရခြင်းဖြစ်ပါသည်။ ဒီလောက်ဆို ရှင်းပြချင်တဲ့ ပွိုင့်ကို သဘောပေါက်လောက်ပြီဟု ထင်ပါတယ်။

          နိဂုံးချုပ်ရမည်ဆိုလျှင် မြန်မာနိုင်ငံမှမွတ်စလင်များသည် ဆော်ဒီနိုင်ငံသား ID ကိုင်ဆောင်သူများ မဟုတ်ကြသည့်အတွက် ဆော်ဒီအစိုးရ၏ဆုံးဖြတ်ချက်၊ အုပ်ချုပ်ပုံများကို ၀င်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း။ သို့ ရာတွင်တခြားမွတ်စလင်နိုင်ငံများတွင် (ဥပမာ - နီးနီးနားနား မလေးရှား) တွင် တခြားဘာသာဝင်တို့၏ အဆောက်အဦးအများအပြားရှိကြောင်း။ (ထိုနည်းတူစွာ အဆိုပါမွတ်စလင်နိုင်ငံများတွင်လည်းအရက်ဘား၊ နိုက်ကလပ်၊ ကာစီနိုများ စီးပွားရေးလိုအပ်ချက်အရ ခွင့်ပြုထားကြသည်)  မိမိနိုင်ငံသည် ဆော်ဒီနိုင်ငံကို အတုယူကာ ဆော်ဒီကဲ့သို့တခြားဘာသာရေး အဆောက်အဦးများကို ခွင့်မပြုလိုပါလျှင် မိမိနိုင်ငံသည်လည်း ဆော်ဒီကဲ့သို့ အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ ကေတီဗွီ အစရှိတဲ့ မိမိဘာသာမှ ကန့် သတ်ထားတဲ့ အဆောက်အဦးများကင်းစင်ရန် လိုပါကြောင်း . . .
         
စာကြွင်း: ဒီနေရာမှာ တခြားဘာသာရေး အဆောက်အဦးတွေကို အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ ကေတီဗွီ စတာတွေနဲ့တစ်တန်းထဲထား စော်ကားပြောဆိုလိုသည့် ရည်ရွယ်ချက်လုံးဝမရှိပါ။ စော်ကားပြောဆိုသည်ဟုစာဖတ်သူခံစားမိပါက အနူးအညွတ်တောင်းပန်ပါသည်။

Credit to :  Mg Badr (Facebook)

Ref : http://www.drawingmuhammad.com/2010/07/why-no-freedom-of-religion-in-saudi-arabia-dr-zakir-naik/
        http://www.saudiarabia-travel.org/nightlife.html
        http://alcoholrehab.com/alcohol-rehab/alcohol-in-saudi-arabia/

ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ

ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ

ရှေးသရောအခါကတည်းက မွတ်စလင်အချို့ ခရီးရောက်ရှိခဲ့သော်လည်း ၁၈၉၅-ခုနှစ် တံခါးဖွင့် စနစ်မကျင့်သုံးမီ ကာလ ဂျပန်ပြည်ဟာ အစ္စလာမ်သာသနာနဲ့ အထိအတွေ့ မရှိသလောက်ပါဘဲ။ ၁၉-ရာစုနှောင်းပိုင်း ဗြိတိသျှ၊ ဒတ်ခ်ျ ရေကြောင်းခရီးများနဲ့အတူ မလေးမွတ်စလင်တို့ စတင်ရောက်ရှိခဲ့ပြီး ၁၈၇၀-ခုနှစ်တဝိုက်မှာ ‘မြတ်တမန်တော် သခင်မိုဟမ္မဒ်’ ရဲ့ အထုပ္ပတ္တိကို ဂျပန်ဘာသာပြန်ဆိုခဲ့ခြင်းဖြင့် ဂျပန်ပြည်သူပြည်သားများဆီသို့ အစ္စလာမ်သာသနာ စတင်ရောက်ရှိ ပြန့်နှံ့စေခဲ့ပါတယ်။ သို့သော်လည်း သမိုင်းရာဇဝင်၊ ယဉ်ကျေးမှု့ တစ်ရပ်အနေဖြင့်သာ လူသိများခဲ့ပြီး သက်ဝင်ယုံကြည်မှုအားဖြင့် အလွန်နည်းပါးခဲ့ပုံပါပဲ။

တိုကျိုမြို့မှ ဗလီဝတ်ကျောင်းတော်

တူရကီနိုင်ငံ အစ္စတန်ဘူမြို့သို့ ဂျပန်အိမ်ရှေ့မင်းသား ‘ကိုမတ်စု အခီဟီတို’ သံတမန် ဆက်သွယ်လာရောက်မှုကို ပြန်လှန်ဂုဏ်ပေးအလေးပြုခြင်းငှါ ၁၈၉၀-ခုနှစ်မှာ ‘တူရကီအော်တိုမန်အင်ပါယာ’က ဂျပန်ပြည်သို့ ‘အာတုဂရုလ’ အမည်ရှိ စစ်ရေယာဉ်တစ်စီးစေလွှတ်ခဲ့သော်လည်း ၁၈၉၀-ခုနှစ် စက်တင်ဘာလ ၁၆-ရက် ညနေပိုင်း ‘ဝါကာယာမဒေသ’ ကမ်းရိုးတမ်းမှာ မုန်းတိုင်းမိပျက်စီးခဲ့ပါတယ်။

ပထမဆုံး ‘ဟဂ်ျ’ပြုခဲ့တဲ့ ဂျပန်မွတ်စလင်လာမယ့်’ကိုတာရို ယာမာအိုက’ ဟာ ၁၉၀၉-ခုနှစ်မှာ အိန္ဓိယနိုင်ငံ ဘုံဘေမြို့မှာ ရုရှားနိုင်ငံဖွားဂျပန်အမျိုးသား စာရေးဆရာ ‘အဗဒူ

တိုကျိုမြို့မှ ဗလီဝတ်ကျောင်းတော်

ရာရှီးဒ် အေဗရာဟင်’ ဆိုသူနဲ့တွေ့ရှိခဲ့ပြီး အစ္စလာမ်သာသနာ့ဘောင် အတွင်းဝင်ရောက်ကာ ‘အိုမာရ် ယာမာအိုက’ အမည်ခံယူခဲ့ပါတယ်။ တကယ်တော့ သူဟာ ရုရှာ-ဂျပန်စစ်ပွဲ (၁၉၀၄-၁၉၀၅) စတင်ကတည်းက ‘မန်ချူးရီးယား’သို့ ထောက်လှမ်းရေး အဖြစ်ရောက်ရှိနေခဲ့သူပါ။

အလားတူ အချိန်ကာလတဝိုက်မှာပဲ ‘ဘွန်ပါချိရို အာရိဂါ’ဆိုသူ ဂျပန်လူမျိုးတစ်ဦးဟာလည်း ကုန်သည်အဖြစ် အိန္ဓိယနိုင်ငံသို့ရောက်ရှိစဉ် ဒေသခံမွတ်စလင်များထံမှ အစ္စလာမ်ဘာသာအား လေ့လာသိရှိခဲ့ပြီး အစ္စလာမ် သာသနာ့ဘောင်အတွင်း ဝင်ရောက်ကာ ‘အာမက် အာရိဂါ’ အမည်ခံယူခဲ့ပါတယ်။

၁၈၉၂-ခုနှစ်မှစ နှစ်ပေါင်း ၂၀-ခန့် တူရကီနိုင်ငံ အစ္စတန်ဘူမြို့၌ ကုန်သည်အဖြစ်အခြေချနေထိုင်ခဲ့သူ ‘ယာမာဒါ တိုအာဂျိရို’ဆိုသူကလည်း အစ္စလာမ်သာသနာ့ဘောင် အတွင်:ဝင်ရောက်ခဲ့ပြီး ‘အဗဒူ ခါလေ’ အမည်ခံကာ ဂျပန်ပြည်မပြန်မီ မက္ကာမြို့သွား ‘ဟဂ်ျ’ပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ၁၉၁၇-ခုနှစ် အောက်တိုဘာ တော်လှန်ရေးဖြစ်ပွါးပြီးနောက် ရုရှားနဲ့ အာရှအလယ်ပိုင်းဒေသမှ ရာပေါင်းများစွာ ‘တူရကီ-တာတာမွတ်စလင်’ ဒုက္ခသည်များနဲ့ စစ်ပြေးများကို ခိုလှုံခွင့်ပြုခဲ့ပါတယ်။ စစ်တမ်းများအရ ၁၉၃၈-ခုနှစ်မှာ ဂျပန်ပြည်အနှံ့ ခိုလှုံခွင့်ရရှိခဲ့သူ မွတ်စလင် ၆၀၀-ဦးခန့်နဲ့ အခြား ဂျပန်ပိုင် ကိုလိုနီဒေသများမှာတော့ ထောင်ပေါင်း များစွာရှိခဲ့ပြီး ဂျပန်လူမျိုးအချို့ ၄င်းတို့ထံမှ အစ္စလာမ်ဘာသာအား လေ့လာသိရှိခဲ့ပြီး အစ္စလာမ် သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

၁၉၃၅-ခုနှစ်မှာ ‘ကိုဘေး ဗလီဝတ်ကျောင်းတော်’ကို တည်ဆောက်ခဲ့ပါတယ်။ ‘တိုကျို ဗလီဝတ်ကျောင်းတော်’ကို ၁၉၀၈-ခုနှစ်မှာ စတင်စီမံချက်ချခဲ့ပြီး ၁၉၃၈-ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ရှေ့ဆောင်ဗလီ ဆရာတော်များကတော့ ‘အဗ်ဒူ ရာရှီးဒ် အေဗရာဟင် (၁၈၅၇-၁၉၄၄)’ နဲ့ ‘အဗ်ဒူဟေး ကော်ဘန်ဂလီ (၁၈၈၉-၁၉၇၂)’ တို့ဖြစ်ပါတယ်။

ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်

တိုကျိုမြို့၌ ‘အဟာလူဘိုက်သ် အစ္စလာမ်ဌာန’ (Ahlulbayt Islamic Centre) တည်ရှိပြီး ရှေ့ဆောင်ဗလီဆရာတော်ကတော့ ‘ရှိုက် အေဗရာဟင် စာဝါဒါ’ ဖြစ်ပါတယ်။ ၁၉၃၀-ခုနှစ်မှာ ပထမဦးဆုံး မွတ်စလင်အဖွဲ့အစည်း ‘ဂျပန်ပြည်လုံးဆိုင်ရာ မွတ်စလင်အဖွဲ့’ (Greater Japan Muslim League) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

ဒီကာလတလျှောက် ဂျပန်အာဏာပိုင်များက ပညာရှင်များ၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး အစ္စလာမ်ဘာသာရေးရာ စာအုပ်များ၊ ဂျာနယ်များ ၁၀၀-ကျော်ထုတ်ဝေခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်ပွဲကာလဖြစ်ပြီး သာသနာပြုခြင်းထက် အနောက်တိုင်းဝါဒများကို တန်ပြန်တိုက်ခိုက်လိုတဲ့ သဘောထားပါ။ ဂျပန်အစိုးရထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ‘ရှူမေ အိုကာဝါ’ ဆိုသူဟာ အစ္စလာမ်သာသနာ့ ပညာရှင်တစ်ဦးဖြစ်ပြီး သူ့တပည့်တစ်ဦးဖြစ်တဲ့ ‘တိုရှိဟီကို အိဆူဇူး’ အနဲ့အတူ ‘ကျမ်းတော်မြတ် ကုရ်အာန်’ ဂျပန်ဘာသာပြန်အပြင် အခြားသော မွတ်စလင်စာပေအမြောက်အများ ရေးသားပြုစုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ပြည်ရှုံးနိမ့်သွားရာမှာ စစ်နိုင်မဟာမိတ်တို့က ‘ရှူမေ အိုကာဝါ’ အား စစ်ရာဇဝတ်သားအဖြစ် ဖမ်းဆီးအကျဉ်းချတာခံခဲ့ရပြီး ‘ကျမ်းတော်မြတ် ကုရ်အာန်’ ဂျပန်ဘာသာပြန်ကို ထောင်တွင်းမှာပဲ ပြီးစီးနိုင်ခဲ့တာ အံ့မခမ်းပါပဲ။ နောက်ပိုင်း ထောင်မှလွတ်မြောက်ပြီး ၁၉၅၇-ခုနှစ်မှာ မွတ်စလင်အဖြစ် ကွယ်လွန်ခဲ့ပါတယ်။

မှတ်သားစရာတစ်ခုက ဒုတိယကမ္ဘာ စစ်ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများသို့စေလွှတ်ခြင်းခံရတဲ့ ဂျပန်စစ်သားများကို ဖမ်းမိတဲ့အခါ အသတ်မခံရအောင် “La ilaha illa Allah” ဆိုနည်းသင်ပေးပါတယ်။ မှတ်တမ်းများအရ ဒေသခံများကလည်း သူတို့ကိုဖမ်းမိတဲ့အခါ မသတ်တဲ့အပြင် ကောင်းမွန်စွာဆက်ဆံကြတယ်လို့ သူတို့လွန်စွာအံ့ဩရတယ်လို့ စစ်ပြန်များကပြန်ပြောကြပါတယ်။

ဒုတိယကမ္ဘာ စစ်ကာလ ဂျပန်တို့ တရုတ်ပြည်နဲ့ အရှေ့တောင်အာရှနိုင်ငံများကို သိမ်းပိုက်ရောက်ရှိခဲ့ခြင်းဟာ အစ္စလာမ်သာသနာနဲ့ ပိုမိုထိတွေ့စေခဲ့ပါတယ်။ အချို့စစ်သားများ အစ္စလာမ်သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဂျပန်ပြည်ပြန်ရောက်တဲ့အခါ ၁၉၅၃-ခုနှစ်မှာ ‘ဆွာဒစ် အီမာအိဇူမိ’ ဆိုသူရဲ့ ဦးဆောင်မှုနဲ့ ‘ဂျပန်မွတ်စလင်အဖွဲ့’ (Japan Muslim Association) ကိုတည်ထောင်ခဲ့ပါတယ်။ စတင်တဲ့အခါ အဖွဲ့ဝင် ၆၅-ဦးရှိပြီး ၆-နှစ်အကြာ ‘ဆွာဒစ် အီမာအိဇူမိ’ ကွယ်လွန်တဲ့အချိန်မှာ အဖွဲ့ဝင် နှစ်ဆတိုးရှိလာပါပြီ။ ၎င်းနောက် အဖွဲ့အား ‘အိုမာရ် မိတ’ ဆိုသူက ဦးဆောင်ခဲ့ပါတယ်။ သူဟာ တရုတ်ပြည်၌ ဂျပန်ပိုင် မန်ချူး မီးရထားကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ရင်း တရုတ်မွတ်စလင်များထံမှ အစ္စလာမ်ဘာသာအား လေ့လာသိရှိခဲ့ပြီး ‘ပီကင်းမြို့’ မှာ သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့သူပါ။ စစ်အပြီး ဂျပန်ပြည်ပြန်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်ကာလနောက်ပိုင်း ပထမဦးဆုံး ‘ဟဂ်ျ’ပြုနိုင်ခဲ့ကာ မွတ်စလင်တစ်ဦးအနေဖြင့် ပထမဦးဆုံး ‘ကျမ်းတော်မြတ် ကုရ်အာန်’ အကျယ်အဖွင့်ကျမ်းကို ဂျပန်ဘာသာပြန်ဆိုနိုင်ခဲ့သူလည်းဖြစ်ခဲ့ပါတယ်။ (အလ်ဂျဇီရာ ရုပ်သံမှ “Road to Hajj – Japan” အမည်ဖြင့် ဂျပန်ပြည်အစ္စလာမ်သာသနာအကြောင်း တင်ဆက်ထားရှိပါတယ်။)

၁၉၈၂-ခုနှစ်မှာ မွတ်စလင်ဦးရေ ၃၀၀၀၀ ကျော်ရှိပြီး တဝက်ခန့်ဟာ ဂျပန်လူမျိုး မွတ်စလင်တွေဖြစ်ပါတယ်။ ၂၀၀၀-ခုနှစ်မှာ ဂျပန်လူမျိုးမွတ်စလင် ၆၃၅၅၂-ဦး ရှိပြီး အခြားအာရှသား မွတ်စလင်ဦးရေ ၇၀၀၀၀-၁၀၀၀၀၀ ကျော်ရှိပါတယ်။ ဂျပန်အစိုးရက ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သတ်ပြီး စာရင်းဇယား မထားရှိတဲ့အတွက် အတိအကျ ပြောဆိုရန်ခက်ခဲပြီး ဂျပန်နိုင်ငံရဲ့ သန်းရာချီတဲ့ လူဦးရေနဲ့စာရင် အလွန်အင်အားနည်းတာတော့ အမှန်ပါပဲ။ နိုင်ငံအနှံ့ သီးသန့်ဗလီဝတ်ကျောင်းတော် ၃၀-ကျော်ခန့်ရှိပြီး အခြားဝတ်ပြုရန်ကျောင်း ၁၀၀-ကျော်ရှိပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်) M-Media

Thursday, April 18, 2013

ဒိုအာ စာရွက် A4 Size can Print

မိတ္ထီလာနဲ့ ကျန်ဒေသတွေမှာရှိကြတဲ့ဒုက္ခသည်တွေလက်ထဲကို ပို့ပေးစေချင်ပါသည်။ A4 စာရွက်နဲ့ ကျောကပ် ရိုက်လို့ရအောင်လုပ်ထားပါတယ်။ နီးစပ်သူများ ကူညီပါ။ 

ဒရူးဒ်စလာမ် ပို့သခြင်း

တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်) အပေါ် ဒရူးဒ်စလာမ် ပို့သခြင်း ထူးမြတ်မှုနဲ့ ပတ်သက်ပြီး တရားတော်မှာ မြောက်မြားစွာသော အထောက်အထားတွေ လာရှိပါတယ်။ အဲဒီထဲကမှ သာသနာ့ ပညာရှင်အချို့ ထောက်ပြတဲ့ အရမ်းအရေးကြီးတဲ့ အချက်လေးတစ်ချက်ကိုပဲ တင်ပြလိုက်ပါ့မယ်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ အရှင်မြတ်ကိုယ်တော်တိုင် ဦီးစွာပထမ ပြုလုပ်ပြီး . . .. နောက်မှ အီမာန်ရှင်တွေကို ပြုလုပ်ဖို့ အမိန့်ပေးထားတဲ့ လုပ်ရပ်ဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါဟာ . . .

***တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်) အပေါ် ဒရူးဒ်စလာမ် ပို့သခြင်းပဲဖြစ်တယ်***

အဲဒီ တစ်ချက်တည်းနဲ့တင် တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်)အပေါ် ဒရူးဒ်စလာမ်ပို့သခြင်း ဘယ်လောက်ထူးမြတ်သလဲဆိုတာ ပေါ်လွင်နေပါပြီ။

ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က (ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လည်းကောင်း ၊ အရှင်မြတ်၏ ကောင်းကင်တမန်များသည်လည်းကောင်း နဗီတမန်တော်မြတ် အပေါ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်သည်။ အို အီမာန်ရှင် အပေါင်းတို့ အသင်တို့လည်း ထိုနဗီတမန်တော်မြတ်အပေါ် ကောင်းချီးမင်္ဂလာ ပို့သခြင်းနှင့် စလာမ်မေတ္တာပို့သခြင်းကို ပြုကြလေကုန်) (စူရာဟ်- ၃၃၊ အာယတ်- ၅၆)

ဒါကြောင့် ချစ်ပရိတ်သတ်ကြီး . . . တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်)အပေါ် နေ့စဉ် ဒရူးဒ်စလာမ် များများပို့ကြပါ။

တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်)အပေါ် ဒရူးဒ်စလာမ် ပို့သခြင်းဟာ . . .

- အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အတွက် ဂရုဏာတံခါးတွေ ဖွင့်ပေးစေမယ့် အကြောင်းခံ

- ကျွန်တော်တို့ နှလုံးသားတွေ လင်းဝင်းစေမယ့် အကြောင်းခံ

- စိုးရိမ်ပူပန်မှုတွေ ကင်းဝေးစေမယ့် အကြောင်းခံ

- ကေယာမသ်နေ့မှာ တမန်တော်မြတ်နဲ့ အနီးကပ်ဆုံးသူ ဖြစ်ခွင့်ရမယ့် အကြောင်းခံ

- အလ္လာဟ်အရှင်မြတ်ထံမှာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းတွေ မြင့်မားစေမယ့် အကြောင်းခံ . . . တွေပဲဖြစ်ပါတယ်။

အဲဒီအကြောင်းခံတွေနဲ့ ပတ်သက်ပြီး မြောက်မြားစွာသော ဟဒီးဆ်တော်တွေ လာရှိပါတယ်။

ဆက်ပြီးတော့ . . .

တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်) မိန့်တော်မူတယ် . . .

- အကြင်သူရဲ့ထံမှာ ငါကိုယ်တော့် (နာမည်) တသ ပြောဆိုတဲ့အချိန် ငါကိုယ်တော် အပေါ် ဒရူးသ် မပို့တဲ့သူဟာ စေးနည်းတဲ့သူပဲ ဖြစ်တယ်။ (အီမာန် နစာအီ၏ စွန်နနိုလ် ကွဗ်ရာကျမ်း ၊ ဟဒီးဆ်အမှတ်- ၈၀၄၆)

- အကြင်သူဟာ ငါကိုယ်တော့်အပေါ် ဒရူးသ်စလာမ် ပို့သဖို့ မေ့လျော့နေခဲ့မယ် (တမင်သက်သက်စွန့်လွှတ်ခဲ့မယ်) ဆိုရင် ဂျန္နတ်သို့သွားရာလမ်း မှားသွားလိမ့်မယ်။ (အစ်ဗ်နိုမာဂျာကျမ်း၊ ဟဒီးဆ်အမှတ်- ၉၀၈)

ချစ်မိတ်ဆွေ . . .
အသင့်ရဲ့ နှုတ်လျှာကို ဒရူးသ်စလာမ် ပို့သခြင်းဖြင့် မွှေးပျံ့ စိုစွတ်စေပါလို့ ဆန္ဒပြုရင်း . . .

*** အလ္လာဟွမ္မ ဆွလ္လေအလာ စိုင်ယေဒေနာ မိုဟမ္မဒင်န် ၀အလာ အားလေဟီ ၀ဆွဟ်ဗိဟီ ၀စလ္လမ် ****





ချစ်မိတ်ဆွေ . . .
သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။
တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )


--- သင့်ဘ၀အတွက် အစ္စလာမ့်စာမျက်နှာမှ-----

မပျင်းနဲ့


မွတ်စလင်မ်တို့ - မပျင်းနဲ့ (ပျင်းခြင်းဟာ နဖ်စ်စိတ်ရိုင်းအလိုကျဖြစ်ပါတယ်)

- နမာဇ်အချိန်ရောက်လာရင် ၀ုသွူလုပ်ဖို့ မပျင်းနဲ့ (နမာဇ်ဖတ်ဖို့ ၀ုသွူ အရေးကြီးပါတယ်)
- အိပ်ချိန်ရောက်လာရင် Facebook ပိတ်ဖို့ မပျင်းနဲ့ (မပိတ်ရင် အိပ်ချိန်လျော့သွားမယ်)
- ဒီမိုကရေစီခေတ်မှာ လူထုအကျိုးပြုလုပ်ငန်း လုပ်တဲ့ Civil Society တစ်ခုခုမှာပါဝင်ဆောင်ရွက်ဖို့ မပျင်းနဲ့ ( ကိုယ်မလုပ်ရင် နောက်ကျန်ခဲ့မယ်)
- အိမ်မှာ အမှိုက်တွေရှိနေရင် ရှင်းလင်းဖို့ မပျင်းနဲ့ (အမှိုက်ရှင်းနေတော့ နေချင့်စဖွယ်ပေါ့)
- တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ မပျင်းနဲ့ (နံနေရင် ဘယ်သူက အနားကပ်မလဲ)
- ကိုယ့်ဘာသာ သာသနာ ကိုယ်သိအောင်လုပ်ဖို့ မပျင်းနဲ့ ( ကိုယ့်သာသနာ ကိုယ်မသိရင် လုပ်သမျှ သဲထဲရေသွန်ပေါ့)
- မိမိဖတ်ရွတ်နေတဲ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဒုအာ ဇိက်ရ်တွေရဲ့ အဓိပ္ပာယ်အလိုသဘောတွေ - နားလည်အောင်လုပ်ဖို့ မပျင်းနဲ့ (အဓိပ္ပယ်မပါတဲ့ဖတ်ရွတ်မှုဟာ ဆားမပါတဲ့ ဟင်းလိုပဲ)
- Status တစ်ခုကိုမရှဲခင် သဘောပေါက်အောင်ဖတ်ဖို့ မပျင်းနဲ့ (မဟုတ်တာရေးထားတာရှဲမိရင် ကိုယ်ပါ တရားခံဖြစ်မယ်)
- သတင်းတစ်ခုကို မရှဲခင် ဝေဖန်ပိုင်းခြားဖို့ မပျင်းနဲ့ (မသိရင် မဆင့်ပြန်တာအကောင်းဆုံးပဲ)
- ဖုန်းကတ်မှာ ပိုက်ဆံမကုန်ခင် ပြန်ဖြည့်ဖို့ မပျင်းနဲ့ ( ဒါတော့ ကြုံဖူးသူတွေရှိတယ် )
- ဒုအာတွေ ဇိက်ရ်တွေလုပ်ရင် သတ်မှတ်အရေအတွက်အတိအကျဖြစ်အောင် ရေတွက်ဖို့ မပျင်းနဲ့ (အလ္လာဟ်အရှင်မြတ်သည် တိကျမှုကို နှစ်သက်တော်မူသည်။  နေ - လ - ကမ္ဘာ - စကြ၀ဠာကို တိကျစွာ သွားလာရာလမ်းသတ်မှတ်ထားသကဲ့သို့ ၀တ်ပြုမှုများတွင်လည်း တိကျစွာ ရကအသ် အရေအတွက် - အချိန်အတိုင်းအတာ - သတ်မှတ်ထားသည် ။ )
- ကိုယ်စိတ်နေတဲ့ ပုတီး (တပ်စ်ဗီ) မှာ အလုံးရေ ၉၉ ရှိလားဆိုတာ ရေတွက်ထားဖို့ မပျင်းနဲ့ (မွတ်စလင့်မ်ပုတီးက တပ်စ်ဗီဟေ ဖွာသိမဟ်ကို အခြေခံပါတယ် ။ စွဗ္ဗဟာနလ္လာဟ် ၃၃ ကြိမ် - အလ်ဟမ်ဒုလိလ္လာဟ် ၃၃ ကြိမ် - အလ္လာဟုအပ်က်ဗရ် ၃၄ ကြိမ် အပေါ်မှာအခြေခံပါတယ်။ စုစုပေါင်း ၁၀၀ ပါ ။ တိုင်ကလေးကို ၁ ခုပေါင်းထည့်တော့မှ ၁၀၀ ဖြစ်တာ ။ အလုံးရေက ၉၉ ပဲ။ )
- မြန်မာမွတ်စလင်မ်ထု ကိုယ်စားပြုပြီး အစည်းအဝေးတွေ ကျင်းပနေတုန်း နမာဇ်အချိန်ရောက်လာရင် နမာဇ်ဝတ်ပြုဖို့ မပျင်းနဲ့ (မုဟမ္မဒွရ်ရစူလွလ္လာဟ်ရဲ့ အွမ္မသ်ကောင်းကျိုးအတွက် လုပ်နေရင်း လားအိလားဟအိလ္လလ္လာဟ် - ဖန်ဆင်းရှင်ကို သတိရတသ ရမယ့်အချိန်ရောက်လာရင် ဖန်ဆင်းရှင်ကိုသတိရ ဦးချခြင်းဟာ ပီသတဲ့ အီမာန်ရှင်ရဲ့တာဝန်ပါ။)
- ဂိုနဟ် - အကုသိုလ်တစ်ခု ကျူးလွန်မိရင် အမြန်ဆုံး သောင်ဝ်ဗဟ်လုပ်ဖို့ မပျင်းနဲ့ ( သောင်ဗဟ်လုပ်ထားရင် အဲဒီဂုနာဟ်အတွက် ကိယာမသ်နေ့ အဖမ်းမခံရဘူးပေါ့)
- ထိုင်နေရာကနေ ထဖို့ ၊ အိပ်ရာထဲက ထွက်ဖို့ ၊ လုပ်သင့်တဲ့အလုပ်ကို အမြန်ဆုံးလုပ်ဖို့ မပျင်းနဲ့ ( -- --- သွားရဦးမယ် ထိုင်နေလို့တော့ခရီးတစ်ခုရောက်ဖို့ မဖြစ်နိုင်ဘူး -- -- -- )
- ကိုယ့်ဘာသာ သာသနာအကြောင်းကို တစ်ပါးသူက မသိလို့မေးမြန်းလာရင် အချက်ကျကျ ရှင်းလင်းတင်ပြတတ်အောင် လေ့လာထားဖို့ မပျင်းနဲ့ (ဘောလုံးအသင်းတွေကို သိသလို ၊ အဆိုတော်တွေ ၊ မင်းသားမင်းသမီးတွေ ၊ ရွှေငွေ ၊ ဒေါ်လာ ၊ တိုက်ခန်း ၊ ကုန်ပစ္စည်း အကြောင်းတွေကို သိသလို မိမိဘာသာတရားအကြောင်းကိုလဲ သိထားရမယ် )
- အစားအစာတစ်ခုစားတော့မယ်ဆိုရင် Halal ဖြစ်လား ဝေဖန်ပိုင်းခြားဖို့ မပျင်းနဲ့ (တံဆိပ်ကြည့်ခိုင်းတာမဟုတ်-ကိုယ့်အသိဥာဏ်နဲ့ ပိုင်းခြားခိုင်းတာ) (ဟလာလ် - ဆိုတာ တံဆိပ်ကပ်လိုက်တာနဲ့ ဖြစ်လာတာမဟုတ်ဘူး - ကိုယ့်ခန္ဓာသွေးသားထဲမှာ လှည့်ပတ်နေမယ့် အာဟာရဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သန့်ရှင်းဖို့တော့လိုတယ်။ ဒါမှ အပေါ်ကရေးထားတာတွေလုပ်နိုင်မှာ)
- မနက်စောစော ဖဂျရ်ဖတ်ဖို့ မပျင်းနဲ့ ( ဖဂျရ်ဖတ်တဲ့လူက သာသာနာ့အောင်လံတော်ကိုင်ပြီး စီးပွားရှာထွက်တာနဲ့တူတယ်။ ဖဂျရ်မဖတ်တဲ့လူက ရှိုင်တွာန့်အလံကိုင်ပြီး စီးပွားရှာထွက်တာနဲ့တူတယ်။ )
- နမာဇ်ပြီးရင် ဒုအာတောင်းဖို့ မပျင်းနဲ့  ( ဖရပ်ဇ်နမားဇ်အပြီး တောင်းတဲ့ဒုအာကို ကဗူလ်လုပ်တယ်လို့ သိရတယ် )
- စာရေးရင် သတ်ပုံမှန်အောင်ရေးဖို့ မပျင်းနဲ့ ( ဒါတော့ကျတော်လည်းပြင်ရမယ်ဗျ - ကြည့် အခုတောင် ကျွန်တော် လို့မရေးပဲ မှားရေးနေပြီ။)
- မွတ်စလင်မ့်သမိုင်းကို လေ့လာဖို့ မပျင်းနဲ့ (ကိုယ်မလေ့လာထားရင် သူများပြောတဲ့ လုပ်ကြံဇာတ်လမ်းကို အဟုတ်ထင်နေလိမ့်မယ်)

ဒိုအာတောင်းခံရာတွင် လိုအပ်သောအချက်များနှင့် -------


ဒိုအာတောင်းခံရာတွင် လိုအပ်သောအချက်များနှင့် ဒိုအာလက်ခံစေသော အကြောင်းခံများ
အောက်ပါအချက်များသည် ကျမ်းမြတ်ကုရ်အာန်နှင့် စစ်မှန်သော ဟဒီးဆ်တော်များမှ ထုတ်နှုတ်ထားသော အချက်အလက်များဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးအား လွယ်ကူစွာ လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အထောက်အထားများကို မဖော်ပြတော့ပဲ အချက်အလက် များကိုသာ ရေးသာတင်ပြထားပါတယ်။
(၁) ဒိုအာဟာ အေဗာဒသ် (ခဝပ်ကိုးကွယ်ခြင်း) ဖြစ်တာကြောင့် အစ်ခ်လားဆွ် (အရှင်မြတ်အတွက် သီးသန့်ပြုလုပ်ခြင်း) ပါရမယ်။ (ဒီအချက်နဲ့ ပတ်သက်ပြီး ပြောစရာစကားတွေ အများကြီးရှိပေမယ့် နောက်ကဏ္ဍတွေမှာ အကျယ်တဝန့် ရေးသားတင်ပြသွားပါမယ်။
(၂) မိမိရဲ့ အစားအသောက်၊ အဝတ်အစား နဲ့ သုံးစွဲမှုတွေက ဟလာဟ်(သန့်ပြန့်သော ဥစ္စာပစ္စည်းများနဲ့သာ) ဖြစ်ရမယ်။
(၃) သူတစ်ပါးဆီက မတရားညှင်းပန်း ရယူထားတာတွေကို ပြန်လည်ပေးဆပ်ကာ
အရှင်မြတ်ထံမှာ ဝန်ချတောင်းပန်ရမယ်။
(၄) ကစ်ဗ်လာဟ်ဘက်ကို မျက်နှာမူရမယ်။
(၅) လက်တွေကို မြှောက်ပြီးတောင်းရမယ်။
(၆) အကယ်လို့ လွယ်ကူမယ်ဆိုရင် ဒိုအာမတောင်းခင် ဝူဇူလုပ်ရမယ်။
(၇) ဒိုအာတောင်းခံရာမှာ အရှင်မြတ်အား ကျေးဇူးတင်ခြင်း ၊ ချီးမွမ်းခြင်းနဲ့ အစပြုပြီး တမန်တော်မြတ်(ဆွလလ္လာဟူ အလိုင်းဟိ ဝစလာမ်) ကို ဒရူးသ် စလာမ် ပို့သပြီး အဆုံးသတ်ရမယ်။
(၈)ဒိုအာကို မြဲမြံစွာတောင်းခံပြီး ၊ လက်ခံမယ်လို့ ခိုင်ခိုင်မာမာယုံကြည်ရမယ်။
(၉) နှလုံးသားနဲ့ စူးစိုက်ပြီး တောင်းရမယ် ။
(၁၀) ဒိုအာတောင်းခံရာမှာ မိမိကိုယ်ကို ချိုးနှိမ်ခြင်း၊ ရိုကျိုးခြင်း၊ လိုလားတောင့်တခြင်း ၊ ကြောက်ရွံ့ခြင်း တို့ပါဝင်ရမယ်။
(၁၁) ဒိုအာတောင်းခံရာမှာ မိမိရဲ့ အပြစ်တွေကို ထုတ်ဖော်ဝန်ခံပြီး အဲ့ဒီအပြစ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်တောင်းရမယ်။ မိမိရရှိထားတဲ့ နေမသ်စည်းစိမ်တွေကို ထုတ်ဖော် ဝန်ခံပြီး အဲဒါတွေအတွက် အရှင်မြတ်ကို ကျေးဇူးတင်ရမယ်။
(၁၂) မိမိလိုအပ်တာကို သုံးကြိမ်သုံးခါ အထပ်ထပ်တောင်းရမယ်။
(၁၃) မြန်မြန် မတောင်းရပေ။
(၁၄) မိသားစုဝင်တွေ ၊ ဥစ္စာပစ္စည်း ၊ သားသမီး နဲ့ မိမိကိုယ်ကို ကျိန်ဆဲမှုမပါပဲ တောင်းခံရမယ်။
(၁၅) ချောင်လည်တဲ့ အချိန်မှာရော ၊ ကြပ်တည်းတဲ့ အချိန်မှာပါ ဒိုအာတောင်းခံရမယ်။
(၁၆) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ တောင်းခံရမယ်။
(၁၇) အသံ အလယ်အလတ်နဲ့ မတိုးမကျယ်တောင်းခံရမယ်။
(၁၈) အသံနေ ၊အသံထား (အလိုက်တစ်ခုခု)နဲ့ ဒိုအာမတောင်းရပေ။
(၁၉) မိမိအတွက် အရင်တောင်းပြီးမှ တစ်ခြားသူအတွက် တောင်းခံပေးပါ။
(၂၀) ဒိုအာတောင်းခံတဲ့အချိန် (၁) အလ္လာဟ်အရှင်မြတ်ရဲ့ လှပတဲ့ အမည်နာမတော်တွေ နဲ့ မြင့်မြတ်တဲ့ ဂုဏ်တော်တွေကို အကြောင်းခံပြီး ဒိုအာတောင်းရမယ်။(ဥပမာ - အို- အလွန်တရာ သနားကြင်နာတော်မူသော အရှင်… ကျွန်တော်မျိုးကို သနားကြင်နာတော်မူပါ။) (၂) မိမိရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေ ကို အကြောင်းခံပြီး ဒိုအာ တောင်းရမယ်။(ဥပမာ- အို အရှင်မြတ် ကျွန်တော်မျိုး အရှင်မြတ် အတွက်သီးသန့် ဤ . . . .(လုပ်ရပ် ). . . . . . ကို လုပ်ခဲ့ပါတယ် ။ အဲ့ဒီလုပ်ရပ်ကို အကြောင်းခံပြီး ကျွန်တော်မျိုးရဲ့ဒိုအာကို လက်ခံတော်မူပါ။) (၃) အသက်ထင်ရှားနဲ့ မိမိရှေ့မှာရှိပြီး မွန်မြတ်တဲ့သူရဲ့ ဒိုအာကို အကြောင်းခံရမယ်။ ( ဥပမာ- မွန်မြတ်ပြီး သာသနာ ကိုင်းရှိုင်းတဲ့သူဆီသွားပြီး ကျွန်တော်မှာ ဒီလို အခက်အခဲရှိနေတယ်။ ဒိုအာလုပ်ပေးပါလို့ပြောဆိုခြင်း )။
(၂၂) ဒိုအာတောင်းတဲ့သူဟာ ကောင်းရာညွှန်ကြား ၊ မကောင်းရာ မြစ်တားရမယ်။
(၂၃) အပြစ်အကုသိုလ်(အကြီးအသေး)အပေါင်း ကနေ ရှောင်ကြဉ်ရမယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ကို အပေါ်က အချက်အလက်တွေ ပြည့်စုံစွာနဲ့ ဒိုအာတောင်းနိုင်တဲ့ စွမ်းအား ချီးမြင့်တော်မူပါ။ ကျွန်တော်တို့အားလုံးရဲ့ ဒိုအာတွေကိုလည်း လက်ခံတော်မူပါ။ မြန်မာမွတ်စလင်မ်ထု တစ်ရပ်လုံးကိုလည်း ကွဲပြဲခြင်းမှ ကာကွယ်တော်မူပါ။
ကဲ …. ချစ်ပရိတ်သတ်ကြီးရေ …… ကျွန်တော်တို့ စာမျက်နှာရဲ့ ဝိုင်းတော်သားတွေအတွက်လည်း ဒိုအာတောင်းပေးဖို့ မမေ့နဲ့နော် . . .

သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။
တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )
 
--- သင့်ဘ၀အတွက်အစ္စလာမ့်စာမျက်နှာ --

Wednesday, April 17, 2013

9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ

9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ
Posted by မိုဟ်စင်

ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့် နေကြတဲ့အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီ လုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ဇီယွန်ဝါဒီတွေချုပ်ကိုင်ထားတဲ့ မီဒီ ယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေ ကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီးအလိမ် အညာ လုပ်ဇာတ်တွေ ကိုသာဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အ ရှင်းဆုံးတွေ့ရှိချက်တစ်ခုကတော့ စက် တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။

ဘင်လာဒင်ကိုယ်တိုင်ကလည်း အလ်ဂျဇီး ရားရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ““ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင် ပတ်သက် မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုက ဖုံးကွယ်ထား တဲ့ လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ””လို့ငြင်းပယ်ပြောကြားခဲ့ပါတယ်။

၉/၁၁ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင် သစ်နဲ့ အမေရိကန်က ပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစားဖော်ထုတ်ခဲ့ကြပါတယ်။ Brigham တက္ကသိုလ်ကရူပဗေဒပညာရှင် Steven E.Jonesနဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ ““တာဝါနှစ်ခုဟာ လေယာဉ်တိုက်တာ ခံရတာကြောင့် ပြိုကျသွားတာမဟုတ်ပါဘူး။ အ ဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့ နည်း စနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြို ချဖျက်ဆီးပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြို ကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲ ဒီမှာ thermite ဒါမှမဟုတ် nanothermite တစ်ခုခုထည့်သွင်းဖြိုချတာသာ ဖြစ်နိုင်ပါတယ်””လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့် Brigham တက္ကသိုလ် ကနေပင်စင်ပေးလိုက်တယ် ။ဒါပေမဲ့ဂျုန်းစ် ကတော့ Scholars for 9/11 Truth & Justice အဖွဲ့ကိုဖွဲ့ပြီး ဆက်လက်သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေရှိချက်တွေကို အင်တာနက် ၀ဘ်ဆိုက်မှာကော ဒီဗွီဒီအခွေနဲ့ပါ အထောက်အ ထားတွေနဲ့ ဖော်ထုတ်တင်ပြခဲ့ပါတယ်။
ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန်အ စိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေး ခွန်းတွေ မေးစရာရှိပါတယ်။

ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တရားခံဟာ သမ産ုရှ်အစိုး ရကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကိုတိုက်ခိုက် ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခု ရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရကတိုက်ခိုက် လုပ်ဆောင်ခဲ့တာ မဟုတ်ရင်တောင်မှ အမေရိ ကန်ကိုပြန်ပြီးချုပ်ကိုင်ထားတဲ့ ဇီယွန်ဝါဒီတွေကနေ အစ္စလာမ်ကမ္ဘာကို နာမည်ဆိုးရစေဖို့နဲ့စစ်သွေးကြွှ နေတဲ့ဘုရှ်ကို မီးလောင်ရာလေပင့်ပေးပြီး မွတ်စ လင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ဖို့အခွင့်အရေးဖန် တီးပေးလိုက်တာပဲလို့ လေ့လာသူတွေက တင်ပြ လာကြပါတယ်။

အမေရိကန်အစိုးရဟာ ကိုယ်တိုင်လုပ်ခဲ့ တာ မဟုတ်ရင်တောင် ဒီလိုလုပ်ခဲ့တဲ့လုပ်ရပ်ကိုကြိုသိပြီး အလိုပါဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေရှိ နေပါတယ်။ ထင်ရှားကျော်ကြားတဲ့လေ့လာဆန်း စစ်သူတစ်ဦးဖြစ်တဲ့ တယ်ရီမေဆန်ရဲ့ “အန္တရယ် ကြီးမားတဲ့လိမ်လည်မှုကြီးနဲ့ ကြောက်မက်ဖွယ်ရာ လှည့်ဖျားမှု””ဆိုတဲ့ စာအုပ်ဟာလည်း ဈေးကွက်ကို ရောက်လာပြီး ၂ နာရီအတွင်းမှာပဲ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေမှုက ပြိုက်ခနဲ ကုန်သွားခဲ့ပါတယ်။ စာရေးသူရဲ့ သက်သေအထောက်အထားတွေကို ဖတ်ရသူတိုင်းဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကိစ္စကင အမေရိကန်နဲ့မီဒီယာ လောကရဲ့ ၀ါဒဖြန့်မှု တွေဟာ ရာနှုန်းပြည့်လိမ်လည်မှုသာဖြစ်တယ်လို့ တွေ့ရှိလာခဲ့ကြပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံရဲ့အတွင်းတော်လှန် ပုန်ကန်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အဆင့်မြင့် စစ်ဖက်အရာရှိတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်သမ၊တဘုရှ်ကို သူ့ရဲ့ ပေါ်လစီပြောင်းလဲ စေဖို့အကြပ်ကိုင် လိုတဲ့ရည်ရွယ်ချက်တစ်ခုလည်းပါပါတယ်။ ကမ္ဘာ ကြီးကအံ့သြခဲ့ရပါတယ်။ ကမ္ဘာပျက်လောက် အောင်ပွက်လောရိုက်ခဲ့ပေမယ့် အမေရိကန်ထောက် လှမ်းရေး အေဂျင်စီတွေက ဒီတိုက်ခိုက်မှုသတင်း ကို ကြိုတင်သတင်းမရခဲ့ဘူးလို့ဆိုကြတယ်။ ဒီ လိုပြောကြသူတွေဟာ သူတစ်ပါးနိုင်ငံတွေကြုံတွေ့ လာနိုင်တဲ့ အကြမ်းဖက်မှု ဘေးအန၊ာယ်တွေကို တော့ ကြိုတင်သတင်းပေးနိုင်တယ်ဆိုတာ အံ့သြစ ရာပါပဲ။ စာရေးသူက ဘယ်လိုလှစ်ပြခဲ့သလဲဆို တော့ ““ဖြစ်ပျက်ခဲ့သမျှတို့သည် ထောက်လှမ်းရေး အေဂျင်စီတို့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ကိုယ်တိုင်က ယင်း ကိစ္စကို လုပ်ကြံဆောင်ရွက်ခဲ့ကြသောကြောင့်ဖြစ် သည်။

လုပ်ဆောင်သူများသည် ထိုအဆောက်အ အုံထဲရှိ အလုပ်သမားများကို ကြိုတင်သတင်းပေး ကာ တတ်နိုင်သမျှ အနည်းဆုံးပျက်စီးဆုံးး သေ ကြေမှုဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်း ကိစ္စဖြစ်သောအချိန်၊၀န်ထမ်းဦးရေအလွန် နည်း လေသည်။ အမှန်မှာ ကုန်သွယ်ရေးစင်တာ၊၀န် ထမ်းဦးရေ လေးငါးသောင်းခန့်ရှိလေသည်။””
စာရေးဆရာက မေးခွန်းတွေအများကြီးထုတ် ခဲ့တယ်။ အဲဒီမေးခွန်းတွေက သူ့ရဲ့စွပ်စွဲချက်ကို အားဖြည့်ပေးထားတယ်။ ဥပမာ- သမ္မတ ဘုရှ်ဟာ တစ်နေ့လုံးစစ်ဌာနချုပ်မှာ ပုန်းအောင်းနေခဲ့တယ်။ မိမိရဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဌာနကို စေလွှတ်ထားခဲ့တယ်။ စာရေးသူက -
““အမှန်သော်ကား လျှို့ဝှက်မှုသော့ချက် အားလုံးသည် အကြမ်းဖက်သမားတို့၏ လက်ထဲ တွင်ရောက်ရှိနေပြီးဖြစ်သည်။ ထိုအချက်ဖြင့် နျူက လီးယားဗုံးကိုပင် ဖောက်ခွဲနိုင်သည်။ စစ်တပ် ကို ကြိုက်သည့်လမ်းညွန်မှုပေးနိုင်သည်။ ထို့ကြောင့် ပင် သမ္မတ ဘုရှ်သည် စစ်ဌာနချုပ်တွင် လမ်းသ လားနေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့်ဖောက် ခွဲမှုကို တားဆီးနိုင်ရန်ဖြစ်သည်။””လို့ မှတ်ချက်ပြု ထားတယ်။ ဒီ့အပြင် ““ထိုနေ့တွင် အိမ်ဖြူတော်၊မီးလောင်ပေါက်ကွဲခဲ့သေးသည်။ သို့သော်ထိုအဖြစ် အပျက်ကို ဖုံးအုပ်ထားခဲ့ကြသည်။”” လို့လည်းဖော် ထုတ်ရေးသားခဲ့တယ်။

၂၀၀၂ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် (လက်ခနောင်းမှ ထုတ်ဝေသော) “ရာရှ်သရီယား ဆဟာရာ””အူရဒူစာစောင်မှာလည်း ကမ္ဘာ့ သတင်း တွေကို ကိုးကားပြီး ဒီလိုရေးထားပါတယ်။
““အမေရိကန် အစိုးရဘက်က သူတို့ သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုသတင်းပေး ချက်ကို တိုက်ခိုက်မှုမဖြစ်မီအလျင် ရရှိခဲ့ပြီးဖြစ်သည်။””တဲ့။
အမေရိကန်တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက် ခဲ့တယ်။ ဒီဝန်ခံချက်နောက်ပိုင်းမှာ အမေရိကန် အုပ်ချုပ်သူတွေနဲ့ အတိုက်အခိုက်ခံရသူတွေဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ရဲ့တာဝန်ရှိသူတွေဟာအ စိုးရ ကိုယ်တိုင်ဖြစ်တာကို ၀န်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို သတင်းအားလုံးကို ဇီယွန်ဝါဒီပိုင်မီဒီယာ တွေက ဖုံးအုပ်ထားခဲ့တဲ့အတွက်ကမ္ဘာ သားတွေဟာ မသိခဲ့ကြရဘူး။

အမေရိကန်သမိုင်းမှာလွတ်လပ်တဲ့ပြင်ပပညာ ရှင်တွေနဲ့ စုံစမ်းလေ့လာသူ တွေရဲ့ကြိုးပမ်း အားထုတ် မှုကြောင့် ဒီလိုကိစ၊ပ်ပေါင်းများစွာကိုဖြေရှင်းနိုင်ခဲ့ တယ်။ နိုင်ငံကိုကိုင်လှုပ်လောက်တဲ့ဖြစ်ရပ်တွေ ပေါ် ပေါက်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း အမေရိကန်စုံ စမ်းထောက်လှမ်းသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်း အားထုတ်မှုကြောင့် စက်တင်ဘာ ၁၁ ဖြစ်ရပ်မှန် ဟာဗူးပေါ်သလို ပေါ်ခဲ့တယ်။ ကျော်ကြားတဲ့အမေ ရိကန်စူးစမ်းလေ့လာသူ စာရေးဆရာများဖြစ်ကြတဲ့ မစ္စတာာလောရင့်စ်နဲ့ မစ္စတာဂျိုးအဲလစ် ရဲ့မျက် မှောက်ကြီးကြပ်ကွပ်ကဲမှုနဲ့ စစ်ဆေးရေးအဖွဲ့ တစ် ခုလုံးဟာ စက်တင်ဘာ ၁၁ ရဲ့ ဖြစ်ရပ်絀ထောင့် အားလုံးကို လေ့လာဆန်းစစ်ခဲ့ကြတယ်။ အဲဒီလေ့ လာဆန်းစစ်မှုရဲ့ အနှစ်ချုပ်ကတော့-
““လေယာဉ်ပျံကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက် ကို အရဗ်တို့အပေါ်ပြစ်တင်ပုံချခဲ့ခြင်းဟာ လေးနက် ပြီး အန၊ာယ်ကြီးမားလှတဲ့ လုပ်ကြံမှုရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ရှေးယခင်ကလည်း ပြုလုပ် ခဲ့ဖူးတယ်။ စုံစမ်းလေ့လာတဲ့အဖွဲ့ဟာ ပြန်ပေးဆွဲခံရ တဲ့လေယာဉ်ရဲ့ ခရီးသည် စာရင်းနဲ့တိုက်ခိုက်သူတွေ ရဲ့အမည်စာရင်းအားလုံးကို ရိုက်နှိပ်ထားခဲ့တယ်။

လေယာဉ်ပျံကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့အ ရဗ်လူငယ်တွေရဲ့ အမည်ဟာ အဲဒီစာရင်း ထဲမှာမပါ တာကိုသိရင် ကမ္ဘာ ကြီးကအံ့သြမှာအမှန်ပါပဲ။ အား လုံးပဲ မှတ်မိကြမလား တော့မသိဘူး။ အမေရိကန် နိုင်ငံမှာ မကြာခဏလေယာဉ်ပျံပေးဆွဲခံရတဲ့ ဖြစ် ရပ်တွေရှိခဲ့တယ်။ အမေရိကန်အစိုးရဟာကျွမ်းကျင် သူပညာရှင်တွေနဲ့ အဲဒီအန္တာယ်ကို ဘယ်လိုကာ ကွယ်တားဆီးရ မလဲဆိုတာကိုတိုင်ပင်ဆွေးနွေးခဲ့ကြ တယ်။ ပင်တဂွန်က လေယာဉ်ဆောက်တဲ့ ကုမဏီ ကြီးနှစ်ခုကို ဒီတာဝန်ပေးအပ်ခဲ့တယ်။ သူတို့အနေ နဲ့မြေပြင်ကနေတောင် လေယာဉ်တွေကို ထိန်းချုပ် ကိုင်တွယ်နိုင်တဲ့စနစ်ကို ရှာကြံတီထွင်ဖို့ ဖြစ်တယ်။ ဒါကြောင့် အဲဒီကုမဏီ တွေဟာ အဲဒီစနစ်ကိုတီထွင် ခဲ့ကြတယ်။ နောက်တော့ အဲဒီအချက်ကို လျှို့ဝှက် ထားကြတယ်။ လေယာဉ်မောင်းသူကို တောင်အ သိမပေးခဲ့ဘူး။ လေယာဉ်ပေါ်မှာ တီးတိုးပြောတဲ့ စကားကိုတောင် မြေပြင်ကနေကြားနိုင်တယ်။ ဒီတီ ထွင်မှုဟာ လေယာဉ်ရဲ့မူလအစီအစဉ် တစ်ခုလုံးကို တောင်ဖျက်ဆီးနိုင်တယ်။ ဘယ်နေရာမှာမဆိုလေ ယာဉ်ကို ဆင်းသက်စေနိုင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် လေယာဉ်မောင်းသူတောင်ဘာမှမလုပ်နိုင်ဘူး။အဲဒီ အချက်တွေကို လေယာဉ်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေ ကိုလည်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီစနစ်ရဲ့အတိုကောက် ကို JPLS လို့ခေါ်တယ်””

ထောက်လှမ်းရေးလေယာဉ်တွေ မောင်းသူမ ပါဘဲမောင်းနှင်သလိုပေါ့။ ဒီစနစ်နဲ့ လေယာဉ်ကို ထိန်းချုပ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုစီ စဉ်ခဲ့တာပါပဲ။ အမေရိကန်ပညာရှင် မစ္စတာဂျိုး အဲလစ်က ““ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လေယာဉ် ပျံတွေ ပြန်ပေးဆွဲခံရခြင်းက ကယ်တင်ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ချက်ချင်းပဲအစိုးရစစ်တပ်နဲ့ မာ ဖီးယားဂိုဏ်းတွေဟာ ဒီစနစ်ကို သူတို့ရဲ့ရည်ရွယ် ချက်ဖြည့်ဆည်းဖို့ စဉ်းစားလာခဲ့ကြတယ်။ ကမ္ဘာ ကို စိုးမိုးရေးနဲ့ ကမ္ဘာကြီးရဲ့အစီအစဉ်ကိုမိမိတို့စိတ်ကြိုက် ချယ်လှယ်လိုကြတဲ့အတွက်ကြောင့်ပါပဲ””လို့ကောက် ချက်ချခဲ့ပါတယ်။

လေယာဉ်တိုင်းမှာ ထိကိုင်လိုက်ရုံနဲ့လေယာဉ် ပျံပေးဆွဲခံရတဲ့သတင်းပေးနိုင်တဲ့ ကိရိယာပါရှိပါ တယ်။ စက်တင်ဘာ၁၁ရက်မှာလေယာဉ်၎စီးစလုံး ဘယ်လေယာဉ်မှ ပြန်ပေးဆွဲခံရတဲ့ သတင်းမပေးခဲ့ ဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းက တစ်ခု ပဲရှိတယ်။ အဲဒီလေယာဉ်တွေမှာရှိတဲ့အချက်ပေး ကိရိယာတွေကို အဝေးထိန်းကိရိယာနဲ့အသုံးပြုလို့ မရအောင်လုပ်ခဲ့လို့ပဲ။ အဲဒီအချိန်က လေယာဉ် ပေါ်မှာ အနည်းဆုံးခရီးသည် ၇၀ နဲ့ ၈၀ အထိပါရှိ တယ်။ အဲဒီခရီးသည်တွေဟာ မိမိတို့ရဲ့သေမင်းကို ဒီလိုပဲထိုင်ကြည့်နေခဲ့တယ်ဆိုတာဖြစ်နိုင်ရဲ့လား။ လှုပ်ရှားမှုမရှိ၊ အသံပြုခြင်းမရှိ၊ အော်သံမရှိ၊ တိုး လျှိုးတောင်းပန်သံမရှိ၊ လေယာဉ် တစ်စီးလုံးဘာ မှမဖြစ်သလိုပဲ။

လေယာဉ် ၄စီးထဲက၂စီးရဲ့ဘလက်ဘောက်စ် ၂ ခုကို ရရှိခဲ့တယ်။ ၂ ခုစလုံးကို စစ်ဆေးကြည့် လိုက်တဲ့အခါမှာ ဘာအသံမှမကြားရဘူး။ ၂ခုစလုံး ပြောင်သလင်းခါနေတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ သူတွေအားလုံး ဆွံ့အနေကြလို့လား။ လေဖြတ်နေ ကြလို့လား။ အဲဒီဘလက်ဘောက်စ်ကိုလည်း အ ဝေးထိန်းကိရိယာနဲ့သုံးမရအောင်လုပ်ထားလို့သာ ဖြစ်မယ်။ တစ်ခါ လေယာဉ်ပြန်ပေးဆွဲခဲ့သူအကြမ်း ဖက်သမားတွေဟာ အရဗ်များဖြစ်တယ်လို့ ဒုတိယ မျှော်စင်ပျက်စီးပြီး ၂၄ မိနစ်အကြာမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာခဲ့ တယ်။ အဲဒါကိုလည်း ဆန်းစစ်ကြည့်သင့်တယ်။

အဲဒီလုပ်ရပ်ရဲ့တာဝန်ရှိသူဟာ ဘင်လာဒင်နဲ့ အလ် ကိုင်ဒဟ်ဖြစ်တယ်တဲ့။ အရဗ်လို့ စွပ်စွဲခြင်းကလည်း ပြန်ပေးဆွဲသူတစ်ဦးရဲ့ ကားထဲမှာ အရဗီဘာသာနဲ့ လေယာဉ်မောင်းလမ်း馮န်စာအုပ်တစ်အုပ်ကိုတွေ့ ရလို့တဲ့။ လေယာဉ်မောင်းစာအုပ်ဖတ်ပြီး ဘိုးရင်း လေယာဉ်ကြီးကို မောင်းနှင်လို့ရနိုင်ပါသလား။

လေယာဉ်အသေးစားမောင်းသူနဲ့၊ အဲယား ဘတ်စ်လေယာဉ်မောင်းသူ၊ ဘိုးရင်း ၇၂၇ မောင်း သူတို့ကိုယ်တိုင်က စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်မောင်းသလို လေယာဉ်မောင်းကျွမ်းကျင် သူတွေတောင် မမောင်းနိုင်ဘူးလို့ ဆိုထားကြ တယ်။ အရဗ်လူငယ်တွေဟာ လေယာဉ်မောင်းစာ အုပ်ဖတ်ပြီး ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ် လိုများ ဒီလေယာဉ်ကြီးတွေ မောင်းတာ သင်ခဲ့ကြ ပါသလဲ။ လောရင့်စ်က ““ကျွန်တော်ဟာ လေယာဉ်လေးစီးစလုံးရဲ့ ခရီးသည်စာရင်းသွင်း ထားချက်ကို လေ့လာခဲ့ရာမှာ အာရဗ်နာမည်တစ် ခုမှမတွေ့ခဲ့ရပါဘူး””လို့ ပြောခဲ့ပါတယ်။ သူကပဲဖြစ် ရပ်ပြီးတဲ့ နောက်နှစ်ရက်မှာ ခရီးသည်အားလုံးရဲ့ စာရင်းကို ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုထားပြန် တယ်။ လေယာဉ်ကုမ္ပဏီ တွေက ခရီးသည်တွေရဲ့ စာရင်းဟာ လေယာဉ်ပျံနဲ့တကွ လောင်ကျွမ်းသွားခဲ့ တယ်လို့ ဆိုကြတယ်။ ရယ်စရာကောင်းတာက တော့ စာရင်းမှတ်တမ်းဟာ လေယာဉ်လေံစင်းးနဲ့လေ ယာဉ်ကွင်းမှာ ရှိရမယ့်အစား လေယာဉ်ပျံ ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

မစ္စတာမာရှယ်က ၂၄ နာရီတောင် မပြည့်ခင် မျှော်စင်ရဲ့ပြိုကျပျက်စီးသွားတဲ့ အပျက်အစီးတွေ ကို ဖယ်ရှားပစ်ဖို့ ကန်ထ絛ုက်ပေးလိုက်ရတဲ့အ ကြောင်းရင်းဟာ ဘာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ ဒါ့အပြင်အချိန်မဆွဲဘဲ အရည်ဖျော်ပစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ပါလိုက်သေးတယ်။ အ ပျက်အစီးတွေကို စုံစမ်းစစ်ဆေးခြင်း ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။

““အမေရိကန်တွေကိုယ်တိုင်က ကိုယ့်နိုင်ငံ ကိုယ်ပျက်စီးအောင်ဘယ်လိုလုပ်မှာလဲ””လို့ တချို့ ကပြောကြတယ်။ အဲဒီသူတွေအနေနဲ့အမေရိကန် စာရေးဆရာ James Bomford ၏ Body of Se-ctrets ဆိုတဲ့စာအုပ်ကို လေ့လာကြည့်သင့်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက““အမေရိကန်နိုင်ငံ မှာ နိုင်ငံရဲ့ပေါ်လစီကို မိမိတို့စိတ်တိုင်းကျပြုလုပ်ဖို့ နဲ့ချယ်လှယ်နိုင်ဖို့ ဘာမဆိုလုပ်နိုင်တဲ့ အင်အားစု တွေရှိတယ်။ အတိတ်မှာဂျွန်အက်ဖ်ကနေဒီရဲ့ခေတ် က စီအိုင်အေဟာ လုပ်ခဲ့ပြီးဖြစ်တယ်။ သူတို့ဟာ ကျူးဘားနိုင်ငံကို တိုက်ခိုက်ဖို့ အကြံအစည်တွေပြု လုပ်ပြီး ပင်တဂွန်ရဲ့သဘောတူညီချက်ကို ယူခဲ့ကြ တယ်။ ဒါပေမယ့် အဲဒီအကြံအစည်တွေကို ကနေ ဒီထံတင်ပြလာတဲ့ အခါကျတော့သူကပယ်ချတယ်။ အဲဒီငြင်းပယ်မှုရဲ့ ရလဒ်ကတော့ ကနေဒီလုပ်ကြံ ခံရခြင်းပဲဖြစ်တယ်။ အဲဒီအကြံအစည်က အမေရိ ကန်အနေနဲ့ကိုယ့်နှာခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး ကျူးဘားအပေါ် တိုက်ခိုက်ဖို့ဖြစ်တယ်။

အကြံအစည်က အမေရိကန်တပ်သားတွေကို ရှပ်ဝတ်စုံတွေဝတ်ပေးပြီး အမေရိကန်လေယာဉ် တွေကို တိုက်ခိုက်စေမယ်။ လေယာဉ်အချို့ကို ပစ်ချဖျက်စီးခံလိုက်မယ်။ စစ်သင်္ဘောအချို့လည်း နစ်မြုပ်ခံလိုက်မယ်။ အဲဒါကိုအကြောင်းပြုပြီး ကျူး ဘားအပေါ်တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။ အဲဒီလိုနဲ့ စစ်စ တင်ဖို့ကြံစည်ခဲ့ကြတယ်””အကြံပေစက်လွန်းပါပေ့။

အဲဒီလိုပဲ စက်တင်ဘာ 11 လုပ်ဇာတ် ဟာလည်း အစ္စလာမ်နဲ့မွတ်စလင်ကမ္ဘာ ကို နာမည် ဖျက်ဖို့၊ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါကိုတည်ချက် လုပ်ပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြံစည်ခဲ့တာဖြစ်ပါတယ်။


Credit to မိုဟ်စင် 

မွတ်စလင်မ်မဟုတ်ရင် သတ်ရမှာလား

အစ္စလာမ်သာသနာတော်ကို မလိုမုန်းတီးသူတို့က အစ္စလာမ်သာသနာတော်၏ အဆုံးအမဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ပါ သွန်သင်ချက်အချို့ကို မိမိတို့ အလိုရှိရာ အစိတ်အပိုင်းမျှကိုသာ မိမိတို့လိုရာ ဖြတ်တောက်ကောက်နုတ်တင်ပြကြလျက် ကျမ်းမြတ်ကုရ်အာန်တွင် မွတ်စလင်မ်မဟုတ်သူတို့အား သတ်ရန် လမ်းညွှန်ထားကြောင်း ပြောကြပါသည်။ သူတို့ ညွှန်းဆိုသည့် ကျမ်းမြတ်ကုရ်အာန်လာ သွန်သင်ချက်များကို ဦးစွာပထမ တင်ပြပါမည်။
“ထို့ပြင်တဝ အသင်တို့သည် ထိုသူ( ကာဖိရ် – မိစ္ဆာ ဒိဋ္ဌိ) တို့အား တွေ့ဆုံ ဖမ်းဆီးမိရာအရပ်၌ တိုက်ခိုက် သုတ်သင် ရှင်းလင်းကြကုန်လော့။”
(ကျမ်းမြတ်ကုရ်အာန် ၂း၁၉၁)
“သို့ဖြစ်ပေရာ အသင်တို့သည် ထိုမွတ်ရှ်ရစ်က်(တုဖက်ယှဉ်တွဲကိုးကွယ်သူ)တို့အား တွေ့ရာနေရာများတွင် တိုက်ခိုက်သတ်ဖြတ် ကြလေကုန်။ ထို့ပြင် သူတို့အား ဖမ်းဆီးချုပ်နှောင် အကျဉ်းချ ထားကြလေကုန်။ သူတို့ ပုန်းကွယ်လျက်ရှိသောနေရာများသို့လည်း ချောင်းမြောင်း တိုက်ခိုက်ကြလေကုန်။”
(ကျမ်းမြတ်ကုရ်အာန် ၉း၅)
“အသင်တို့သည် သူတို့အား အဘယ်ကြောင့် မတိုက်ခိုက် မသုတ်သင်ကြလေသနည်း။”
“အသင်တို့သည် သူတို့အား တိုက်ခိုက် သုတ်သင် ရှင်းလင်းကြကုန်လော့။”
(ကျမ်းမြတ်ကုရ်အာန် ၉း၁၃၊၁၄)
အထက်ပါ ဖော်ပြချက်များသည် ကျမ်းမြတ်ကုရ်အာန်တွင် အမှန်မုချ ပါရှိသော သွန်သင်ချက်များ ဖြစ်ပါသည်။ ထိုသို့ဆိုလျင် အစ္စလာမ်က ဘာသာမတူသူ မွတ်စလင်မ်တို့အား တွေ့ရာ သင်္ချိင်း ဓားမဆိုင်းဘဲ သတ်ဖြတ်ခိုင်းထားသည့် သာသနာပေလော … စဉ်းစားဖွယ်၊ စိုးကြောက်ဖွယ်ရာပင်။
ဤသွန်သင်ချက်အတိုင်းသာ အမှန်ဆိုပါက အယုတ်အလတ် အမြတ်မရွေး ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံမျှသော သန်းနှစ်ထောင်ခန့်လူသားထုက အစ္စလာမ်သာသနာအား  လိုက်နာကျင့်သုံး နေကြခြင်းသည် ယုတ္တိရှိပါဦးမည်လော။ ကမ္ဘာတစ်ဝန်းရှိ ပညာတတ်မွတ်စလင်မ် အသိုင်းအဝိုင်းကလည်း ဤကဲ့သို့သော သွန်သင်ချက်များရှိနေသည့် သာသနာတစ်ခုကို မျက်စိမှိတ် ကျင့်သုံးနေကြသည်လော။ ဤလမ်းညွှန်အတိုင်းသာဆိုပါက မွတ်စလင်မ်တို့သည် ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကို အသက်ထက်ဆုံး လိုက်နာကျင့်သုံး ဆောက်တည်ရန် ကြိုးစားနေကြပါသည်ဆိုပါလျက်နှင့် ဤကမ္ဘာမြေဝယ် မွတ်စလင်မ်မဟုတ်သူ ကျန်ရှိနေသေးသည်မှာလည်း အံ့အားသင့်ဖွယ်ရာပင်။
ထိုသို့ဆိုလျင် ရှင်းပါသည်။ ဤသွန်သင်ချက်များသည် ထိုဝါဒဖြန့်ချိသူ၊ ပြဿနာ မီးမွှေးနေသူ၊ အမုန်းမှိုင်းတိုက်နေသူတို့ဆိုသကဲ့သို့ မဟုတ်နေသောကြောင့်သာပါပင်။
ရှင်းပါဦးမည်။
ကျမ်းမြတ်ကုရ်အာန်လာ အထက်ပါသွန်သင်ချက်များအကြောင်းမရှင်းမီ အစ္စလာမ် စတင်ထွန်းကားလာချိန်က အခြေအနေနှင့် ထိုကျမ်းမြတ် ကျရောက်လာပုံကို ရှင်းပြလိုပါသည်။
ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ လူသားတို့ထံသို့ တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)မှတဆင့် ၂၃နှစ်တာ ကာလအတွင်း လိုအပ်ချက်ပေါ်မူတည်လျက် ဝါကျအလိုက်၊ စာပိုဒ်အလိုက် သွန်သင်ဆုံးမချက်အဖြစ် ကျရောက်လာခြင်း ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကျမ်းမြတ်ကုရ်အာန်၏ ဆုံးမသြဝါဒတော်များကို အပြည့်အဝ နားလည်နိုင်ရန်အတွက် အဆိုပါ သွန်သင်ချက်များကို မည်သို့သော အခြေအနေ အချိန်အခါတွင် မည်သည့်အတွက် ညွှန်ကြားခြင်းဖြစ်ကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထို့ပြင် ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ချက်အား မိမိလိုရာ အစိတ်အပိုင်းတစ်ခုမျှသာ လိုရာစွဲ ဖြတ်တောက်ထုတ်နုတ်ခြင်းမပြုဘဲ ရှေ့နောက်အကြောင်းချင်းရာကိုပါ ထောက်ရှုကာ သွန်သင်ချက်သဘောကို အပြည့်အဝနားလည်ရန် ကြိုးစားရန်လည်း လိုအပ်ပါသည်။
အာရေဗျကျွန်းဆွယ် မက္ကာဟ်ရွှေမြို့တော်တွင် အစ္စလာမ်သာသနာ စတင်စဉ်ကာလတွင် မွတ်စလင်မ်များသည် မယုံကြည်သူ မိစ္ဆာဒိဋ္ဌိများ၏ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အစ္စလာမ်ကို ယုံကြည်မိသည့်အတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေးအရ ဝိုင်းကျဉ် ရှောင်ဖယ်သည့်ဒဏ်လည်း ခံခဲ့ကြရသည်။ ထူးခြားသည်က ထိုသို့သော မတရားနှိပ်စက်မှု အမျိုးမျိုးနှင့် ကြုံဆုံနေရစဉ်ကာလတွင်ပင် မွတ်စလင်မ်တို့က မိမိတို့နှင့် အယူမတူသူတို့အပေါ် တရားမျှတစွာ မေတ္တာထားနိုင်ခဲ့ခြင်းဖြစ်သည်။  အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ မိမိဝတ်ပြုဆုတောင်းနေစဉ် မိမိ ခန္ဓာကိုယ်ပေါ်သို့ အမှိုက်သရိုက် အညစ်ကြေးများ သွန်ချသူ အဘွားအိုကို အပြစ်မယူခဲ့သည်သာမက တစ်ရက် ထိုသို့လာရောက်ပြုမူခြင်း မရှိသောကြောင့် နေထိုင်မကောင်းခြင်းကြောင့်များလား စိတ်ပူကာ လူမမာ သွားမေးခဲ့သူ ဖြစ်သည်။ ထူးခြားလှသည့် နောက်အချက်က အစ္စလာမ်ကို နည်းအမျိုးမျိုးဖြင့် နှောက်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေသူများသည်ပင်လျင် ထိုခေတ်ထိုအခါ၏ လုံခြုံရေးနည်းစနစ် တစ်ခုဖြစ်သည့် မိမိတို့ ဥစ္စာပစ္စည်း လုံခြုံရေးအတွက် ယုံကြည်စိတ်ချရသူထံ မိမိတို့ ပစ္စည်းဥစ္စာများ အပ်နှံရာတွင်မူ ထို တမန်တော်မြတ်ထံ လာရောက် အပ်နှံခဲ့ကြသည်ကို ထောက်ရှုလျင် မွတ်စလင်မ်တို့၏ သစ္စာရှိမှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။
မိမိ တစ်ကိုယ်ရည်အတွက် စော်ကားဒုက္ခပေးသမျှ ခါးစည်းသည်းခံခဲ့သော်လည်း မွတ်စလင်မ်အများ ၁၃နှစ်တာမျှ ဘေးဒုက္ခမျိုးစုံ ကြုံလာသည့်အခါတွင် အခြားမြို့ရွာသို့ (ယဆ်ရစ်ဘ်-နောင်တွင် မဒီနဟ်မြို့ဟု အမည်တွင်သည်) မွတ်စလင်မ်များအား ပြောင်းရွှေ့ အခြေချစေခဲ့ရသည်။ ထိုသို့ ပြောင်းရွှေ့ပြီးသည့်တိုင်အောင်ပင် ကျန်ရစ်သည့် အိုးအိမ်များ၊ ဆွေမျိုးသားချင်း မိသားစုဝင်များအား ဆက်လက် ဖျက်ဆီးကာ လူမှုရေး စီးပွားရေးအရ နားလန်မထူနိုင်အောင် ဆက်လက် ဒုက္ခပေးနေသေးသည့်အတွက် မတတ်သာသည့်နောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရကြသည်။
မတရားသဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ (ကျမ်းမြတ်ကုရ်အာန် ၂း ၁၉၁)
မွတ်စလင်မ်များသည် မိမိတစ်ဦးချင်းအတွက် မေတ္တာထား ငုံ့ခံခဲ့ကြသလို အများအကျိုးနှင့်ယှဉ်လာပါကမူ သစ္စာတရားအတွက် တုန့်ပြန်ခဲ့ကြရခြင်းသာ ဖြစ်ပါသည်။
အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ချက်များသည် ထိုစဉ်အချိန်က သစ္စာတရားအတွက် တုန့်ပြန်ရန်လိုအပ်လာစဉ်က လမ်းညွှန်အဖြစ် ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။
ဆက်လက်၍ အဆိုပါ သွန်သင်ချက်တို့အား လိုသလို ဖြတ်တောက်ခြင်းမပြုဘဲ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုလုံးအား မီးမောင်းထိုးပြနေသည့် ရှေ့နောက် ဝါကျစာကြောင်းများနှင့်ပါ ယှဉ်တွဲ လေ့လာကြည့်ကြပါဦးစို့။
“ထို့ပြင်တဝ အသင်တို့သည် အလ္ခာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို စတင် စစ်မက် ပြိုင်ဆိုင်တိုက်သူတို့နှင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်လေလော့။ သို့ရာတွင် အသင်တို့သည် မကျူးလွန်ကျကုန်လင့်။ ဧကံမုချ အရှင်မြတ်သည် ကျူးလွန်သူတို့အား နှစ်သက်တော်မမူချေ။
ထို့ပြင်တဝ အသင်တို့သည် ထိုသူ( ကာဖိရ် – မိစ္ဆာ ဒိဋ္ဌိ) တို့အား တွေ့ဆုံ ဖမ်းဆီးမိရာအရပ်၌ တိုက်ခိုက် သုတ်သင် ရှင်းလင်းကြကုန်လော့။ ထိုသူတို့က အသင်တို့အား (အသင်တို့နေအိမ်များမှ၊ အသင်တို့ မြို့ရွာမှ) နှင်ထုတ်သကဲ့သို့ အသင်တို့ကလည်း သူတို့အား နှင်ထုတ်ကြလေကုန်။ အမှန်သော်ကား မတရားသဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ သို့ဖြစ်ငြားသော်လည်း မတ်စ်ဂျီဒိလ်ဟရာမ် – ရိုသေလေးစားအပ်သော ဝတ်ကျောင်းတော်အပါးတွင် ထိုသူတို့သည် သင်တို့အား မတိုက်ခိုက်သမျှကာလပတ်လုံး သင်တို့ကလည်း မတိုက်ခိုက်ကြနှင့်။ သူတို့က စတင်တိုက်ခိုက်လာလျင်မူ သင်တို့ကလည်း ပြန်လည် တိုက်ခိုက်ကြကုန်။ ဤသည်ပင် ကာဖစ်ရ်- မိစ္ဆာဒိဋ္ဌိတို့အား အပြစ်ဒဏ်ပေးခြင်းဖြစ်သည်။
အသင်တို့သည် သာသနာရေး၌ နှိပ်စက်ညှင်းပမ်းမှု လုံးဝ ပပျောက်ကာ သာသနာသည် အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်လာသည့်တိုင်အောင် ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ရပ်တံ့ပါမူ ကျူးလွန်နှိပ်စက်ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့အပေါ်ဝယ် မည်သို့မျှ ကျူး ကျော်စော်ကားသတ်ဖြတ်ရန် အကြောင်းမရှိပေ။ ”
(ကျမ်းမြတ်ကုရ်အာန် ၂း၁၉၀ – ၁၉၂)
ထိုနည်းတူစွာပင်  ကျမ်းမြတ်ကုရ်အာန် အခန်းကဏ္ဍ၉တွင် ပါရှိသော “သို့ဖြစ်ပေရာ အသင်တို့သည် ထိုမွတ်ရှ်ရစ်က် (တုဖက်ယှဉ်တွဲကိုးကွယ်သူ) တို့အား တွေ့ရာနေရာများတွင် တိုက်ခိုက်သတ်ဖြတ် ကြလေကုန်။” ဆိုသည်ကလည်း ကိုကဏ္ဍ အစမှစကာ ဝါကျစာကြောင်းရေအမှတ် ၂၀ ဝန်းကျင်အထိ ဖတ်ရှုလေ့လာပါက ပဋိဥာဉ် သဘောတူညီချက် ချုပ်ဆိုထားပြီးနောက်တွင်မှ ထိုပဋိဥာဉ်ကိုဖောက်ဖျက်သူ၊ သစ္စာဖောက်သူတို့ကိုသာ ရည်ညွှန်းကြောင်း အခိုင်အမာ တွေ့ရပါမည်။ ထိုသူတို့ကိုပင် သူတို့ဘက်မှ ပြောင်းလဲလိုက ပြောင်းလဲလာနိုင်ရန် လေးလတာကာလမျှ စောင့်ကြည့်ရန် ညွှန်ကြားထားပါသေးသည်။ အကယ်၍ ထို့နောက်တွင်မှ သူတို့ပြောင်းလဲကာ ခိုလှူံလာပါကလည်း ထိုသူတို့အား ဘေးရန်ကင်းရာသို့ ပို့ဆောင်ကာကွယ်ကြရန် သွန်သင်ထားပါသည်။  အသေးစိတ်ကို စာရှုသူတို့ ကိုယ်တိုင်ဖတ်ရှုနိုင်ရန် အညွှန်းပေးပါမည်။
အာရဗီဝေါဟာရတွင် (ကသလ) ဟူသောပုဒ်သည် သတ်ဖြတ်ခြင်းဟူသော အဓိပ္ပါယ်သာမက စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းဟူသော အဓိပ္ပါယ်ပါရသည်ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်ပါ အထက်ပါ ညွှန်ကြားချက်များသည် ဒုတိယအဓိပ္ပါယ် စစ်မက်တိုက်ခိုက်ခြင်းကို ဆိုလိုပါသည်။ ဤမျှဆိုလျင် ကျမ်းမြတ်ကုရ်အာန်က တိုက်ခိုက်ခုခံပိုင်ခွင့်ပေးထားသူ ဘာသာခြားတို့သည် မည်သူတို့ကို ဆိုလိုကြောင်း ရှင်းလောက်ပြီဟု ယုံကြည်ပါသည်။ အစ္စလာမ်က သစ္စတရား၊ တရားမျှတမှုတို့အတွက် ချွင်းချက်လိုအပ်၍မဟုတ်ဘဲ လူသားတစ်ဦးအား သတ်ဖြတ်ခြင်းသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းနှင့်ညီကြောင်း၊ ထိုနည်းတူပင် လူတစ်ဦးအသက်အားကယ်တင်ခြင်းသည် လူခပင်းအား ကယ်ဆယ်ခြင်းနှင့် တူညီကြောင်း သွန်သင်ထားပါသည်။
(ကျမ်းမြတ်ကုရ်အာန် ၅း၃၂)
လူသားတစ်ဦးမဆိုထားဘိ၊ တိရစ္ဆာန်တစ်ကောင်ကိုပင် ညှင်းပန်းခြင်းမပြုရန်၊ သစ်ရွက်တစ်ရွက်ကိုပင် အကြောင်းမဲ့ ဖျက်လိုဖျက်ဆီး မလုပ်ရန်၊ သက်မဲ့ ရေတွင်းရေကန်ကိုပင် မိမိကြောင့် မတိမ်ကောစေရန် တမန်တော်မြတ်ကလည်း တားမြစ်ညွှန်ကြားထားပါသည်။
မလွှဲသာမရှောင်သာရင်ဆိုင်ရသောဤသို့သော ခုခံစစ်ပွဲအခြေအနေမျိုးတွင်ပင် ယခင်က မရှိခဲ့ဖူးသည့် တရားမျှတသည့် စစ်စည်းမျဉ်းများ ချမှတ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ စစ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောသူများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအား မထိပါးရန်၊ စစ်မြေပြင်ဝန်းကျင်ရှိ ရေတွင်းရေကန်နှင့် သစ်ပင်များအား မဖျက်ဆီးရန်၊ စစ်သုံ့ပန်းများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရန်၊  စစ်သုံ့ပန်းများအနေဖြင့် လျော်ကြေးပေးခြင်းဖြင့် ဖြစ်စေ စာမတတ်သူမွတ်စလင်မ်၁၀ဦးအား စာသင်ကြားပေးခြင့်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စသည့် လူ့အခွင့်အရေးကို အခြေခံသော တရားမျှတမှုကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစတင်ခဲ့သူမှာ သစ္စာဝါဒီ မွတ်စလင်မ်များ ဖြစ်ကြသည်။
ခုခံစစ်ပွဲတစ်ခုအတွင်းကြုံခဲ့သည့် ဖြစ်ရပ်မှန်တစ်ရပ်ကို ပြန်လည် တင်ပြပါမည်။ မွတ်စလင်မ် စစ်သည်တစ်ဦင်္းက ရန်သူ စစ်ခေါင်းဆောင်အား အနိုင်ရကာ ဓားဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်စဉ်တွင် ထိုရန်သူက မွတ်စလင်မ်စစ်သည်အား တံတွေးနှင့် ထွေးလိုက်ပါသည်။ ထိုအခါ မွတ်စလင်မ်စစ်သည်က ဒေါသတစ်ကြီးဖြစ်သွားသော်လည်း ထိုရန်သူအား ဆက်လက်တိုက်ခိုက် ခုတ်ပိုင်းခြင်းမပြုတော့ဘဲ လွှတ်ပေးလိုက်ရာ မိမိကိုကိုယ် သေသူအဖြစ်သတ်မှတ်ပြီးသားရန်သူခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် အကြောင်းရင်းကို မေးကြည့်ပါသည်။ မွတ်စလင်မ်စစ်သည်အနေဖြင့် မိမိသည် မိမိအတ္တအတွက်မဟုတ်ဘဲ သစ္စာတရားအတွက်သာ တိုက်ပွဲဝင်နေခဲ့သည်ဖြစ်ပြီး မိမိမျက်နှာ တံတွေးအထွေးခံရသဖြင့် စိတ်ဆိုးနေချိန်တွင် ဆက်လက်ခုတ်ပိုင်းပါက မိမိအတ္တအတွက် လူသတ်ရာရောက်မည်ဖြစ်သောကြောင့် ဤသည်ကို မလိုလား၍ ဆက်မတိုက်၊ မသတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ဤဖြစ်စဉ်က အဆိုပါရန်သူ၏ စိတ်နှလုံးကို ပြောင်းလဲစေလျက် သူကိုယ်တိုင် မွတ်စလင်မ်ဖြစ်လာခဲ့ပါသည်။ ဤသည်မှာ စစ်မြေပြင်တွင်တောင်မှ အမှန်တရားအတွက် သက်သက်သာ တိုက်ပွဲဝင်သူ သစ္စာဝါဒီ မွတ်စလင်မ်တို့၏ ဥပမာ တစ်ခုပင်။
နောက်ဆုံး ရန်သူတို့ အရေးနိမ့်သွားချိန် စစ်ပွဲများအားလုံး အဆုံးသတ်သွားရသည့် မက္ကာဟ်ရွှေမြို့တော် အောင်နိုင်သည့်ကာလတွင်မူ မွတ်စလင်မ်များအနေဖြင့် ရန်သူအားလုံးတို့အား သွေးမြေမကျစေရဘဲ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ တမန်တော်မြတ်သည် မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။ အကယ်၍သာ ဘာသာခြားမှန်သမျှအား အကြောင်းမဲ့ သတ်ဖြတ်ရန် ညွှန်ကြားထားရိုးမှန်ပါက ထိုသူတို့အသက်ဆက်ရှင်ခဲ့ရာ မှတ်တမ်းမှတ်ရာ ရှိရန် အကြောင်းမရှိပါ။
အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဆက်လက် တင်ပြပါမည်။
အစ္စလာမ့်သွန်သင်ချက်အရ လူသားအားလုံးသည် တစ်မိတစ်ဖတည်းမှ ဆင်းသက်လာပြီး အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အမြင့်မြတ်ဆုံးလူသားမှာ မျိုးနွယ်၊ အသားအရာင်၊ ဇာတိတို့ကို အခြေမခံဘဲ သက္ကဝါခေါ် ကိုယ်ကျင့်စာရိတ္တ အမြတ်ဆုံးလူသာဖြစ်ပါသည်။
(ကျမ်းမြတ်ကုရ်အာန် ၄၉း၁၃)
ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမည်သာ။
“ အသင် ပြောကြားပါလေ။
အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…
ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။
ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။
ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။
ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။
စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)
ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။
“အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစ်တော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ  ဖြစ်ကြကုန်သတည်း။”
(ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)
အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလှူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။
(ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)
အစ္စလာမ်သာသနာတွင် အဓမ္မစနစ်ကို လုံးဝ ခွင့်မပြုပါ။
“ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ်နှင့် ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက် ရှိနေပြီဖြစ်ရာ သာသနာရေးတွင် အနိုင့်အထက် အလျဉ်းမပြုရ”
(ကျမ်းမြတ်ကုရ်အာန် ၂း၂၅၆)
ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။ လက်တွေ့လည်း လက်တွဲ ဆောင်ရွက်ခဲ့ကြပါသည်။ တမန်တော်မြတ်သည် မဒီနဟ် မြို့တွင် ဂျူးများနှင့်အတူ မြို့တော် တိုးတက်အေးချမ်းရေးအတွက် ဦးစီးဦးဆောင်ပြုခဲ့သည်။ ဘာသာမတူသူတို့အား အကြောင်းမဲ့ သတ်ဖြတ်ရန် မဆိုထားဘိ၊ ဘာသာခြား နာရေးချရန် သယ်သွားသည်ကိုပင် ကမန်တော်မြတ်က မတ်တပ်ရပ်၍ ဆုတောင်းမှုပြုသဖြင့် နောက်လိုက်သာဝကများက ဘာသာခြား ဂျူးတစ်ဦး၏ နာရေးဖြစ်ကြောင်း ပြောလာသည်ကို ဂျူးဘာသာဝင်ကရော လူမဟုတ်ဘူးလားဟု ပြန်မေးကာ လူသားဝါဒကို လက်တွေ့ ကျင့်ဆောင်ပြသွားခဲ့သည်။
အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာ မွတ်စ်လင်မ်တစ်ဦးအဖို့ ကမ္ဘာ့အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရာ။ တမန်တော်မြတ်၏ သြဝါဒတော်အချို့အား ဆက်လက်တင်ပြပါမည်။
“မွတ်စ်လင်မ်တို့သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူ့ကိုမျှ ဒုက္ခမပေးရ။”
“ကြီးသူကို မလေးစား၊ ငယ်သူကို မသနားသူသည် ငါ၏နောက်လိုက်မဟုတ်။”
“မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စ်လင်မ်မဟုတ်”
“အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စ်လင်မ်မဟုတ်”
“အသင်တို့သည် ကမ္ဘာမြေ၌ ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည် အသင်တို့အား သနားတော်မူအံ့။”
“အဖန်ဆင်းခံ ဝေနေယျသတ္တဝါအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သူ အိမ်တော်သားများ ဖြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ အိမ်တော်သူအိမ်တော်သားများအနက် အများဆုံး ချစ်ကြည် မြတ်နိုးအပ်သူမှာ အိမ်တော်သူအိမ်တော်သားများအား အများဆုံး အကျိုးပြုသူသာဖြစ်ပေသည်”
(တမန်တော်မြတ်၏သြဝါဒတော်များ)
အထက်တွင် ရှင်းလင်းဖော်ပြခဲ့ပြီးသော ကျမ်းမြတ်ကုရ်အာန်ပါ သွန်သင်ချက်များနှင့် တမန်တော်မြတ်၏ သြဝါဒတော်များအရ အစ္စလာမ်က ဘာသာခြားတို့အား မည်သို့မည်ပုံ သဘောထားကာ ဆက်ဆံခိုင်းထားသည်ဆိုသည်ကို စာရှုသူကိုယ်တိုင် ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါသည်။
နိဂုံးချုပ်ပါမည်။
ကျမ်းမြတ်ကုရ်အာန်သည် နှလုံးသား သော့မခတ်ထားကြသူ လူခပင်းအတွက် အကောင်းဆုံး ဆုံးမသြဝါဒကျမ်းတော် ဖြစ်ပါသည်။ မိမိတို့ အစွဲများကိုချွတ်ကာ လေ့လာမှသာ အမှန်တရားကို တွေ့နိုင်ပါမည်။ အဂတိတရားကင်းစွာဖြင့် အမှန်တရားကို ရှာဖွေစေလိုပါသည်။ ယခုအခါ ဘာသာစကား အသီးသီးဖြင့် ကျမ်းတော်မြတကုရ်အာန်အား ဘာသာပြန်ပြီး ဖြစ်ရာ အင်တာနက်ပေါ်တွင် စာရှုသူ တတ်ကျွမ်းရာ ဘာသာစကားဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ လိုအပ်ပါကလည်း မိမိတို့နှင့် နီးစပ်ရာ မွတ်စလင်မ်တို့ထံမှတစ်ဆင့်ဖြစ်စေ၊ ဤ website မှဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တစ်ဆင့်စကား တစ်ဆင့်ကြားသမျှ ထင်ရောင်ထင်မှားဖြင့် သံသယပွားစရာခေတ် မဟုတ်တော့ပါ။
ဤဆောင်းပါးအဆုံး တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန် download link အား ပူးတွဲ ထည့်သွင်းပေးထားပါသည်။ အစွဲကင်းကင်းဖြင့် မိမိ အသိဥာဏ်နှင့် နှလုံးသားကို ဖွင့်ထားကာ ဖတ်ရှုစေလိုပါသည်။
ကျမ်းမြတ်ကုရ်အာန်ကတော့ ကျွန်တော်တို့အား သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။
(ကျမ်းမြတ်ကုရ်အာန် ၄၉း၆)
သူများ မှိုင်းတိုက်သမျှ မယုံကြည်ရန် စာရှုသူ၏ ဦးနှောက်ကို၊ စာရှုသူ သင်ထားခဲ့သမျှ ပညာကို၊ စာရှုသူ၏ အသိတရားကို အစွမ်းကုန် အသုံးချရန်မှာ စာရှုသူ မိတ်ဆွေ၏ တာဝန်သာဖြစ်ပါသည်။
အနာဂတ်မြန်မာနိုင်ငံ တိုးတက်အေးချမ်းစေရေး တစ်စိတ်တစ်ဒေသ ပါဝင်ရန်မှာ ကျွန်တော်တို့အားလုံး၏ တာဝန်ဖြစ်ပါသည်။ တိုင်းပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော လူမျိုးဘာသာမရွေး ချစ်ကြည်ရေး၊ အပြနအလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် အားလုံး အုတ်တစ်ချပ် ၊သဲတစ်ပွင့် နိုင်ရာတာဝန် ထမ်းကြရပါဦးမည်။
မဟုတ်မမှတ်လုပ်ကြံ ဝါဒမှိုင်းတိုက် အမုန်းမီးမွှေးနေသူများ ကျဆုံးပါစေသား။ လူ့အသိုင်းအဝိုင်းမှ အပယ်ခံ အမြန်ဆုံးဖြစ်ပါစေသား။ ဘာသာရေး ပဋိပက္ခ ဖြစ်စေရန် ခလောက်ဆန်ရန် အကောက်ကြံနေကြသူများ၏ အကြံအစည်မှန်သမျှ ပျက်စီးပါစေသား။
ဝါဒမှိုင်းမိနေသူများ အမြင်မှန် အမြန်ဆုံးရပါစေသား။
ညီနောင်စိတ်ထားဖြင့်
(ကိုးကား – (၁) အစ္စလာမ်အယူဝါဒ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၁၅၊ ရေးသူ သီရိပျံချီ အလ္လမဟ် ဃာဇီ မုဟမ္နဒ် ဟာရှင်မ်၊
(၂) Dr. Zakir Naik ဟောပြောချက်များ)
ကုရ်အာန်ကျမ်းတော် မြန်မာဘာသာပြန် ဖတ်လိုလျှင် http://www.quraninburmese.com/Books/Holy%20Quran.pdf

ရေးသူ-သဲတပွင့်

 ( Credit to M-Media )

Monday, April 15, 2013

သိထားရမယ့် ဥပဒေ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ဘာသာရေး လွတ်လပ်ခွင့်

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင် နိုင်ငံတော်က အသိ အမှတ်ပြုသော ဘာသာသာသနာများ၊ နိုင်ငံသားတို့ကိုးကွယ်ယုံကြည်ရာ ဘာသာသာသနာ ဆိုင်ရာအခွင့်အရေး နှင့်တာဝန်များကိုပြဋ္ဌာန်းပေးထားသည်။

ပုဒ်မ ၃၆၁ တွင် “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်” ဟူ၍၄င်း၊

ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာ တို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟူ၍၄င်း၊ နိုင်ငံတော်က အသိအမှတ်ပြုသော ဘာသာ သာသနာများကို ဖော်ပြပြဋ္ဌာန်းထားပါသည်။

ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်´´ ဟူ၍ ဖော်ပြပြဋ္ဌာန်းပါရှိသည်ကိုတွေ့ရပြီး နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများ အားလုံးအပေါ်တွင် ခွဲခြားခြင်းမရှိဘဲ သာတူညီမျှ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်းတွေ့နိုင်သည်။

ပုဒ်မ ၃၅၄ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ များနှင့် မဆန့်ကျင်လျှင်

* မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ရေးသားဖြန့်ဝေခွင့်၊

* အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊

* တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာ ကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိပါသည်။ [၂၀၀၈ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)၊ ၃၅၄(ဂ)၊ ၃၅၄(ဃ)]

ပုဒ်မ ၃၄၈ တွင် ” နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ တို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ” ဟူ၍၄င်း၊

ပုဒ်မ ၃၅၂ တွင် ” နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊အမျိုးသား၊ အမျိုးသမီး ကိုအကြောင်းပြုလျက် ရာထူးရွေးချယ် ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ . . .” ဟူ၍၄င်း၊

ပုဒ်မ ၃၆၈ တွင် “နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမထားရှိဘဲယင်းတို့၏အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံမည်” ဟူ၍၄င်း၊ဖော်ပြထားရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် ကိုးကွယ်ရာဘာသာ သာသနာ နှင့်ပတ်သက်၍ နိုင်ငံသားတို့၏လွတ်လပ်ခွင့်နှင့် ကိုးကွယ်ရာဘာသာသာသနာကို အကြောင်းပြု၍ နိုင်ငံသားတို့၏ အခွင့်အရေးကို ခွဲခြားဆက်ဆံမှု မရှိစေရန် ပြဋ္ဌာန်းချက်များဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းတွင် နိုင်ငံတော်က အသိအမှတ်ပြု ထားသော ဘာသာ သာသနာများ၏ သာတူညီမျှ အခွင့်အရေးကိုဖော်ဆောင်ပေးထားခြင်းပင်ဖြစ်သည်။

ပုဒ်မ ၃၆၄ တွင် ” နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက် လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။” ဟူ၍ ပြဋ္ဌာန်းပါရှိရာ လူမျိုးရေး၊ ဘာသာရေးကြောင့် တစ်ဖက်နှင့်တစ်ဖက်၊တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော၊ သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သော အပြုအမူဖြစ်၍ ပြစ်မှုပြစ်ဒဏ် ထိုက်သင့်မည်ဖြစ်သည်။ ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်ကြောင်းလည်းဖော်ပြ ပြဋ္ဌာန်းထားသည်။

ယခုလက်ရှိတွင် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅၊ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများအခန်းတွင် ကိုးကွယ်ရာဘာသာ သာသနာအရေးနှင့် စပ်လျဉ်း၍ ပြစ်မှုမြောက်စေ မည့် အင်္ဂါရပ်များ၊ ပြစ်မှုကျူးလွန်သူတို့ ထိုက်သင့်မည့်ပြစ်ဒဏ်များကိုပြဋ္ဌာန်းထားသည်။

၂၀၀၈ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄)၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များအခန်း ပုဒ်မ ၄၄၆ တွင် ” တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။” ဟုပြဋ္ဌာန်းပါရှိသည်။

ထို့ကြောင့် လက်ရှိကာလတွင် ယခုထက်တိုင်တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) ပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများကိုကျူးလွန်ပါက ၄င်းဥပဒေအရ အပြစ်ပေးအရေးယူခြင်းခံရမည် ဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး)

အခန်း ၁၅

ဘာသာသာသနာဆိုင်ရာပြစ်မှုများ

ပုဒ်မ ၂၉၅။ ။

လူတစားကိုးကွယ်သည့်ဘာသာသာသနာကိုစော်ကားရန်အကြံဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကိုဖျက်ဆီးခြင်း၊ သို့တည်းမဟုတ်ယုတ်ညံ့စေခြင်း။

လူတစားကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ် ၀တ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်၎င်း၊ ဖျက်ဆီးခြင်းသည် သို့တည်းမဟုတ် ပျက်စီးနစ်နာစေ ခြင်းသည်၊ သို့တည်းမဟုတ် ယုတ်ညံ့စေ ခြင်းသည်၊ ထိုဘာသာသာသနာကိုစော်ကားသည်ဟု လူ တစားက ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာ ရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်၎င်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော် ၄င်း ဖျက်ဆီးလျှင် သို့တည်းမဟုတ် ပျက်စီးနစ်နာစေလျှင်၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။

ပုဒ်မ ၂၉၅-က။ ။

လူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ၊ စော်ကားခြင်းဖြင့်၊ ထိုလူတစား၏ ကိုးကွယ်ရာဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သောပြုလုပ်မှုများ။

ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေ ရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ် သည့်ဘာသာသာသနာကိုသော်၎င်း၊ ဘာသာ သာသနာရေးယုံကြည်မှုကိုသော်၎င်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အား ထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်။

ပုဒ်မ ၂၉၆။ ။ ဘာသာသာသနာရေးဆိုင်ရာအစုအဝေးကိုနှောင့်ယှက်ခြင်း။

ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော၊ သို့တည်းမ ဟုတ် ဘာသာသာသနာရေးဆိုင်ရာ အခမ်းအနားကို ကျင်းပနေသော အစုအဝေးတစ်ခုခုအား မည်သူမဆို၊ မိမိအလိုအလျောက် အနှောင့်အယှက်ဖြစ် စေလျှင်၊ ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၂၉၇။ ။ သင်္ချိုင်း စသော နေရာအရပ်များကို ကျူးကျော်စော်ကားခြင်း။

တဦးတယောက်သောသူ၏ စိတ်ကို နာစေရန်အကြံဖြင့်ဖြစ်စေ၊ တဦးတယောက် ကိုးကွယ် သည့် ဘာသာသာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ တဦးတယောက်သောသူ၏ စိတ်ကို နာစေတန်ရာသည်ကို၊ သို့တည်းမဟုတ် တဦး တယောက်သောသူ ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားတန်ရာသည်ကို သိလျက်နှင့် ဖြစ်စေ မည်သူမဆို၊ ကိုးကွယ် ၀တ်ပြုသော နေရာ၌သော်၎င်း၊ သင်္ချိုင်း၌သော်၎င်း၊ မသာအခမ်းအနား ဆောင်ရွက်ရန် သီးသန့်ထားသည့် နေရာ၌သော်၎င်း၊ လူသေအလောင်းထားရန် သီးသန့် နေရာ၌သော်၎င်း ကျူးကျော်စော်ကားလျှင်၊ သို့တည်းမဟုတ် လူသေအလောင်းကို မဖွယ်မရာပြု လျှင်၊ သို့တည်းမဟုတ် မသာအခမ်းအနား ကျင်းပဆောင်ရွက်ရန် စုဝေးနေသူတို့ကို အနှောင့် အယှက်ဖြစ်စေလျှင်၊ ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၂၉၈။ ။

ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍၊ စကား စသည်များကိုပြောဆိုခြင်း။

တဦးတယောက်သောသူ၏ ဘာသာရေးစိတ်ကို နာစေရန်တမင်ကြံ၍၊ မည်သူမဆို၊ ထိုသူကြားလောက်သောနေရာ၌ စကားပြောဆိုလျှင်၊ သို့တည်းမဟုတ် အသံတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် ထိုသူမြင်လောက်သောနေရာ၌ ကိုယ်အမူအရာတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခုကိုထားလျှင် ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

Credit to : M-mediagroup.com (http://www.m-mediagroup.com/news/10773)

သင့်ကို ပညာရှိသူတစ်ယောက်ဟု ကျွန်ုပ်ယုံကြည်သည်။

တိုးတိုးလေးပြောမယ် ။ နားထောင်မလား ။ ------

ကမ္ဘာမှာ မူရင်းအတိုင်းကျန်တဲ့ ကောင်းကင်ကျ ကျမ်းစာအုပ်က တစ်အုပ်ပဲရှိတော့တယ်။ အဲဒါ ကုရ်အာန်ကျမ်းမြတ်ပဲတဲ့ဗျား။ တခြားကျမ်းအားလုံးက လူတွေ ပြင်လိုက်ကြလို့ မူရင်းနဲ့တောင် အချို့အရာတွေ ဆန့်ကျင်ကုန်ပြီတဲ့ဗျား။

လူသားရဲ့ ဖခင်ကြီး အာဒမ် (ADAM) ကလေ -- လားအိလားဟအိလ္လလ္လာဟ် ဖတ်ထားတဲ့ မွတ်စလင်မ် - အစ္စလာမ်ဘာသာဝင်ကြီးဗျ။

နိုင်ငံတိုင်းမှာ တက္ကသိုလ်တိုင်းမှာ ဘွဲ့ယူရင်လေ မွတ်စလင်မ် တရားဟောဆရာတွေ ဘွဲ့ယူရင် ဝတ်တဲ့ ကွဗ်ဗာ ခေါ်တဲ့ဝတ်ရုံရှည်ကို ဝတ်ရသတဲ့။ ဘွဲ့ယူဖူးသူများသိပါလိမ့်မယ်။

လူတိုင်းရဲ့ ခန္ဓာကိုယ်ကလေ မွတ်စလင်မ်ပါတဲ့ဗျား။ အလ္လာဟ့်အမိန့်အရ ဒီခန္ဓာကိုယ်ကြီးက Grow ကြီးထွားရတယ်။ Pain နာကျင်ရတယ် ၊ Disease ရောဂါရတယ်။ Health ကျန်းမာရတယ်၊ see မြင်ရတယ်။ hear ကြားရတယ် ၊ smell အနံ့ရတယ်။ voice အသံထွက်တယ်။ Live ရှင်သန်ရတယ်။ Death သေဆုံးရတယ်တဲ့ဗျား။

လူတွေရဲ့ စိတ်ကိုသာ အလ္လာဟ့်အမိန့်ကို နာခံရင် နာခံ၊ ဖီဆန်ရင် ဖီဆန် ခွင့်ပြုထားတာတဲ့ဗျား။ ဒါ့ပေမယ့် ( မကောင်းတဲ့ ) စိတ်အလိုကို မလိုက်ရင် Hidayat ခေါ်တဲ့ လမ်းမှန်ရမယ်တဲ့ဗျား

အလ္လာဟ်အရှင်မြတ်ကလေ သူကြိုက်နှစ်သက်တဲ့သူကို အစ္စလာမ်ဘာသာဝင်အဖြစ် မြှောက်စားတော်မူပါသတဲ့ဗျား ။

မင်းဆိုးမင်းညစ်တွေ သက်ဆိုးရှည်နေတာကလေ တိုင်းသူပြည်သားတွေ အကျင့်မကောင်းကြလို့တဲ့ခင်ဗျား။

အချိန်နဲ့ ဘုရားဦးချရတဲ့ ဘာသာက အစ္စလာမ်တဲ့ဗျား။ အစားအသောက် သတ်မှတ်ထားတဲ့ဘာသာက အစ္စလာမ်တဲ့ဗျား၊ မကောင်းမှုတွေကို တားဆီးတဲ့နေရာမှာ အစ္စလာမ်လောက် ဘယ်သူမှ မထိရောက်ဘူးတဲ့ဗျား။

လူတွေကို စီးပွားရှာဖို့ခိုင်းသလို မခိုးမလိမ်ဖို့ တားမြစ်ထားတာလဲ အစ္စလာမ်ပါပဲဗျား။ မိန်းမ ယူခိုင်းသလို မိန်းမအပေါ်ထားရှိရမည့် ယောက်ျားရဲ့တာဝန်တွေကိုလည်း ပြဌာန်းထားတာ အစ္စလာမ်ပါပဲဗျား။

လူတန်းစားမခွဲ ၊ ဘုန်းကြီးလူတန်းစား မရှိတာလဲ အစ္စလာမ်တစ်ခုတည်းရှိကြောင်းပါခင်ဗျား။

အတိုး ဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့လူကို ငပျင်း ၊ ငဖျင်းဖြစ်စေပြီး ဆင်းရဲသားကို ငမွဲ ၊ ငတေ ဖြစ်စေတဲ့ အရာကို တားမြစ်ထားတဲ့ ပညတ်ချက်ကလည်း အစ္စလာမ်တစ်ခုတည်းမှာပဲ ရှိတာတဲ့ဗျား။

အစ္စလာမ်ဘာသာဝင်တစ်ယောက် ဆွေမျိုး ၊ အပေါင်းအသင်း၊ ဥစ္စာပစ္စည်း ၊ စီးပွားရေး၊ ငွေကြေး ၊ ဘာမှမရှိတော့ရင် သူ့မှာ အားကိုးရာတစ်ခုတော့ ကျန်ခဲ့တယ်။ အဲဒါ ကမ္ဘာနှင့်စကြဝဠာကို ပိုင်စိုးတော်မူတဲ့ တစ်ဆူတည်းသော အားကိုးအားထားပြုထိုက်ရာဖြစ်တဲ့ အလ္လာဟ် (စွဗ္ဗဟားနဟူဝသအာလာ) အရှင်မြတ်ပဲ ဖြစ်တယ်။ ဒါပေမယ့် အဲဒီလောကီ အရာတွေပြည့်စုံနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကလည်း အလ္လာဟ်အရှင်မြတ်ကိုပဲ အားကိုးကြရပါသတဲ့။ လောကီအရာတွေကို အားကိုးရင် အစ္စလာမ်ဘာသာဝင်အဖြစ်မှ လျှောကျ ပျက်ပြယ်သွားပါတယ်တဲ့ဗျား ။

ဘုရားဝတ်ပြုခါနီးတိုင်း ရေဖြင့် သန့်စင် မင်္ဂလာပြုရတာလဲ အစ္စလာမ်မှာပဲရှိတာပါတဲ့။

ပိုက်ဆံကောက်ရတဲ့ သူက မိမိကိုယ်တိုင် ကံကောင်းသူလို့မမှတ်ယူပဲ ပိုင်ရှင်ကိုပြန်ပေးဖို့ခိုင်းစေထားတာ အစ္စလာမ်ပါပဲ။ တဲ့။

သူတပါးဆီက မတရားဘာမျှမယူဖို့ ခိုင်းထားတာ အစ္စလာမ်ပါ။ တန်းစီရင်တောင် မွတ်စလင်မ်က ကြားမဖြတ်ရပါဘူး၊ ကြားဖြတ်ခွင့်လဲ မပြုရဘူး။

ဈေးဝယ်သူကများ ဒီပစ္စည်းလေး မကြိုက်လို့ လဲပေးပါဗျာ ဆိုရင် မူလအတိုင်းရှိပါက ငွေပြန်တောင်းလျှင်ပင် ပြန်အမ်းဖို့ ဘာသာရေးအဆုံးအမအဖြစ် ပြဌာန်းထားတာ အစ္စလာမ်တစ်ခုတည်းပါ။

လူ့ဘဝတည်ဆောက်မှုရဲ့ အဓိကကျတဲ့ ထိမ်းမြားလက်ထပ်ခြင်း (Marriage) ကို ဘာသာရေးပညတ်ချက်အဖြစ် ပြဌာန်းထားတာလဲ အစ္စလာမ်ပါပဲ။ ဒီနေရာမှာ ကိုယ့်လူတို့ Marriage (လက်ထပ်ခြင်း) နဲ့ Sexual action (လိင်ဆက်ဆံခြင်း) ကိုကွဲပြားစွာမြင်ရပါမည်။ ပညာတတ်လျှင် မရောချပါနှင့်။ အစ္စလာမ်က Sexual action ကို Marriage ဖြင့်ဘောင်ကန့်ထားပါသည်။ (ပညာရှိစကားကို ပညာနားနှင့်ကြားပါ)

ဘာသာတရားတစ်ခုကို လေ့လာလျှင် ထိုဘာသာ၏ လိုက်နာကျင့်သုံးသော ဘာသာဝင်များထံမှလေ့လာပါ။ မနာလို၍ မုန်းတီးသူများ၏ စာ-စကား များကိုဖတ်၍ အထင်မလွဲပါနှင့် ။ သင့်ကို ပညာရှိသူတစ်ယောက်ဟု ကျွန်ုပ်ယုံကြည်သည်။

ခသ်မေ့ခါဂျိဂါးန်


ကုနူသီနာဇီလဟ်



ကုနူသီနာဇီလဟ် - စာအုပ်တစ်အုပ်နဲ့ တစ်အုပ်တော့မတူတာလေးတွေရှိပါတယ်။ ကိုယ်ရတဲ့ ကုနူသီနာဇီလဟ်ကို ဖတ်ရင် လဲရပါတယ်။ ဖတ်နေတုန်းမှာ ကိုယ့်ကလေးသူငယ်တွေကို သတ်ပြီးမီးရှို့နေတာတွေ၊ အိုးပစ်အိမ်ပစ်ထွက်ပြေးနေရတဲ့ မွတ်စလင်မ်တွေကို မြင်ယောင်ပြီးဖတ်ပါ။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အရေးကို ဆောင်ကျဉ်းပေးတော်မူနေပြီလို့ စိတ်ကမှတ်ယူပါ။ ဖတ်နေတုန်း ငိုနိုင်ရင် ငိုယိုပါ။ ၀လ္လားဟု ခိုင်းရွလ်ဟားဖိဇီးန်-

ဗန္ဒဟ် - မိုဟမ္မဒ်ဘိလာလ်။

786 ဆိုသည်မှာ (၂)

786 ဆိုသည်မှာ
===========
ယနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏဆိုသလို လက်ကမ်းစာစောင်များ၊ တရားပွဲများတွင် 786 အကြောင်းကိုတွေ့မြင်နေကြရ ပေသည်၊ သာသနာ့အယောင်ဆောင်ဘုန်းကြီးတစ်ဦးက 786 ဆိုတာဘာလဲ၊ 786 ကိုပေါင်းလိုက်ရင် 21 ရတယ်၊ ဆိုလိုတာက 21 ရာစုမှမြန်မာနိုင်ငံ ဟာစင်းလုံးချော အစ္စလာမ်နိုင်ငံဖြစ်ရမယ်၊ ခရစ်သက္ကရာဇ် 2100 မှာမြန်မာနိုင်ငံဟာ အစ္စလာမ်နိုင်ငံ ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားခြင်းဖြစ်ကြပါတယ်လို့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီးစော်ကားပြောဆိုနေကြပါတယ်၊ အမှန်မှာ အစ္စလာမ်သာသာဝင်များ သတ်မှတ်ထားသော 786 ဆိုသည်မှာ အယောင်ဆောင် ဘုန်းကြီးများစော်ကားပြောဆိုနေ သကဲ့သို့ (ခွန်ရှစ် ခြောက်) မဟုတ်ပါ၊ 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်)ဖြစ်ပါတယ်၊ ဗိစ္စမစ်လ္လာဟ်ကို အတိုကောက်ကိန်းဂ ဏန်းများဖြင့်ရေးမှတ်ရ လွယ်ကူ အောင်ပညာရှင်များက သတ်မှတ် ပေးထားခဲ့ခြင်းဖြစ်ပါတယ်၊ အရ်ဗီအက္ခရာ 28 လုံးမှာကိန်းဂဏန်း တန်ဖိုး ကိုယ်စီရှိကြပါတယ်၊ ထိုအထဲမှ ဗစ္စမစ်လ္လာဟိရ်ရဟ်မားနစ်ရ်ရဟီးမ်မှာ ပါရှိတဲ့အရ်ဗီဗျည်းအက္ခရာ များရဲ့တန်ဖိုးကိုပေါင်းလိုက်တဲ့အခါ 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်) ဆိုပြီးအဖြေရပါတယ်၊ ဒါကြောင့် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ကို ဗစ္စမစ်လ္လာဟ်ရဲ့ အစားအလွယ်တကူရေးမှတ်နိုင်ရန် အတွက်သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်၊ အရ်ဗီ ဗျည်းအက္ခရာ 28 လုံး၏ ကိန်းဂဏန်းတန်ဖိုးများမှာ အလစ်ဖ်(1)၊ ဗာအ်(2)၊ သာအ်(400)၊ ဆာအ်(500) ၊ဂျီးမ်(3)၊ ဟာ(8)၊ ခါ(600)၊ ဒါးလ်(4)၊ ဇားလ်(700)၊ ရာ(200)၊ ဇာ(7)၊ စီးန်(60)၊ ရှီးန် (300)၊ ဆွားဒ်(90)၊ ဒွါးဒ်(800)၊ သွာ (9)၊ ဇွာ(900)၊ အိုင်းန်(70)၊ ဂိုင်းန်(1000)၊ ဖွာ(80)၊ ကွားဖ်(100)၊ ကားဖ်(20)၊ လာမ်(30)၊ မီးမ်(40) ၊နူးန်(50) ၊ဝေါင်ဝ်(6)၊ ဟာအ်(5)၊ ယာ(10) တို့ဖြစ်ကြပါတယ်၊ အထက်ပါနည်းအတိုင်း ဗစ္စမစ်လ္လာဟ်တွင်ပါရှိသော အက္ခရာများဖြစ်ကြသော ဗာ(2) + စီးန် (60) + မီးန်(40) + အလစ်ဖ်(1) + လာမ်(30) + လာမ်(30) + ဟာအ်(5) + အလစ်ဖ်(1) + လာမ်(30) + ရာ(200) + ဟာ(8) + မီးမ်(40) +နူးန်(50) + အလစ်ဖ်(1) + လာမ်(30) + ရာ(200) + ဟာ(8) + ယာ(10) + မီးမ်(40) တို့ကိုပေါင်းလိုက်ရင်အဖြေက 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်) ဆိုပြီးရပါတယ်၊ ဒါ ကြောင့်ပညာရှင်များအနေနဲ့ အီမာန်ရှင်များ အလွယ်တကူသုံးစွဲလို့ရ အောင်ဆိုပြီး ဗစ္စမစ်လ္လာဟ်ရဲ့အစားအဖြစ် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ကိုသတ်မှတ်ပေးခဲ့ကြခြင်းဖြစ်ပါတယ်၊ 


ဒါဟာ ဖဲသမားများ တွက်သလိုမျိုး 7+8+6 ပေါင်းခြင်းကို အခြေမခံပါဘူး။ ၀ီရသူကို အခါပေးသော Policy Maker သိစေရန် တင်ပြပါသည်။

ကျမ်းတော်မြတ်ကုန်အာန် မှာ ပါရှိတဲ့ စာလုံးလေးတွေနှင့်အက္ခရာလေးတွေ အရေအတွက်

အစ္စလာမ်မို. အလိုင်းကွမ်း

ကျမ်းတော်မြတ်ကုန်အာန် မှာ ပါရှိတဲ့ စာလုံးလေးတွေနှင့်အက္ခရာလေးတွေကို
ဘယ်စာလုံးက ဘယ်နလုံး ဘယ်အက္ခရာက ဘယ်နလုံး ပါရှိတယ်ဆိုတာ အားလုံး ဗဟုသုတလေး ဖြစ်အောင် တင်ပြပေးချင်ပါတယ်။ ။ဖြစ်နိုင်မယ်ဆိုရင် ဒီပို.စ်လေးကို အီမာန်ရှင် ညီအကိုမောင်နှမများထံ ရောက်လို. အားလုံးက share ပေးစေချင်ပါတယ်။။။

Sipare=30
Sajde=14
Manzil=7
Surten=114

Maki=86
Madni=28
Ruku=540
Aayat=6666
Haroof=323760
Zabar=53243
Zer=39582
Pesh=8804
Madd=1771
Shadd=1243
Nuqte=105681

''ALIF''48872
''BA''11228
''TA''1199
''SA''1276
''JEEM''3273
''HA''973
''KHA''2416
''DAAL''5642
''ZAAL''4697
''RA''11793
''ZA''1590
''SEEN''5891
''SHEEN''2253
''SUAD''2013
''ZUAD''1607
''TUA''1274
''ZUA''842
''AIN''92200
''GHAIN''2208
''FA''8499
''QAAF''6813
''KAAF''9522
''LAAM''3432
''MEEM''26535
''NOON''26560
''WAO''2556
''HA''1907
''LAM ALIF''3720
''HAMZA''4115
''YA''25919

အားလုံးအေလင်အသိပညာ တိုးပွားကြပါစေ။။။ 

Credit to အာခေရတ်လုလင်

လူတို့ အားကောင်းသောစကားကိုပြောပါလေ (၂း၈၃)

လူတို့ အားကောင်းသောစကားကိုပြောပါလေ (၂း၈၃)

တမန်တော်မြတ် (ဆွ) မိမိတို့အားပြောပြခဲ့သည့် အလွန်အရေးပါသော ဆုံးမစကားတစ်ရပ်သည် မည်သူ့ကိုမဆို နိမ့်ကျသောစကား မိုက်ရိုင်းသော စကားမပြောရန်ပင်ဖြစ်ပါသည်။ ထိုသို့ နိမ့်ကျသော စကားကိုပြောဆိုသည့်အခါ ကြားသူ၊ အပြောခံရသူသည် အလွန်ပင် စိတ်မချမ်းသာမှုကို ခံစားရ ပါသည်။ ထိုသို့ပြောခြင်းသည် ပြောသူကိုလည်း အားနည်းမှု စိတ်ပျက်မှုကို ဖြစ်စေပါသည်။

လူတိုင်းသည် နှလုံးနှင့် ဦးနှောက်ပါသူများ ဖြစ်သည့်အလျှောက် တွေးတောဆင်ခြင်တတ်သူဖြစ်သည်။ မကောင်းသည့်စကား၊ ဆဲဆိုသည့်စကား၊ ရိုင်းဆိုင်းသည့်စကား၊ မသင့်လျှော်စကားတို့သည် လူ့နှလုံး တွင် မခံနိုင်ဖြစ်လာကာ ရွံ့မုန်းခြင်းကို ပေါ်ပေါက်စေတတ်ပါသည်။ ဦးနှောက်သည်လည်း ထိုရွံ့မုန်းမှုကို တမဟုတ်ခြင်းတုံ့ပြန်သည့်အနေဖြင့် ပြောဆိုလာသူအား ရန်လိုမှု တိုက်ခိုက်မှု မကောင်းသည့် တုံ့ပြန်မှုကိုပြုလုပ်ခြင်သည့် အပြုအမူကိုဖြစ်ပေါ်စေလာပါသည်။

ယနေ့ခေတ်လူတို့သည် လူတစ်ဦး တစ်ယောက်အကြောင်း မကောင်းပြောစရာရှိလျှင် အလွန်လျှင်မြန်တတ်ကြသည်။ အမှားအယွင်း တစ်ခုတွေ့လျှင် မမြေးမမြန်း မစုံမစမ်းဘဲ ပြစ်တင်ဝေဖန်မှုသည် ပြင်းထန်ကြသလို စောလွန်းလှ လေသည်။ ကမ်းကုန်လောက်အောင် ပြစ်တင်ကြလေသည်။ မန်မာန ထောင်လွှားမူ၏ အဆုံးအဆင့် တွင် သေတွင်ရောက်အောင်ပို့ကလည်း လက်မနှေးကြသည်ကိုတွေ့ရသည်။ အာဂါတ တရား ကြီးမားကြသည့် လူသားတို့သည် မိမိလုပ်ရပ်ကို မဆင်ခြင်နိုင်ကြတော့ပေ။ သတိတရား လွင့်ပါး ကုန်ကြလေပြီ။..........credit to ........ Right Way

အစ္စလာမ်မှာ အမျိုးသမီးတွေကို အမျိုးသားနဲ့ ဘာကြောင့် လက်ဆွဲနှုတ်ဆက်ခွင့်မပြုတာလဲ

ဗြိတိသျှနိုင်ငံသားတစ်ယောက်က မွတ်စ်လင်မ်ပညာရှင်တစ်ယောက်ထံလာပြီး မေးတယ်။

ဗြိတိသျှ။ ။ အစ္စလာမ်မှာ အမျိုးသမီးတွေကို အမျိုးသားနဲ့ ဘာကြောင့် လက်ဆွဲနှုတ်ဆက်ခွင့်မပြုတာလဲ။

မွတ်စ်လင်မ်။ ။ အသင်တို့ရဲ့ အဲလိးဇ်ဗ်သ် ဘုရင်မကြီးနဲ့ရော လက်ဆွဲနှုတ်ဆက်လို့ရလား။

ဗြိတိသျှ။ ။ ဘယ်ရမလဲဗျ၊ အဲလိးဇ်ဗ်သ် ဘုရင်မကြီးနဲဆိုတာ တကယ့်သတ်မှတ်ထားတဲ့ လူတွေနဲ့ဘဲ လက်ချင်းဆွဲနှုတ်ဆက် လို့ရတာ။

မွတ်စ်လင်မ်။ ။ အေး ဟုတ်တယ်။ ငါတို့ရဲ့ မွတ်စ်လင်မ်အမျိုးသမီး တွေကလည်း သတ်မှတ်ထားတဲ့ လူတွေကလွဲလို့ သူစိမ်းတွေနဲ့ လက်ဆွဲမနှုတ်ဆက်ဘူးကွယ်။

ဗြိတိသျှ။ ။ ကဲ ဟုတ်ပါပြီ။ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ခေါင်းပေါ်မှာခြုံထားတာကရော ဘာသဘောလဲ။

မွတ်စ်လင်မ်။ ။ မွတ်စ်လင်မ်ပညာရှင်က ခပ်ပြုးံပြုးံ နဲ့ ချိုချဉ်နှစ်ခုကို ယူလိုက်ပြီး၊ တစ်ခုကို အခွန်ခွာ ကျန်တစ်ခုအခွန်မချွတ်ဘဲ မြေကြီးပေါ် ကို လွန့်ပစ်လိုက်ပြီး မေးတယ်။ အကယ်လို့ အသင့်ကို အဲ့ဒီနှစ်ခုထဲ တစ်ခုကို ယူခိုင်းရင် ဘယ်ဟာကို ရွေးမလဲ။

ဗြိတိသျှ။ ။ အခွန်မခွာရသေးတာယူမှာပေါ့။

မွတ်စ်လင်မ်။ ။ ဟုတ်တယ်။ ဒါငါတို့ အမျိုးသမီးတွေရဲ့ အပေါ်မှာ အဲ့ဒီလိုဆက်ဆံကြတယ်။

Credit - La Yaung